
(Zawgyi)⤵⤵⤵






Monywa Gazette
--------------
(Unicode)⤵⤵⤵
ကသာတွင် မိုးကြိုးပစ်၍ လူတစ်ဦးနှင့် နွားနှစ်ကောင် သေဆုံး

ကသာမြို့နယ် မိုးတားလေး ကျေးရွာအုပ်စု ဂျပန်ကျွန်းတွင် ယနေ့ နံနက် ၂နာရီက မိုးကြိုးပစ်၍ လူတစ်ဦးနှင့် နွားနှစ်ကောင် သေဆုံးခဲ့သည်။

သေဆုံးသူမှာ ဂျပန်ကျွန်းနေ အောင်ကိုဝင်း(ခ)ချက်ဖောင်း ဖြစ်ပြီး ဦးခေါင်းဆံပင်မီးကျွမ်၊း ကျော၊ တင်ပါး၊ ပေါင်တို့တွင် အရေပြားညိုမဲဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက်အရ သိရသည်။

” မိုးတွေ၊ လေတွေကျတော့ တဲအပြင်က ချည်ထားတဲ့ နွားနှစ်ကောင် ကို သွားဖြုတ်ယူပြီး အိမ်အောက်ကတိုင်မှာ ကြိုးချည်နေချိန်မှာ မိုးကြိုးပစ်ခံရတာလို့ သိရတယ် “ဟု ကသာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဖေက ပြောသည်။

မိုးကြိုးဒဏ်ကြောင့် နေအိမ်တိုင်မှ အောက်ခြေထိ ထပ်ခြမ်းကွဲသွားသည်။

ယင်းဖြစ်စဉ်ကို သေမှုသေခင်း ၉/၂၀၂၀ အမှုရေးဖွင့် ထားသည်။

Monywa Gazette
https://www.facebook.com/monywagazette
ကသာတွင် မိုးကြိုးပစ်၍ လူတစ်ဦးနှင့် နွားနှစ်ကောင် သေဆုံး ကသာတွင် မိုးကြိုးပစ်၍ လူတစ်ဦးနှင့် နွားနှစ်ကောင် သေဆုံး Reviewed by THITHTOOLWIN on 04:52 Rating: 5
Powered by Blogger.