ကို႐ိုနာဗိုင္းရပ္စ္ - ေမ့ေဆးဆရာဝန္ႀကီးကို က်န္းမာေရးဝန္ႀကီးက ဖုန္းဆက္ၿပီးအားေပးစကားေျပာ

 ကိုယ့္အႏၲရာယ္ကိုမငဲ့ကြက္ဘဲ လူနာအသက္ကိုကယ္တင္ဖို႔ႀကိဳးပမ္းတဲ့အတြက္ ဝန္ႀကီးက ေလးစားတယ္လို႔ ဆို
(Zawgyi)⤵⤵⤵

ျပည္ခုတင္ ၅၀၀ ေဆး႐ုံက ေမ့ေဆးအထူးကုဆရာဝန္ႀကီးမွာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရၿပီး ၃၀ ဦးေျမာက္လူနာျဖစ္ လာပါတယ္။

သူ႔ကိုမေန႔ညက ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီေဆး႐ုံကို လႊဲေျပာင္းပို႔ေဆာင္ခဲ့ၿပီး အဲဒီညပိုင္းမွာပဲ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြးက တယ္လီဖုန္းနဲ႔ အားေပးစကားေျပာၾကားခဲ့ပါတယ္။

ဒီေမ့ေဆးအထူးကုဆရာဝန္ႀကီးက COVID-19 လူနာ (Case-17) ကို ကုသမႈေပးခဲ့တဲ့ ဆရာဝန္မႀကီးျဖစ္ၿပီး မိမိယခင္ကတည္းက သိကြၽမ္း ေလးစားရတဲ့ ေဆးပညာရွင္တစ္ဦး ျဖစ္တယ္လို႔လည္း ဝန္ႀကီးကသူ႔ရဲ႕ေဖ့စ္ဘြတ္အေကာင့္မွာ ဧၿပီ ၁၂ ရက္က ေရးသားထားပါတယ္။

အဲဒီလိုေျပာၾကားတာကိုလည္း ဝန္ႀကီးက သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္ကတစ္ဆင့္ မွ်ေဝခဲ့ၿပီး အဲဒီလိုမွ်ေဝရာမွာ ဆရာဝန္ႀကီးဟာ ဒီဗိုင္းရပ္စ္ ဘယ္လိုကူးစက္ခံခဲ့ရ တယ္ဆိုတဲ့ ထင္ျမင္ခ်က္ကိုလည္း ေျပာခဲ့တယ္လို႔ သူက ေရးသားထားပါတယ္။

အထူးကုဆရာဝန္ႀကီးက "က်န္းမာေရးအေျခအေနေကာင္းမြန္ေနေၾကာင္း၊ ဖ်ားနာျခင္း၊ ေခ်ာင္းဆိုးျခင္း တစ္စုံတစ္ရာမရွိပါေၾကာင္း၊ လူနာကိုကုသမႈေပးစဥ္ အသက္ရႉပိုက္တပ္ဖို႔ လုပ္စဥ္က လူနာရဲ႕ အသက္ကိုကယ္တင္လိုေဇာနဲ႔ အျမင္ပိုမိုရွင္းလင္းေစေရးအတြက္ မ်က္ႏွာ၊ မ်က္စိဖုံး အကာကို ဖယ္ရွားလိုက္မိေၾကာင္း၊ ထိုသို႔ ဖယ္ရွားလိုက္မိသျဖင့္ လူနာထံမွ အစက္အမႈန္ အမႊားမ်ား မိမိရဲ႕ မ်က္စိထဲသို႔ဝင္ကာ ေရာဂါကူးစက္ခဲ့သည္ဟု ထင္ပါေၾကာင္း" ေျပာၾကားခဲ့တယ္လို႔ ဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေရးသားထားတာျဖစ္ပါတယ္။

ခုလို လူနာရဲ႕အသက္ကို ကယ္တင္လိုစိတ္နဲ႔ ကိုယ္တိုင္အႏၲရာယ္ကိုမငဲ့ဘဲ ေဆာင္႐ြက္ခဲ့တဲ့ မြန္ျမတ္လွတဲ့စိတ္ထားကိုအထူးေလးစားေၾကာင္းနဲ႔ က်န္းမာေရးကို အဓိကထား ဂ႐ုစိုက္ေစလိုေၾကာင္း၊ က်န္တာေတြအားလုံးကို ဝန္ႀကီးဌာနက စီစဥ္ေပးမယ္လို႔ ဝန္ႀကီးက ျပန္လည္ေျပာၾကားခဲ့တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ သူအပါအဝင္ က်န္းမာေရးဝန္ထမ္း၊ ေဆးေလာကသားအားလုံးကလည္း အထူးကုဆရာဝန္ႀကီး အတြက္ စိုးရိမ္ပူပန္ေနေၾကာင္း၊ လူနာမ်ားကို ကုသမႈေပးေနတဲ့ ဆရာဝန္၊ သူနာျပဳ၊ ကုသမႈ အေထာက္အကူျပဳပညာရွင္မ်ားအေနျဖင့္လည္း မိမိတို႔ထံ ေရာဂါကူးစက္ခံရမႈမရွိေစေရး အတြက္ ဂ႐ုျပဳေဆာင္႐ြက္ေစလိုပါေၾကာင္း၊ က်န္းမာေရးေစာင့္ေရွာက္မႈေပးသူမ်ားသည္ လူနာ၏အသက္ကို ကယ္တင္ကုသလိုေဇာႀကီးၿပီး မိမိကိုယ္တိုင္အတြက္ အႏၲရာယ္ကိုပင္ အေလးမထား၊ ဂ႐ုမျပဳမိဘဲ ေဆာင္႐ြက္မိၾကပါေၾကာင္းလည္း ေျပာၾကားခဲ့တယ္လို႔ ဝန္ႀကီးက ေရးသားထားပါတယ္။

အဲဒီေနာက္ ညပိုင္းမွာပဲ ဆရာဝန္မႀကီးက ဝန္ႀကီးထံ ဖုန္းထပ္ဆက္လာခဲ့ၿပီး က်န္းမာေရးေစာင့္ေရွာက္မႈေပးမယ့္အစီအစဥ္ေတြကိုေမးျမန္းခဲ့တယ္လို႔ ဆိုပါတယ္။

ေဝဘာဂီအထူးကုေဆး႐ုံႀကီးမွ ေဆး႐ုံအုပ္ႀကီး၊ အထူးကုဆရာဝန္ႀကီးမ်ားႏွင့္ တိုင္ပင္၍ အေကာင္းဆုံး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းနဲ႔ အေသးစိတ္အစီအစဥ္ကို ျပန္လည္ေျဖၾကားေပးခဲ့တယ္လို႔ ဝန္ႀကီးကဆက္လက္ေရးသားထားပါတယ္။
 ေမ့ေဆးဆရာဝန္ႀကီးက သူ႔မွာ ဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း ေဆးစစ္အေျဖနဲ႔ပတ္သက္ၿပီးခုလို လူမႈကြန္ရက္မွာေရးခဲ့ပါတယ္။

"ဆရာမႀကီးက ျပည္မွာ တာဝန္က်တာ ေတာ္ေတာ္ၾကာပါၿပီ။ ဆရာမႀကီးဟာ ေတာ္ေတာ္ေတာ့ ေစတနာေကာင္းၿပီး တက္တက္ႂကြႂကြလုပ္တဲ့သူပါ။ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ လာတုန္းကလည္း ေဆး႐ုံလိုအပ္ခ်က္ေတြကို ေတာ္ေတာ္ထိထိမိမိ ေျပာရဲဆိုရဲတင္ျပရဲတယ္။ လုပ္ရဲကိုင္ရဲတဲ့သူပါ။ ၿမိဳ႕ကလည္းပဲ သူ႔ကို သေဘာက်ပါတယ္။ ကြၽန္ေတာ္တို႔ကေတာ့ ဆရာမႀကီးကို ေဝဘာဂီပို႔ဖို႔ အစစအရာရာ စီစဥ္ေပးခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အားေပးစကားနဲ႔ ဂုဏ္ျပဳလႊာေပးဖို႔လည္း ဝန္ႀကီးခ်ဳပ္က ၫႊန္ၾကားထားပါတယ္။ ကြၽန္ေတာ္တို႔စီစဥ္ေနပါတယ္"လို႔ ပဲခူးတိုင္းေဒသႀကီးလူဝ္မႈႀကီးၾကပ္ေရး၀န္ႀကီး ဦးထြန္းထြန္းဦးက ေျပာပါတယ္။

ဆရာဝန္ႀကီးဟာ လူနာနံပါတ္ ၁၇ ေရာဂါသည္းထန္ခ်ိန္မွာ ေဆးအဖြဲ႕ဝင္ စုစုေပါင္း ၁၄ ဦးနဲ႔အတူ အထူးၾကပ္မတ္ကုသခန္းထဲ ကုသေပးခဲ့တာျဖစ္ၿပီး ကုသမႈေပးၿပီး ျပန္ထြက္လာခ်ိန္မွာ အကာအကြယ္ဝတ္စုံက မ်က္မွန္ကို ခြၽတ္မိတယ္လို႔ ေျပာၾကားတာမ်ိဳးရွိေၾကာင္းနဲ႔ ဒါေၾကာင့္ တစ္ဖြဲ႕လုံးကို ေဆးစစ္မႈျပဳလုပ္ေပးခဲ့ေၾကာင္း ျပည္ေဆး႐ုံ ဒုတိယေဆး႐ုံအုပ္ႀကီး ေဒါက္တာသီတာစိုးက ဘီဘီစီကိုေျပာပါတယ္။

လက္ရွိမွာ က်န္သူ ၁၃ ဦးလုံးရဲ႕ ေဆးစစ္ခ်က္အေျဖမွာပိုးမေတြ႕အေျဖထြက္ရွိထားေပမယ့္ သူတို႔ကို သီးျခားစီထားရွိၿပီး ၁၄ ရက္ ေစာင့္ၾကည့္ဖို႔စီစဥ္ေန တယ္လို႔ ဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52260140
------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - မေ့ဆေးဆရာဝန်ကြီးကို ကျန်းမာရေးဝန်ကြီးက ဖုန်းဆက်ပြီးအားပေးစကားပြော

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုယ့်အန္တရာယ်ကိုမငဲ့ကွက်ဘဲ လူနာအသက်ကိုကယ်တင်ဖို့ကြိုးပမ်းတဲ့အတွက် ဝန်ကြီးက လေးစားတယ်လို့ ဆို

ပြည်ခုတင် ၅၀၀ ဆေးရုံက မေ့ဆေးအထူးကုဆရာဝန်ကြီးမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ၃၀ ဦးမြောက်လူနာဖြစ် လာပါတယ်။

သူ့ကိုမနေ့ညက ရန်ကုန်မြို့၊ ဝေဘာဂီဆေးရုံကို လွှဲပြောင်းပို့ဆောင်ခဲ့ပြီး အဲဒီညပိုင်းမှာပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက တယ်လီဖုန်းနဲ့ အားပေးစကားပြောကြားခဲ့ပါတယ်။

ဒီမေ့ဆေးအထူးကုဆရာဝန်ကြီးက COVID-19 လူနာ (Case-17) ကို ကုသမှုပေးခဲ့တဲ့ ဆရာဝန်မကြီးဖြစ်ပြီး မိမိယခင်ကတည်းက သိကျွမ်း လေးစားရတဲ့ ဆေးပညာရှင်တစ်ဦး ဖြစ်တယ်လို့လည်း ဝန်ကြီးကသူ့ရဲ့ဖေ့စ်ဘွတ်အကောင့်မှာ ဧပြီ ၁၂ ရက်က ရေးသားထားပါတယ်။

အဲဒီလိုပြောကြားတာကိုလည်း ဝန်ကြီးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကတစ်ဆင့် မျှဝေခဲ့ပြီး အဲဒီလိုမျှဝေရာမှာ ဆရာဝန်ကြီးဟာ ဒီဗိုင်းရပ်စ် ဘယ်လိုကူးစက်ခံခဲ့ရ တယ်ဆိုတဲ့ ထင်မြင်ချက်ကိုလည်း ပြောခဲ့တယ်လို့ သူက ရေးသားထားပါတယ်။

အထူးကုဆရာဝန်ကြီးက "ကျန်းမာရေးအခြေအနေကောင်းမွန်နေကြောင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း တစ်စုံတစ်ရာမရှိပါကြောင်း၊ လူနာကိုကုသမှုပေးစဉ် အသက်ရှူပိုက်တပ်ဖို့ လုပ်စဉ်က လူနာရဲ့ အသက်ကိုကယ်တင်လိုဇောနဲ့ အမြင်ပိုမိုရှင်းလင်းစေရေးအတွက် မျက်နှာ၊ မျက်စိဖုံး အကာကို ဖယ်ရှားလိုက်မိကြောင်း၊ ထိုသို့ ဖယ်ရှားလိုက်မိသဖြင့် လူနာထံမှ အစက်အမှုန် အမွှားများ မိမိရဲ့ မျက်စိထဲသို့ဝင်ကာ ရောဂါကူးစက်ခဲ့သည်ဟု ထင်ပါကြောင်း" ပြောကြားခဲ့တယ်လို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးက ရေးသားထားတာဖြစ်ပါတယ်။

ခုလို လူနာရဲ့အသက်ကို ကယ်တင်လိုစိတ်နဲ့ ကိုယ်တိုင်အန္တရာယ်ကိုမငဲ့ဘဲ ဆောင်ရွက်ခဲ့တဲ့ မွန်မြတ်လှတဲ့စိတ်ထားကိုအထူးလေးစားကြောင်းနဲ့ ကျန်းမာရေးကို အဓိကထား ဂရုစိုက်စေလိုကြောင်း၊ ကျန်တာတွေအားလုံးကို ဝန်ကြီးဌာနက စီစဉ်ပေးမယ်လို့ ဝန်ကြီးက ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူအပါအဝင် ကျန်းမာရေးဝန်ထမ်း၊ ဆေးလောကသားအားလုံးကလည်း အထူးကုဆရာဝန်ကြီး အတွက် စိုးရိမ်ပူပန်နေကြောင်း၊ လူနာများကို ကုသမှုပေးနေတဲ့ ဆရာဝန်၊ သူနာပြု၊ ကုသမှု အထောက်အကူပြုပညာရှင်များအနေဖြင့်လည်း မိမိတို့ထံ ရောဂါကူးစက်ခံရမှုမရှိစေရေး အတွက် ဂရုပြုဆောင်ရွက်စေလိုပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် လူနာ၏အသက်ကို ကယ်တင်ကုသလိုဇောကြီးပြီး မိမိကိုယ်တိုင်အတွက် အန္တရာယ်ကိုပင် အလေးမထား၊ ဂရုမပြုမိဘဲ ဆောင်ရွက်မိကြပါကြောင်းလည်း ပြောကြားခဲ့တယ်လို့ ဝန်ကြီးက ရေးသားထားပါတယ်။

အဲဒီနောက် ညပိုင်းမှာပဲ ဆရာဝန်မကြီးက ဝန်ကြီးထံ ဖုန်းထပ်ဆက်လာခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးမယ့်အစီအစဉ်တွေကိုမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ဝေဘာဂီအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်၍ အကောင်းဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနဲ့ အသေးစိတ်အစီအစဉ်ကို ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ ဝန်ကြီးကဆက်လက်ရေးသားထားပါတယ်။
ဓာတ်ပုံ မူပိုင် Myint Myint Sein
Image caption မေ့ဆေးဆရာဝန်ကြီးက သူ့မှာ ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ဆေးစစ်အဖြေနဲ့ပတ်သက်ပြီးခုလို လူမှုကွန်ရက်မှာရေးခဲ့ပါတယ်။

"ဆရာမကြီးက ပြည်မှာ တာဝန်ကျတာ တော်တော်ကြာပါပြီ။ ဆရာမကြီးဟာ တော်တော်တော့ စေတနာကောင်းပြီး တက်တက်ကြွကြွလုပ်တဲ့သူပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လာတုန်းကလည်း ဆေးရုံလိုအပ်ချက်တွေကို တော်တော်ထိထိမိမိ ပြောရဲဆိုရဲတင်ပြရဲတယ်။ လုပ်ရဲကိုင်ရဲတဲ့သူပါ။ မြို့ကလည်းပဲ သူ့ကို သဘောကျပါတယ်။ ကျွန်တော်တို့ကတော့ ဆရာမကြီးကို ဝေဘာဂီပို့ဖို့ အစစအရာရာ စီစဉ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ အားပေးစကားနဲ့ ဂုဏ်ပြုလွှာပေးဖို့လည်း ဝန်ကြီးချုပ်က ညွှန်ကြားထားပါတယ်။ ကျွန်တော်တို့စီစဉ်နေပါတယ်"လို့ ပဲခူးတိုင်းဒေသကြီးလူဝ်မှုကြီးကြပ်ရေးဝန်ကြီး ဦးထွန်းထွန်းဦးက ပြောပါတယ်။

ဆရာဝန်ကြီးဟာ လူနာနံပါတ် ၁၇ ရောဂါသည်းထန်ချိန်မှာ ဆေးအဖွဲ့ဝင် စုစုပေါင်း ၁၄ ဦးနဲ့အတူ အထူးကြပ်မတ်ကုသခန်းထဲ ကုသပေးခဲ့တာဖြစ်ပြီး ကုသမှုပေးပြီး ပြန်ထွက်လာချိန်မှာ အကာအကွယ်ဝတ်စုံက မျက်မှန်ကို ချွတ်မိတယ်လို့ ပြောကြားတာမျိုးရှိကြောင်းနဲ့ ဒါကြောင့် တစ်ဖွဲ့လုံးကို ဆေးစစ်မှုပြုလုပ်ပေးခဲ့ကြောင်း ပြည်ဆေးရုံ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးက ဘီဘီစီကိုပြောပါတယ်။

လက်ရှိမှာ ကျန်သူ ၁၃ ဦးလုံးရဲ့ ဆေးစစ်ချက်အဖြေမှာပိုးမတွေ့အဖြေထွက်ရှိထားပေမယ့် သူတို့ကို သီးခြားစီထားရှိပြီး ၁၄ ရက် စောင့်ကြည့်ဖို့စီစဉ်နေ တယ်လို့ ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52260140
ကို႐ိုနာဗိုင္းရပ္စ္ - ေမ့ေဆးဆရာဝန္ႀကီးကို က်န္းမာေရးဝန္ႀကီးက ဖုန္းဆက္ၿပီးအားေပးစကားေျပာ ကို႐ိုနာဗိုင္းရပ္စ္ - ေမ့ေဆးဆရာဝန္ႀကီးကို က်န္းမာေရးဝန္ႀကီးက ဖုန္းဆက္ၿပီးအားေပးစကားေျပာ Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.