ကို႐ိုနာဗိုင္းရပ္စ္- ဗိုင္းရပ္စ္ကူးၿပီးေသမွာထက္ ကြၽန္မက ထမင္းငတ္ၿပီးေသမယ့္ပုံ ရွိတယ္

ကိုဗစ္-၁၉ ေရာဂါေၾကာင့္ လူေတြ အျပင္မထြက္ဘဲေနၾကခ်ိန္ ဘန္ေကာက္က်ဴးေက်ာ္ရပ္ကြက္သားေတြကေတာ့ အငတ္ေဘးကလြတ္ဖို႔ ႐ုန္းကန္ေနၾကရပါတယ္။

အခုခ်ိန္မွာ ဗိုင္းရပ္စ္ေၾကာင့္ထက္ အစာငတ္ၿပီး ေသဖို႔ ပိုမ်ားတယ္လို႔ ထိုင္းႏိုင္ငံ ခေလာင္ေတ ဆင္းရဲသားရပ္ကြက္က လမ္းေဘးေဈးသည္ ပန္တီရာ ဆြတ္သီ က ေျပာပါတယ္။

ဒီရပ္ကြက္ဟာ ဘန္ေကာက္ၿမိဳ႕ေတာ္ရဲ႕ အခ်က္အခ်ာေနရာမွာ ရွိၿပီး ၾကည့္ရဆိုးတဲ့ က်ဴးေက်ာ္ရပ္ကြက္ႀကီး ျဖစ္ပါတယ္။

တူးေျမာင္းေတြ ျဖတ္ေဖာက္ထားၿပီး ႐ႊံ႕ႏြံေတြနဲ႔ျပည့္ေနတဲ့ တစ္ကီလိုမီတာ စတုရန္းအက်ယ္ ရပ္ကြက္ထဲမွာ သစ္သားအေဟာင္းေတြ သြပ္အေဟာင္းေတြနဲ႔ေဆာက္ထားတဲ့ အိမ္ငယ္ေလးေတြကို ေတြ႕ရမွာပါ။

ပန္တီရာ ဆြတ္သီဟာ ဘယ္သူ႔အကူအညီမွ မယူဘဲ သူ႔သမီးနဲ႔ေျမးကို တကိုယ္တည္း ရွာေကြၽးေနတဲ့ မိခင္တစ္ဦးပါ။

အနားက ေက်ာင္းတစ္ေက်ာင္းမွာ ၾကက္ေၾကာ္နဲ႔ အသားလုံးေတြ ေရာင္းၿပီး အသက္ေမြးေနရသူ ျဖစ္ပါတယ္။ ဒါေပမဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေက်ာင္းေတြ ပိတ္လိုက္ရေတာ့ သူ႔ရဲ႕တစ္ခုတည္းေသာ ဝင္ေငြလည္း ႐ုတ္တရက္ ရပ္သြားခဲ့ရၿပီး တစ္ေန႔ကို ဘတ္တစ္ေထာင္ေလာက္ ဝင္ေငြ ရွိေနရာကေန ဘာဝင္ေငြမွ မရွိေတာ့တဲ့ဘဝ ေရာက္သြားခဲ့ရပါတယ္။

ခေလာင္ေတ ရပ္ကြက္မွာ ေနထိုင္ေနတဲ့ လူ ႏွစ္ေသာင္းေလာက္လိုပဲ ကို႐ိုနာဗိုင္းရပ္စ္ရဲ႕ဒဏ္ကို ပန္တီရာ ဆြတ္သီ အႀကီးအက်ယ္ခံေနရပါတယ္။

သူမ်ားလႉတဲ့ အစားအစာေတြ
 ဆြတ္သီတို႔မိသားစု ဘုန္းႀကီးေက်ာင္းနဲ႔ အလႉရွင္ေတြဆီက ရတဲ့ စားစရာနဲ႔ အသက္ဆက္ေနရ
ပန္တီရာ ဆြတ္သီ အတြက္ကေတာ့ လက္သန႔္စင္ရည္ေတြ၊ ႏွာေခါင္းစည္းေတြထက္ သူ႔မိသားစု စားဖို႔ စားနပ္ရိကၡာေတြ စုေဆာင္းထားႏိုင္ဖို႔က ပိုအေရးႀကီးေနပါတယ္။ ႏွစ္ခုစလုံး ဝယ္ဖို႔ေတာ့ မတတ္ႏိုင္ပါဘူး။

"ကံေကာင္းတာက ကြၽန္မတို႔အသိုင္းအဝိုင္းၾကားမွာ ေရာဂါပိုး ကူးစက္တာ မရွိေသးေတာ့ ကြၽန္မအတြက္ ဖ်ားနာဖို႔၊ အသက္အႏၲရာယ္ျဖစ္ဖို႔ မရွိေသးပါဘူး။ ဒါေပမဲ့ ဆင္းရဲမြဲေတမႈက ကြၽန္မတို႔ကို တျဖည္းျဖည္းခ်င္း ညႇင္းသတ္ေနပါၿပီ" လို႔သူက ေျပာျပပါတယ္။

"အေျခအေနေတြ မၾကာခင္ ျပန္ေကာင္းလာမယ္လို႔ ေမွ်ာ္လင့္ပါတယ္၊ အစိုးရက ကူမယ္လို႔လည္း ေမွ်ာ္လင့္ထားပါတယ္"

သူေရာင္းတဲ့ အစားအေသာက္ေတြကို ဝယ္မယ့္ ေက်ာင္းသားေတြ၊ ေဖာက္သည္ေတြ မရွိေတာ့တဲ့အတြက္ ေငြလည္း မဝင္ေတာ့ပါဘူး။

ဓာတ္ပုံ မူပိုင္ Wasawat Lukharang / BBC Thai
"တကယ့္ကိုအျပင္ထြက္ ေဈးေရာင္းၿပီး ေငြရွာခ်င္တာပါ၊ ဒါေပမဲ့ ၾကက္သားတို႔၊ အသားလုံးတို႔ဝယ္ဖို႔ ပိုက္ဆံက မေလာက္ေတာ့ ဘယ္မွာ သြားရွာရမလဲ"လို႔ သူက ေျပာပါတယ္။

ဘုရားေစတီေတြ၊ ပရဟိတအဖြဲ႕ေတြက လႉတဲ့ အစားအစာေတြနဲ႔ပဲ သူအသက္ရွင္ေနပါတယ္။

အနားတဝိုက္မွာ အစားအေသာက္ေတြ ေဝေနတယ္လို႔ ၾကားရင္ အျမန္သြားၿပီး မိသားတစ္စုလုံး အလုံအေလာက္ စားႏိုင္ေအာင္ အစားအေသာက္ေတြ ႀကိဳးစား ယူခဲ့ပါတယ္၊ ဒီဗိုင္းရပ္စ္ကိုေၾကာက္ေပမဲ့ ဘယ္ကမွ ေငြမရွာႏိုင္ေတာ့ ဒီနည္းနဲ႔ပဲ ရပ္တည္ ရွင္သန္ေနရတာပါ။

ေ႐ြးစရာ တျခားနည္းလမ္းမရွိ
အိမ္ျပင္မထြက္ဖို႔ အစိုးရက ၫႊန္ၾကားထားတာ သိေပမဲ့ အသက္ရွင္ႏိုင္ေရးအတြက္ ေငြရွာဖို႔က ပိုအေရးႀကီး
မူးယစ္ေဆး ေရာင္းတာတို႔၊ အလစ္သုတ္တာတို႔ကလြဲရင္ ဒီဆင္းရဲသားရပ္ကြက္က လူေတြအတြက္ ေ႐ြးစရာအလုပ္မ်ားမ်ား မရွိပါဘူး။

အသက္ ၅၆ ႏွစ္အ႐ြယ္ ပ်ံက်အလုပ္သမ ေသာင္႐ြန္ ေသာင္ဖြန္ ဆိုရင္လည္း တျခားသူေတြလိုပဲ ဒီလိုအခ်ိန္မ်ိဳးမွာ မနည္း ႀကိဳးစား ႐ုန္းကန္ၿပီး ပိုက္ဆံရွာေနရပါတယ္။ ေန႔တိုင္း သူ႔ခင္ပြန္းသည္နဲ႔အတူ က်ဴးေက်ာ္ရပ္ကြက္ အိမ္ကေန ထြက္ၿပီး အနားမွာရွိတဲ့ရပ္ကြက္တစ္ခုက လမ္းမွာ သူတို႔ကို ေခၚအလုပ္ခိုင္းမယ့္သူေတြကို ရပ္ေစာင့္ရပါတယ္။ အိမ္ျပင္မထြက္ဖို႔ အစိုးရက ၫႊန္ၾကားထားတာ သိေပမဲ့ သူ႔အတြက္က အသက္ရွင္ႏိုင္ေရးအတြက္ ေငြရွာဖို႔က ပိုအေရးႀကီးေနတာပါ။

"ကြၽန္မတို႔လို ဆင္းရဲသားေတြမွာ ေ႐ြးစရာလမ္း သိပ္မရွိပါဘူး၊ လူတိုင္း အိမ္ထဲမွာေနၾကဖို႔ အစိုးရက ေျပာထားတာ သိပါတယ္၊ ဒါေပမဲ့ အျပင္ထြက္ၿပီး ပိုက္ဆံမရွာရင္ အိမ္သားေတြတစ္ေယာက္မွ အသက္ရွင္မွာ မဟုတ္ဘူး" လို႔ ေသာင္႐ြန္ ေသာင္ဖြန္က ရွင္းျပပါတယ္။

"ကြၽန္မတို႔ကို ဘယ္သူမွ အလုပ္မငွားၾကေတာ့ဘူး။ အျပင္ထြက္တဲ့အတြက္ ဗိုင္းရပ္စ္ပိုး ကူးဖို႔ အႏၲရာယ္ ပိုမ်ားတယ္။ ရပ္ကြက္ထဲလည္း ေရာဂါပိုးျပန္သယ္လာႏိုင္တယ္။ ဒါေပမဲ့ ဘယ္လိုလုပ္မလဲ။ ကြၽန္မကေလးေတြ ထမင္းစားဖို႔၊ အေႂကြးရွင္ကို အေႂကြးဆပ္ဖို႔ ကြၽန္မမွာ ဖိအားေတြ အမ်ားႀကီးပဲ။ တစ္ခါတစ္ေလ ေလာကႀကီးမွာ ေနဖို႔ေတာင္ မေကာင္းေတာ့ဘူးလို႔ ေတြးမိတယ္" လို႔ သူက ေျပာျပပါတယ္။

ခံႏိုင္ရည္နည္းပါးမႈ
ထိုင္းႏိုင္ငံရဲ႕ အႀကီးဆုံး က်ဴးေက်ာ္ရပ္ကြက္ ခေလာင္ေတ
ခေလာင္ေတ ရပ္ကြက္ဟာ ထိုင္းႏိုင္ငံရဲ႕ အႀကီးဆုံး က်ဴးေက်ာ္ရပ္ကြက္ ျဖစ္ပါတယ္။ အဲဒီမွာ တရားဝင္ ေနထိုင္ေနတဲ့ လူအေရအတြက္က ႏွစ္ေသာင္းေလာက္ ရွိတယ္လို႔ ဆိုေပမဲ့ တကယ္တမ္းမွာ လူတစ္သိန္းနီးပါးေလာက္ ေနေနတယ္လို႔ ယူဆရပါတယ္။

အိမ္ေတြ ျပည့္က်ပ္ေနတဲ့အတြက္ ေရာဂါပိုး ကူးစက္ျပန႔္ပြားဖို႔ အရမ္းကို လြယ္ကူေစပါတယ္။

ဒီရပ္ကြက္မွာ ေနထိုင္ေနသူအမ်ားစုဟာ ကိုဗစ္-၁၉ ေရာဂါအေၾကာင္း သိေနၾကပါတယ္။ ဒါေပမဲ့ ဘာ အရင္းအျမစ္မွ မရတဲ့အတြက္ သူတို႔အခ်င္းခ်င္း ဂ႐ုစိုက္ၾက႐ုံကလြဲလို႔ ဘာမွ သိပ္မတတ္ႏိုင္ၾကပါဘူး။

"ဒီရပ္ကြက္က လူအမ်ားစုဟာ ကေလးေတြ၊ သက္ႀကီး႐ြယ္အိုေတြနဲ႔ လမ္းေကာင္းေကာင္း မေလွ်ာက္ႏိုင္တဲ့ နာမက်န္းသူေတြ ျဖစ္ပါတယ္၊ တစ္ေယာက္ေလာက္သာ ေရာဂါကူးၾကည့္ပါ၊ တစ္ရပ္ကြက္လုံး ျပဳတ္သြားႏိုင္တယ္" လို႔ အဲဒီက ေနာက္ရပ္ကြက္သူတစ္ဦးျဖစ္တဲ့ ဆာနစ္မြမ္ေဝ က ေျပာပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ လက္ဒါ မန္မီပို ဟာလည္း ဒီက်ဴးေက်ာ္ရပ္ကြက္မွာပဲ ေနတာပါ။ သူကေတာ့ ႏွာေခါင္းစည္းေတြ ခ်ဳပ္ၿပီး လူေတြကို အခမဲ့ ေဝေပးပါတယ္။
အိမ္ေတြအရမ္းကပ္ေနလို႔ ကူးစက္မႈျဖစ္ရင္ လြယ္လြယ္ျပန္႔သြားႏိုင္
"ကြၽန္မက အလုပ္ရွိၿပီး မိသားစုကို ေထာက္ပံ့ႏိုင္တဲ့ ကံေကာင္းသူတစ္ဦးပါ။ ဒါေပမဲ့ ကြၽန္မအေဒၚေတြ၊ ဦးေလးေတြ၊ အိမ္နီးခ်င္းေတြ အေတာ္မ်ားမ်ား ဒီအၾကပ္အတည္းႀကီးထဲမွာ မနည္းကို ႐ုန္းကန္ေနရပါတယ္"

"အကုန္လုံးက ပ်ံက် အလုပ္သမားေတြ ျဖစ္ၿပီး ေလာေလာဆယ္ အလုပ္မရွိၾကပါဘူး။ အခုက ဘန္ေကာက္မွာ ကပ္ေရာဂါဆိုးႀကီးျဖစ္တာ ပထမလပဲ ရွိေသးေပမဲ့ လူေတြ မနည္း ႐ုန္းကန္ေနၾကရပါၿပီ။ ေနာက္လေတြဆိုရင္ ဘယ္လိုျဖစ္မလဲဆိုတာ မေတြးရဲေလာက္ေအာင္ပါပဲ"

"ကြၽန္မတို႔ေနတဲ့လမ္းမွာ အေျခအေနက အေတာ္ေလးကို ေၾကာက္စရာ ေကာင္းပါတယ္။ ကိုဗစ္-၁၉ ေရာဂါ ျဖစ္ေနတယ္လို႔ အတည္ျပဳထားတဲ့ သူတစ္ေယာက္ ရွိေနၿပီ" လို႔ လက္ဒါ မန္မီပို က ေျပာျပပါတယ္။

"ရပ္ကြက္ႀကီးတစ္ခုလုံး လူေတြ အေတာ္မ်ားမ်ား ေရာဂါကူးၿပီး ေသကုန္ၾကမွာကို ကြၽန္မ အရမ္းစိုးရိမ္တယ္"လို႔ ဆိုပါတယ္။

အေမ့ခံရပ္ကြက္
ခေလာင္ေတရပ္ကြက္ႀကီးကို ဖ်က္ပစ္ဖို႔ အစိုးရ စီစဥ္ထား
ထိုင္းႏိုင္ငံတဝန္းမွာ ဒီကပ္ေရာဂါဆိုးႀကီးအတြက္ ျပည္သူေတြ ျပင္ဆင္ေနၾကခ်ိန္မွာ ခေလာင္ေတ ဆင္းရဲသားရပ္ကြက္က လူေထာင္ေပါင္းမ်ားစြာကေတာ့ ႀကီးမားတဲ့ အႏၲရာယ္ က်ေရာက္ေနၿပီ ျဖစ္ပါတယ္။

လူေတြ အျပင္မထြက္ၾကဖို႔၊ တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္ခြာခြာ ေနၾကဖို႔ ၫႊန္ၾကားထားေပမဲ့ ဒီရပ္ကြက္က လူေတြအတြက္ကေတာ့ တကယ့္လက္ေတြ႕မွာ ဒါကို လိုက္နာဖို႔ ျဖစ္ႏိုင္မွာမဟုတ္ပါဘူး။

ထိုင္းႏိုင္ငံမွာ ေရာဂါကူးစက္မႈအသစ္ေတြ တိုးလာေနသလို ေသဆုံးသူ အေရအတြက္ကလည္းမ်ားလာေနပါတယ္။

ဒါေပမဲ့ ဒီက်ဴးေက်ာ္ရပ္ကြက္မွာ ေနထိုင္ေနတဲ့သူေတြကေတာ့ ဘာဝင္ေငြမွ မရွိတဲ့ အေျခအေနမ်ိဳးမွာ ေရာဂါအကူးခံၿပီး အျပင္ထြက္ အလုပ္လုပ္ရဖို႔ကလြဲလို႔ တျခားနည္းလမ္း မရွိေတာ့ပါဘူး။

ထိုင္းအစိုးရက ခေလာင္ေတ က်ဴးေက်ာ္ရပ္ကြက္ကို လာမယ့္ ၁၀ ႏွစ္အတြင္း ဖ်က္သိမ္းပစ္မယ့္စာရင္းထဲမွာ ထည့္ထားပါတယ္။ ဒါေပမဲ့ လူေတြကေတာ့ ဒီရပ္ကြက္ကို အေတြးထဲကေနေတာင္ ေဖ်ာက္ထားၿပီးျဖစ္ပုံ ရပါတယ္။

BBC Burmese
----------------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်- ဗိုင်းရပ်စ်ကူးပြီးသေမှာထက် ကျွန်မက ထမင်းငတ်ပြီးသေမယ့်ပုံ ရှိတယ်

ကိုဗစ်-၁၉ ရောဂါကြောင့် လူတွေ အပြင်မထွက်ဘဲနေကြချိန် ဘန်ကောက်ကျူးကျော်ရပ်ကွက်သားတွေကတော့ အငတ်ဘေးကလွတ်ဖို့ ရုန်းကန်နေကြရပါတယ်။

အခုချိန်မှာ ဗိုင်းရပ်စ်ကြောင့်ထက် အစာငတ်ပြီး သေဖို့ ပိုများတယ်လို့ ထိုင်းနိုင်ငံ ခလောင်တေ ဆင်းရဲသားရပ်ကွက်က လမ်းဘေးဈေးသည် ပန်တီရာ ဆွတ်သီ က ပြောပါတယ်။

ဒီရပ်ကွက်ဟာ ဘန်ကောက်မြို့တော်ရဲ့ အချက်အချာနေရာမှာ ရှိပြီး ကြည့်ရဆိုးတဲ့ ကျူးကျော်ရပ်ကွက်ကြီး ဖြစ်ပါတယ်။

တူးမြောင်းတွေ ဖြတ်ဖောက်ထားပြီး ရွှံ့နွံတွေနဲ့ပြည့်နေတဲ့ တစ်ကီလိုမီတာ စတုရန်းအကျယ် ရပ်ကွက်ထဲမှာ သစ်သားအဟောင်းတွေ သွပ်အဟောင်းတွေနဲ့ဆောက်ထားတဲ့ အိမ်ငယ်လေးတွေကို တွေ့ရမှာပါ။

ပန်တီရာ ဆွတ်သီဟာ ဘယ်သူ့အကူအညီမှ မယူဘဲ သူ့သမီးနဲ့မြေးကို တကိုယ်တည်း ရှာကျွေးနေတဲ့ မိခင်တစ်ဦးပါ။

အနားက ကျောင်းတစ်ကျောင်းမှာ ကြက်ကြော်နဲ့ အသားလုံးတွေ ရောင်းပြီး အသက်မွေးနေရသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျောင်းတွေ ပိတ်လိုက်ရတော့ သူ့ရဲ့တစ်ခုတည်းသော ဝင်ငွေလည်း ရုတ်တရက် ရပ်သွားခဲ့ရပြီး တစ်နေ့ကို ဘတ်တစ်ထောင်လောက် ဝင်ငွေ ရှိနေရာကနေ ဘာဝင်ငွေမှ မရှိတော့တဲ့ဘဝ ရောက်သွားခဲ့ရပါတယ်။

ခလောင်တေ ရပ်ကွက်မှာ နေထိုင်နေတဲ့ လူ နှစ်သောင်းလောက်လိုပဲ ကိုရိုနာဗိုင်းရပ်စ်ရဲ့ဒဏ်ကို ပန်တီရာ ဆွတ်သီ အကြီးအကျယ်ခံနေရပါတယ်။

သူများလှူတဲ့ အစားအစာတွေ

ပန်တီရာ ဆွတ်သီ အတွက်ကတော့ လက်သန့်စင်ရည်တွေ၊ နှာခေါင်းစည်းတွေထက် သူ့မိသားစု စားဖို့ စားနပ်ရိက္ခာတွေ စုဆောင်းထားနိုင်ဖို့က ပိုအရေးကြီးနေပါတယ်။ နှစ်ခုစလုံး ဝယ်ဖို့တော့ မတတ်နိုင်ပါဘူး။

"ကံကောင်းတာက ကျွန်မတို့အသိုင်းအဝိုင်းကြားမှာ ရောဂါပိုး ကူးစက်တာ မရှိသေးတော့ ကျွန်မအတွက် ဖျားနာဖို့၊ အသက်အန္တရာယ်ဖြစ်ဖို့ မရှိသေးပါဘူး။ ဒါပေမဲ့ ဆင်းရဲမွဲတေမှုက ကျွန်မတို့ကို တဖြည်းဖြည်းချင်း ညှင်းသတ်နေပါပြီ" လို့သူက ပြောပြပါတယ်။

"အခြေအနေတွေ မကြာခင် ပြန်ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်၊ အစိုးရက ကူမယ်လို့လည်း မျှော်လင့်ထားပါတယ်"

သူရောင်းတဲ့ အစားအသောက်တွေကို ဝယ်မယ့် ကျောင်းသားတွေ၊ ဖောက်သည်တွေ မရှိတော့တဲ့အတွက် ငွေလည်း မဝင်တော့ပါဘူး။

"တကယ့်ကိုအပြင်ထွက် ဈေးရောင်းပြီး ငွေရှာချင်တာပါ၊ ဒါပေမဲ့ ကြက်သားတို့၊ အသားလုံးတို့ဝယ်ဖို့ ပိုက်ဆံက မလောက်တော့ ဘယ်မှာ သွားရှာရမလဲ"လို့ သူက ပြောပါတယ်။

ဘုရားစေတီတွေ၊ ပရဟိတအဖွဲ့တွေက လှူတဲ့ အစားအစာတွေနဲ့ပဲ သူအသက်ရှင်နေပါတယ်။

အနားတဝိုက်မှာ အစားအသောက်တွေ ဝေနေတယ်လို့ ကြားရင် အမြန်သွားပြီး မိသားတစ်စုလုံး အလုံအလောက် စားနိုင်အောင် အစားအသောက်တွေ ကြိုးစား ယူခဲ့ပါတယ်၊ ဒီဗိုင်းရပ်စ်ကိုကြောက်ပေမဲ့ ဘယ်ကမှ ငွေမရှာနိုင်တော့ ဒီနည်းနဲ့ပဲ ရပ်တည် ရှင်သန်နေရတာပါ။

ရွေးစရာ တခြားနည်းလမ်းမရှိ

မူးယစ်ဆေး ရောင်းတာတို့၊ အလစ်သုတ်တာတို့ကလွဲရင် ဒီဆင်းရဲသားရပ်ကွက်က လူတွေအတွက် ရွေးစရာအလုပ်များများ မရှိပါဘူး။

အသက် ၅၆ နှစ်အရွယ် ပျံကျအလုပ်သမ သောင်ရွန် သောင်ဖွန် ဆိုရင်လည်း တခြားသူတွေလိုပဲ ဒီလိုအချိန်မျိုးမှာ မနည်း ကြိုးစား ရုန်းကန်ပြီး ပိုက်ဆံရှာနေရပါတယ်။ နေ့တိုင်း သူ့ခင်ပွန်းသည်နဲ့အတူ ကျူးကျော်ရပ်ကွက် အိမ်ကနေ ထွက်ပြီး အနားမှာရှိတဲ့ရပ်ကွက်တစ်ခုက လမ်းမှာ သူတို့ကို ခေါ်အလုပ်ခိုင်းမယ့်သူတွေကို ရပ်စောင့်ရပါတယ်။ အိမ်ပြင်မထွက်ဖို့ အစိုးရက ညွှန်ကြားထားတာ သိပေမဲ့ သူ့အတွက်က အသက်ရှင်နိုင်ရေးအတွက် ငွေရှာဖို့က ပိုအရေးကြီးနေတာပါ။

"ကျွန်မတို့လို ဆင်းရဲသားတွေမှာ ရွေးစရာလမ်း သိပ်မရှိပါဘူး၊ လူတိုင်း အိမ်ထဲမှာနေကြဖို့ အစိုးရက ပြောထားတာ သိပါတယ်၊ ဒါပေမဲ့ အပြင်ထွက်ပြီး ပိုက်ဆံမရှာရင် အိမ်သားတွေတစ်ယောက်မှ အသက်ရှင်မှာ မဟုတ်ဘူး" လို့ သောင်ရွန် သောင်ဖွန်က ရှင်းပြပါတယ်။

"ကျွန်မတို့ကို ဘယ်သူမှ အလုပ်မငှားကြတော့ဘူး။ အပြင်ထွက်တဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးဖို့ အန္တရာယ် ပိုများတယ်။ ရပ်ကွက်ထဲလည်း ရောဂါပိုးပြန်သယ်လာနိုင်တယ်။ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ။ ကျွန်မကလေးတွေ ထမင်းစားဖို့၊ အကြွေးရှင်ကို အကြွေးဆပ်ဖို့ ကျွန်မမှာ ဖိအားတွေ အများကြီးပဲ။ တစ်ခါတစ်လေ လောကကြီးမှာ နေဖို့တောင် မကောင်းတော့ဘူးလို့ တွေးမိတယ်" လို့ သူက ပြောပြပါတယ်။

ခံနိုင်ရည်နည်းပါးမှု

ခလောင်တေ ရပ်ကွက်ဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ကျူးကျော်ရပ်ကွက် ဖြစ်ပါတယ်။ အဲဒီမှာ တရားဝင် နေထိုင်နေတဲ့ လူအရေအတွက်က နှစ်သောင်းလောက် ရှိတယ်လို့ ဆိုပေမဲ့ တကယ်တမ်းမှာ လူတစ်သိန်းနီးပါးလောက် နေနေတယ်လို့ ယူဆရပါတယ်။

အိမ်တွေ ပြည့်ကျပ်နေတဲ့အတွက် ရောဂါပိုး ကူးစက်ပြန့်ပွားဖို့ အရမ်းကို လွယ်ကူစေပါတယ်။

ဒီရပ်ကွက်မှာ နေထိုင်နေသူအများစုဟာ ကိုဗစ်-၁၉ ရောဂါအကြောင်း သိနေကြပါတယ်။ ဒါပေမဲ့ ဘာ အရင်းအမြစ်မှ မရတဲ့အတွက် သူတို့အချင်းချင်း ဂရုစိုက်ကြရုံကလွဲလို့ ဘာမှ သိပ်မတတ်နိုင်ကြပါဘူး။

"ဒီရပ်ကွက်က လူအများစုဟာ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ လမ်းကောင်းကောင်း မလျှောက်နိုင်တဲ့ နာမကျန်းသူတွေ ဖြစ်ပါတယ်၊ တစ်ယောက်လောက်သာ ရောဂါကူးကြည့်ပါ၊ တစ်ရပ်ကွက်လုံး ပြုတ်သွားနိုင်တယ်" လို့ အဲဒီက နောက်ရပ်ကွက်သူတစ်ဦးဖြစ်တဲ့ ဆာနစ်မွမ်ဝေ က ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ် လက်ဒါ မန်မီပို ဟာလည်း ဒီကျူးကျော်ရပ်ကွက်မှာပဲ နေတာပါ။ သူကတော့ နှာခေါင်းစည်းတွေ ချုပ်ပြီး လူတွေကို အခမဲ့ ဝေပေးပါတယ်။

"ကျွန်မက အလုပ်ရှိပြီး မိသားစုကို ထောက်ပံ့နိုင်တဲ့ ကံကောင်းသူတစ်ဦးပါ။ ဒါပေမဲ့ ကျွန်မအဒေါ်တွေ၊ ဦးလေးတွေ၊ အိမ်နီးချင်းတွေ အတော်များများ ဒီအကြပ်အတည်းကြီးထဲမှာ မနည်းကို ရုန်းကန်နေရပါတယ်"

"အကုန်လုံးက ပျံကျ အလုပ်သမားတွေ ဖြစ်ပြီး လောလောဆယ် အလုပ်မရှိကြပါဘူး။ အခုက ဘန်ကောက်မှာ ကပ်ရောဂါဆိုးကြီးဖြစ်တာ ပထမလပဲ ရှိသေးပေမဲ့ လူတွေ မနည်း ရုန်းကန်နေကြရပါပြီ။ နောက်လတွေဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာ မတွေးရဲလောက်အောင်ပါပဲ"

"ကျွန်မတို့နေတဲ့လမ်းမှာ အခြေအနေက အတော်လေးကို ကြောက်စရာ ကောင်းပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်နေတယ်လို့ အတည်ပြုထားတဲ့ သူတစ်ယောက် ရှိနေပြီ" လို့ လက်ဒါ မန်မီပို က ပြောပြပါတယ်။

"ရပ်ကွက်ကြီးတစ်ခုလုံး လူတွေ အတော်များများ ရောဂါကူးပြီး သေကုန်ကြမှာကို ကျွန်မ အရမ်းစိုးရိမ်တယ်"လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာ ဒီကပ်ရောဂါဆိုးကြီးအတွက် ပြည်သူတွေ ပြင်ဆင်နေကြချိန်မှာ ခလောင်တေ ဆင်းရဲသားရပ်ကွက်က လူထောင်ပေါင်းများစွာကတော့ ကြီးမားတဲ့ အန္တရာယ် ကျရောက်နေပြီ ဖြစ်ပါတယ်။

လူတွေ အပြင်မထွက်ကြဖို့၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ နေကြဖို့ ညွှန်ကြားထားပေမဲ့ ဒီရပ်ကွက်က လူတွေအတွက်ကတော့ တကယ့်လက်တွေ့မှာ ဒါကို လိုက်နာဖို့ ဖြစ်နိုင်မှာမဟုတ်ပါဘူး။

ထိုင်းနိုင်ငံမှာ ရောဂါကူးစက်မှုအသစ်တွေ တိုးလာနေသလို သေဆုံးသူ အရေအတွက်ကလည်းများလာနေပါတယ်။

ဒါပေမဲ့ ဒီကျူးကျော်ရပ်ကွက်မှာ နေထိုင်နေတဲ့သူတွေကတော့ ဘာဝင်ငွေမှ မရှိတဲ့ အခြေအနေမျိုးမှာ ရောဂါအကူးခံပြီး အပြင်ထွက် အလုပ်လုပ်ရဖို့ကလွဲလို့ တခြားနည်းလမ်း မရှိတော့ပါဘူး။

ထိုင်းအစိုးရက ခလောင်တေ ကျူးကျော်ရပ်ကွက်ကို လာမယ့် ၁၀ နှစ်အတွင်း ဖျက်သိမ်းပစ်မယ့်စာရင်းထဲမှာ ထည့်ထားပါတယ်။ ဒါပေမဲ့ လူတွေကတော့ ဒီရပ်ကွက်ကို အတွေးထဲကနေတောင် ဖျောက်ထားပြီးဖြစ်ပုံ ရပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52288242
ကို႐ိုနာဗိုင္းရပ္စ္- ဗိုင္းရပ္စ္ကူးၿပီးေသမွာထက္ ကြၽန္မက ထမင္းငတ္ၿပီးေသမယ့္ပုံ ရွိတယ္ ကို႐ိုနာဗိုင္းရပ္စ္- ဗိုင္းရပ္စ္ကူးၿပီးေသမွာထက္ ကြၽန္မက ထမင္းငတ္ၿပီးေသမယ့္ပုံ ရွိတယ္ Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.