တစ္ရက္တည္းႏွင့္ ပိုးေတြ႕လူနာ ၁၀ ဦး ရွိလာ

(Zawgyi)⤵⤵⤵

ျမန္မာႏိုင္ငံမွာ ဧၿပီလ ၁၁ ရက္ မေန႔က တစ္ရက္တည္းမွာတင္ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိလူနာ ၁၀ ဦးအထိ ရွိၿပီး အဲဒီအထဲက ငါးဦးဟာ အင္းစိန္ၿမိဳ႕နယ္အတြင္းက ျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက မေန႔က အတည္ျပဳထုတ္ျပန္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတဲ့ လူနာ ၁၀ ဦးရွိၿပီး တစ္ရက္ထဲမွာ ပိုးေတြ႕လူနာအမ်ားဆုံး စံခ်ိန္ျဖစ္ခဲ့သလို ပိုးေတြ႕ရွိခဲ့တဲ့လူနာ ၁၀ ဦးထဲက လူနာ ငါးဦးဟာ ရန္ကုန္တိုင္း အင္းစိန္ၿမိဳ႕နယ္က ျဖစ္ပါတယ္။

အဲဒီထဲက လူနာနံပါတ္ ၃၄၊ ၃၅၊ ၃၆ နဲ႔ ၃၇ တို႔ ေလးဦးဟာ ႏိုင္ငံျခားသားေတြ ပါဝင္တဲ့ ဘာသာေရးအခမ္းအနား ကို တက္ေရာက္ခဲ့သူေတြ ျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

အဲဒီေလးဦးဟာ မိသားစုနဲ႔ အတူေနသူမဟုတ္ဘဲ အေဆာင္တစ္ခုလို ေနထိုင္တဲ့သူေတြျဖစ္ပါတယ္။ ေနာက္ တစ္ဦးကေတာ့ ႐ြာမအေရွ႕ရပ္ကြက္က အသက္ႀကီးပိုင္း အမ်ိဳးသမီးတစ္ဦးတို႔ ျဖစ္တယ္လို႔ အင္းစိန္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာပါတယ္။

“ေလးေယာက္လုံးကေတာ့ တစ္စုတစ္စည္းတည္းရွိပါတယ္။ မိသားစုနဲ႔ အိမ္ေတြမွာ ေနတာမဟုတ္ဘဲ အေဆာင္တစ္ခုမွာ ေနၾကသူေတြ ျဖစ္ပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ ႐ြာမအေရွ႕ရပ္ကြက္မွာ ေနတဲ့ အသက္အ႐ြယ္ႀကီးတဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ပါတယ္။ နဂိုတည္းက အဆုတ္နဲ႔ပတ္သက္ၿပီး က်န္းမာေရး မေကာင္းတဲ့ အခံလည္း ရွိထားပါတယ္။ ေလာေလာဆယ္ေတာ့ ငါးေယာက္ေပါ့၊ ကြၽန္ေတာ္တို႔ ၿမိဳ႕နယ္က ထပ္ေတြ႕တာ။”

အင္းစိန္ၿမိဳ႕နယ္မွာ အရင္က  ပိုးေတြ႕အတည္ျပဳလူနာ ႏွစ္ဦးခဲ့ရွိခဲ့ၿပီး အခုဆိုရင္ ပိုးေတြ႕လူနာ စုစုေပါင္း ခုႏွစ္ဦးအထိရွိလာတာေၾကာင့္ ျမန္မာႏိုင္ငံမွာ ပိုးေတြ႕လူနာအမ်ားဆုံး ၿမိဳ႕နယ္လည္း ျဖစ္ပါတယ္။

ပိုးေတြ႕လူနာေတြ သြားေရာက္ခဲ့တဲ့ လမ္းေၾကာင္း၊ ေနရာေတြကိုလည္း စုံစမ္းထားၿပီး သူတို႔ရဲ႕မိသားစုဝင္ေတြကို အိမ္မွာေစာင့္ၾကည့္ဖို႔ လိုအပ္တာေတြ မွာၾကားထားတယ္လို႔ အင္းစိန္ၿမိဳ႕နယ္ က်န္းမာေရးဦးစီးဌာနက လက္ေထာက္ဆရာဝန္ ေဒါက္တာ စုေဝၿဖိဳးက ေျပာပါတယ္။

“သူတို႔ သြားခဲ့တဲ့ ေနရာေတြ၊ လမ္းေၾကာင္းေတြကို ကြၽန္မတို႔ ေမးထားၿပီးသြားၿပီေပါ့ေနာ္။ အိမ္သား ေတြကိုလည္း ေလာေလာဆယ္ အိမ္မွာပဲေနဖို႔ လိုအပ္တာေတြ မွာၾကားၿပီးသြားၿပီ။ ေဆးဖ်န္းဖို႔လည္း ကြၽန္မတို႔ လုပ္ေဆာင္ေနတယ္။ ကြၽန္မတို႔ အထက္ကို တင္ျပမယ္ အထက္ကေန မိသားစုေတြထဲက ဆန္းစစ္ၿပီးေတာ့ ဘယ္သူကို သလိပ္ထပ္စစ္မယ္ မစစ္ဘူးဆိုတာေတာ့ အထက္က ဆုံးျဖတ္တာေပါ့ေနာ္။”

အင္းစိန္ေဆး႐ုံမွာ တက္ေရာက္ေနတဲ့ အဲဒီလူနာ ငါးဦးကို လက္ရွိ ေဝဘာဂီေဆး႐ုံကို ပို႔ေဆာင္ထားၿပီး က်န္းမာေရးအေျခအေနလည္း ေကာင္းမြန္တယ္လို႔ ေဒါက္တာ စုေဝၿဖိဳးက ဆိုပါတယ္။

အဲဒီလူနာ ငါးဦးနဲ႔ ဆက္စပ္ၿပီး ထိေတြ႕ခဲ့သူ ဘယ္ေလာက္ရွိတယ္ဆိုတာ ခန႔္မွန္းဖို႔ ခက္ခဲတာေၾကာင့္ အင္းစိန္ GTI ထဲမွာ အေယာက္ ၁၀၀ ေလာက္ ေစာင့္ၾကည့္တာေတြ လုပ္ေဆာင္ႏိုင္ဖို႔ ၫႊန္ၾကားခ်က္အရ ျပင္ဆင္ေနတယ္ လို႔ လႊတ္ေတာ္ကိုယ္စား ဦးေဝၿဖိဳးဟန္က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ျပည္တြင္းကူးစက္တာေတြ ျဖစ္ေနၿပီျဖစ္လို႔ အဝင္အထြက္ အသြားအလာ တင္းတင္းၾကပ္ၾကပ္ လုပ္ဖို႔ မျဖစ္ႏိုင္တာေၾကာင့္ ကိုယ့္အသိစိတ္နဲ႔ကိုယ္ ျပည္သူေတြက လိုက္ပါေဆာင္႐ြက္ဖို႔လိုတယ္လို႔ စိမ္းလန္း အမိေျမအဖြဲ႕ ဥကၠ႒ ဦးဝင္းမ်ိဳးသူက ေျပာပါတယ္။

“ျဖစ္ပြားႏႈန္းေတြက ခန႔္မွန္းထားတဲ့ ပုံစံအတိုင္းပဲ ဆပြားေတြ ျဖစ္လာတာေပါ့။ အဲဒီေတာ့ ကူးစက္မႈေတြက ဘယ္ကေန ကူးစက္မွန္းမသိတဲ့ဟာေတြေပါ့။ ျပည္တြင္းမွာတင္ လွည့္ပတ္ ကူးစက္တာေတြ ျဖစ္ေနၿပီဆိုတဲ့ သေဘာျဖစ္တယ္။ Lock Down နည္းကိုပဲ ႏိုင္ငံေရး အေနအထား အရေရာ၊ ဌာနဆိုင္ရာေတြရဲ႕ အေနအထားအရေရာ၊ ျပည္သူေတြရဲ႕အေနအထားအရေရာ တင္းတင္း ၾကပ္ၾကပ္လုပ္ဖို႔ မျဖစ္ႏိုင္ေတာ့ ကိုယ့္အသိစိတ္နဲ႔ကိုယ္ ျပည္သူေတြက လိုက္ပါေဆာင္႐ြက္ဖို႔ တိုက္တြန္းခ်င္ပါတယ္။”

မေန႔က ထုတ္ျပန္တဲ့ ပိုးေတြ႕အတည္ျပဳလူနာ ၁၀ ဦးထဲမွာ ျပည္ေဆး႐ုံက ေမ့ေဆးဆရာဝန္ အမ်ိဳးသမီးတစ္ဦး လည္း ပါဝင္ၿပီး ျမန္မာႏိုင္ငံမွာ ပထမဆုံး က်န္းမာေရးဝန္ထမ္းတစ္ဦး ဗိုင္းရပ္ကူးစက္ခံရတာလည္း ျဖစ္ပါတယ္။

သူဟာ မၾကာရက္ပိုင္းက ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသြားတဲ့ လူနာနံပါတ္ ၁၇ ကို အနီးကပ္ ေစာင့္ၾကပ္ ကုသခဲ့သူ လည္း ျဖစ္ပါတယ္။ အဲ့ဒီ ေမ့ေဆးဆရာဝန္ကိုလည္း ေဝဘာဂီေဆး႐ုံကို မေန႔ညက ေျပာင္းေ႐ႊ႕ထား ပါတယ္။

ျမန္မာႏိုင္ငံမွာ ဧၿပီလ ၁၁ ရက္ေန႔အထိ ေရာဂါပိုးေတြ႕ရွိသူ ၃၈ ဦးရွိၿပီး ေသဆုံးသူ ၃ ဦးနဲ႔ ျပန္လည္ ေကာင္းမြန္လာသူ ၂ ဦးရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/myanmar-corona-apr12-04122020065224.html
-----------
(Unicode)⤵⤵⤵
တစ်ရက်တည်းနှင့် ပိုးတွေ့လူနာ ၁၀ ဦး ရှိလာ

မြန်မာနိုင်ငံမှာ ဧပြီလ ၁၁ ရက် မနေ့က တစ်ရက်တည်းမှာတင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိလူနာ ၁၀ ဦးအထိ ရှိပြီး အဲဒီအထဲက ငါးဦးဟာ အင်းစိန်မြို့နယ်အတွင်းက ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့က အတည်ပြုထုတ်ပြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာ ၁၀ ဦးရှိပြီး တစ်ရက်ထဲမှာ ပိုးတွေ့လူနာအများဆုံး စံချိန်ဖြစ်ခဲ့သလို ပိုးတွေ့ရှိခဲ့တဲ့လူနာ ၁၀ ဦးထဲက လူနာ ငါးဦးဟာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က ဖြစ်ပါတယ်။

အဲဒီထဲက လူနာနံပါတ် ၃၄၊ ၃၅၊ ၃၆ နဲ့ ၃၇ တို့ လေးဦးဟာ နိုင်ငံခြားသားတွေ ပါဝင်တဲ့ ဘာသာရေးအခမ်းအနား ကို တက်ရောက်ခဲ့သူတွေ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီလေးဦးဟာ မိသားစုနဲ့ အတူနေသူမဟုတ်ဘဲ အဆောင်တစ်ခုလို နေထိုင်တဲ့သူတွေဖြစ်ပါတယ်။ နောက် တစ်ဦးကတော့ ရွာမအရှေ့ရပ်ကွက်က အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးတို့ ဖြစ်တယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

“လေးယောက်လုံးကတော့ တစ်စုတစ်စည်းတည်းရှိပါတယ်။ မိသားစုနဲ့ အိမ်တွေမှာ နေတာမဟုတ်ဘဲ အဆောင်တစ်ခုမှာ နေကြသူတွေ ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ရွာမအရှေ့ရပ်ကွက်မှာ နေတဲ့ အသက်အရွယ်ကြီးတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ နဂိုတည်းက အဆုတ်နဲ့ပတ်သက်ပြီး ကျန်းမာရေး မကောင်းတဲ့ အခံလည်း ရှိထားပါတယ်။ လောလောဆယ်တော့ ငါးယောက်ပေါ့၊ ကျွန်တော်တို့ မြို့နယ်က ထပ်တွေ့တာ။”

အင်းစိန်မြို့နယ်မှာ အရင်က  ပိုးတွေ့အတည်ပြုလူနာ နှစ်ဦးခဲ့ရှိခဲ့ပြီး အခုဆိုရင် ပိုးတွေ့လူနာ စုစုပေါင်း ခုနှစ်ဦးအထိရှိလာတာကြောင့် မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာအများဆုံး မြို့နယ်လည်း ဖြစ်ပါတယ်။

ပိုးတွေ့လူနာတွေ သွားရောက်ခဲ့တဲ့ လမ်းကြောင်း၊ နေရာတွေကိုလည်း စုံစမ်းထားပြီး သူတို့ရဲ့မိသားစုဝင်တွေကို အိမ်မှာစောင့်ကြည့်ဖို့ လိုအပ်တာတွေ မှာကြားထားတယ်လို့ အင်းစိန်မြို့နယ် ကျန်းမာရေးဦးစီးဌာနက လက်ထောက်ဆရာဝန် ဒေါက်တာ စုဝေဖြိုးက ပြောပါတယ်။

“သူတို့ သွားခဲ့တဲ့ နေရာတွေ၊ လမ်းကြောင်းတွေကို ကျွန်မတို့ မေးထားပြီးသွားပြီပေါ့နော်။ အိမ်သား တွေကိုလည်း လောလောဆယ် အိမ်မှာပဲနေဖို့ လိုအပ်တာတွေ မှာကြားပြီးသွားပြီ။ ဆေးဖျန်းဖို့လည်း ကျွန်မတို့ လုပ်ဆောင်နေတယ်။ ကျွန်မတို့ အထက်ကို တင်ပြမယ် အထက်ကနေ မိသားစုတွေထဲက ဆန်းစစ်ပြီးတော့ ဘယ်သူကို သလိပ်ထပ်စစ်မယ် မစစ်ဘူးဆိုတာတော့ အထက်က ဆုံးဖြတ်တာပေါ့နော်။”

အင်းစိန်ဆေးရုံမှာ တက်ရောက်နေတဲ့ အဲဒီလူနာ ငါးဦးကို လက်ရှိ ဝေဘာဂီဆေးရုံကို ပို့ဆောင်ထားပြီး ကျန်းမာရေးအခြေအနေလည်း ကောင်းမွန်တယ်လို့ ဒေါက်တာ စုဝေဖြိုးက ဆိုပါတယ်။

အဲဒီလူနာ ငါးဦးနဲ့ ဆက်စပ်ပြီး ထိတွေ့ခဲ့သူ ဘယ်လောက်ရှိတယ်ဆိုတာ ခန့်မှန်းဖို့ ခက်ခဲတာကြောင့် အင်းစိန် GTI ထဲမှာ အယောက် ၁၀၀ လောက် စောင့်ကြည့်တာတွေ လုပ်ဆောင်နိုင်ဖို့ ညွှန်ကြားချက်အရ ပြင်ဆင်နေတယ် လို့ လွှတ်တော်ကိုယ်စား ဦးဝေဖြိုးဟန်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက်တာတွေ ဖြစ်နေပြီဖြစ်လို့ အဝင်အထွက် အသွားအလာ တင်းတင်းကြပ်ကြပ် လုပ်ဖို့ မဖြစ်နိုင်တာကြောင့် ကိုယ့်အသိစိတ်နဲ့ကိုယ် ပြည်သူတွေက လိုက်ပါဆောင်ရွက်ဖို့လိုတယ်လို့ စိမ်းလန်း အမိမြေအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောပါတယ်။

“ဖြစ်ပွားနှုန်းတွေက ခန့်မှန်းထားတဲ့ ပုံစံအတိုင်းပဲ ဆပွားတွေ ဖြစ်လာတာပေါ့။ အဲဒီတော့ ကူးစက်မှုတွေက ဘယ်ကနေ ကူးစက်မှန်းမသိတဲ့ဟာတွေပေါ့။ ပြည်တွင်းမှာတင် လှည့်ပတ် ကူးစက်တာတွေ ဖြစ်နေပြီဆိုတဲ့ သဘောဖြစ်တယ်။ Lock Down နည်းကိုပဲ နိုင်ငံရေး အနေအထား အရရော၊ ဌာနဆိုင်ရာတွေရဲ့ အနေအထားအရရော၊ ပြည်သူတွေရဲ့အနေအထားအရရော တင်းတင်း ကြပ်ကြပ်လုပ်ဖို့ မဖြစ်နိုင်တော့ ကိုယ့်အသိစိတ်နဲ့ကိုယ် ပြည်သူတွေက လိုက်ပါဆောင်ရွက်ဖို့ တိုက်တွန်းချင်ပါတယ်။”

မနေ့က ထုတ်ပြန်တဲ့ ပိုးတွေ့အတည်ပြုလူနာ ၁၀ ဦးထဲမှာ ပြည်ဆေးရုံက မေ့ဆေးဆရာဝန် အမျိုးသမီးတစ်ဦး လည်း ပါဝင်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံး ကျန်းမာရေးဝန်ထမ်းတစ်ဦး ဗိုင်းရပ်ကူးစက်ခံရတာလည်း ဖြစ်ပါတယ်။

သူဟာ မကြာရက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားတဲ့ လူနာနံပါတ် ၁၇ ကို အနီးကပ် စောင့်ကြပ် ကုသခဲ့သူ လည်း ဖြစ်ပါတယ်။ အဲ့ဒီ မေ့ဆေးဆရာဝန်ကိုလည်း ဝေဘာဂီဆေးရုံကို မနေ့ညက ပြောင်းရွှေ့ထား ပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီလ ၁၁ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၃၈ ဦးရှိပြီး သေဆုံးသူ ၃ ဦးနဲ့ ပြန်လည် ကောင်းမွန်လာသူ ၂ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/myanmar-corona-apr12-04122020065224.html
တစ္ရက္တည္းႏွင့္ ပိုးေတြ႕လူနာ ၁၀ ဦး ရွိလာ တစ္ရက္တည္းႏွင့္ ပိုးေတြ႕လူနာ ၁၀ ဦး ရွိလာ Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.