ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ လႊတ္ေတာ္အစည္းအေဝးေတြ ေ႐ႊ႕ဆိုင္း

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ပိုးကူးစက္မႈေတြေၾကာင့္ ေနျပည္ေတာ္မွာ ဧၿပီလ ၂၇ ရက္ ျပန္က်င္းပဖို႔လ်ာထားတဲ့ လႊတ္ေတာ္ အစည္းအေဝးေတြကို အခ်ိန္အကန႔္အသတ္မရွိ ေ႐ႊ႕ဆိုင္းလိုက္ပါတယ္။

၁၆ ႀကိမ္ေျမာက္ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးေတြကို ဒီလ ၂၇ ရက္ေန႔မွာက်င္းပဖို႔ စီစဥ္ထားေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေတြျဖစ္ပြားေနလို႔ မူလက်င္းပဖို႔ စီစဥ္ထားတဲ့ ေန႔မွာ မက်င္းပႏိုင္ေတာ့ပါဘူး။ ဒါေပမဲ့လည္း ေမလဆန္းမွာေတာ့ လႊတ္ေတာ္အထူးအစည္းအေဝး ေခၚယူ က်င္းပဖို႔ရွိတယ္ဆိုၿပီး ေကာလာဟလသတင္းေတြလည္း ဒီကေန႔ထြက္ေပၚလာပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး အမ်ိဳးသားလႊတ္ေတာ္႐ုံး ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးလြင္ဦး ကိုRFA က ဆက္သြယ္ေမးျမန္းၾကည့္ ရာမွာေတာ့ အခုခ်ိန္ထိဘယ္ေတာ့ အစည္းအေဝးျပန္ေခၚယူမယ္ဆိုတာမ်ိဳး ဆုံးျဖတ္ထားတာ မရွိေသးဘူးလို႔ ေျပာပါတယ္။

၁၆ ႀကိမ္ေျမာက္ လႊတ္ေတာ္အစည္းအေဝးမွာ ဝန္ႀကီးဌာနေတြရဲ႕ ျဖည့္စြက္ဘတ္ဂ်က္နဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ေဆြးေႏြးမဲခြဲဆုံးျဖတ္ဖို႔ မူလက စီဥ္ထားပါတယ္၊ ဒါေၾကာင့္ ဒီဘတ္ဂ်က္ကိစၥကို ေဆြးေႏြး ဆုံးျဖတ္ဖို႔လိုတာေၾကာင့္ ေမလထဲမွာ မျဖစ္မေနအစည္းအေဝးျပန္ေခၚက်င္းပမယ္ဆိုၿပီး ေကာလာဟလ သတင္းေတြ ထြက္လာတာပါ။

မႏၲေလးတိုင္း ေအာင္ေျမသာစံၿမိဳ႕နယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာလွမိုး ကေတာ့ လတ္တ ေလာ ေရာဂါကူးစက္မႈအေျခအေနကို အစိုးရက ႏိုင္နင္းေနဆဲျဖစ္ေၾကာင္း၊ ေလာေလာဆယ္ ဒီဘတ္ဂ်က္ကိစၥကို အစည္းအေဝးမေခၚလည္းရေသးေၾကာင္းနဲ႔ဒီဘတ္ဂ်က္ကိစၥကို မဲခြဲမဆုံးျဖတ္ႏိုင္တဲ့အတြက္ အစိုးရရဲ႕ယႏၲရားႀကီး တစ္ခုလုံး ရပ္သြားတာမ်ိဳးထိေတာ့ မျဖစ္ႏိုင္ေၾကာင္းေျပာပါတယ္။

အခုလို ေရာဂါကူးစက္မႈ ျမင့္မားေနခ်ိန္မွာ အေရးႀကီးကိစၥရွိလာရင္ လူရာနဲ႔ခ်ီစုေဝးတာမ်ိဳး မလုပ္ဘဲ အြန္လိုင္း အစည္းအေဝး ေခၚသင့္တယ္လို႔ သုံးသပ္ေျပာဆိုသူေတြလည္း ရွိပါတယ္။

လႊတ္ေတာ္အစည္အေဝးကို အြန္လိုင္းကေန ဗြီဒီယိုအစည္းအေဝးအေနနဲ႔ ေခၚယူဖို႔ဆိုတာမွာလည္း လႊတ္ေတာ္ ကိုယ္စားလွယ္အေရအတြက္က ရာခ်ီရွိတာ၊ လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုက နည္းပညာမကြၽမ္းက်င္တာနဲ႔ ရခိုင္လိုအင္တာနက္မရတဲ့ေနရာက ကိုယ္စားလွယ္ေတြအတြက္ အခက္အခဲရွိေနပါတယ္။

ဒီလိုနည္းပညာအခက္အခဲေတြေၾကာင့္ အြန္လိုင္းကေန အစည္းအေဝးေခၚယူဖို႔ မျဖစ္ႏိုင္ေၾကာင္းနဲ႔ မျဖစ္မေန ေခၚယူရမယ္ဆိုရင္ေတာ့ လႊတ္ေတာ္အစည္းအေဝးက်င္းပတဲ့ ပုံစံေနရာထိုင္ခင္းကို ေျပာင္းလဲက်င္းပမယ္ ဆိုရင္ေတာ့ ရႏိုင္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးက လႊတ္ေတာ္ကိုယ္စားလွယ္လည္းျဖစ္ နည္းပညာကြၽမ္းက်င္ သူလည္းျဖစ္တဲ့ ဦးေနဘုန္းလတ္က ေျပာပါတယ္။

ေနျပည္ေတာ္ကိုလာမယ္ဆိုရင္ ပိုးေတြ႕ရွိထားတဲ့အရပ္ေဒသကလူေတြနဲ႔ အစိုးရဝန္ထမ္းေတြ၊ ျပည္ပနဲ႔နယ္စပ္က လူေတြကို ကြာရန္တင္းစင္တာေတြမွာ ၂၁ ရက္ အသြားအလာကန႔္သတ္ေစာင့္ၾကည့္တာေတြကို ဧၿပီ ၁၉ ရက္ေန႔ ကစၿပီး ေဆာင္႐ြက္ေနပါတယ္။

ဒါေၾကာင့္ အခုခ်ိန္ေနျပည္ေတာ္မွာ လႊတ္ေတာ္အစည္းအေဝး မျဖစ္မေနက်င္းပမယ္ဆိုရင္လည္း အစည္းအေဝး လာတက္တဲ့ အနယ္နယ္အရပ္ရပ္က လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာလည္း အသြားအလာကန႔္သတ္ ေစာင့္ၾကည့္ခံရတဲ့ထဲမွာ အက်ဳံးဝင္မွာျဖစ္ပါတယ္။

ဒါေၾကာင့္မို႔လတ္တေလာမွာ လႊတ္ေတာ္အစည္းအေဝးက်င္းပဖို႔ဆိုတာ ႏိုင္ငံေတာ္အစိုးရနဲ႔ က်န္းမာေရး ဝန္ႀကီးဌာနက ဘယ္လိုပုံစံမ်ိဳးနဲ႔က်င္းပလို႔ ရႏိုင္တယ္ဆိုတဲ့ သေဘာထားမွတ္ခ်က္နဲ႔ က်င္းပခြင့္မျပဳမျခင္း အစည္းအေဝးလုပ္ဖို႔ မျဖစ္ႏိုင္ဘူးလို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက မွတ္ခ်က္ျပဳၾကပါတယ္။

ၿပီးခဲ့တဲ့ ၁၅ ႀကိမ္ေျမာက္ လႊတ္ေတာ္အစည္းအေဝးေတြကေတာ့ မတ္လ ၂၆ ရက္ေန႔က ၿပီးဆုံးသြားခဲ့တာျဖစ္ၿပီး အဲဒီအစည္းအေဝးမွာေတာ့ ဖြဲ႕စည္းပုံျပင္ဆင္ေရးပုဒ္မေတြကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြက မဲခြဲဆုံးျဖတ္ ခဲ့ၾကတာျဖစ္ပါတယ္။

သက္စုေအာင္ / RFA Burmese
----------------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် လွှတ်တော်အစည်းအဝေးတွေ ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်မှုတွေကြောင့် နေပြည်တော်မှာ ဧပြီလ ၂၇ ရက် ပြန်ကျင်းပဖို့လျာထားတဲ့ လွှတ်တော် အစည်းအဝေးတွေကို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။

၁၆ ကြိမ်မြောက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေကို ဒီလ ၂၇ ရက်နေ့မှာကျင်းပဖို့ စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေဖြစ်ပွားနေလို့ မူလကျင်းပဖို့ စီစဉ်ထားတဲ့ နေ့မှာ မကျင်းပနိုင်တော့ပါဘူး။ ဒါပေမဲ့လည်း မေလဆန်းမှာတော့ လွှတ်တော်အထူးအစည်းအဝေး ခေါ်ယူ ကျင်းပဖို့ရှိတယ်ဆိုပြီး ကောလာဟလသတင်းတွေလည်း ဒီကနေ့ထွက်ပေါ်လာပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦး ကိုRFA က ဆက်သွယ်မေးမြန်းကြည့် ရာမှာတော့ အခုချိန်ထိဘယ်တော့ အစည်းအဝေးပြန်ခေါ်ယူမယ်ဆိုတာမျိုး ဆုံးဖြတ်ထားတာ မရှိသေးဘူးလို့ ပြောပါတယ်။

၁၆ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးဌာနတွေရဲ့ ဖြည့်စွက်ဘတ်ဂျက်နဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေးမဲခွဲဆုံးဖြတ်ဖို့ မူလက စီဉ်ထားပါတယ်၊ ဒါကြောင့် ဒီဘတ်ဂျက်ကိစ္စကို ဆွေးနွေး ဆုံးဖြတ်ဖို့လိုတာကြောင့် မေလထဲမှာ မဖြစ်မနေအစည်းအဝေးပြန်ခေါ်ကျင်းပမယ်ဆိုပြီး ကောလာဟလ သတင်းတွေ ထွက်လာတာပါ။

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး ကတော့ လတ်တ လော ရောဂါကူးစက်မှုအခြေအနေကို အစိုးရက နိုင်နင်းနေဆဲဖြစ်ကြောင်း၊ လောလောဆယ် ဒီဘတ်ဂျက်ကိစ္စကို အစည်းအဝေးမခေါ်လည်းရသေးကြောင်းနဲ့ဒီဘတ်ဂျက်ကိစ္စကို မဲခွဲမဆုံးဖြတ်နိုင်တဲ့အတွက် အစိုးရရဲ့ယန္တရားကြီး တစ်ခုလုံး ရပ်သွားတာမျိုးထိတော့ မဖြစ်နိုင်ကြောင်းပြောပါတယ်။

အခုလို ရောဂါကူးစက်မှု မြင့်မားနေချိန်မှာ အရေးကြီးကိစ္စရှိလာရင် လူရာနဲ့ချီစုဝေးတာမျိုး မလုပ်ဘဲ အွန်လိုင်း အစည်းအဝေး ခေါ်သင့်တယ်လို့ သုံးသပ်ပြောဆိုသူတွေလည်း ရှိပါတယ်။

လွှတ်တော်အစည်အဝေးကို အွန်လိုင်းကနေ ဗွီဒီယိုအစည်းအဝေးအနေနဲ့ ခေါ်ယူဖို့ဆိုတာမှာလည်း လွှတ်တော် ကိုယ်စားလှယ်အရေအတွက်က ရာချီရှိတာ၊ လွှတ်တော်ကိုယ်စားလှယ်အများစုက နည်းပညာမကျွမ်းကျင်တာနဲ့ ရခိုင်လိုအင်တာနက်မရတဲ့နေရာက ကိုယ်စားလှယ်တွေအတွက် အခက်အခဲရှိနေပါတယ်။

ဒီလိုနည်းပညာအခက်အခဲတွေကြောင့် အွန်လိုင်းကနေ အစည်းအဝေးခေါ်ယူဖို့ မဖြစ်နိုင်ကြောင်းနဲ့ မဖြစ်မနေ ခေါ်ယူရမယ်ဆိုရင်တော့ လွှတ်တော်အစည်းအဝေးကျင်းပတဲ့ ပုံစံနေရာထိုင်ခင်းကို ပြောင်းလဲကျင်းပမယ် ဆိုရင်တော့ ရနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးက လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် နည်းပညာကျွမ်းကျင် သူလည်းဖြစ်တဲ့ ဦးနေဘုန်းလတ်က ပြောပါတယ်။

နေပြည်တော်ကိုလာမယ်ဆိုရင် ပိုးတွေ့ရှိထားတဲ့အရပ်ဒေသကလူတွေနဲ့ အစိုးရဝန်ထမ်းတွေ၊ ပြည်ပနဲ့နယ်စပ်က လူတွေကို ကွာရန်တင်းစင်တာတွေမှာ ၂၁ ရက် အသွားအလာကန့်သတ်စောင့်ကြည့်တာတွေကို ဧပြီ ၁၉ ရက်နေ့ ကစပြီး ဆောင်ရွက်နေပါတယ်။

ဒါကြောင့် အခုချိန်နေပြည်တော်မှာ လွှတ်တော်အစည်းအဝေး မဖြစ်မနေကျင်းပမယ်ဆိုရင်လည်း အစည်းအဝေး လာတက်တဲ့ အနယ်နယ်အရပ်ရပ်က လွှတ်တော်ကိုယ်စားလှယ်တွေဟာလည်း အသွားအလာကန့်သတ် စောင့်ကြည့်ခံရတဲ့ထဲမှာ အကျုံးဝင်မှာဖြစ်ပါတယ်။

ဒါကြောင့်မို့လတ်တလောမှာ လွှတ်တော်အစည်းအဝေးကျင်းပဖို့ဆိုတာ နိုင်ငံတော်အစိုးရနဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ဘယ်လိုပုံစံမျိုးနဲ့ကျင်းပလို့ ရနိုင်တယ်ဆိုတဲ့ သဘောထားမှတ်ချက်နဲ့ ကျင်းပခွင့်မပြုမခြင်း အစည်းအဝေးလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက မှတ်ချက်ပြုကြပါတယ်။

ပြီးခဲ့တဲ့ ၁၅ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေကတော့ မတ်လ ၂၆ ရက်နေ့က ပြီးဆုံးသွားခဲ့တာဖြစ်ပြီး အဲဒီအစည်းအဝေးမှာတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးပုဒ်မတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက မဲခွဲဆုံးဖြတ် ခဲ့ကြတာဖြစ်ပါတယ်။

သက်စုအောင် / RFA Burmese
https://www.rfa.org/burmese/program_2/postpond-myanmar-parliament-04232020062432.html
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ လႊတ္ေတာ္အစည္းအေဝးေတြ ေ႐ႊ႕ဆိုင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ လႊတ္ေတာ္အစည္းအေဝးေတြ ေ႐ႊ႕ဆိုင္း Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.