ေတာ႐ိုင္းတိရစာၦန္ေဈးကြက္ ပိတ္သိမ္းဖို႔ ျမန္မာနဲ႔ အာရွသားေတြ လိုလား


(Zawgyi)⤵⤵⤵

ျမန္မာနဲ႔ အာရွ ျပည္သူတခ်ိဳ႕က ေတာ႐ိုင္းတိရစာၦန္ေဈးကြက္ပိတ္ဖို႔ ေတာင္းဆိုေနၾကတဲ့အေၾကာင္း ေဖာ္ျပထားတဲ့ စစ္တမ္း ေကာက္ယူမႈရလဒ္ကို ကမာၻလုံးဆိုင္ရာ သဘာဝပတ္ဝန္းက်င္ ရန္ပုံေငြအဖြဲ႕ WWF က ဒီေန႔ ဧၿပီ ၇ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။

ကမာၻလုံးဆိုင္ရာ သဘာဝပတ္ဝန္းက်င္ရန္ပုံေငြအဖြဲ႕ WWF က မတ္လအတြင္းမွာ ျမန္မာ၊ ထိုင္း၊ ေဟာင္ေကာင္၊ ဗီယက္နမ္၊ ဂ်ပန္ စတဲ့ ေဒသငါးခုက ျပည္သူအေယာက္ တစ္ေထာင္စီကို အင္တာနက္ကေန စစ္တမ္း ေကာက္ခဲ့ရာမွာ ၉၁ ရာခိုင္ႏႈန္းက တရားမဝင္ ေတာ႐ိုင္းတိရစာၦန္ေဈးကြက္ေတြကို ပိတ္လိုက္ရင္ အခုလို ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈမ်ိဳးကို တားဆီးႏိုင္လိမ့္မယ္လို႔ ေျဖဆိုထားၾကပါတယ္။

ကမာၻ႔ကပ္ေရာဂါကို ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံမွာဆိုရင္လည္း ေတာ႐ိုင္းတိရစာၦန္ စားသုံးမႈရဲ႕ ဆိုးက်ိဳးေတြကို ပိုသိလာၾကၿပီလို႔ WWF အဖြဲ႕ရဲ႕ ထိန္းသိမ္းေရးဆိုင္ရာ ဆက္သြယ္ေရးကြၽမ္းက်င္သူ ဦးရဲမင္းသြင္က ေျပာပါတယ္။

"ကိုဗစ္ေၾကာင့္ လူေတြက Wildlife Market ( ေတာ႐ိုင္းတိရစာၦန္ေဈးကြက္) ရဲ႕ ဆိုးက်ိဳးေတြ ပိုသိလာတယ္ေပါ့ေနာ္။ ဒီဟာေတြက ေကာင္းက်ိဳးထက္ ဆိုးက်ိဳးပိုေပးတယ္ဆိုတာ သိလာတယ္။ ပိုၿပီးေတာ့လူေတြက အာ႐ုံစိုက္လာတယ္။ ေလာေလာဆယ္မွာေတာ့ အစိုးရအတြက္က က်န္းမာေရးက ပထမဦးစားေပးျဖစ္ေနမွာေပါ့ေနာ္။ ဒါေပမဲ့ ဒီေရာဂါကပ္ဆိုးႀကီး ၿပီးသြားတဲ့အခါမွာ WWF က ပိုၿပီး ပူးေပါင္းတာေတြ လုပ္လာမွာျဖစ္တဲ့အတြက္ အစိုးရက ပိုၿပီးလုပ္ႏိုင္မယ္လို႔ ျမင္ပါတယ္။"

တကမာၻလုံး ပ်ံ႕ႏွံ႔ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ဟာ ေတာ႐ိုင္းတိရစာၦန္ကေနတဆင့္ လူေတြဆီကို ကူးစက္တာလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕က အတည္ျပဳထားပါတယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ကေန ကူးစက္မႈ စတင္ခဲ့ရာမွာ တ႐ုတ္အစိုးရက ေတာ႐ိုင္းတိရစာၦန္ ေဈးကြက္ေတြကို ယာယီပိတ္သိမ္းခဲ့ပါတယ္။

ဒါေပမဲ့ တ႐ုတ္ျပည္တြင္းမွာ ကူးစက္မႈကို ထိန္းႏိုင္ၿပီးေနာက္ပိုင္း အဲဒီေဈးကြက္ ျပန္ၿပီးအသက္ဝင္လာတာေၾကာင့္ အဲဒီေဈးကြက္ေတြကို အၿပီးသတ္ ပိတ္သိမ္းေပးဖို႔   WWF အဖြဲ႕က တ႐ုတ္အစိုးရကို ေတာင္းဆိုဖို႔ ႀကိဳးစားေနပါတယ္။

ရန္ကုန္၊ မႏၲေလးနဲ႔ ရွမ္းျပည္နယ္ေတြမွာေတာ့ ေတာ႐ိုင္းတိရစာၦန္ေဈးကြက္ရယ္လို႔ သီးသန႔္မရွိဘဲ ေဈးေတြမွာ ေရာၿပီးေရာင္းခ်တာေတြ ေတြ႕ရတယ္လို႔ WWF အဖြဲ႕က ေျပာပါတယ္။

ဒီအဖြဲ႕ရဲ႕ သားငွက္တရားမဝင္ ကုန္သြယ္မႈဆိုင္ရာ စီမံကိန္းအရာရွိ ေဒၚစုစုယမင္းက ျမန္မာႏိုင္ငံက ေတာ႐ိုင္းတိရစာၦန္အသားကို စားတဲ့သူေတြထဲက အမ်ားစုဟာ ကာကြယ္ တားဆီးရမယ့္အရာေတြမွန္း မသိၾကလို႔ စားသုံးေနၾကတာ ျဖစ္တယ္လို႔  ေျပာပါတယ္။

"ဆတ္သားလို႔ေျပာလိုက္ရင္ ဆတ္သားဟာ ကာကြယ္ထားတဲ့ တိရစာၦန္ဆိုတာ မသိဘဲနဲ႔ ေတာေကာင္သား ေတြကို စားသုံးမိေနတာ ျမန္မာႏိုင္ငံမွာ ေတာ္ေတာ္မ်ားပါတယ္။"

ျမန္မာႏိုင္ငံမွာေတာ့ ေတာ႐ိုင္းတိရစာၦန္ေဈးကြက္ေတြဟာ အစိုးရအုပ္ခ်ဳပ္မႈနဲ႔ ကင္းကြာေနတဲ့ နယ္စပ္ေတြမွာ တည္ရွိတတ္တာေၾကာင့္ ကာကြယ္ထိန္းသိမ္းေရးလုပ္ငန္းေတြက ေမွ်ာ္လင့္ထားၾကသေလာက္ မထိေရာက္ပါဘူး။

အခုခ်ိန္မွာေတာ့ ေရာဂါကာကြယ္ေရးကို အဓိကထားလုပ္ေနတာျဖစ္လို႔ ကမာၻ႔ကပ္ေရာဂါကာလ ေက်ာ္လြန္ၿပီး ေနာက္ပိုင္း ေတာ႐ိုင္းတိရစာၦန္ တရားမဝင္ေရာင္းခ်တာေတြကို ဒီထက္ပိုၿပီး တားဆီးတာေတြ ႏိုင္ငံတကာနဲ႔ ပူးေပါင္းၿပီး လုပ္ေဆာင္သြားမယ္လို႔ သယံဇာတနဲ႔ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးေက်ာ္ေဇာက RFA ကို ေျပာပါတယ္။

"ဒီကပ္ေရာဂါ မျဖစ္ခင္ကတည္းက ေတာ႐ိုင္းတိရစာၦန္ ကာကြယ္ထိန္းသိမ္းေရးေတြေရာ၊ တရားမဝင္ေဈးကြက္ တားဆီးေရးေတြကိုေရာ ႏိုင္ငံတကာအဖြဲ႕အစည္းေတြေရာ NGO , INGO ေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ ေနပါတယ္။ ေလာေလာဆယ္ ကိုဗစ္ႏိုင္တီး ထိမ္းခ်ဳပ္ကာကြယ္တဲ့ကိစၥ အဓိကထားလုပ္ေနရေတာ့ ႏိုင္ငံတကာက ပူးေပါင္းေဆာင္႐ြက္ဖို႔ေျပာလာရင္ လုပ္သြားမွာျဖစ္ပါတယ္။"

ျမန္မာႏိုင္ငံ နယ္နိမိတ္ထဲက တရားမဝင္ေတာ႐ိုင္းတိရိစာၦန္ေဈးကြက္ေတြ ရွိေနတယ္လို႔ လူသိမ်ားေနတဲ့ ရွမ္းျပည္နယ္ မိုင္းလားေဒသမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္အႏၲရာယ္ေၾကာင့္ ေတာ႐ိုင္းတိရစာၦန္ ေရာင္းဝယ္တာေတြ မလုပ္ဖို႔ အထူးေဒသ ၄ မိုင္းလားအဖြဲ႕က ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ ထုတ္ျပန္ထားပါတယ္။

တရားမဝင္ေရာင္းခ်ခံရမႈ အႏၲရာယ္အမ်ားဆုံး ရင္ဆိုင္ေနရတာကေတာ့ သင္းေခြခ်ပ္၊ ေၾကာင္ကတိုး၊ ရက္ကြန္ေခြး၊ ေတာေၾကာင္၊ ေမ်ာက္၊ လင္းႏို႔၊ ေႁမြ၊ လိပ္နဲ႔ ငွက္ စတဲ့ ေတာ႐ိုင္းတိရစာၦန္ေတြျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org/burmese/
------------
(Unicode)⤵⤵⤵
တောရိုင်းတိရစ္ဆာန်ဈေးကွက် ပိတ်သိမ်းဖို့ မြန်မာနဲ့ အာရှသားတွေ လိုလား

မြန်မာနဲ့ အာရှ ပြည်သူတချို့က တောရိုင်းတိရစ္ဆာန်ဈေးကွက်ပိတ်ဖို့ တောင်းဆိုနေကြတဲ့အကြောင်း ဖော်ပြထားတဲ့ စစ်တမ်း ကောက်ယူမှုရလဒ်ကို ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ WWF က ဒီနေ့ ဧပြီ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ WWF က မတ်လအတွင်းမှာ မြန်မာ၊ ထိုင်း၊ ဟောင်ကောင်၊ ဗီယက်နမ်၊ ဂျပန် စတဲ့ ဒေသငါးခုက ပြည်သူအယောက် တစ်ထောင်စီကို အင်တာနက်ကနေ စစ်တမ်း ကောက်ခဲ့ရာမှာ ၉၁ ရာခိုင်နှုန်းက တရားမဝင် တောရိုင်းတိရစ္ဆာန်ဈေးကွက်တွေကို ပိတ်လိုက်ရင် အခုလို ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုမျိုးကို တားဆီးနိုင်လိမ့်မယ်လို့ ဖြေဆိုထားကြပါတယ်။

ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာဆိုရင်လည်း တောရိုင်းတိရစ္ဆာန် စားသုံးမှုရဲ့ ဆိုးကျိုးတွေကို ပိုသိလာကြပြီလို့ WWF အဖွဲ့ရဲ့ ထိန်းသိမ်းရေးဆိုင်ရာ ဆက်သွယ်ရေးကျွမ်းကျင်သူ ဦးရဲမင်းသွင်က ပြောပါတယ်။

"ကိုဗစ်ကြောင့် လူတွေက Wildlife Market ( တောရိုင်းတိရစ္ဆာန်ဈေးကွက်) ရဲ့ ဆိုးကျိုးတွေ ပိုသိလာတယ်ပေါ့နော်။ ဒီဟာတွေက ကောင်းကျိုးထက် ဆိုးကျိုးပိုပေးတယ်ဆိုတာ သိလာတယ်။ ပိုပြီးတော့လူတွေက အာရုံစိုက်လာတယ်။ လောလောဆယ်မှာတော့ အစိုးရအတွက်က ကျန်းမာရေးက ပထမဦးစားပေးဖြစ်နေမှာပေါ့နော်။ ဒါပေမဲ့ ဒီရောဂါကပ်ဆိုးကြီး ပြီးသွားတဲ့အခါမှာ WWF က ပိုပြီး ပူးပေါင်းတာတွေ လုပ်လာမှာဖြစ်တဲ့အတွက် အစိုးရက ပိုပြီးလုပ်နိုင်မယ်လို့ မြင်ပါတယ်။"

တကမ္ဘာလုံး ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တောရိုင်းတိရစ္ဆာန်ကနေတဆင့် လူတွေဆီကို ကူးစက်တာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ကူးစက်မှု စတင်ခဲ့ရာမှာ တရုတ်အစိုးရက တောရိုင်းတိရစ္ဆာန် ဈေးကွက်တွေကို ယာယီပိတ်သိမ်းခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်ပြည်တွင်းမှာ ကူးစက်မှုကို ထိန်းနိုင်ပြီးနောက်ပိုင်း အဲဒီဈေးကွက် ပြန်ပြီးအသက်ဝင်လာတာကြောင့် အဲဒီဈေးကွက်တွေကို အပြီးသတ် ပိတ်သိမ်းပေးဖို့   WWF အဖွဲ့က တရုတ်အစိုးရကို တောင်းဆိုဖို့ ကြိုးစားနေပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တွေမှာတော့ တောရိုင်းတိရစ္ဆာန်ဈေးကွက်ရယ်လို့ သီးသန့်မရှိဘဲ ဈေးတွေမှာ ရောပြီးရောင်းချတာတွေ တွေ့ရတယ်လို့ WWF အဖွဲ့က ပြောပါတယ်။

ဒီအဖွဲ့ရဲ့ သားငှက်တရားမဝင် ကုန်သွယ်မှုဆိုင်ရာ စီမံကိန်းအရာရှိ ဒေါ်စုစုယမင်းက မြန်မာနိုင်ငံက တောရိုင်းတိရစ္ဆာန်အသားကို စားတဲ့သူတွေထဲက အများစုဟာ ကာကွယ် တားဆီးရမယ့်အရာတွေမှန်း မသိကြလို့ စားသုံးနေကြတာ ဖြစ်တယ်လို့  ပြောပါတယ်။

"ဆတ်သားလို့ပြောလိုက်ရင် ဆတ်သားဟာ ကာကွယ်ထားတဲ့ တိရစ္ဆာန်ဆိုတာ မသိဘဲနဲ့ တောကောင်သား တွေကို စားသုံးမိနေတာ မြန်မာနိုင်ငံမှာ တော်တော်များပါတယ်။"

မြန်မာနိုင်ငံမှာတော့ တောရိုင်းတိရစ္ဆာန်ဈေးကွက်တွေဟာ အစိုးရအုပ်ချုပ်မှုနဲ့ ကင်းကွာနေတဲ့ နယ်စပ်တွေမှာ တည်ရှိတတ်တာကြောင့် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေက မျှော်လင့်ထားကြသလောက် မထိရောက်ပါဘူး။

အခုချိန်မှာတော့ ရောဂါကာကွယ်ရေးကို အဓိကထားလုပ်နေတာဖြစ်လို့ ကမ္ဘာ့ကပ်ရောဂါကာလ ကျော်လွန်ပြီး နောက်ပိုင်း တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းချတာတွေကို ဒီထက်ပိုပြီး တားဆီးတာတွေ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်လို့ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဇောက RFA ကို ပြောပါတယ်။

"ဒီကပ်ရောဂါ မဖြစ်ခင်ကတည်းက တောရိုင်းတိရစ္ဆာန် ကာကွယ်ထိန်းသိမ်းရေးတွေရော၊ တရားမဝင်ဈေးကွက် တားဆီးရေးတွေကိုရော နိုင်ငံတကာအဖွဲ့အစည်းတွေရော NGO , INGO တွေနဲ့ ပူးပေါင်းလုပ်ဆောင် နေပါတယ်။ လောလောဆယ် ကိုဗစ်နိုင်တီး ထိမ်းချုပ်ကာကွယ်တဲ့ကိစ္စ အဓိကထားလုပ်နေရတော့ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့ပြောလာရင် လုပ်သွားမှာဖြစ်ပါတယ်။"

မြန်မာနိုင်ငံ နယ်နိမိတ်ထဲက တရားမဝင်တောရိုင်းတိရိစ္ဆာန်ဈေးကွက်တွေ ရှိနေတယ်လို့ လူသိများနေတဲ့ ရှမ်းပြည်နယ် မိုင်းလားဒေသမှာတော့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်တာတွေ မလုပ်ဖို့ အထူးဒေသ ၄ မိုင်းလားအဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ထုတ်ပြန်ထားပါတယ်။

တရားမဝင်ရောင်းချခံရမှု အန္တရာယ်အများဆုံး ရင်ဆိုင်နေရတာကတော့ သင်းခွေချပ်၊ ကြောင်ကတိုး၊ ရက်ကွန်ခွေး၊ တောကြောင်၊ မျောက်၊ လင်းနို့၊ မြွေ၊ လိပ်နဲ့ ငှက် စတဲ့ တောရိုင်းတိရစ္ဆာန်တွေဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese/
ေတာ႐ိုင္းတိရစာၦန္ေဈးကြက္ ပိတ္သိမ္းဖို႔ ျမန္မာနဲ႔ အာရွသားေတြ လိုလား ေတာ႐ိုင္းတိရစာၦန္ေဈးကြက္ ပိတ္သိမ္းဖို႔ ျမန္မာနဲ႔ အာရွသားေတြ လိုလား Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.