ဂ်ပန္ရဲ႕ ဗိုင္းရပ္စ္ကိုင္တြယ္ပုံနဲ႔ ျမန္မာတစ္ဦးရဲ႕အေတြ႕အႀကဳံ

တိုက်ိဳမွာ အသြားအလာလည္းမကန႔္သတ္ေသးသလို လူစည္ကားတဲ့ေနရာေတြပြဲလမ္းဘသင္ေတြက်င္းပတာရွိေနဆဲ
(Zawgyi)⤵⤵⤵
ဂ်ပန္မွာ ဒီသတင္းပတ္ေတြအတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္းျမင့္တက္လာတဲ့အတြက္ လာမယ့္သတင္းပတ္ကုန္ရက္ေတြမွာ လူေတြတက္ႏိုင္သေလာက္အျပင္မထြက္ဘဲ ေနၾကဖို႔ အစိုးရက သတိေပးထားပါတယ္။ ဒါေပမဲ့ အိုင္တီနယ္ပယ္က ကုမၸဏီေတြကလြဲလို႔ အလုပ္ေတြ႐ုံးေတြအမ်ားစုကေတာ့ ပုံမွန္တက္ေနရဆဲျဖစ္ၿပီး ကူးစက္ႏႈန္းတိုးလာတဲ့အေပၚ စိုးရိမ္တယ္လို႔ ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕မွာ ေနထိုင္တဲ့ မသီတာဦးက ဘီဘီစီကိုေျပာပါတယ္။

"ဒီတစ္ပတ္ကိုပဲ ေန႔စဥ္ ကူးစက္သူက တိုးလာေနတာ။ ဒါ တိုက်ိဳတစ္ခုတည္းေပါ့။ တျခားၿမိဳ႕နယ္ေတြမပါေသးဘူး။ ကြၽန္မတို႔လည္း ပုံမွန္႐ုံးတက္ေနရတုန္းပဲ။ ကြၽန္မက ႐ုံးကိုေျပာတယ္။ ေန႔စဥ္ ငါေၾကာက္ေနရတယ္။ ရထားေပၚလည္း လူကအျပည့္ လို႔။႐ုံးတက္ရမယ္ဆို တစ္ခုခုလုပ္ေပးပါဆိုၿပီး ေတာင္းဆိုတယ္။ အဲဒါနဲ႔ ကိုယ္ပိုင္ကားရွိတဲ့သူက ကားနဲ႔လာ၊ မရွိတဲ့သူကို အႀကိဳအပို႔ လုပ္ေပးတယ္။ ကားရပ္၊ လမ္းျဖတ္ခ စရိတ္ဘာညာကေတာ့ ႐ုံးကေပးေပါ့။ လာေလာဆယ္က ေတာ့ ႏိုင္ငံျခားေတြနဲ႔ ဆက္သြယ္ရတဲ့အပိုင္းမွာလုပ္ရတယ္။ ကိုယ္နဲ႔ဆက္သြယ္ရတဲ့ တျခားတိုင္းျပည္ေတြကေတာ္ေတာ္မ်ားမ်ား lockdown လုပ္ေနတယ္ "လို႔ မသီတာဦးက ရွင္းျပပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ရဲ႕ က်န္းမာေရးဆိုင္ရာ အႀကံေပးအဖြဲ႕အႀကီးအကဲကေတာ့ လူေတြ သူတို႔အျပဳအမူကို မေျပာင္းလဲရင္ေတာ့ တိုက်ိဳမွာ ကူးစက္မႈေတြအႀကီးအက်ယ္ျဖစ္ႏိုင္တယ္လို႔ေျပာပါတယ္။

ဂ်ပန္ျပည္သူေတြ အေနအထိုင္ မဆင္ျခင္ရင္၊ ေရာဂါကူးစက္ႏိုင္တဲ့ ေနရာေတြ၊ ပြဲလမ္းသဘင္ေတြမေရွာင္ႏိုင္ရင္ အေျခအေနဆိုးေတြနဲ႔ ႀကဳံရႏိုင္တယ္လို႔ သူက ဆိုပါတယ္။
ကူးစက္သူအေရအတြက္တိုးလာေပမယ့္ ႐ုံးတက္႐ုံးဆင္းလုပ္ငန္းအမ်ားစု ပုံမွန္လည္ပတ္ဆဲ
ဂ်ပန္မွာ ေလာေလာဆယ္ ဒီဇိုင္းနဲ႔ပတ္သက္တဲ့ ပြဲတခ်ိဳ႕ကို မလုပ္ဖို႔ ဖ်က္သိမ္းထားေပမယ့္ တခ်ိဳ႕ပြဲေတြကေတာ့ လုပ္ေနၾကတုန္းလို႔လည္း မသီတာဦးက ဆိုပါတယ္။

"ဒီတနလၤာေန႔တုန္းက ၿမိဳ႕ေတာ္ဝန္က ေျပာတယ္။ ကူးစက္မႈဟာ စားေသာက္ဆိုင္တို႔ ကလပ္တို႔ဘားတို႔က မ်ားလို႔ ဒီလိုေပ်ာ္ပြဲ႐ႊင္ပြဲေတြ မသြားၾကပါနဲ႔ေျပာတာကို တခ်ိဳ႕ စိတ္ဆိုးတဲ့သူေတြ ရွိေသးတယ္။ ကြၽန္မက ႐ုံးမွာ ေၾကာက္တယ္ဆိုေတာ့ နင္က ဘာေၾကာက္တာလဲ။ငါတို႔ေတာ့မေၾကာက္ဘူးတဲ့" လို႔ သူက ဆိုပါတယ္။

ဒါေပမဲ့ ဂ်ပန္မွာ ကံေကာင္းတာတစ္ခုက ကို႐ိုနာဗိုင္းရပ္စ္ စတင္ပ်ံ႕ပြားမႈမရွိေသးခင္ ေႏြဦးရာသီ စခါစက အဲဒီလိုအခ်ိန္ ဂ်ပန္မွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ဝတ္မႈန္အလာဂ်ီျဖစ္စဥ္ေၾကာင့္ ဂ်ပန္ေနသူအေတာ္မ်ားမ်ား ႏွာေခါင္းစည္းေတြတပ္ၾကတာေၾကာင့္ ကူးစက္မႈႏႈန္းနည္းေနေသးတယ္လို႔ ယုံၾကည္ရေၾကာင္း ဂ်ပန္မွာ ဆယ္စုႏွစ္တစ္ခုၾကာေနထိုင္ေနတဲ့ မသီတာဦးက ဆိုပါတယ္။

ဂ်ပန္မွာ ဗိုင္းရပ္စ္ ကူးစက္ခံရသူ သုံးေထာင္ေက်ာ္ရွိေနပါတယ္။

--------------------------------------------

(Unicode)⤵⤵⤵

ဂျပန်ရဲ့ ဗိုင်းရပ်စ်ကိုင်တွယ်ပုံနဲ့ မြန်မာတစ်ဦးရဲ့အတွေ့အကြုံ

ဂျပန်မှာ ဒီသတင်းပတ်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းမြင့်တက်လာတဲ့အတွက် လာမယ့်သတင်းပတ်ကုန်ရက်တွေမှာ လူတွေတက်နိုင်သလောက်အပြင်မထွက်ဘဲ နေကြဖို့ အစိုးရက သတိပေးထားပါတယ်။ ဒါပေမဲ့ အိုင်တီနယ်ပယ်က ကုမ္ပဏီတွေကလွဲလို့ အလုပ်တွေရုံးတွေအများစုကတော့ ပုံမှန်တက်နေရဆဲဖြစ်ပြီး ကူးစက်နှုန်းတိုးလာတဲ့အပေါ် စိုးရိမ်တယ်လို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ နေထိုင်တဲ့ မသီတာဦးက ဘီဘီစီကိုပြောပါတယ်။

"ဒီတစ်ပတ်ကိုပဲ နေ့စဉ် ကူးစက်သူက တိုးလာနေတာ။ ဒါ တိုကျိုတစ်ခုတည်းပေါ့။ တခြားမြို့နယ်တွေမပါသေးဘူး။ ကျွန်မတို့လည်း ပုံမှန်ရုံးတက်နေရတုန်းပဲ။ ကျွန်မက ရုံးကိုပြောတယ်။ နေ့စဉ် ငါကြောက်နေရတယ်။ ရထားပေါ်လည်း လူကအပြည့် လို့။ရုံးတက်ရမယ်ဆို တစ်ခုခုလုပ်ပေးပါဆိုပြီး တောင်းဆိုတယ်။ အဲဒါနဲ့ ကိုယ်ပိုင်ကားရှိတဲ့သူက ကားနဲ့လာ၊ မရှိတဲ့သူကို အကြိုအပို့ လုပ်ပေးတယ်။ ကားရပ်၊ လမ်းဖြတ်ခ စရိတ်ဘာညာကတော့ ရုံးကပေးပေါ့။ လာလောဆယ်က တော့ နိုင်ငံခြားတွေနဲ့ ဆက်သွယ်ရတဲ့အပိုင်းမှာလုပ်ရတယ်။ ကိုယ်နဲ့ဆက်သွယ်ရတဲ့ တခြားတိုင်းပြည်တွေကတော်တော်များများ lockdown လုပ်နေတယ် "လို့ မသီတာဦးက ရှင်းပြပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးဆိုင်ရာ အကြံပေးအဖွဲ့အကြီးအကဲကတော့ လူတွေ သူတို့အပြုအမူကို မပြောင်းလဲရင်တော့ တိုကျိုမှာ ကူးစက်မှုတွေအကြီးအကျယ်ဖြစ်နိုင်တယ်လို့ပြောပါတယ်။

ဂျပန်ပြည်သူတွေ အနေအထိုင် မဆင်ခြင်ရင်၊ ရောဂါကူးစက်နိုင်တဲ့ နေရာတွေ၊ ပွဲလမ်းသဘင်တွေမရှောင်နိုင်ရင် အခြေအနေဆိုးတွေနဲ့ ကြုံရနိုင်တယ်လို့ သူက ဆိုပါတယ်။

ဂျပန်မှာ လောလောဆယ် ဒီဇိုင်းနဲ့ပတ်သက်တဲ့ ပွဲတချို့ကို မလုပ်ဖို့ ဖျက်သိမ်းထားပေမယ့် တချို့ပွဲတွေကတော့ လုပ်နေကြတုန်းလို့လည်း မသီတာဦးက ဆိုပါတယ်။

"ဒီတနင်္လာနေ့တုန်းက မြို့တော်ဝန်က ပြောတယ်။ ကူးစက်မှုဟာ စားသောက်ဆိုင်တို့ ကလပ်တို့ဘားတို့က များလို့ ဒီလိုပျော်ပွဲရွှင်ပွဲတွေ မသွားကြပါနဲ့ပြောတာကို တချို့ စိတ်ဆိုးတဲ့သူတွေ ရှိသေးတယ်။ ကျွန်မက ရုံးမှာ ကြောက်တယ်ဆိုတော့ နင်က ဘာကြောက်တာလဲ။ငါတို့တော့မကြောက်ဘူးတဲ့" လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဂျပန်မှာ ကံကောင်းတာတစ်ခုက ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့ပွားမှုမရှိသေးခင် နွေဦးရာသီ စခါစက အဲဒီလိုအချိန် ဂျပန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝတ်မှုန်အလာဂျီဖြစ်စဉ်ကြောင့် ဂျပန်နေသူအတော်များများ နှာခေါင်းစည်းတွေတပ်ကြတာကြောင့် ကူးစက်မှုနှုန်းနည်းနေသေးတယ်လို့ ယုံကြည်ရကြောင်း ဂျပန်မှာ ဆယ်စုနှစ်တစ်ခုကြာနေထိုင်နေတဲ့ မသီတာဦးက ဆိုပါတယ်။

ဂျပန်မှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ သုံးထောင်ကျော်ရှိနေပါတယ်။

BBC Burmese
https://www.bbc.com/burmese/52135213
ဂ်ပန္ရဲ႕ ဗိုင္းရပ္စ္ကိုင္တြယ္ပုံနဲ႔ ျမန္မာတစ္ဦးရဲ႕အေတြ႕အႀကဳံ ဂ်ပန္ရဲ႕ ဗိုင္းရပ္စ္ကိုင္တြယ္ပုံနဲ႔ ျမန္မာတစ္ဦးရဲ႕အေတြ႕အႀကဳံ Reviewed by THITHTOOLWIN on 03:16 Rating: 5
Powered by Blogger.