ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းနဲ႔ ကိုဗစ္-၁၉

ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းကို ငွက္ဖ်ားကုသရာမွာ အသုံးျပဳေလ့ရွိပါတယ္
(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါသစ္အတြက္ ကုသေပ်ာက္ကင္းႏိုင္မယ့္ ေဆးဝါးကိုတကမာၻလုံးက အပူတျပင္း ရွာေဖြေနၾကပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ ထူးထူးျခားျခား ကမာၻနဲ႔ခ်ီၿပီး ဝယ္လိုအားတက္ေနတာက ငွက္ဖ်ားေရာဂါကုသတဲ့ ေဆးေတြပါ။

ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ကအဲဒီေဆးေတြဟာ အခုေခတ္ေပၚကာလနာ ကို႐ိုနာဗိုင္းရပ္စ္ကို ကုသေပ်ာက္ကင္းေၾကာင္း တိက်ေရရာတဲ့ ဘယ္လိုအေထာက္အထားမ်ိဳးမွ မရွိပါဘူးလို႔ ေၾကညာေနတဲ့ၾကားကပဲ လူအမ်ားဟာ အဲဒီေဆးေတြအေပၚမွာ အထူးတလည္ကို အာ႐ုံက်ေနၾကပါတယ္။

အဲဒီေဆးေတြကေတာ့ ငွက္ဖ်ားေရာဂါကုသတဲ့ ကလို႐ိုကြင္းရယ္၊ ကလို႐ိုကြင္းအုပ္စုထဲက ေနာက္တမ်ိဳးျဖစ္တဲ့ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းတို႔ပါပဲ။

ဒီေဆးေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ကိုကုသဖို႔ရာ ဘယ္ေလာက္ထိေရာက္ႏိုင္သလဲ။ ဘယ္လိုအေထာက္အထားသက္ေသရွိသလဲ။ ဘယ္သူေတြမ်ားဒီေဆးေတြကို ယုံယုံၾကည္ၾကည္သုံးစြဲေနၾကပါသလဲ။

ကလို႐ိုကြင္းအေၾကာင္းသိထားသမွ်

သမၼတထရမ့္ဟာ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းအေၾကာင္းကို သူ႔ရဲ႕ အိမ္ျဖဴေတာ္သတင္းစာရွင္းလင္းပြဲမွာ ခဏခဏၫႊန္းတတ္သူ တေယာက္ပါ။ အခုေလာေလာဆယ္ သတင္းစာရွင္းလင္းပြဲတခုမွာေတာင္ “ဘာမ်ားဆုံးရႈံးစရာရွိလို႔လဲ၊ ဒီေဆးသာေသာက္”ဆိုၿပီး အၫႊန္းႀကီးၫႊန္းလိုက္ပါေသးတယ္။ဘရာဇီးသမၼတဂ်ဲဘိုဆိုနာ႐ိုကလည္း “ဘယ္ႏိုင္ငံမွာျဖစ္ျဖစ္ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းေသာက္ရင္ အလုပ္ျဖစ္တယ္” လို႔ေဖ့စ္ဘုတ္ေပၚမွာ တက္ေျပာခဲ့ပါတယ္။

ေဖ့စ္ဘုတ္ကေတာ့ သတင္းမွား ထိန္းခ်ဳပ္မႈဆိုင္ရာ ေဖ့စ္ဘုတ္မူဝါဒနဲ႔ ၿငိတယ္ဆိုၿပီးျဖဳတ္ခ်ခဲ့ပါတယ္။
ကလို႐ိုကြင္းေပးၿပီး ဘာမွဆုံးရႈံးစရာမရွိဘူး၊ ဒါေလးေသာက္လိုက္လို႔ သမၼတထရမ့္ကဆို

ကလို႐ိုကြင္းပါတဲ့ေဆးေတြကို ငွက္ဖ်ားေရာဂါအတြက္ သုံးစြဲကုသခဲ့တာ ကာလတာရွည္ၾကာပါၿပီ။ အဖ်ားက်ေစျခင္းနဲ႔ ေရာင္ရမ္းမႈေလ်ာ့က်ေစျခင္းဟာ သူ႔ရဲ႕အာနိသင္ေတြပါ။ ကိုဗစ္ ၁၉ ေၾကာင့္အဖ်ားတက္တာ၊ အဆုပ္ေရာင္တာ ပြတာကိုလည္း ဒီေဆးကသက္သာေစမွာပဲဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ သူ႔ကို သုံးစြဲၾကတာျဖစ္ပါတယ္။

“ဓာတ္ခြဲစမ္းသပ္ရာမွာကလို႐ိုကြင္းဟာ ကို႐ိုနာဗိုင္းရပ္စ္ကို ဟန္႔တားသကဲ့သို႔ေတြ႕ရွိရပါတယ္။ ကလို႐ိုကြင္းကေတာ့ အေထာက္အကူျပဳပုံရတယ္လို႔ ဆရာဝန္တခ်ိဳ႕က သူတို႔အေတြ႕အႀကဳံအေပၚအေျခခံတဲ့ေထာက္ခံခ်က္မ်ိဳး ေပးတာလည္းရွိပါတယ္”လို႔ ဘီဘီစီက်န္းမာေရးသတင္းေထာက္ ဂ်ိမ္းဂယ္လက္ဂါက ဆိုပါတယ္။

ဒါေပမဲ့လူတခ်ိဳ႕ရဲ႕ ကိုယ့္အေတြ႕အႀကဳံအေပၚ အေျခခံတဲ့ ေျပာဆိုခ်က္ဆိုတာဟာ ျပည့္စုံလုံေလာက္တဲ့ သက္ေသအေထာက္အထားလို႔ မဆိုႏိုင္ပါဘူး။

အခုထိ လတ္တေလာစမ္းသပ္မႈေတြအရကေတာ့ ကလို႐ိုကြင္းတို႔ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းတို႔ဟာ ကိုဗစ္၁၉လူနာေတြကို ထိထိေရာက္ေရာက္ကုသႏိုင္ေၾကာင္း လုံေလာက္တဲ့အေထာက္အထား မျပႏိုင္ေသးပါဘူး။

ဒါ့ျပင္ဒီေဆးေတြမွာ တကယ္ကိုအေလးအနက္ထားရမယ့္ ေဘးထြက္ဆိုးက်ိဳးမ်ိဳးေတြလည္းရွိပါတယ္။ ဒီေဆးဟာ ေက်ာက္ကပ္နဲ႔အသည္းကို ထိတတ္ပါတယ္။

“ဒီေဆးေတြထိေရာက္မႈရွိမရွိကို ေကာင္းေကာင္းဆုံးျဖတ္ႏိုင္ဖို႔အတြက္ဆိုရင္ က်ပန္းေကာက္ထားတဲ့ လူအေရအတြက္မ်ားမ်ားကို စံခ်ိန္မီေဆးစမ္းသပ္မႈေတြလုပ္ဖို႔လိုေနပါေသးတယ္”လို႔ေအာက္စဖို႔တကၠသိုလ္ကကိုဗစ္၁၉ေရာဂါနဲ႔ငွက္ဖ်ားကုသေဆးမ်ားအစီရင္ခံစာေရးသားသူ Kome Gbinigie ကဆိုပါတယ္။

အေမရိကန္၊ ၿဗိတိန္၊ စပိန္၊ တ႐ုတ္အပါအဝင္ ႏိုင္ငံတခ်ိဳ႕မွာ ဒီေဆးေတြကို စမ္းသပ္မႈေပါင္း အႀကိမ္ ၂၀ လုပ္ထားၿပီးပါၿပီ။

ငွက္ဖ်ားေဆးေတြနဲ႔ပတ္သက္ၿပီး အျမန္ဆုံးစမ္းသပ္မႈေတြလုပ္ေနပါတယ္လို႔ ၿဗိတိန္ဝန္ႀကီးတဦးျဖစ္သူ မိုက္ကယ္ဂုပ္ဗ္ကဆိုပါတယ္။ ငွက္ဖ်ားေဆးေတြအသုံးျပဳၿပီး ကိုဗစ္ ၁၉ ရဲ႕ဆိုးက်ိဳးေတြကို ေလွ်ာ့ခ်ဟန္႔တားႏိုင္မလားဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ စမ္းသပ္ေနတာ ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ကလို႐ိုကြင္း၊ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းနဲ႔ အဇီသ႐ိုမိုင္ဆင္ပဋိဇီဝေဆးတို႔ကို တြဲဖက္အသုံးျပဳၿပီး ကိုဗစ္ ၁၉ လူနာေတြကို ကုသေရးအတြက္ စမ္းသပ္မႈေတြလုပ္ေနပါတယ္။

ဘယ္ႏိုင္ငံေတြမွာသုံးခြင့္ျပဳထားသလဲ

အေမရိကန္ စားေသာက္ကုန္နဲ႔ေဆးဝါးထိန္းခ်ဳပ္ေရးက ကိုဗစ္ ၁၉ ကုသေရးအတြက္ အေရးေပၚလိုအပ္ရင္ ေဆး႐ုံတင္ထားတဲ့လူနာတခ်ိဳ႕အတြက္ သုံးခြင့္ေပးထားပါတယ္။

ဒါေပမယ့္ဒီလိုသုံးခြင့္ေပးတာက ဒီေဆးဟာမုခ်အလုပ္ျဖစ္ပါတယ္လို႔ စားေသာက္ကုန္နဲ႔ေဆးဝါးထိန္းခ်ဳပ္ေရးက အတည္ျပဳေပးတဲ့ အဓိပၸာယ္ေတာ့ မသက္ေရာက္ပါဘူး။ သူဆိုလိုတဲ့အဓိပၸာယ္က ထူးျခားတဲ့အေျခအေနမ်ိဳးမွာ ေဆး႐ုံေတြက အစိုးရကသိုေလွာင္ထားတဲ့ ေဆးကို ကိုဗစ္ ၁၉ ကုသေရးအတြက္ ေတာင္းခံႏိုင္တယ္လို႔သာ အဓိပၸာယ္ထြက္ပါတယ္။

ဂ်ာမနီအေျခစိုက္ ေဆးဝါးကုမၸဏီတခုက ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းသန္း ၃၀ လႉဒါန္းထားတယ္လို႔ အေမရိကန္အစိုးရက ဆိုပါတယ္။

တျခားႏိုင္ငံေတြမွာလည္း ငွက္ဖ်ားေဆးေတြကို အနည္းနဲ႔အမ်ားဆိုသလို သိုေလွာင္ထားတာေတြ ရွိတတ္ၾကပါတယ္။

ျပင္သစ္ႏိုင္ငံမွာလည္း ကိုဗစ္ ၁၉ လူနာေတြကို ဆရာဝန္က ဟိုက္ေျဒာက္ဆီကလို႐ိုကြင္း ေဆးၫႊန္းေပးခြင့္ ျပဳထားပါတယ္။ ဒါေပမဲ့ ျပင္သစ္ေဆးဝါးေစာင့္ၾကည့္ေရးအဖြဲ႕တဖြဲ႕ကေတာ့ ေဘးထြက္ဆိုးက်ိဳးေတြ ရွိတဲ့အေၾကာင္း သတိေပးထားပါတယ္။

အိႏၵိယက်န္းမာေရးဝန္ႀကီးဌာနကေတာ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ ႀကိဳတင္ကာကြယ္ကုသတဲ့အေနနဲ႔ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းသုံးဖို႔ အႀကံျပဳထားပါတယ္။ တအိမ္ထဲေနအိမ္သားေတြမွာ ေရာဂါအတည္ျပဳခ်က္ရွိထားရင္လည္း ဆရာဝန္က ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းကို ေဆးၫႊန္းေပးႏိုင္တယ္လို႔ဆိုထားပါတယ္။ အိႏၵိယအစိုးရရဲ႕ေဆးဝါးသုေတသနအဖြဲ႕ကေတာ့ငွက္ဖ်ားေဆးကိုအထိန္းအခ်ဳပ္မဲ့သုံးခြင့္ျပဳတာကိုဆန္႔က်င္ပါတယ္။ ဒီေဆးနဲ႔ပတ္သက္ၿပီး စမ္းသပ္ေနဆဲသာျဖစ္တဲ့အတြက္ အေရးေပၚအတြက္သာသုံးသင့္တယ္လို႔ဆိုပါတယ္။

အေရွ႕အလယ္ပိုင္းႏိုင္ငံတခ်ိဳ႕မွာလည္းသုံးခြင့္ျပဳသူေတြရွိသလို စမ္းသပ္မႈလုပ္ေနသူေတြလည္း ရွိပါတယ္။ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းကို ကိုဗစ္လူနာအတြက္ ပထမဆုံးအသုံးျပဳခဲ့တဲ့ႏိုင္ငံလို႔ဆိုတဲ့ ဘာရိန္းႏိုင္ငံအျပင္ ေမာ္႐ိုကို၊ အယ္လ္ဂ်ီးရီးယား၊ တူနီးရွားႏိုင္ငံတို႔လည္း ပါဝင္ၾကပါတယ္။

ကလို႐ိုကြင္းကလုံလုံေလာက္ေလာက္ရွိရဲ႕လား

ကလို႐ိုကြင္းဟာကိုဗစ္ ၁၉ ေပ်ာက္ႏိုင္ေျခရွိတယ္ဆိုတဲ့အယူအဆ ႀကီးထြားလာတာနဲ႔တၿပိဳင္နက္ ႏိုင္ငံအမ်ားအျပားမွာ ဝယ္လိုအားေတြတက္ၿပီး ေဆးဝါးျပတ္လပ္မႈေတြျဖစ္ခဲ့ပါတယ္။

အရင္ကေတာ့ ကလို႐ိုကြင္းနဲ႔ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းတို႔ကိုႏိုင္ငံအမ်ားအျပား အထူးသျဖင့္ကေတာ့ ငွက္ဖ်ားရွိတဲ့ဆင္းရဲႏိုင္ငံေတြက ေဆးဆိုင္ေတြမွာ ေပါေပါမ်ားမ်ားဝယ္လို႔ရပါတယ္။

ေနာက္ပိုင္းမွာေတာ့ ငွက္ဖ်ားဟာကလို႐ိုကြင္းနဲ႔ေဆးယဥ္ၿပီး ကလို႐ိုကြင္းနဲ႔အကုရခက္လာတာမ်ိဳးေတြ ရွိေပမယ့္သုံးစြဲေနၾကဆဲပါ။

ေဂ်ာ္ဒန္ႏိုင္ငံမွာေတာ့ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းကို ဝယ္ၿပီးစုမွာစိုးလို႔ မေရာင္းရတားျမစ္ထားပါတယ္။ ကူဝိတ္က်န္းမာေရးဝန္ႀကီးဌာနကလည္း ပုဂၢလိကေဆးဆိုင္ေတြေပၚက ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းေတြကို လိုက္သိမ္းေနၿပီး ေဆး႐ုံေတြမွာလည္း အကန္႔အသတ္နဲ႔သာ ထားခြင့္ျပဳပါတယ္။

ကင္ညာႏိုင္ငံမွာေတာ့ ဆရာဝန္လက္မွတ္မပါဘဲ ဝယ္ခြင့္မေပးေတာ့ပါဘူး။ ငွက္ဖ်ားေဆးအဓိကထုတ္လုပ္တဲ့ႏိုင္ငံတႏိုင္ငံျဖစ္တဲ့ အိႏၵိယကေတာ့ ကလို႐ိုကြင္းအုပ္စုေဆးဝါးေတြကို ျပည္ပတင္ပို႔ခြင့္ပိတ္လိုက္ပါၿပီ။

အေမရိကန္ျပည္ေထာင္စုကိုငွက္ဖ်ားေဆးေတြတင္ပို႔ခြင့္ေပးဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အိႏၵိယဝန္ႀကီးခ်ဳပ္နရန္ဒရာမိုဒီကို ပုဂၢိဳလ္ေရးသေဘာအရ ေမတၱာရပ္ခံထားပါတယ္။ အိႏၵိယက အဲဒီပန္ၾကားခ်က္ကို လက္ခံစဥ္းစားေနပါတယ္။

စည္းမ်ဥ္းမသတ္မွတ္ဘဲသုံးခြင့္ေပးရင္စိတ္မခ်ရ

ႏိုက္ဂ်ီးရီးယားႏိုင္ငံမွာ ၂၀၀၅ ခုႏွစ္ကတည္းက ကလို႐ိုကြင္းဟာ ထိေရာက္မႈက်ဆင္းလာလို႔ သုံးခြင့္မေပးဘဲတားျမစ္ခဲ့ေပမယ့္လူအမ်ားအျပားက အသုံးျပဳေနဆဲပါ။

 ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းကို ကိုဗစ္ ၁၉ ကုသေဆးအျဖစ္သုံးသင့္မသုံးသင့္ အေမရိကန္သိပၸံပညာရွင္ေတြ စမ္းသပ္ေန

တ႐ုတ္ႏိုင္ငံမွာေဖေဖာ္ဝါရီလတုန္းက ကလို႐ိုကြင္းသုံးတဲ့သတင္း တက္လာကတည္းက ႏိုက္ဂ်ီးရီးယားႏိုင္ငံ ေလးဂိုးစ္ၿမိဳ႕မွာ ေဆြးေႏြးျငင္းခုံမႈေတြတက္တက္ႂကြႂကြလုပ္ခဲ့ၾကသလို ကလို႐ိုကြင္းသိုေလွာင္မႈေတြလည္း စတင္ခဲ့ပါတယ္။

သမၼတထရမ့္က ကို႐ိုနာေပ်ာက္ေဆးအျဖစ္ၫႊန္းတဲ့ေနာက္ပိုင္းမွာေတာ့ စုေဆာင္းမႈဟာ တရွိန္ထိုးတက္သြားပါတယ္။ ေဆးဆိုင္ေတြ၊ ေစ်းဆိုင္ေတြမွာ ကလို႐ိုကြင္းခ်က္ခ်င္းျပတ္ကုန္ပါတယ္။

ဒါေပမယ့္ ႏိုက္ဂ်ီးရီးယားေရာဂါထိန္းခ်ဳပ္ေရးဌာနကေတာ့ ကလို႐ိုကြင္းမေသာက္ၾကဖို႔ တားျမစ္ပါတယ္။ ကိုဗစ္၁၉ကုသေရးအတြက္ ကလို႐ိုကြင္းကို ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္က အတည္ျပဳမထားဘူးလို႔ ဆိုခဲ့ပါတယ္။ ေလးဂို႔စ္ျပည္နယ္အရာရွိေတြကလည္း ကလို႐ိုကြင္းလိုတာထက္ပိုေသာက္လို႔ ေဆးအဆိပ္သင့္မႈတခ်ိဳ႕ရွိခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52346705
-------------
(Unicode)⤵⤵⤵

ဟိုက်ဒြောက်ဆီကလိုရိုကွင်းနဲ့ ကိုဗစ်-၁၉

Image caption ဟိုက်ဒြောက်ဆီကလိုရိုကွင်းကို ငှက်ဖျားကုသရာမှာ အသုံးပြုလေ့ရှိပါတယ်

ကိုရိုနာဗိုင်းရပ်စ် ရောဂါသစ်အတွက် ကုသပျောက်ကင်းနိုင်မယ့် ဆေးဝါးကိုတကမ္ဘာလုံးက အပူတပြင်း ရှာဖွေနေကြပါတယ်။ ဒီလိုအချိန်မျိုးမှာ ထူးထူးခြားခြား ကမ္ဘာနဲ့ချီပြီး ဝယ်လိုအားတက်နေတာက ငှက်ဖျားရောဂါကုသတဲ့ ဆေးတွေပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကအဲဒီဆေးတွေဟာ အခုခေတ်ပေါ်ကာလနာ ကိုရိုနာဗိုင်းရပ်စ်ကို ကုသပျောက်ကင်းကြောင်း တိကျရေရာတဲ့ ဘယ်လိုအထောက်အထားမျိုးမှ မရှိပါဘူးလို့ ကြေညာနေတဲ့ကြားကပဲ လူအများဟာ အဲဒီဆေးတွေအပေါ်မှာ အထူးတလည်ကို အာရုံကျနေကြပါတယ်။

အဲဒီဆေးတွေကတော့ ငှက်ဖျားရောဂါကုသတဲ့ ကလိုရိုကွင်းရယ်၊ ကလိုရိုကွင်းအုပ်စုထဲက နောက်တမျိုးဖြစ်တဲ့ ဟိုက်ဒြောက်ဆီကလိုရိုကွင်းတို့ပါပဲ။

ဒီဆေးတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကိုကုသဖို့ရာ ဘယ်လောက်ထိရောက်နိုင်သလဲ။ ဘယ်လိုအထောက်အထားသက်သေရှိသလဲ။ ဘယ်သူတွေများဒီဆေးတွေကို ယုံယုံကြည်ကြည်သုံးစွဲနေကြပါသလဲ။

ကလိုရိုကွင်းအကြောင်းသိထားသမျှ

သမ္မတထရမ့်ဟာ ဟိုက်ဒြောက်ဆီကလိုရိုကွင်းအကြောင်းကို သူ့ရဲ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ခဏခဏညွှန်းတတ်သူ တယောက်ပါ။ အခုလောလောဆယ် သတင်းစာရှင်းလင်းပွဲတခုမှာတောင် “ဘာများဆုံးရှုံးစရာရှိလို့လဲ၊ ဒီဆေးသာသောက်”ဆိုပြီး အညွှန်းကြီးညွှန်းလိုက်ပါသေးတယ်။ဘရာဇီးသမ္မတဂျဲဘိုဆိုနာရိုကလည်း “ဘယ်နိုင်ငံမှာဖြစ်ဖြစ် ဟိုက်ဒြောက်ဆီကလိုရိုကွင်းသောက်ရင် အလုပ်ဖြစ်တယ်” လို့ဖေ့စ်ဘုတ်ပေါ်မှာ တက်ပြောခဲ့ပါတယ်။

ဖေ့စ်ဘုတ်ကတော့ သတင်းမှား ထိန်းချုပ်မှုဆိုင်ရာ ဖေ့စ်ဘုတ်မူဝါဒနဲ့ ငြိတယ်ဆိုပြီးဖြုတ်ချခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption ကလိုရိုကွင်းပေးပြီး ဘာမှဆုံးရှုံးစရာမရှိဘူး၊ ဒါလေးသောက်လိုက်လို့ သမ္မတထရမ့်ကဆို

ကလိုရိုကွင်းပါတဲ့ဆေးတွေကို ငှက်ဖျားရောဂါအတွက် သုံးစွဲကုသခဲ့တာ ကာလတာရှည်ကြာပါပြီ။ အဖျားကျစေခြင်းနဲ့ ရောင်ရမ်းမှုလျော့ကျစေခြင်းဟာ သူ့ရဲ့အာနိသင်တွေပါ။ ကိုဗစ် ၁၉ ကြောင့်အဖျားတက်တာ၊ အဆုပ်ရောင်တာ ပွတာကိုလည်း ဒီဆေးကသက်သာစေမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့ကို သုံးစွဲကြတာဖြစ်ပါတယ်။

“ဓာတ်ခွဲစမ်းသပ်ရာမှာကလိုရိုကွင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကို ဟန့်တားသကဲ့သို့တွေ့ရှိရပါတယ်။ ကလိုရိုကွင်းကတော့ အထောက်အကူပြုပုံရတယ်လို့ ဆရာဝန်တချို့က သူတို့အတွေ့အကြုံအပေါ်အခြေခံတဲ့ထောက်ခံချက်မျိုး ပေးတာလည်းရှိပါတယ်”လို့ ဘီဘီစီကျန်းမာရေးသတင်းထောက် ဂျိမ်းဂယ်လက်ဂါက ဆိုပါတယ်။

ဒါပေမဲ့လူတချို့ရဲ့ ကိုယ့်အတွေ့အကြုံအပေါ် အခြေခံတဲ့ ပြောဆိုချက်ဆိုတာဟာ ပြည့်စုံလုံလောက်တဲ့ သက်သေအထောက်အထားလို့ မဆိုနိုင်ပါဘူး။

အခုထိ လတ်တလောစမ်းသပ်မှုတွေအရကတော့ ကလိုရိုကွင်းတို့ ဟိုက်ဒြောက်ဆီကလိုရိုကွင်းတို့ဟာ ကိုဗစ်၁၉လူနာတွေကို ထိထိရောက်ရောက်ကုသနိုင်ကြောင်း လုံလောက်တဲ့အထောက်အထား မပြနိုင်သေးပါဘူး။

ဒါ့ပြင်ဒီဆေးတွေမှာ တကယ်ကိုအလေးအနက်ထားရမယ့် ဘေးထွက်ဆိုးကျိုးမျိုးတွေလည်းရှိပါတယ်။ ဒီဆေးဟာ ကျောက်ကပ်နဲ့အသည်းကို ထိတတ်ပါတယ်။

“ဒီဆေးတွေထိရောက်မှုရှိမရှိကို ကောင်းကောင်းဆုံးဖြတ်နိုင်ဖို့အတွက်ဆိုရင် ကျပန်းကောက်ထားတဲ့ လူအရေအတွက်များများကို စံချိန်မီဆေးစမ်းသပ်မှုတွေလုပ်ဖို့လိုနေပါသေးတယ်”လို့အောက်စဖို့တက္ကသိုလ်ကကိုဗစ်၁၉ရောဂါနဲ့ငှက်ဖျားကုသဆေးများအစီရင်ခံစာရေးသားသူ Kome Gbinigie ကဆိုပါတယ်။

အမေရိကန်၊ ဗြိတိန်၊ စပိန်၊ တရုတ်အပါအဝင် နိုင်ငံတချို့မှာ ဒီဆေးတွေကို စမ်းသပ်မှုပေါင်း အကြိမ် ၂၀ လုပ်ထားပြီးပါပြီ။

ငှက်ဖျားဆေးတွေနဲ့ပတ်သက်ပြီး အမြန်ဆုံးစမ်းသပ်မှုတွေလုပ်နေပါတယ်လို့ ဗြိတိန်ဝန်ကြီးတဦးဖြစ်သူ မိုက်ကယ်ဂုပ်ဗ်ကဆိုပါတယ်။ ငှက်ဖျားဆေးတွေအသုံးပြုပြီး ကိုဗစ် ၁၉ ရဲ့ဆိုးကျိုးတွေကို လျှော့ချဟန့်တားနိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ စမ်းသပ်နေတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ကလိုရိုကွင်း၊ ဟိုက်ဒြောက်ဆီကလိုရိုကွင်းနဲ့ အဇီသရိုမိုင်ဆင်ပဋိဇီဝဆေးတို့ကို တွဲဖက်အသုံးပြုပြီး ကိုဗစ် ၁၉ လူနာတွေကို ကုသရေးအတွက် စမ်းသပ်မှုတွေလုပ်နေပါတယ်။

ဘယ်နိုင်ငံတွေမှာသုံးခွင့်ပြုထားသလဲ

အမေရိကန် စားသောက်ကုန်နဲ့ဆေးဝါးထိန်းချုပ်ရေးက ကိုဗစ် ၁၉ ကုသရေးအတွက် အရေးပေါ်လိုအပ်ရင် ဆေးရုံတင်ထားတဲ့လူနာတချို့အတွက် သုံးခွင့်ပေးထားပါတယ်။

ဒါပေမယ့်ဒီလိုသုံးခွင့်ပေးတာက ဒီဆေးဟာမုချအလုပ်ဖြစ်ပါတယ်လို့ စားသောက်ကုန်နဲ့ဆေးဝါးထိန်းချုပ်ရေးက အတည်ပြုပေးတဲ့ အဓိပ္ပာယ်တော့ မသက်ရောက်ပါဘူး။ သူဆိုလိုတဲ့အဓိပ္ပာယ်က ထူးခြားတဲ့အခြေအနေမျိုးမှာ ဆေးရုံတွေက အစိုးရကသိုလှောင်ထားတဲ့ ဆေးကို ကိုဗစ် ၁၉ ကုသရေးအတွက် တောင်းခံနိုင်တယ်လို့သာ အဓိပ္ပာယ်ထွက်ပါတယ်။

ဂျာမနီအခြေစိုက် ဆေးဝါးကုမ္ပဏီတခုက ဟိုက်ဒြောက်ဆီကလိုရိုကွင်းသန်း ၃၀ လှူဒါန်းထားတယ်လို့ အမေရိကန်အစိုးရက ဆိုပါတယ်။

တခြားနိုင်ငံတွေမှာလည်း ငှက်ဖျားဆေးတွေကို အနည်းနဲ့အများဆိုသလို သိုလှောင်ထားတာတွေ ရှိတတ်ကြပါတယ်။

ပြင်သစ်နိုင်ငံမှာလည်း ကိုဗစ် ၁၉ လူနာတွေကို ဆရာဝန်က ဟိုက်ဒြောက်ဆီကလိုရိုကွင်း ဆေးညွှန်းပေးခွင့် ပြုထားပါတယ်။ ဒါပေမဲ့ ပြင်သစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့တဖွဲ့ကတော့ ဘေးထွက်ဆိုးကျိုးတွေ ရှိတဲ့အကြောင်း သတိပေးထားပါတယ်။

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနကတော့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကြိုတင်ကာကွယ်ကုသတဲ့အနေနဲ့ ဟိုက်ဒြောက်ဆီကလိုရိုကွင်းသုံးဖို့ အကြံပြုထားပါတယ်။ တအိမ်ထဲနေအိမ်သားတွေမှာ ရောဂါအတည်ပြုချက်ရှိထားရင်လည်း ဆရာဝန်က ဟိုက်ဒြောက်ဆီကလိုရိုကွင်းကို ဆေးညွှန်းပေးနိုင်တယ်လို့ဆိုထားပါတယ်။ အိန္ဒိယအစိုးရရဲ့ဆေးဝါးသုတေသနအဖွဲ့ကတော့ငှက်ဖျားဆေးကိုအထိန်းအချုပ်မဲ့သုံးခွင့်ပြုတာကိုဆန့်ကျင်ပါတယ်။ ဒီဆေးနဲ့ပတ်သက်ပြီး စမ်းသပ်နေဆဲသာဖြစ်တဲ့အတွက် အရေးပေါ်အတွက်သာသုံးသင့်တယ်လို့ဆိုပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံတချို့မှာလည်းသုံးခွင့်ပြုသူတွေရှိသလို စမ်းသပ်မှုလုပ်နေသူတွေလည်း ရှိပါတယ်။ ဟိုက်ဒြောက်ဆီကလိုရိုကွင်းကို ကိုဗစ်လူနာအတွက် ပထမဆုံးအသုံးပြုခဲ့တဲ့နိုင်ငံလို့ဆိုတဲ့ ဘာရိန်းနိုင်ငံအပြင် မော်ရိုကို၊ အယ်လ်ဂျီးရီးယား၊ တူနီးရှားနိုင်ငံတို့လည်း ပါဝင်ကြပါတယ်။

ကလိုရိုကွင်းကလုံလုံလောက်လောက်ရှိရဲ့လား

ကလိုရိုကွင်းဟာကိုဗစ် ၁၉ ပျောက်နိုင်ခြေရှိတယ်ဆိုတဲ့အယူအဆ ကြီးထွားလာတာနဲ့တပြိုင်နက် နိုင်ငံအများအပြားမှာ ဝယ်လိုအားတွေတက်ပြီး ဆေးဝါးပြတ်လပ်မှုတွေဖြစ်ခဲ့ပါတယ်။

အရင်ကတော့ ကလိုရိုကွင်းနဲ့ ဟိုက်ဒြောက်ဆီကလိုရိုကွင်းတို့ကိုနိုင်ငံအများအပြား အထူးသဖြင့်ကတော့ ငှက်ဖျားရှိတဲ့ဆင်းရဲနိုင်ငံတွေက ဆေးဆိုင်တွေမှာ ပေါပေါများများဝယ်လို့ရပါတယ်။

နောက်ပိုင်းမှာတော့ ငှက်ဖျားဟာကလိုရိုကွင်းနဲ့ဆေးယဉ်ပြီး ကလိုရိုကွင်းနဲ့အကုရခက်လာတာမျိုးတွေ ရှိပေမယ့်သုံးစွဲနေကြဆဲပါ။

ဂျော်ဒန်နိုင်ငံမှာတော့ ဟိုက်ဒြောက်ဆီကလိုရိုကွင်းကို ဝယ်ပြီးစုမှာစိုးလို့ မရောင်းရတားမြစ်ထားပါတယ်။ ကူဝိတ်ကျန်းမာရေးဝန်ကြီးဌာနကလည်း ပုဂ္ဂလိကဆေးဆိုင်တွေပေါ်က ဟိုက်ဒြောက်ဆီကလိုရိုကွင်းတွေကို လိုက်သိမ်းနေပြီး ဆေးရုံတွေမှာလည်း အကန့်အသတ်နဲ့သာ ထားခွင့်ပြုပါတယ်။

ကင်ညာနိုင်ငံမှာတော့ ဆရာဝန်လက်မှတ်မပါဘဲ ဝယ်ခွင့်မပေးတော့ပါဘူး။ ငှက်ဖျားဆေးအဓိကထုတ်လုပ်တဲ့နိုင်ငံတနိုင်ငံဖြစ်တဲ့ အိန္ဒိယကတော့ ကလိုရိုကွင်းအုပ်စုဆေးဝါးတွေကို ပြည်ပတင်ပို့ခွင့်ပိတ်လိုက်ပါပြီ။

အမေရိကန်ပြည်ထောင်စုကိုငှက်ဖျားဆေးတွေတင်ပို့ခွင့်ပေးဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကို ပုဂ္ဂိုလ်ရေးသဘောအရ မေတ္တာရပ်ခံထားပါတယ်။ အိန္ဒိယက အဲဒီပန်ကြားချက်ကို လက်ခံစဉ်းစားနေပါတယ်။

စည်းမျဉ်းမသတ်မှတ်ဘဲသုံးခွင့်ပေးရင်စိတ်မချရ

နိုက်ဂျီးရီးယားနိုင်ငံမှာ ၂၀၀၅ ခုနှစ်ကတည်းက ကလိုရိုကွင်းဟာ ထိရောက်မှုကျဆင်းလာလို့ သုံးခွင့်မပေးဘဲတားမြစ်ခဲ့ပေမယ့်လူအများအပြားက အသုံးပြုနေဆဲပါ။
ဓာတ်ပုံ မူပိုင် Reuters
Image caption ဟိုက်ဒြောက်ဆီကလိုရိုကွင်းကို ကိုဗစ် ၁၉ ကုသဆေးအဖြစ်သုံးသင့်မသုံးသင့် အမေရိကန်သိပ္ပံပညာရှင်တွေ စမ်းသပ်နေ

တရုတ်နိုင်ငံမှာဖေဖော်ဝါရီလတုန်းက ကလိုရိုကွင်းသုံးတဲ့သတင်း တက်လာကတည်းက နိုက်ဂျီးရီးယားနိုင်ငံ လေးဂိုးစ်မြို့မှာ ဆွေးနွေးငြင်းခုံမှုတွေတက်တက်ကြွကြွလုပ်ခဲ့ကြသလို ကလိုရိုကွင်းသိုလှောင်မှုတွေလည်း စတင်ခဲ့ပါတယ်။

သမ္မတထရမ့်က ကိုရိုနာပျောက်ဆေးအဖြစ်ညွှန်းတဲ့နောက်ပိုင်းမှာတော့ စုဆောင်းမှုဟာ တရှိန်ထိုးတက်သွားပါတယ်။ ဆေးဆိုင်တွေ၊ ဈေးဆိုင်တွေမှာ ကလိုရိုကွင်းချက်ချင်းပြတ်ကုန်ပါတယ်။

ဒါပေမယ့် နိုက်ဂျီးရီးယားရောဂါထိန်းချုပ်ရေးဌာနကတော့ ကလိုရိုကွင်းမသောက်ကြဖို့ တားမြစ်ပါတယ်။ ကိုဗစ်၁၉ကုသရေးအတွက် ကလိုရိုကွင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က အတည်ပြုမထားဘူးလို့ ဆိုခဲ့ပါတယ်။ လေးဂို့စ်ပြည်နယ်အရာရှိတွေကလည်း ကလိုရိုကွင်းလိုတာထက်ပိုသောက်လို့ ဆေးအဆိပ်သင့်မှုတချို့ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52346705
ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းနဲ႔ ကိုဗစ္-၁၉ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းနဲ႔ ကိုဗစ္-၁၉ Reviewed by THITHTOOLWIN on 10:04 Rating: 5
Powered by Blogger.