ေက်ာမြဲေတြအတြက္ ကိုဗစ္ -၁၉ ကေမးတဲ့ပုစာၦ

ကိုဗစ္ေၾကာင့္ လုပ္ငန္းေတြ ရပ္နား၊ ပိတ္သိမ္း ထားရတာေၾကာင့္ အခုကာလအတြင္း အေျခခံလူတန္းစားေတြအေပၚ သက္ေရာက္မႈက အႀကီးမားဆုံးျဖစ္လာပါတယ္။
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံ က အေျခခံလူတန္းစားေတြ ဟာကိုဗစ္ေၾကာင့္ လုပ္ငန္းေတြ ရပ္နား ထားရတာနဲ႔ဆက္စပ္ၿပီး အလုပ္လက္မဲ့ ေတြျဖစ္လာၾကကာ အခုအခါ ေန႔စဥ္စားဝတ္ေနေရး ျပႆနာကို ရင္ဆိုင္ေနၾကရ ၿပီျဖစ္ပါတယ္။

တစ္လေက်ာ္သာရွိေသးတဲ့ ကိုဗစ္ကာလအတြင္း ထိခိုက္မႈအရွိဆုံးက ျမန္မာႏိုင္ငံအတြင္း လက္လုပ္လက္စားေတြပါ။

ရန္ကုန္တိုင္း လႈိင္သာယာၿမိဳ႕နယ္အတြင္းက လိုင္းခန္းတခုမွာ ငွားရမ္းေနတဲ့ မုဆိုးမ ေဒၚညိဳတို႔မိသားစုလည္း အခုလို ျပႆနာမ်ိဳးကို
ရင္ဆိုင္ေနရပါတယ္။

ေဒၚညိဳတို႔မိသားစုက သူအပါအဝင္ ၃ ဦးရွိပါတယ္။ သားတစ္ဦးသမီး တစ္ဦးနဲ႔ျဖစ္ပါတယ္။ သားသမီး ႏွစ္ဦးလုံးက အထည္ခ်ဳပ္စက္႐ုံက အလုပ္သမားေတြပါ။ သူတို႔အလုပ္ေတြက သၾကၤန္မတိုင္မီကတည္းက ပိတ္ခဲ့တာျဖစ္ၿပီး ဧၿပီလ အကုန္၊ ေမလဆန္းမွ အလုပ္ျပန္ဝင္ၾကရမွာပါ။

ဒီကာလအတြင္း ေဒၚညိဳတို႔ မိသားစုက အစိုးရက ေပးတဲ့ ဆန္ ၈ ျပည္အပါဝင္ ရိကၡာ ၅မ်ိဳးကို မရခဲ့ပါဘူး။ အလုပ္မပိတ္ခင္ ရထားတဲ့ သားသမီး ၂ ေယာက္ရဲ႕ လုပ္အားခနဲ႔ သူတို႔စားဝတ္ေနေရးကို ေျဖရွင္းေနရေပမယ့္ လက္ထဲ ပိုက္ဆံမရွိေတာ့လို႔ စားဝတ္ေနေရး အခက္ေတြ႕ ေနရပါၿပီ။

အဲဒီအတြက္ ရပ္ကြက္အတြင္း အတိုးနဲ႔ ရတဲ့ေငြကို ေခ်းၿပီး စားေသာက္ေရးအျပင္ ၊လကုန္ရင္ ေပးရမယ့္ အိမ္လခအတြက္ပါေျဖရွင္းရမယ္လို႔ ေဒၚညိဳက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ေတြ႕တဲ့ေနာက္ပိုင္း အလုပ္ေတြပိတ္ ခဲ့ရတာေတြရွိသလို၊ ေန႔စဥ္အေျခခံအလုပ္သမားေတြရဲ႕ အလုပ္ေတြရပ္ဆိုင္းထားရတာဆိုရင္လည္း တစ္လ နီးပါးရွိလာပါၿပီ။
အေျခခံလူတန္းစားမိသားစုေတြအတြက္ ေန႔စဥ္လုပ္အားခ မရေတာ့တာေၾကာင့္လည္း သူတို႔ရဲ႕ ေန႔စဥ္စား ေသာက္ေရးကိုေျဖရွင္းဖို႔ ျပႆနာတရပ္လို႔ ျဖစ္လာေနပါတယ္။
ေန႔စားအလုပ္သမားေတြအတြက္ ဆိုရင္ အခုအခါမွာသူတို႔ရဲ႕ အနာဂတ္ဟာ ေမွ်ာ္လင့္ခ်က္မဲ့ လိုျဖစ္ေနပါတယ္။

ေန႔စဥ္လုပ္အားခ မရေတာ့တာေၾကာင့္လည္း သူတို႔ရဲ႕ ေန႔စဥ္စား ေသာက္ေရးကိုေျဖရွင္းဖို႔ ျပႆနာတရပ္လို႔ ျဖစ္လာေနပါတယ္။

အစိုးရကလည္း ကိုဗစ္ေရာဂါကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ အတက္ႏိုင္ဆုံးအိမ္မွာ ေနခိုင္းထားၿပီး ၅ ေယာက္ ထပ္လူပိုစုခြင့္မျပဳတာေၾကာင့္ အလုပ္ေတြျပန္ဖြင့္ႏိုင္ဖို႔ ကလည္း အခက္အခဲလိုျဖစ္ေနတာပါ။

အလုပ္႐ုံ၊ စက္႐ုံေတြအမ်ားစုကေတာ့ ေမလ အတြင္းမွာမွအမ်ားစု ျပန္ဖြင့္ႏိုင္ဖို႔ ေမွ်ာ္လင့္ရပါတယ္။ အဲဒါကလည္း ႏိုင္ငံအတြင္းေရာဂါကူးစက္မႈအေျခအေန ျမႇင့္တက္မႈမရွိခဲ့မွသာျဖစ္ႏိုင္မယ့္အေျခအေနျဖစ္ပါတယ္။
လတ္တေလာ စားဝတ္ေနေရး ျပႆနာေျဖရွင္းေပးဖို႔အတြက္ မျဖစ္ႏိုင္ဘူးလို႔ သူကယူဆထား သလို၊ အစိုးရမွာလည္း လတ္တေလာ ေျဖရွင္းႏိုင္ေရး အစီအစဥ္ေကာင္းေတြ ရွိေနတာ မေတြ႕ရဘူး လို႔ သူကေျပာပါတယ္။
အေျခခံလူတန္းစားေတြစားေသာက္ေရး အတြက္ ဘယ္လိုေျဖရွင္းေပးႏိုင္မလဲ

ႏိုင္ငံအခ်ိဳ႕၊ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြ၊ အေနာက္ႏိုင္ငံေတြမွာေတာ့ အလုပ္သမားေတြအတြက္ နစ္နာေၾကးေတြကို အစိုးရကေန ျပန္ေပးတာရွိပါတယ္။

အလုပ္ရပ္ဆိုင္းခံရသည္ျဖစ္ေစ၊ အလုပ္ရပ္နားထားရသည္ျဖစ္ေစ၊ အလုပ္သမားေတြရတဲ့ လစာေတြရဲ႕ ၅၀ ကေန ၈၀ ရခိုင္ႏႈန္းအထိ ျပန္ေပးၾကပါတယ္။

ျမန္မာအစိုးရအေနနဲ႔ေတာ့ အဲဒီလိုေတြ ျပန္ေပးဖို႔ဆိုတာကလည္း ဆင္းရဲတဲ့ႏိုင္ငံျဖစ္တဲ့အတြက္ အခက္အခဲရွိႏိုင္ပါတယ္။ဒါေပမယ့္ အခုလို ေျဖရွင္းမႈမ်ိဳးကဲ့သို႔ နည္းတူ မလုပ္ခဲ့ရင္သူနဲ႔ ဆက္စပ္တဲ့၊ လူမႈေရး ျပႆနာ၊ မႈခင္းအစရွိတဲ့ ေနာက္ဆက္တြဲျပႆနာေတြက ပိုၿပီးအႏၲရာယ္ရွိႏိုင္တယ္လို႔ စီးပြားေရး ေဆာင္းပါးေတြေရးသားသူလည္းျဖစ္၊ လႊတ္ေတာ္အမတ္လည္းျဖစ္သူ ဦးသန္းစိုး (ေဘာဂေဗဒ) က ေျပာပါတယ္။

ႏိုင္ငံေတာ္အေနနဲ႔ အေျခခံသတ္မွတ္လစာနဲ႔ ညီမွ်တဲ့ေငြ ဒါမွမဟုတ္ စားေသာက္ကုန္ ပစၥည္းေတြကို အလုပ္ လက္မဲ့၊ ဝင္ေငြမရွိသူေတြကို ထပ္မံေထာက္ပံ့ေပးသင့္တယ္လို႔ သူကဆိုပါတယ္။

တားျမစ္မိန႔္ေၾကာင့္ မႏၲေလးက အေျခခံလူတန္းစားေတြအတြက္ က်ပ္တစ္ဘီလ်ံ ေထာက္ပံ့မယ္လို႔ မႏၲေလးတိုင္းအစိုးရကေျပာခဲ့ပါတယ္။

မႏၲေလးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ခရီးသြားလာခြင့္အပါအဝင္ အဝင္အထြက္ေတြကို ဧၿပီ ၇ ရက္ကစၿပီး တားျမစ္ကန႔္သတ္ခဲ့ပါတယ္။

အဲဒီလို ကန႔္သတ္တဲ့အခါမွာ အေျခခံလူတန္းစားေတြကိုမထိခိုက္ေစဖို႔ က်ပ္ တစ္ဘီလ်ံ အသုံးျပဳသြားမယ္လို႔ မႏၲေလးတိုင္း ေခတၱ ဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္က ဘီဘီစီကို ေျပာပါတယ္။

ရန္ကုန္မွာေတာ့ အစိုးရက ေထာက္ပံ့တာရွိသလို ပရဟိတ ကူညီေရးအသင္းေတြ က ေထာက္ပံ့ၾကတာလည္းရွိပါတယ္။

လႈိင္သာယာ ကေဒၚညိဳကေတာ့ "ကြၽန္မကေတာ့ ဘာမွမေတာင္းဆိုခ်င္ပါဘူး။ အခုအခ်ိန္မ်ိဳးမွာ ေပးတဲ့ ဆန္နဲ႔အျခားပစၥည္းေလးေတြရရင္ကို ေက်နပ္မွာပါ။ " လို႔ ေဒၚညိဳက ေျပာပါတယ္။

ဒီကာလက ၾကာလာမယ္ဆိုရင္ေတာ့ သူတို႔မိသားစုအေနနဲ႔ အဆင္ေျပႏိုင္ေတာ့မွာမဟုတ္ဘူးလို႔ ေဒၚညိဳက ယူဆထားပါတယ္။

ႏိုင္ငံေတာ္အစိုးရအေနနဲ႔ အခုလို စားေသာက္ေရးျပႆနာရွိလာတဲ့ မိသားစုဝင္ေတြကို ရွိတဲ့ ႏိုင္ငံဘ႑ာ သုံးၿပီး ေထာက္ပံ့ရမယ့္ အေျခအေနျဖစ္ေပမယ့္လည္း ႏိုင္ငံဝင္ေငြအရ လုပ္ေပးႏိုင္စြမ္းက အကန႔္အသတ္ ရွိႏိုင္မယ္လို႔ ရန္ကုန္စီးပြားေရးတကၠသိုလ္ ပါေမာကၡခ်ဳပ္ေဒါက္တာတင္ဝင္းက ဘီဘီစီကိုေျပာပါတယ္။

ဒါေၾကာင့္ လတ္တေလာ စားဝတ္ေနေရး ျပႆနာေျဖရွင္းေပးဖို႔အတြက္ မျဖစ္ႏိုင္ဘူးလို႔ သူကယူဆထား သလို၊ အစိုးရမွာလည္း လတ္တေလာ ေျဖရွင္းႏိုင္ေရး အစီအစဥ္ေကာင္းေတြ ရွိေနတာ မေတြ႕ရဘူး လို႔ သူကေျပာပါတယ္။
အေျခခံလူတန္းစား ေတြအတြက္ အလုပ္လက္မဲ့ ျပႆနာ၊ စားေသာက္ေရးျပႆနာအတြက္ အစိုးရက ဖြဲ႕စည္း ထားတဲ့ ေကာ္မတီေတြမွာ ေျဖရွင္းဖို႔အတြက္ စနစ္တက် လုပ္ေဆာင္ေနတာမ်ိဳးကိုလည္း သူတို႔ အေနနဲ႔ သိထားရတာမ်ိဳးကို မရွိဘူးလို႔ စီးပြားေရးပညာရွင္ေတြက ေျပာၾကပါတယ္။
ေက်ာမြဲေတြအတြက္ ျပန္လည္ကုသေရးမူဝါဒ သတ္သတ္မွတ္မွတ္ရွိေနလား

အစိုးရကေတာ့ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရးအမ်ိဳးသားအဆင့္ေကာ္မတီကို ဖြဲ႕စည္းထားပါတယ္။ အဲဒီမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ဦးေဆာင္ၿပီး၊ ျပည္ေထာင္စုအဆင့္နဲ႔ တိုင္းေဒသႀကီး၊ ျပည္နယ္အဆင့္ ဝန္ႀကီးေတြ၊ ဝန္ႀကီးခ်ဳပ္ေတြအမ်ားအျပားပါဝင္ပါတယ္။

အဲဒီေအာက္မွာမွ တုံ႔ျပန္ေရး၊ ကုစားေရးအစရွိသျဖင့္ ထပ္မံဖြဲ႕စည္းထားပါတယ္။ အားလုံးက အစိုးရ အာဏာပိုင္ေတြနဲ႔သာျဖစ္ပါတယ္။

အဲဒီလိုေကာ္မတီေတြ အဖြဲ႕ေတြရွိေနေပမယ့္ Crisis Respond Management Plan အေရးေပၚတုံ႔ျပန္ေရးအစီအစဥ္လို တိတိက်က် ေဖာ္ျပတာျပ႒ာန္းထားၿပီး သက္ဆိုင္ ရာလုပ္ငန္းကြၽမ္းက်င္သူ၊ သက္ဆိုင္ရာ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ ပါဝင္ဖြဲ႕စည္းၿပီး လုပ္ေဆာင္ ေနတာမ်ိဳး ကိုေတာ့ တိတိပပ မေတြ႕ရဘူးလို႔ ေဝဖန္မႈေတြရွိပါတယ္။ ။

အေရးေပၚတုံ႔ျပန္ေရး ရန္ပုံေငြ က်ပ္တစ္ဘီလီယံထားရွိတာမ်ိဳး၊ ဘဏ္တိုးႏႈန္းေတြ ေလ်ာ့ခ် ေပးတာ၊ လွ်ပ္စစ္မီတာခေတြ ဧၿပီလအတြက္ ယူနစ္ ၁၅၀ ကိုအခမဲ့အသုံးျပဳခြင့္ေပးတာမ်ိဳးေတြကိုေတာ့ လုပ္ေပးေပမယ့္လည္း ရာခိုင္ႏႈန္းအမ်ားစု ကုစားႏိုင္တဲ့အေျခအေနမ်ိဳးမဟုတ္ပါဘူးလို႔သူတို႔ကဆိုပါတယ္။

အခုလိုရိကၡာေထာက္ပံ့တဲ့အစီအစဥ္ေတြ၊ ခ်ီးျမႇင့္ေငြေပးတာမ်ိဳးေတြကလည္း ရွရွားလိုႏိုင္ငံမ်ိဳးေတြမွာ ကိုဗစ္ စတင္ခဲ့တဲ့အခ်ိန္က လုပ္ခဲ့တဲ့ ပုံစံမ်ိဳးေတြနဲ႔ ခပ္ဆင္ဆင္လိုက္လုပ္တဲ့ ပုံစံမ်ိဳးသာျဖစ္တယ္လို႔ ေဒါက္တာ တင္ဝင္းက ေျပာပါတယ္။

ဒါေၾကာင့္ ျမန္မာႏိုင္ငံက အေျခခံလူတန္းစား ေတြအတြက္ အလုပ္လက္မဲ့ ျပႆနာ၊ စားေသာက္ေရးျပႆနာအတြက္ အစိုးရက ဖြဲ႕စည္း ထားတဲ့ ေကာ္မတီေတြမွာ ေျဖရွင္းဖို႔အတြက္ စနစ္တက် လုပ္ေဆာင္ေနတာမ်ိဳးကိုလည္း သူတို႔ အေနနဲ႔ သိထားရတာမ်ိဳးကို မရွိဘူးလို႔ စီးပြားေရးပညာရွင္ေတြက ေျပာၾကပါတယ္။

ဒါေၾကာင့္ ေရာဂါပိုးပ်ံ႕ပြားမႈႏႈန္းအနည္းဆုံးျဖစ္ၿပီးေတာ့ ကိုဗစ္ကာလ အျမန္ဆုံးၿပီးဆုံးမယ့္ အခ်ိန္နဲ႔ လုပ္ငန္းေတြ ျပန္ဖြင့္ႏိုင္မွသာ အေျခခံလူတန္းစားေတြ အလုပ္ျပန္လည္လုပ္ကိုင္ႏိုင္ၿပီး သူတို႔ စားေသာက္ ေရးျပႆနာကို ေျဖရွင္းႏိုင္မယ္လို႔ အမ်ားစုက ယုံၾကည္ေနၾကပါတယ္။
အေျခခံလူတန္းစား ေတြအတြက္ အလုပ္လက္မဲ့ ျပႆနာ၊ စားေသာက္ေရးျပႆနာအတြက္ အစိုးရက ဖြဲ႕စည္း ထားတဲ့ ေကာ္မတီေတြမွာ ေျဖရွင္းဖို႔အတြက္ စနစ္တက် လုပ္ေဆာင္ေနတာမ်ိဳးကိုလည္း သူတို႔ အေနနဲ႔ သိထားရတာမ်ိဳးကို မရွိဘူးလို႔ စီးပြားေရးပညာရွင္ေတြက ေျပာၾကပါတယ္။

အလုပ္ေတြျပန္ဖြင့္႐ုံနဲ႔ အလုပ္လက္မဲ့နဲ႔ ျပႆနာ ေျဖရွင္းႏိုင္ပါ့မလား

ျမန္မာႏိုင္ငံရဲ႕ထုတ္ကုန္စြမ္းအားအမ်ားစုက တ႐ုတ္ႏိုင္ငံကိုမွီခိုေနရတာျဖစ္ပါတယ္။

စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး သစ္သီးဝလံကအစ တ႐ုတ္ႏိုင္ငံကို တင္သြင္းေနရတာျဖစ္ပါတယ္။ အဲဒီရာခိုင္ႏႈန္းကလည္း ႏိုင္ငံထြက္ကုန္ စုစုေပါင္း တန္ဖိုးရဲ႕ ၃၀ရာခိုင္ႏႈန္းရွိပါတယ္။

အဲဒါအျပင္ တ႐ုတ္ႏိုင္ငံသားေတြအမ်ားစု ရင္းႏွီးျမႇပ္ႏွံထားၾကတဲ့ အထည္ခ်ဳပ္လုပ္ငန္းေတြကလည္း ရာခိုင္ႏႈန္းအမ်ားအျပားပါရွိပါတယ္။

ရန္ကုန္မွာ အထည္ခ်ဳပ္လုပ္သား ၇ သိန္းနီးပါးရွိတယ္ လို႔ အစိုးရ တရားဝင္စာရင္းေတြအရ သိရပါတယ္။

အဲဒီလိုလုပ္ငန္းေတြကေန အေျခခံလူတန္းစားေတြအတြက္ အလုပ္အကိုင္အခြင့္အလမ္း အမ်ားဆုံးကိုဖန္တီးေပးေနတာျဖစ္သလို၊ အဲဒီကရတဲ့ ဝင္ေငြေတြနဲ႔ စားဝတ္ေနေရးကို ေျဖရွင္းေနရတာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ ျမန္မာႏိုင္ငံအေနနဲ႔လည္း ေရတိုမွာ အလုပ္လက္မဲ့ စားဝတ္ေနေရးအခက္အခဲျပႆနာေတြကို ေျဖရွင္းေပး႐ုံမကဘဲ၊ ေရရွည္မွာ အခုလိုလုပ္ငန္းေတြ ေျပာင္းေ႐ႊ႕မႈေၾကာင့္ ျဖစ္ေပၚလာႏိုင္တဲ့ သက္ေရာက္ မႈအတြက္ပါ၊ ေတြးဆ ျပင္ဆင္ႏိုင္ဖို႔ လိုအပ္မယ္လို႔ ရန္ကုန္စီးပြားေရး တကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာ တင္ဝင္းက အႀကံျပဳပါတယ္။

"ကိုဗစ္ျဖစ္ေတာ့ ႏွာေခါင္းစည္းေတာင္မရွိလို႔ အကုန္လုံးတ႐ုတ္ကေနဘဲမွာရတယ္။ ဒါေၾကာင့္ေနာက္ပိုင္းမွာ အဓိက ထုတ္ကုန္ေတြကို ကိုယ့္ျပည္တြင္းမွာဘဲ ထုတ္မယ့္ အယူအဆေတြျပန္ဝင္လာၾကတယ္၊ အေရး မႀကီးတဲ့စက္႐ုံေတြေလာက္ဘဲ တျခားအာဆီယံတို႔ အာရွတို႔မွာ ထားမယ့္သေဘာျဖစ္လာႏိုင္တယ္" လို႔ သူကဆိုပါတယ္။

ဒါေၾကာင့္ ႏိုင္ငံျခားကို ကုန္ၾကမ္းပို႔ေနၾကတဲ့ export လုပ္ငန္းေတြအတြက္ ၆ လကေန ၁ႏွစ္ အတြင္း ျပန္ လည္ဦးေမာ့လာႏိုင္မယ့္အေျခအေနမရွိႏိုင္တဲ့အတြက္ကိုလည္း အစိုးရက ျပင္ဆင္ထားသင့္တယ္လို႔ ေဒါက္တာတင္ဝင္းက အႀကံျပဳပါတယ္။

ကိုဗစ္ေၾကာင့္ျဖစ္လာမယ့္ အၾကပ္အတည္းေၾကာင့္လည္း ဥေရာပကိုပို႔ေနတဲ့ အထည္ခ်ဳပ္လုပ္ငန္းေတြမွာ ထိခိုက္လာႏိုင္မယ္လို႔လည္း သူကသုံးသပ္ပါတယ္။

ဒီအတြက္ အလုပ္လက္မဲ့ျဖစ္ႏိုင္မယ့္ အေျခခံလူတန္းစားေတြအတြက္ အစိုးရအေနနဲ႔ ေရရွည္ရပ္တည္ ႏိုင္မယ့္ စိုက္ပ်ိဳး၊ ေမြးျမဴေရးအေျခခံထုတ္ကုန္ေတြ၊ အဆင့္ျမင့္ထုတ္ကုန္ေတြကို တိုးတက္ ထုတ္လုပ္ ႏိုင္ဖို႔ အတြက္ကိုလည္း ဒီထက္ပိုၿပီး ေရရွည္အတြက္ ျပင္ဆင္သင့္တယ္လို႔ စီးပြားေရးပညာရွင္ေတြက သုံးသပ္ ၾကပါတယ္။

အထည္ခ်ဳပ္ေတြမွာ အလုပ္လုပ္ေနရတဲ့လုပ္သား မိသားစုေတြအပါအဝင္ ၊ေဆာက္လုပ္ေရးလုပ္သားေတြ ၊ေခါင္း႐ြက္ဗ်က္ထိုးေစ်းသည္ေတြ၊အေႏွးယဥ္ေမာင္းသူေတြအပါအဝင္ အေျခခံလူတန္းစားေတြ ကေတာ့ ကိုဗစ္ကပ္ေရာဂါ ျမန္ျမန္ၿပီးဖို႔ေမွ်ာ္ေနၾကသလို ကိုဗစ္ကပ္ေရာဂါအလြန္ ကာလကိုလည္း စိုးရိမ္ တႀကီးနဲ႔ေစာင့္ေမွ်ာ္ေနၾကပါတယ္။

BBC Burmese
---------------------------------------
(Unicode)⤵⤵⤵
ကျောမွဲတွေအတွက် ကိုဗစ် -၁၉ ကမေးတဲ့ပုစ္ဆာ

မြန်မာနိုင်ငံ က အခြေခံလူတန်းစားတွေ ဟာကိုဗစ်ကြောင့် လုပ်ငန်းတွေ ရပ်နား ထားရတာနဲ့ဆက်စပ်ပြီး အလုပ်လက်မဲ့ တွေဖြစ်လာကြကာ အခုအခါ နေ့စဉ်စားဝတ်နေရေး ပြဿနာကို ရင်ဆိုင်နေကြရ ပြီဖြစ်ပါတယ်။

တစ်လကျော်သာရှိသေးတဲ့ ကိုဗစ်ကာလအတွင်း ထိခိုက်မှုအရှိဆုံးက မြန်မာနိုင်ငံအတွင်း လက်လုပ်လက်စားတွေပါ။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်းက လိုင်းခန်းတခုမှာ ငှားရမ်းနေတဲ့ မုဆိုးမ ဒေါ်ညိုတို့မိသားစုလည်း အခုလို ပြဿနာမျိုးကိုရင်ဆိုင်နေရပါတယ်။

ဒေါ်ညိုတို့မိသားစုက သူအပါအဝင် ၃ ဦးရှိပါတယ်။ သားတစ်ဦးသမီး တစ်ဦးနဲ့ဖြစ်ပါတယ်။ သားသမီး နှစ်ဦးလုံးက အထည်ချုပ်စက်ရုံက အလုပ်သမားတွေပါ။ သူတို့အလုပ်တွေက သင်္ကြန်မတိုင်မီကတည်းက ပိတ်ခဲ့တာဖြစ်ပြီး ဧပြီလ အကုန်၊ မေလဆန်းမှ အလုပ်ပြန်ဝင်ကြရမှာပါ။

ဒီကာလအတွင်း ဒေါ်ညိုတို့ မိသားစုက အစိုးရက ပေးတဲ့ ဆန် ၈ ပြည်အပါဝင် ရိက္ခာ ၅မျိုးကို မရခဲ့ပါဘူး။ အလုပ်မပိတ်ခင် ရထားတဲ့ သားသမီး ၂ ယောက်ရဲ့ လုပ်အားခနဲ့ သူတို့စားဝတ်နေရေးကို ဖြေရှင်းနေရပေမယ့် လက်ထဲ ပိုက်ဆံမရှိတော့လို့ စားဝတ်နေရေး အခက်တွေ့ နေရပါပြီ။

အဲဒီအတွက် ရပ်ကွက်အတွင်း အတိုးနဲ့ ရတဲ့ငွေကို ချေးပြီး စားသောက်ရေးအပြင် ၊လကုန်ရင် ပေးရမယ့် အိမ်လခအတွက်ပါဖြေရှင်းရမယ်လို့ ဒေါ်ညိုက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့တဲ့နောက်ပိုင်း အလုပ်တွေပိတ် ခဲ့ရတာတွေရှိသလို၊ နေ့စဉ်အခြေခံအလုပ်သမားတွေရဲ့ အလုပ်တွေရပ်ဆိုင်းထားရတာဆိုရင်လည်း တစ်လ နီးပါးရှိလာပါပြီ။

နေ့စားအလုပ်သမားတွေအတွက် ဆိုရင် အခုအခါမှာသူတို့ရဲ့ အနာဂတ်ဟာ မျှော်လင့်ချက်မဲ့ လိုဖြစ်နေပါတယ်။

နေ့စဉ်လုပ်အားခ မရတော့တာကြောင့်လည်း သူတို့ရဲ့ နေ့စဉ်စား သောက်ရေးကိုဖြေရှင်းဖို့ ပြဿနာတရပ်လို့ ဖြစ်လာနေပါတယ်။

အစိုးရကလည်း ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် အတက်နိုင်ဆုံးအိမ်မှာ နေခိုင်းထားပြီး ၅ ယောက် ထပ်လူပိုစုခွင့်မပြုတာကြောင့် အလုပ်တွေပြန်ဖွင့်နိုင်ဖို့ ကလည်း အခက်အခဲလိုဖြစ်နေတာပါ။

အလုပ်ရုံ၊ စက်ရုံတွေအများစုကတော့ မေလ အတွင်းမှာမှအများစု ပြန်ဖွင့်နိုင်ဖို့ မျှော်လင့်ရပါတယ်။ အဲဒါကလည်း နိုင်ငံအတွင်းရောဂါကူးစက်မှုအခြေအနေ မြှင့်တက်မှုမရှိခဲ့မှသာဖြစ်နိုင်မယ့်အခြေအနေဖြစ်ပါတယ်။

အခြေခံလူတန်းစားတွေစားသောက်ရေး အတွက် ဘယ်လိုဖြေရှင်းပေးနိုင်မလဲ

နိုင်ငံအချို့၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေ၊ အနောက်နိုင်ငံတွေမှာတော့ အလုပ်သမားတွေအတွက် နစ်နာကြေးတွေကို အစိုးရကနေ ပြန်ပေးတာရှိပါတယ်။

အလုပ်ရပ်ဆိုင်းခံရသည်ဖြစ်စေ၊ အလုပ်ရပ်နားထားရသည်ဖြစ်စေ၊ အလုပ်သမားတွေရတဲ့ လစာတွေရဲ့ ၅၀ ကနေ ၈၀ ရခိုင်နှုန်းအထိ ပြန်ပေးကြပါတယ်။

မြန်မာအစိုးရအနေနဲ့တော့ အဲဒီလိုတွေ ပြန်ပေးဖို့ဆိုတာကလည်း ဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့အတွက် အခက်အခဲရှိနိုင်ပါတယ်။ဒါပေမယ့် အခုလို ဖြေရှင်းမှုမျိုးကဲ့သို့ နည်းတူ မလုပ်ခဲ့ရင်သူနဲ့ ဆက်စပ်တဲ့၊ လူမှုရေး ပြဿနာ၊ မှုခင်းအစရှိတဲ့ နောက်ဆက်တွဲပြဿနာတွေက ပိုပြီးအန္တရာယ်ရှိနိုင်တယ်လို့ စီးပွားရေး ဆောင်းပါးတွေရေးသားသူလည်းဖြစ်၊ လွှတ်တော်အမတ်လည်းဖြစ်သူ ဦးသန်းစိုး (ဘောဂဗေဒ) က ပြောပါတယ်။

နိုင်ငံတော်အနေနဲ့ အခြေခံသတ်မှတ်လစာနဲ့ ညီမျှတဲ့ငွေ ဒါမှမဟုတ် စားသောက်ကုန် ပစ္စည်းတွေကို အလုပ် လက်မဲ့၊ ဝင်ငွေမရှိသူတွေကို ထပ်မံထောက်ပံ့ပေးသင့်တယ်လို့ သူကဆိုပါတယ်။

တားမြစ်မိန့်ကြောင့် မန္တလေးက အခြေခံလူတန်းစားတွေအတွက် ကျပ်တစ်ဘီလျံ ထောက်ပံ့မယ်လို့ မန္တလေးတိုင်းအစိုးရကပြောခဲ့ပါတယ်။

မန္တလေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ခရီးသွားလာခွင့်အပါအဝင် အဝင်အထွက်တွေကို ဧပြီ ၇ ရက်ကစပြီး တားမြစ်ကန့်သတ်ခဲ့ပါတယ်။

အဲဒီလို ကန့်သတ်တဲ့အခါမှာ အခြေခံလူတန်းစားတွေကိုမထိခိုက်စေဖို့ ကျပ် တစ်ဘီလျံ အသုံးပြုသွားမယ်လို့ မန္တလေးတိုင်း ခေတ္တ ဝန်ကြီးချုပ် ဦးဇာနည်အောင်က ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်မှာတော့ အစိုးရက ထောက်ပံ့တာရှိသလို ပရဟိတ ကူညီရေးအသင်းတွေ က ထောက်ပံ့ကြတာလည်းရှိပါတယ်။

လှိုင်သာယာ ကဒေါ်ညိုကတော့ "ကျွန်မကတော့ ဘာမှမတောင်းဆိုချင်ပါဘူး။ အခုအချိန်မျိုးမှာ ပေးတဲ့ ဆန်နဲ့အခြားပစ္စည်းလေးတွေရရင်ကို ကျေနပ်မှာပါ။ " လို့ ဒေါ်ညိုက ပြောပါတယ်။

ဒီကာလက ကြာလာမယ်ဆိုရင်တော့ သူတို့မိသားစုအနေနဲ့ အဆင်ပြေနိုင်တော့မှာမဟုတ်ဘူးလို့ ဒေါ်ညိုက ယူဆထားပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ အခုလို စားသောက်ရေးပြဿနာရှိလာတဲ့ မိသားစုဝင်တွေကို ရှိတဲ့ နိုင်ငံဘဏ္ဍာ သုံးပြီး ထောက်ပံ့ရမယ့် အခြေအနေဖြစ်ပေမယ့်လည်း နိုင်ငံဝင်ငွေအရ လုပ်ပေးနိုင်စွမ်းက အကန့်အသတ် ရှိနိုင်မယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာတင်ဝင်းက ဘီဘီစီကိုပြောပါတယ်။

ဒါကြောင့် လတ်တလော စားဝတ်နေရေး ပြဿနာဖြေရှင်းပေးဖို့အတွက် မဖြစ်နိုင်ဘူးလို့ သူကယူဆထား သလို၊ အစိုးရမှာလည်း လတ်တလော ဖြေရှင်းနိုင်ရေး အစီအစဉ်ကောင်းတွေ ရှိနေတာ မတွေ့ရဘူး လို့ သူကပြောပါတယ်။

ကျောမွဲတွေအတွက် ပြန်လည်ကုသရေးမူဝါဒ သတ်သတ်မှတ်မှတ်ရှိနေလား

အစိုးရကတော့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအမျိုးသားအဆင့်ကော်မတီကို ဖွဲ့စည်းထားပါတယ်။ အဲဒီမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး၊ ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေအများအပြားပါဝင်ပါတယ်။

အဲဒီအောက်မှာမှ တုံ့ပြန်ရေး၊ ကုစားရေးအစရှိသဖြင့် ထပ်မံဖွဲ့စည်းထားပါတယ်။ အားလုံးက အစိုးရ အာဏာပိုင်တွေနဲ့သာဖြစ်ပါတယ်။

အဲဒီလိုကော်မတီတွေ အဖွဲ့တွေရှိနေပေမယ့် Crisis Respond Management Plan အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်လို တိတိကျကျ ဖော်ပြတာပြဋ္ဌာန်းထားပြီး သက်ဆိုင် ရာလုပ်ငန်းကျွမ်းကျင်သူ၊ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပါဝင်ဖွဲ့စည်းပြီး လုပ်ဆောင် နေတာမျိုး ကိုတော့ တိတိပပ မတွေ့ရဘူးလို့ ဝေဖန်မှုတွေရှိပါတယ်။ ။

အရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကျပ်တစ်ဘီလီယံထားရှိတာမျိုး၊ ဘဏ်တိုးနှုန်းတွေ လျော့ချ ပေးတာ၊ လျှပ်စစ်မီတာခတွေ ဧပြီလအတွက် ယူနစ် ၁၅၀ ကိုအခမဲ့အသုံးပြုခွင့်ပေးတာမျိုးတွေကိုတော့ လုပ်ပေးပေမယ့်လည်း ရာခိုင်နှုန်းအများစု ကုစားနိုင်တဲ့အခြေအနေမျိုးမဟုတ်ပါဘူးလို့သူတို့ကဆိုပါတယ်။

အခုလိုရိက္ခာထောက်ပံ့တဲ့အစီအစဉ်တွေ၊ ချီးမြှင့်ငွေပေးတာမျိုးတွေကလည်း ရှရှားလိုနိုင်ငံမျိုးတွေမှာ ကိုဗစ် စတင်ခဲ့တဲ့အချိန်က လုပ်ခဲ့တဲ့ ပုံစံမျိုးတွေနဲ့ ခပ်ဆင်ဆင်လိုက်လုပ်တဲ့ ပုံစံမျိုးသာဖြစ်တယ်လို့ ဒေါက်တာ တင်ဝင်းက ပြောပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံက အခြေခံလူတန်းစား တွေအတွက် အလုပ်လက်မဲ့ ပြဿနာ၊ စားသောက်ရေးပြဿနာအတွက် အစိုးရက ဖွဲ့စည်း ထားတဲ့ ကော်မတီတွေမှာ ဖြေရှင်းဖို့အတွက် စနစ်တကျ လုပ်ဆောင်နေတာမျိုးကိုလည်း သူတို့ အနေနဲ့ သိထားရတာမျိုးကို မရှိဘူးလို့ စီးပွားရေးပညာရှင်တွေက ပြောကြပါတယ်။

ဒါကြောင့် ရောဂါပိုးပျံ့ပွားမှုနှုန်းအနည်းဆုံးဖြစ်ပြီးတော့ ကိုဗစ်ကာလ အမြန်ဆုံးပြီးဆုံးမယ့် အချိန်နဲ့ လုပ်ငန်းတွေ ပြန်ဖွင့်နိုင်မှသာ အခြေခံလူတန်းစားတွေ အလုပ်ပြန်လည်လုပ်ကိုင်နိုင်ပြီး သူတို့ စားသောက် ရေးပြဿနာကို ဖြေရှင်းနိုင်မယ်လို့ အများစုက ယုံကြည်နေကြပါတယ်။

အလုပ်တွေပြန်ဖွင့်ရုံနဲ့ အလုပ်လက်မဲ့နဲ့ ပြဿနာ ဖြေရှင်းနိုင်ပါ့မလား

မြန်မာနိုင်ငံရဲ့ထုတ်ကုန်စွမ်းအားအများစုက တရုတ်နိုင်ငံကိုမှီခိုနေရတာဖြစ်ပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေး သစ်သီးဝလံကအစ တရုတ်နိုင်ငံကို တင်သွင်းနေရတာဖြစ်ပါတယ်။ အဲဒီရာခိုင်နှုန်းကလည်း နိုင်ငံထွက်ကုန် စုစုပေါင်း တန်ဖိုးရဲ့ ၃၀ရာခိုင်နှုန်းရှိပါတယ်။

အဲဒါအပြင် တရုတ်နိုင်ငံသားတွေအများစု ရင်းနှီးမြှပ်နှံထားကြတဲ့ အထည်ချုပ်လုပ်ငန်းတွေကလည်း ရာခိုင်နှုန်းအများအပြားပါရှိပါတယ်။

ရန်ကုန်မှာ အထည်ချုပ်လုပ်သား ၇ သိန်းနီးပါးရှိတယ် လို့ အစိုးရ တရားဝင်စာရင်းတွေအရ သိရပါတယ်။

အဲဒီလိုလုပ်ငန်းတွေကနေ အခြေခံလူတန်းစားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း အများဆုံးကိုဖန်တီးပေးနေတာဖြစ်သလို၊ အဲဒီကရတဲ့ ဝင်ငွေတွေနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရတာလည်းဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း ရေတိုမှာ အလုပ်လက်မဲ့ စားဝတ်နေရေးအခက်အခဲပြဿနာတွေကို ဖြေရှင်းပေးရုံမကဘဲ၊ ရေရှည်မှာ အခုလိုလုပ်ငန်းတွေ ပြောင်းရွှေ့မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက် မှုအတွက်ပါ၊ တွေးဆ ပြင်ဆင်နိုင်ဖို့ လိုအပ်မယ်လို့ ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်းက အကြံပြုပါတယ်။

"ကိုဗစ်ဖြစ်တော့ နှာခေါင်းစည်းတောင်မရှိလို့ အကုန်လုံးတရုတ်ကနေဘဲမှာရတယ်။ ဒါကြောင့်နောက်ပိုင်းမှာ အဓိက ထုတ်ကုန်တွေကို ကိုယ့်ပြည်တွင်းမှာဘဲ ထုတ်မယ့် အယူအဆတွေပြန်ဝင်လာကြတယ်၊ အရေး မကြီးတဲ့စက်ရုံတွေလောက်ဘဲ တခြားအာဆီယံတို့ အာရှတို့မှာ ထားမယ့်သဘောဖြစ်လာနိုင်တယ်" လို့ သူကဆိုပါတယ်။

ဒါကြောင့် နိုင်ငံခြားကို ကုန်ကြမ်းပို့နေကြတဲ့ export လုပ်ငန်းတွေအတွက် ၆ လကနေ ၁နှစ် အတွင်း ပြန် လည်ဦးမော့လာနိုင်မယ့်အခြေအနေမရှိနိုင်တဲ့အတွက်ကိုလည်း အစိုးရက ပြင်ဆင်ထားသင့်တယ်လို့ ဒေါက်တာတင်ဝင်းက အကြံပြုပါတယ်။

ကိုဗစ်ကြောင့်ဖြစ်လာမယ့် အကြပ်အတည်းကြောင့်လည်း ဥရောပကိုပို့နေတဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ ထိခိုက်လာနိုင်မယ်လို့လည်း သူကသုံးသပ်ပါတယ်။

ဒီအတွက် အလုပ်လက်မဲ့ဖြစ်နိုင်မယ့် အခြေခံလူတန်းစားတွေအတွက် အစိုးရအနေနဲ့ ရေရှည်ရပ်တည် နိုင်မယ့် စိုက်ပျိုး၊ မွေးမြူရေးအခြေခံထုတ်ကုန်တွေ၊ အဆင့်မြင့်ထုတ်ကုန်တွေကို တိုးတက် ထုတ်လုပ် နိုင်ဖို့ အတွက်ကိုလည်း ဒီထက်ပိုပြီး ရေရှည်အတွက် ပြင်ဆင်သင့်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ် ကြပါတယ်။

အထည်ချုပ်တွေမှာ အလုပ်လုပ်နေရတဲ့လုပ်သား မိသားစုတွေအပါအဝင် ၊ဆောက်လုပ်ရေးလုပ်သားတွေ ၊ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ၊အနှေးယဉ်မောင်းသူတွေအပါအဝင် အခြေခံလူတန်းစားတွေ ကတော့ ကိုဗစ်ကပ်ရောဂါ မြန်မြန်ပြီးဖို့မျှော်နေကြသလို ကိုဗစ်ကပ်ရောဂါအလွန် ကာလကိုလည်း စိုးရိမ် တကြီးနဲ့စောင့်မျှော်နေကြပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52432723
ေက်ာမြဲေတြအတြက္ ကိုဗစ္ -၁၉ ကေမးတဲ့ပုစာၦ ေက်ာမြဲေတြအတြက္ ကိုဗစ္ -၁၉ ကေမးတဲ့ပုစာၦ Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.