က်န္းမာေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူခန႔္အပ္

 ေဒါက္တာသာထြန္းေက်ာ္ဟာ သတင္းျပန္ၾကားေရးအေထာက္အကူျပဳအဖြဲ႕ကို ဦးေဆာင္မွာ ျဖစ္ပါတယ္။
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရပုဂၢိဳလ္အျဖစ္ အဆိုပါ ဝန္ႀကီး႐ုံးၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသာထြန္းေက်ာ္ကို ခန႔္အပ္လိုက္ပါတယ္။

မတ္လ ၃၀ ရက္ ရက္စြဲနဲ႔ ထုတ္ျပန္ခဲ့တဲ့ အဲဒီစာကို မေန႔က က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေဖ့စ္ဘြတ္စာမ်က္ႏွာကေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါအသြင္ျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကိုဗစ္၁၉ နဲ႔ ပတ္သက္ၿပီး ကာကြယ္ထိန္းခ်ဳပ္ ကုသေရးဆိုင္ရာလုပ္ငန္းေတြကို အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္ေနတာေတြနဲ႔ပတ္သက္ၿပီးအမ်ားျပည္သူနဲ႔ သတင္းမီဒီယာေတြကို ဆက္သြယ္အသိေပးေျပာၾကားဖို႔အတြက္ ေဒါက္တာသာထြန္းေက်ာ္ကို တာဝန္ေပးလိုက္တယ္လို႔ ေဖာ္ျပထားပါတယ္။

ယခင္က ကိုဗစ္၁၉ ဗိုင္းရပ္စ္ နဲ႔ပတ္သက္လို႔ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲက ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက တာဝန္ယူ ေျဖၾကားေပးေနတာ ျဖစ္ပါတယ္။

ေဒါက္တာခင္ခင္ႀကီးက ကိုဗစ္၁၉ ဓာတ္ခြဲအတည္ျပဳလူနာမေတြ႕ခင္ကေန တာဝန္ယူခဲ့တာ အခုဆို သုံးလ ရွိၿပီျဖစ္ၿပီး ဒီေနာက္ပိုင္း ပိုးေတြ႕လူနာ ၂၀ ထိ ရွိသြားတဲ့အတြက္ တစ္ဦးတည္း လုပ္ေဆာင္တာထက္ အဖြဲ႕လိုက္ လုပ္ေဆာင္တာက ပိုမိုအဆင္ေျပၿပီး စနစ္က်မွာမို႔ အဖြဲ႕ကို အဆင့္ျမႇင့္တင္ရေၾကာင္း မေန႔က သူ႔ရဲ႕ လူမႈကြန္ရက္အေကာင့္မွာေရးသားထားပါတယ္။

ဒါဟာ သတင္းျပန္ၾကားေရးအေထာက္အကူျပဳအဖြဲ႕ကို ဖြဲ႕စည္းတာ၀န္ေပးတာျဖစ္ၿပီး အဖြဲ႕မွာ ေဒါက္တာသာထြန္းေက်ာ္က ဦးေဆာင္ၿပီး သူအပါအဝင္ အဖြဲ႕ဝင္ ၇ ဦး ပါဝင္ထားတယ္လို႔ ေရးသားထားပါတယ္။

ေဒါက္တာခင္ခင္ႀကီးကေတာ့ မီဒီယာေစာင့္ၾကည့္ျခင္းနဲ႔ ကြၽမ္းက်င္မႈပိုင္းဆိုင္ရာ သတင္းအခ်က္အလက္ ရွာေဖြေရးကို ေဆာင္႐ြက္ရမွာ ျဖစ္တယ္လို႔လည္းေရးသားထားပါတယ္။

BBC Burmese
-----------------------------------------
ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူခန့်အပ်

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အဖြစ် အဆိုပါ ဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်ကို ခန့်အပ်လိုက်ပါတယ်။

မတ်လ ၃၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အဲဒီစာကို မနေ့က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဖေ့စ်ဘွတ်စာမျက်နှာကဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်၁၉ နဲ့ ပတ်သက်ပြီး ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီးအများပြည်သူနဲ့ သတင်းမီဒီယာတွေကို ဆက်သွယ်အသိပေးပြောကြားဖို့အတွက် ဒေါက်တာသာထွန်းကျော်ကို တာဝန်ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။

ယခင်က ကိုဗစ်၁၉ ဗိုင်းရပ်စ် နဲ့ပတ်သက်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက တာဝန်ယူ ဖြေကြားပေးနေတာ ဖြစ်ပါတယ်။

ဒေါက်တာခင်ခင်ကြီးက ကိုဗစ်၁၉ ဓာတ်ခွဲအတည်ပြုလူနာမတွေ့ခင်ကနေ တာဝန်ယူခဲ့တာ အခုဆို သုံးလ ရှိပြီဖြစ်ပြီး ဒီနောက်ပိုင်း ပိုးတွေ့လူနာ ၂၀ ထိ ရှိသွားတဲ့အတွက် တစ်ဦးတည်း လုပ်ဆောင်တာထက် အဖွဲ့လိုက် လုပ်ဆောင်တာက ပိုမိုအဆင်ပြေပြီး စနစ်ကျမှာမို့ အဖွဲ့ကို အဆင့်မြှင့်တင်ရကြောင်း မနေ့က သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာရေးသားထားပါတယ်။

ဒါဟာ သတင်းပြန်ကြားရေးအထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးတာဖြစ်ပြီး အဖွဲ့မှာ ဒေါက်တာသာထွန်းကျော်က ဦးဆောင်ပြီး သူအပါအဝင် အဖွဲ့ဝင် ၇ ဦး ပါဝင်ထားတယ်လို့ ရေးသားထားပါတယ်။

ဒေါက်တာခင်ခင်ကြီးကတော့ မီဒီယာစောင့်ကြည့်ခြင်းနဲ့ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ သတင်းအချက်အလက် ရှာဖွေရေးကို ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်းရေးသားထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52162590
က်န္းမာေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူခန႔္အပ္ က်န္းမာေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူခန႔္အပ္ Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.