လူေနထူထပ္တဲ့ေနရာေတြမွာ ခပ္ခြာခြာေနထိုင္ဖို႔ ခက္ခဲေန

(Zawgyi)⤵⤵⤵
က်န္းမာေရးဌာနက ကို႐ိုနာဗိုင္းရပ္စ္ပိုးမကူးစက္ေအာင္ တစ္ေယာက္နဲ႔ တစ္ေယာက္ အနည္းဆုံး သုံးေပကေန ေျခာက္ေပအကြာေနရမယ္လို႔ ၫြန္ၾကားထားေပမယ္လည္း တစ္အိမ္နဲ႔တစ္အိမ္ ပူးကပ္ေနတဲ့ၿမိဳ႕နယ္ေတြက ျပည္သူေတြမွာေတာ့ လူအမ်ားနဲ႔ ခပ္ခြာခြာေနထိုင္ဖို႔ အခက္အခဲေတြရွိေနၾကပါတယ္။

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈႏႈန္း မ်ားလာတဲ့အထဲ ရန္ကုန္တိုင္းေဒသႀကီးက အမ်ားဆုံးပါ။

ဒီအထဲမွာ အလုပ္႐ုံနဲ႔ အလုပ္သမားေတြမ်ားတဲ့အျပင္ အိမ္ေျခထူထပ္ၿပီး လူဦးေရမ်ားတဲ့ လႈိင္သာယာၿမိဳ႕နယ္ထဲက ျပည္သူေတြကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မွာကို ေၾကာက္ေပမယ့္လည္း လူအမ်ားနဲ႔ ခပ္ခြာခြာေနထိုင္လို႔ မရၾကပါဘူး။

လႈိင္သာယာၿမိဳ႕နယ္ အလယ္႐ြာ ႏွင္းဆီလမ္းမွာေနတဲ့ ဦးေအာင္ေက်ာ္စိုးက ဒီလိုပဲေနေနရတဲ့ဘဝေတြျဖစ္လို႔ ဂ႐ုတစိုက္ေနတဲ့ၾကားက ျဖစ္လာေတာ့လည္း မတတ္ႏိုင္ဘူးလို႔ RFA ကိုေျပာပါတယ္။

"ကိုယ့္ဟာကိုယ္ပဲ အခန္းထဲပဲေနရတာပဲ၊ မနက္ပိုင္းေလး ေဈးခဏထြက္ဝယ္စား၊ စားၿပီး ေန႔ခင္းပိုင္းေလး ကိုယ့္အခန္းထဲကိုယ္ ကိုယ့္ညီအကိုေမာင္ႏွမေတြနဲ႔ေနရတာပဲ၊ ဒီထက္လည္းပိုၿပီးေတာ့ မကာကြယ္ႏိုင္ဘူး၊ ထိေရာက္တဲ့ကာကြယ္မႈေတြလည္း လာေရာက္ေပးေဆာင္တာလည္းမရွိပါဘူး၊ ေၾကာက္တယ္၊ ဒါေပမဲ့လည္း ဒီလိုပဲေနေနရတဲ့ဘဝဆိုေတာ့လည္း ဒီလိုပဲေနရမွာပဲ၊ ျဖစ္လာေတာ့လည္း အကုန္လုံးတၿပဳံႀကီးေပါ့၊ ဒါပဲရွိတာပဲ။"

ေဒသအသီးသီးကေန ရန္ကုန္ၿမိဳ႕က စက္႐ုံေတြမွာ အလုပ္လာလုပ္ၾကရင္း ဆယ္ေပပတ္လည္အခန္းနဲ႔ အေဆာင္ ေတြမွာ ေနၾကရသူေတြလည္း သိန္းနဲ႔ခ်ီရွိပါတယ္။

နီးနီးကပ္ကပ္ေနရတာ စိုးရိမ္ေပမယ့္လည္း ၾကည့္ေနရတယ္လို႔ ဧရာဝတီတိုင္း ျမန္ေအာင္ၿမိဳ႕ကေန အလုပ္လာ လုပ္ေနတဲ့ ေဒၚေအးေအးဝင္း က ေျပာပါတယ္။

"စိုးရိမ္တာေပါ့၊ စိုးရိမ္တယ္ဆိုေပမယ့္လည္း ကြၽန္မတို႔က နယ္ကလာတဲ့သူေတြဆိုေတာ့ ကိုယ္အေဆာင္မွာပဲ ကိုယ္ေနရတာေပါ့၊ မနက္ပိုင္းေဈးထြက္ဝယ္တယ္ အိမ္မွာတေနကုန္ခ်က္ျပဳတ္စားတယ္၊ လက္ကေတာ့ တစ္ေန႔ကို သုံးေလးႀကိမ္ေလာက္ေတာ့ ေဆးတယ္ေပါ့၊ စိုးရိမ္တာေပါ့ ဒါေပမဲ့ ဒီလိုပဲ သူငယ္ခ်င္းေတြဆိုေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ဒီလိုပဲၾကည့္ေနၾကရတာေပါ့၊ အခုထိုင္ေနတဲ့သူေတြကေတာ့ မိသားစုပါ။"

သူေနတဲ့ေ႐ႊလင္ဗန္းစက္မႈဇုံအနီး ေ႐ႊျပည္သာတံတားအဆင္း အလယ္႐ြာက အေဆာင္ေတြဟာ အခန္းတစ္ခုနဲ႔ တစ္ခု တစ္ေပေတာင္မျခားသလို အေဆာင္တစ္ခုနဲ႔တစ္ခုလည္း ကပ္ေနတာပါ။

ဗိုင္းရပ္စ္ကူးမွာ မေၾကာက္တဲ့သူေတြလည္းရွိပါတယ္။

ဧရာဝတီတိုင္း ဖ်ာပုံၿမိဳ႕ကေန လႈိင္သာယာၿမိဳ႕နယ္ က်န္စစ္သားလမ္းမႀကီးေပၚက က်ဴးေက်ာ္တဲတစ္တဲမွာ လာေရာက္ေနထိုင္ေနတဲ့ မဇင္မာဦးကေတာ့ သူ႔အိမ္နီးခ်င္းေတြဆီက ေရာဂါလုံးဝကူးမွာမဟုတ္ဘူးလို႔ ယုံၾကည္ ပါတယ္။

"ကိုယ့္နားက ကိုယ့္လူေတြေတာ့ မေၾကာက္ပါဘူး၊ ဒီဟာေတြကေနတာၾကာပီေလ၊ ကိုယ့္နားကိုယ့္လူေတြ မေၾကာက္ဘူး သူတို႔လည္းဘယ္မွသြားတာမဟုတ္ဘူး၊ စၿပီးမျဖစ္ခင္ကတည္းက ဒီလိုပဲေနေနၾကတာပဲ၊ အဲလို ေတာ့မရွိပါဘူး၊ အေဝးကလူဆိုရင္ေတာ့ေၾကာက္တယ္၊ အေဝးဆိုရင္ေတာ့ေၾကာက္တယ္၊ ဒီနားေနတာေတာ့ မေၾကာက္ပါဘူး။"

မဇင္မာဦးရဲ႕ယုံၾကည္မႈကို ပိုၿပီးခိုင္မာေစသူကကေတာ့ သူ႔ရဲ႕အိမ္နီးခ်င္းျဖစ္တဲ့ ကိုသက္ပါ။

သူဟာ ျမန္မာႏိုင္ငံက ထြက္တဲ့အသီးအႏွံပဲ စားသုံးၿပီးေတာ့ ေလေကာင္းေလသန႔္ရႉေနရတဲ့အတြက္ ကို႐ိုနာဗိုင္းရပ္စ္ပိုး လုံးဝကူးမွာမဟုတ္ဘူးလို႔ ယုံၾကည္တဲ့သူပါ။

"မေၾကာက္ပါဘူး၊ မေၾကာက္ဘူးဆိုတာ ဘာျဖစ္လို႔လဲသိလား ကြၽန္ေတာ္တို႔ဟာ ျမန္မာႏိုင္ငံသားျဖစ္တဲ့အတြက္ စားေသာက္ကုန္ပစၥည္းက ျမန္မာႏိုင္ငံကထြက္တဲ့ဟာပဲစားတယ္၊ တ႐ုတ္ျပည္ကလာတဲ့ဟာေတြကို မစားဘူး၊ မစိုးရိမ္ပါဘူး ဘာျဖစ္လို႔လဲဆိုေတာ့ ျမန္မာႏိုင္ငံမွာ တစ္သက္လုံးေနလာေတာ့ ေလေကာင္းေလသန႔္ရႈရတယ္၊ အခုပဲေလာတိုက္ေနတယ္ေလ၊ ေလေကာင္းေလသန႔္ရႉရတယ္၊ သဘာဝအသီးအႏွံကိုစားသုံးတယ္၊ အဲတာေၾကာင့္ ဒီေရာဂါပိုးဟာ ကြၽန္ေတာ္တို႔ဆီကိုမကူးဘူးလို႔ ကြၽန္ေတာ္ေျပာတာ။"

လႈိင္သာယာၿမိဳ႕နယ္ ဆင္ေျခဖုံးရပ္ကြက္ထဲမွာ ေနတဲ့သူေတြကလည္း စားဝတ္ေနေရးအတြက္ေရာ စိုးရိမ္မႈနည္းတာေၾကာင့္ေရာ ပုံမွန္အတိုင္း သြားလာေနၾကဆဲပါ။

လႈိင္သာယာၿမိဳ႕နယ္ ၂၀ ရပ္ကြက္ ဝိဇၨာညီေနာင္လမ္းမွာေနတဲ့ ကိုေအာင္ႏိုင္ ကေတာ့ သူ႔ရပ္ကြက္ထဲမွာ ပုံမွန္အတိုင္းသြားလာေနၾကဆဲျဖစ္လို႔  စိုးရိမ္တယ္လို႔ ေျပာပါတယ္။

"ကူးႏိုင္တာေပါ့ ကြၽန္ေတာ္တို႔ဒီဘက္က ဆင္ေျခဖုံးေတြဆိုေတာ့ ပိုဆိုးတာေပါ့၊ အသြားအလာေတြက က်ဲသြား တယ္ဆိုေပမယ့္ သြားေနၾကတာပဲေလ မရွိတဲ့လူတန္းစားဆိုေတာ့ သြားေနၾကတာပဲဆိုေတာ့ စိုးရိမ္ရတာေပါ့၊ ဒါေန႔ခင္းပိုင္းဆိုနည္းနည္းေတာ္ေသး မနက္ပိုင္းနဲ႔ညေနပိုင္းကေတာ့ ပုံမွန္လိုပါပဲ သြားလာေနၾကတာပဲ၊ ကြၽန္ေတာ္တို႔ရပ္ကြက္အတြင္းေတြေပါ့ေလ၊ အျခားရပ္ကြက္ေတာ့မသိဘူး၊ ကိုယ္တစ္ေယာက္ကူးရင္ အိမ္သား ေတြအားလုံးကူးမွာေလဆိုေတာ့ ဘာပဲျဖစ္ျဖစ္ စိုးရိမ္တာေပါ့။"

အိမ္ေျခစိပ္တဲ့ရပ္ကြက္ထဲေနေပမယ့္ ကိုယ့္အိမ္မွာပဲကိုယ္ေနသလို ဆိုင္မွာလည္း ၃ ေပအကြာက ႀကိဳးတားထားတာကေတာ့ ကိုနႏၵပါ။

"ေၾကာက္ေနလည္း ကိုယ့္အိမ္ထဲမွာပဲကိုယ္ေနၿပီးေတာ့ သီးသန႔္ေနၾကတာပဲ၊ သြားလာၿပီးေတာ့မေနဘူး၊ သူ႔အိမ္ကိုယ့္အိမ္ကူးၿပီးေတာ့ မေနဘူး၊ ကြၽန္ေတာ္ေတာ့စည္းတားထားတယ္ ေဈးေရာင္းရင္ ဒီစည္းေတာ့ မေက်ာ္ဘူးေပါ့။"

လႈိင္သာယာၿမိဳ႕နယ္ဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူရွိေနပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနက ဗိုင္းရပ္စ္မကူးစက္ေအာင္ ျပည္သူေတြလိုက္နာဖို႔အခ်က္ေတြျဖစ္တဲ့ တစ္ေယာက္နဲ႔ တစ္ေယာက္ အနည္းဆုံး ၃ ေပအကြာမွာေနဖို႔၊ မလိုအပ္ပဲ အျပင္မသြားဖို႔၊ မျဖစ္မေနသြားခဲ့ရင္လည္း ႏွာေခါင္း စည္းတပ္ဖို႔နဲ႔ ပြဲလမ္းသဘင္ေတြမလုပ္ဖို႔ စတာေတြကို ထုတ္ျပန္ထားပါတယ္။

ဒါေပမဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြနဲ႔ စက္႐ုံအလုပ္သမားေတြအပါအဝင္ လူဦးေရ ၁၀ သိန္းေက်ာ္ရွိတဲ့ လႈိင္သာယာၿမိဳ႕နယ္နဲ႔ အလားတူအျခားၿမိဳ႕နယ္ေတြမွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အနည္းဆုံး ၃ ေပကေန ၆ ေပအကြာမွာေနၾကဖို႔ ဆိုတဲ့အခ်က္ကိုလိုက္နာေရးက  ဆက္လက္ခက္ခဲေနဦးမွာျဖစ္ပါတယ္။

သန႔္ဇင္ဦး / RFA Burmese
-------------------------------------------------------

(Unicode)⤵⤵⤵
လူနေထူထပ်တဲ့နေရာတွေမှာ ခပ်ခွာခွာနေထိုင်ဖို့ ခက်ခဲနေ

ကျန်းမာရေးဌာနက ကိုရိုနာဗိုင်းရပ်စ်ပိုးမကူးစက်အောင် တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး သုံးပေကနေ ခြောက်ပေအကွာနေရမယ်လို့ ညွန်ကြားထားပေမယ်လည်း တစ်အိမ်နဲ့တစ်အိမ် ပူးကပ်နေတဲ့မြို့နယ်တွေက ပြည်သူတွေမှာတော့ လူအများနဲ့ ခပ်ခွာခွာနေထိုင်ဖို့ အခက်အခဲတွေရှိနေကြပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း များလာတဲ့အထဲ ရန်ကုန်တိုင်းဒေသကြီးက အများဆုံးပါ။

ဒီအထဲမှာ အလုပ်ရုံနဲ့ အလုပ်သမားတွေများတဲ့အပြင် အိမ်ခြေထူထပ်ပြီး လူဦးရေများတဲ့ လှိုင်သာယာမြို့နယ်ထဲက ပြည်သူတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှာကို ကြောက်ပေမယ့်လည်း လူအများနဲ့ ခပ်ခွာခွာနေထိုင်လို့ မရကြပါဘူး။

လှိုင်သာယာမြို့နယ် အလယ်ရွာ နှင်းဆီလမ်းမှာနေတဲ့ ဦးအောင်ကျော်စိုးက ဒီလိုပဲနေနေရတဲ့ဘဝတွေဖြစ်လို့ ဂရုတစိုက်နေတဲ့ကြားက ဖြစ်လာတော့လည်း မတတ်နိုင်ဘူးလို့ RFA ကိုပြောပါတယ်။

"ကိုယ့်ဟာကိုယ်ပဲ အခန်းထဲပဲနေရတာပဲ၊ မနက်ပိုင်းလေး ဈေးခဏထွက်ဝယ်စား၊ စားပြီး နေ့ခင်းပိုင်းလေး ကိုယ့်အခန်းထဲကိုယ် ကိုယ့်ညီအကိုမောင်နှမတွေနဲ့နေရတာပဲ၊ ဒီထက်လည်းပိုပြီးတော့ မကာကွယ်နိုင်ဘူး၊ ထိရောက်တဲ့ကာကွယ်မှုတွေလည်း လာရောက်ပေးဆောင်တာလည်းမရှိပါဘူး၊ ကြောက်တယ်၊ ဒါပေမဲ့လည်း ဒီလိုပဲနေနေရတဲ့ဘဝဆိုတော့လည်း ဒီလိုပဲနေရမှာပဲ၊ ဖြစ်လာတော့လည်း အကုန်လုံးတပြုံကြီးပေါ့၊ ဒါပဲရှိတာပဲ။"

ဒေသအသီးသီးကနေ ရန်ကုန်မြို့က စက်ရုံတွေမှာ အလုပ်လာလုပ်ကြရင်း ဆယ်ပေပတ်လည်အခန်းနဲ့ အဆောင် တွေမှာ နေကြရသူတွေလည်း သိန်းနဲ့ချီရှိပါတယ်။

နီးနီးကပ်ကပ်နေရတာ စိုးရိမ်ပေမယ့်လည်း ကြည့်နေရတယ်လို့ ဧရာဝတီတိုင်း မြန်အောင်မြို့ကနေ အလုပ်လာ လုပ်နေတဲ့ ဒေါ်အေးအေးဝင်း က ပြောပါတယ်။

"စိုးရိမ်တာပေါ့၊ စိုးရိမ်တယ်ဆိုပေမယ့်လည်း ကျွန်မတို့က နယ်ကလာတဲ့သူတွေဆိုတော့ ကိုယ်အဆောင်မှာပဲ ကိုယ်နေရတာပေါ့၊ မနက်ပိုင်းဈေးထွက်ဝယ်တယ် အိမ်မှာတနေကုန်ချက်ပြုတ်စားတယ်၊ လက်ကတော့ တစ်နေ့ကို သုံးလေးကြိမ်လောက်တော့ ဆေးတယ်ပေါ့၊ စိုးရိမ်တာပေါ့ ဒါပေမဲ့ ဒီလိုပဲ သူငယ်ချင်းတွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဒီလိုပဲကြည့်နေကြရတာပေါ့၊ အခုထိုင်နေတဲ့သူတွေကတော့ မိသားစုပါ။"

သူနေတဲ့ရွှေလင်ဗန်းစက်မှုဇုံအနီး ရွှေပြည်သာတံတားအဆင်း အလယ်ရွာက အဆောင်တွေဟာ အခန်းတစ်ခုနဲ့ တစ်ခု တစ်ပေတောင်မခြားသလို အဆောင်တစ်ခုနဲ့တစ်ခုလည်း ကပ်နေတာပါ။

ဗိုင်းရပ်စ်ကူးမှာ မကြောက်တဲ့သူတွေလည်းရှိပါတယ်။

ဧရာဝတီတိုင်း ဖျာပုံမြို့ကနေ လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းမကြီးပေါ်က ကျူးကျော်တဲတစ်တဲမှာ လာရောက်နေထိုင်နေတဲ့ မဇင်မာဦးကတော့ သူ့အိမ်နီးချင်းတွေဆီက ရောဂါလုံးဝကူးမှာမဟုတ်ဘူးလို့ ယုံကြည် ပါတယ်။

"ကိုယ့်နားက ကိုယ့်လူတွေတော့ မကြောက်ပါဘူး၊ ဒီဟာတွေကနေတာကြာပီလေ၊ ကိုယ့်နားကိုယ့်လူတွေ မကြောက်ဘူး သူတို့လည်းဘယ်မှသွားတာမဟုတ်ဘူး၊ စပြီးမဖြစ်ခင်ကတည်းက ဒီလိုပဲနေနေကြတာပဲ၊ အဲလို တော့မရှိပါဘူး၊ အဝေးကလူဆိုရင်တော့ကြောက်တယ်၊ အဝေးဆိုရင်တော့ကြောက်တယ်၊ ဒီနားနေတာတော့ မကြောက်ပါဘူး။"

မဇင်မာဦးရဲ့ယုံကြည်မှုကို ပိုပြီးခိုင်မာစေသူကကတော့ သူ့ရဲ့အိမ်နီးချင်းဖြစ်တဲ့ ကိုသက်ပါ။

သူဟာ မြန်မာနိုင်ငံက ထွက်တဲ့အသီးအနှံပဲ စားသုံးပြီးတော့ လေကောင်းလေသန့်ရှူနေရတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ပိုး လုံးဝကူးမှာမဟုတ်ဘူးလို့ ယုံကြည်တဲ့သူပါ။

"မကြောက်ပါဘူး၊ မကြောက်ဘူးဆိုတာ ဘာဖြစ်လို့လဲသိလား ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားဖြစ်တဲ့အတွက် စားသောက်ကုန်ပစ္စည်းက မြန်မာနိုင်ငံကထွက်တဲ့ဟာပဲစားတယ်၊ တရုတ်ပြည်ကလာတဲ့ဟာတွေကို မစားဘူး၊ မစိုးရိမ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ တစ်သက်လုံးနေလာတော့ လေကောင်းလေသန့်ရှုရတယ်၊ အခုပဲလောတိုက်နေတယ်လေ၊ လေကောင်းလေသန့်ရှူရတယ်၊ သဘာဝအသီးအနှံကိုစားသုံးတယ်၊ အဲတာကြောင့် ဒီရောဂါပိုးဟာ ကျွန်တော်တို့ဆီကိုမကူးဘူးလို့ ကျွန်တော်ပြောတာ။"

လှိုင်သာယာမြို့နယ် ဆင်ခြေဖုံးရပ်ကွက်ထဲမှာ နေတဲ့သူတွေကလည်း စားဝတ်နေရေးအတွက်ရော စိုးရိမ်မှုနည်းတာကြောင့်ရော ပုံမှန်အတိုင်း သွားလာနေကြဆဲပါ။

လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက် ဝိဇ္ဇာညီနောင်လမ်းမှာနေတဲ့ ကိုအောင်နိုင် ကတော့ သူ့ရပ်ကွက်ထဲမှာ ပုံမှန်အတိုင်းသွားလာနေကြဆဲဖြစ်လို့  စိုးရိမ်တယ်လို့ ပြောပါတယ်။

"ကူးနိုင်တာပေါ့ ကျွန်တော်တို့ဒီဘက်က ဆင်ခြေဖုံးတွေဆိုတော့ ပိုဆိုးတာပေါ့၊ အသွားအလာတွေက ကျဲသွား တယ်ဆိုပေမယ့် သွားနေကြတာပဲလေ မရှိတဲ့လူတန်းစားဆိုတော့ သွားနေကြတာပဲဆိုတော့ စိုးရိမ်ရတာပေါ့၊ ဒါနေ့ခင်းပိုင်းဆိုနည်းနည်းတော်သေး မနက်ပိုင်းနဲ့ညနေပိုင်းကတော့ ပုံမှန်လိုပါပဲ သွားလာနေကြတာပဲ၊ ကျွန်တော်တို့ရပ်ကွက်အတွင်းတွေပေါ့လေ၊ အခြားရပ်ကွက်တော့မသိဘူး၊ ကိုယ်တစ်ယောက်ကူးရင် အိမ်သား တွေအားလုံးကူးမှာလေဆိုတော့ ဘာပဲဖြစ်ဖြစ် စိုးရိမ်တာပေါ့။"

အိမ်ခြေစိပ်တဲ့ရပ်ကွက်ထဲနေပေမယ့် ကိုယ့်အိမ်မှာပဲကိုယ်နေသလို ဆိုင်မှာလည်း ၃ ပေအကွာက ကြိုးတားထားတာကတော့ ကိုနန္ဒပါ။

"ကြောက်နေလည်း ကိုယ့်အိမ်ထဲမှာပဲကိုယ်နေပြီးတော့ သီးသန့်နေကြတာပဲ၊ သွားလာပြီးတော့မနေဘူး၊ သူ့အိမ်ကိုယ့်အိမ်ကူးပြီးတော့ မနေဘူး၊ ကျွန်တော်တော့စည်းတားထားတယ် ဈေးရောင်းရင် ဒီစည်းတော့ မကျော်ဘူးပေါ့။"

လှိုင်သာယာမြို့နယ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူရှိနေပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ဗိုင်းရပ်စ်မကူးစက်အောင် ပြည်သူတွေလိုက်နာဖို့အချက်တွေဖြစ်တဲ့ တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး ၃ ပေအကွာမှာနေဖို့၊ မလိုအပ်ပဲ အပြင်မသွားဖို့၊ မဖြစ်မနေသွားခဲ့ရင်လည်း နှာခေါင်း စည်းတပ်ဖို့နဲ့ ပွဲလမ်းသဘင်တွေမလုပ်ဖို့ စတာတွေကို ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ စက်ရုံအလုပ်သမားတွေအပါအဝင် လူဦးရေ ၁၀ သိန်းကျော်ရှိတဲ့ လှိုင်သာယာမြို့နယ်နဲ့ အလားတူအခြားမြို့နယ်တွေမှာတော့ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၃ ပေကနေ ၆ ပေအကွာမှာနေကြဖို့ ဆိုတဲ့အချက်ကိုလိုက်နာရေးက  ဆက်လက်ခက်ခဲနေဦးမှာဖြစ်ပါတယ်။

သန့်ဇင်ဦး / RFA Burmese
https://www.rfa.org/burmese/program_2/corona-social-distancing-04172020000226.html
လူေနထူထပ္တဲ့ေနရာေတြမွာ ခပ္ခြာခြာေနထိုင္ဖို႔ ခက္ခဲေန လူေနထူထပ္တဲ့ေနရာေတြမွာ ခပ္ခြာခြာေနထိုင္ဖို႔ ခက္ခဲေန Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.