ရန္ကုန္ေလဆိပ္ ႏိုင္ငံတကာေလေၾကာင္းပ်ံသန္းမႈ ကန႔္သတ္ခ်က္ ေမ ၁၅ အထိတိုးျမႇင့္


ရန္ကုန္ အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ႏိုင္ငံတကာ ေလေၾကာင္းပ်ံသန္းမႈေတြ ကန႔္သတ္ထားတာကို ေမလ ၁၅ ရက္ေန႔အထိ ထပ္တိုးလိုက္တယ္လို႔ ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကို စီမံခန႔္ခြဲေနတဲ့ ရန္ကုန္ ေအ႐ိုဒိ႐ုမ္းကုမၸဏီ လီမိတက္က မေန႔က ထုတ္ျပန္လိုက္တဲ့အေၾကာင္း ဧၿပီလ ၂၄ရက္ေန႔ထုတ္ ရွင္ဟြာသတင္းမွာ ေဖာ္ျပထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈေတြ စတင္ျဖစ္ပြားခဲ့ၿပီးတဲ့ေနာက္၊ ရန္ကုန္ အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ႏိုင္ငံတကာေလယာဥ္ ပ်ံသန္းမႈေတြကို မတ္လ ၃၀ရက္ကေန ဧၿပီလ ၁၃ ရက္အထိ ရပ္နားေၾကာင္း ပထမဆုံး ထုတ္ျပန္ခဲ့ၿပီး၊ အဲဒီေနာက္ ဧၿပီလ ၃၀ ရက္အထိ ထပ္တိုးခဲ့ပါတယ္။

ေလေၾကာင္း ခရီးသြားလာမႈကေန ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ပ်ံ႕ႏွံ႔မႈေတြ မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ အခုလို ယာယီကန႔္သတ္မႈေတြကို ရက္ထပ္တိုးလိုက္တာလို႔ ကုမၸဏီရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

အခုႏွစ္ ပထမ သုံးလအတြင္းမွာ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကေန ခရီးသြားလာသူ ၁.၄၆ သန္း ရွိခဲ့ၿပီး၊ မႏွစ္က ပထမသုံးလအတြင္း ေလဆိပ္အသုံးျပဳခဲ့တဲ့ အေရအတြက္ထက္ ၁၇ ရာခိုင္ႏႈန္း ေလ်ာ့က်သြားတာျဖစ္တယ္လို႔ ကုမၸဏီရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

RFA Burmese
-------------------------------------------------
ရန်ကုန်လေဆိပ် နိုင်ငံတကာလေကြောင်းပျံသန်းမှု ကန့်သတ်ချက် မေ ၁၅ အထိတိုးမြှင့်

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နိုင်ငံတကာ လေကြောင်းပျံသန်းမှုတွေ ကန့်သတ်ထားတာကို မေလ ၁၅ ရက်နေ့အထိ ထပ်တိုးလိုက်တယ်လို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို စီမံခန့်ခွဲနေတဲ့ ရန်ကုန် အေရိုဒိရုမ်းကုမ္ပဏီ လီမိတက်က မနေ့က ထုတ်ပြန်လိုက်တဲ့အကြောင်း ဧပြီလ ၂၄ရက်နေ့ထုတ် ရှင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ စတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက်၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နိုင်ငံတကာလေယာဉ် ပျံသန်းမှုတွေကို မတ်လ ၃၀ရက်ကနေ ဧပြီလ ၁၃ ရက်အထိ ရပ်နားကြောင်း ပထမဆုံး ထုတ်ပြန်ခဲ့ပြီး၊ အဲဒီနောက် ဧပြီလ ၃၀ ရက်အထိ ထပ်တိုးခဲ့ပါတယ်။

လေကြောင်း ခရီးသွားလာမှုကနေ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အခုလို ယာယီကန့်သတ်မှုတွေကို ရက်ထပ်တိုးလိုက်တာလို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုနှစ် ပထမ သုံးလအတွင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ခရီးသွားလာသူ ၁.၄၆ သန်း ရှိခဲ့ပြီး၊ မနှစ်က ပထမသုံးလအတွင်း လေဆိပ်အသုံးပြုခဲ့တဲ့ အရေအတွက်ထက် ၁၇ ရာခိုင်နှုန်း လျော့ကျသွားတာဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ရန္ကုန္ေလဆိပ္ ႏိုင္ငံတကာေလေၾကာင္းပ်ံသန္းမႈ ကန႔္သတ္ခ်က္ ေမ ၁၅ အထိတိုးျမႇင့္ ရန္ကုန္ေလဆိပ္ ႏိုင္ငံတကာေလေၾကာင္းပ်ံသန္းမႈ ကန႔္သတ္ခ်က္ ေမ ၁၅ အထိတိုးျမႇင့္ Reviewed by THITHTOOLWIN on 06:23 Rating: 5
Powered by Blogger.