ပါကစၥတန္မွာ က်န္းမာေရး၀န္ထမ္း ၄၈၀ ခန္႔ ကုိဗစ္ကူးစက္ေန


(Zawgyi/Unicode)

ပါကစၥတန္ႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါပိုး အကူးစက္ခံရသူ ၁၅ ၀၀၀ ေက်ာ္ရွိတဲ့ ထဲမွာ က်န္းမာေရးလုပ္သားက ၄၈၀ ေလာက္ရွိေနၿပီး ဒီေရာဂါေၾကာင့္ ေသဆံုးရသူ စုစုေပါင္း ၃၃၅ ဦးထဲမွာ ဆရာဝန္ အနည္းဆံုး ၃ ဦးပါေနတယ္လို႔ ပါကစၥတန္ အစိုးရက ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။

ေဖေဖၚဝါရီလ ေႏွာင္းပိုင္းေလာက္ကမွ စၿပီး ဒီေရာဂါျဖစ္ပြါးလာတဲ့ ပါကစၥတန္မွာ အခု က်န္းမာေရးဝန္ထမ္း ၅၀၀ နီးပါး ဒီေရာဂါပိုး အကူးစက္ခံေနရတာဟာ အေတာ့္ကို စိုးရိမ္စရာ ျဖစ္ေနတယ္လို႔ ဒီေရာဂါတိုက္ဖ်က္ေရးအတြက္ ပါကစၥတန္အစိုးရ မၾကာေသးခင္ကမွ ထူေထာင္လိုက္တဲ့ ဗဟိုဌာန NCOC မွာ က်န္းမာေရး ဝန္ႀကီး Zafar Mirza က သတင္းေထာက္ေတြကို ေျပာပါတယ္။

ပါကစၥတန္မွာ ဆရာဝန္ ၂၂၀ ၀၀၀ ေက်ာ္ရွိၿပီး သူနာျပဳက တသိန္းခြဲ ေလာက္ရွိမယ္လို႔ ခန္႔မွန္းထားပါတယ္။ ႏုိင္ငံတဝွမ္း ေရာဂါရွင္ေတြကို အႏၱရာယ္ၾကားကေန က်န္းမာေရး ေစာင့္ေရွာက္ေပးေနတဲ့ ဒီက်န္းမာေရး လုပ္သားေတြ လိုအပ္တဲ့ တကိုယ္ေရ ကာကြယ္ေရး ဝတ္စံုေတြ ပစၥည္းေတြ မျပတ္ေအာင္ လုပ္ေပးေနၿပီး ေလာေလာဆယ္မွာေတာ့ ဒီေရာဂါရွင္ေတြနဲ႔ တိုက္ရိုက္ ထိေတြ႔ကုသေပးေနသူေတြကုို အဓိက ပံ့ပိုးေပးေနတတယ္လို႔လည္း Mirza က ေျပာပါတယ္။

ဒါ့အျပင္ ဒီေရာဂါရွင္ေတြကို ကုသရင္း အသက္ေပးခဲ့ၾကရတဲ့ ဒီက်န္းမာေရး လုပ္သားေတြကို အာဇာနည္ေတြ အျဖစ္နဲ႔ သတ္မွတ္ၿပီး သူတုိ႔ရဲ့ မိသားစုေတြအတြက္ နစ္နာေၾကး ခ်ီးျမွင့္မယ့္ ႏိုင္ငံေတာ္အစီအစဥ္ကိုလည္း ေၾကညာခဲ့ပါတယ္။

ပါကစၥတန္မွာ ရက္ပိုင္းအတြင္း ဒီေရာဂါ အကူးစက္ခံရသူနဲ႔ ေသဆံုးသူ အေရအတြက္ တဟုန္ထိုး တိုးလာတယ္လို႔လည္း NCOC အႀကီးအကဲ ျဖစ္တဲ့ အစိုးရအဖြဲ႔ဝန္ႀကီး Asad Umar က ေျပာပါတယ္။ ဒါေပမယ့္ ဒါဟာ ဒီေရာဂါပိုးကူးစက္မႈရွိမရွိ. စစ္ေဆးမႈကို အရင္က တေန႔ကို လူ ၅၀၀ ေတာင္မစစ္ေဆး ႏုိင္တဲ့ အေျခေနကေန အခု တေန႔ကို လူ ၈၅ ၀၀၀ ေလာက္ ေဆးစစ္ႏုိင္ခဲ့ တာေၾကာင့္ ျဖစ္ႏုိင္တယ္လို႔လည္း ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------

ပါကစ္စတန်မှာ ကျန်းမာရေးဝန်ထမ်း ၄၈၀ ခန့် ကိုဗစ်ကူးစက်နေ

(Unicode)

ပါကစ္စတန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး အကူးစက်ခံရသူ ၁၅ ၀၀၀ ကျော်ရှိတဲ့ ထဲမှာ ကျန်းမာရေးလုပ်သားက ၄၈၀ လောက်ရှိနေပြီး ဒီရောဂါကြောင့် သေဆုံးရသူ စုစုပေါင်း ၃၃၅ ဦးထဲမှာ ဆရာဝန် အနည်းဆုံး ၃ ဦးပါနေတယ်လို့ ပါကစ္စတန် အစိုးရက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဖေဖေါ်ဝါရီလ နှောင်းပိုင်းလောက်ကမှ စပြီး ဒီရောဂါဖြစ်ပွါးလာတဲ့ ပါကစ္စတန်မှာ အခု ကျန်းမာရေးဝန်ထမ်း ၅၀၀ နီးပါး ဒီရောဂါပိုး အကူးစက်ခံနေရတာဟာ အတော့်ကို စိုးရိမ်စရာ ဖြစ်နေတယ်လို့ ဒီရောဂါတိုက်ဖျက်ရေးအတွက် ပါကစ္စတန်အစိုးရ မကြာသေးခင်ကမှ ထူထောင်လိုက်တဲ့ ဗဟိုဌာန NCOC မှာ ကျန်းမာရေး ဝန်ကြီး Zafar Mirza က သတင်းထောက်တွေကို ပြောပါတယ်။

ပါကစ္စတန်မှာ ဆရာဝန် ၂၂၀ ၀၀၀ ကျော်ရှိပြီး သူနာပြုက တသိန်းခွဲ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နိုင်ငံတဝှမ်း ရောဂါရှင်တွေကို အန္တရာယ်ကြားကနေ ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ ဒီကျန်းမာရေး လုပ်သားတွေ လိုအပ်တဲ့ တကိုယ်ရေ ကာကွယ်ရေး ဝတ်စုံတွေ ပစ္စည်းတွေ မပြတ်အောင် လုပ်ပေးနေပြီး လောလောဆယ်မှာတော့ ဒီရောဂါရှင်တွေနဲ့ တိုက်ရိုက် ထိတွေ့ကုသပေးနေသူတွေကို အဓိက ပံ့ပိုးပေးနေတတယ်လို့လည်း Mirza က ပြောပါတယ်။

ဒါ့အပြင် ဒီရောဂါရှင်တွေကို ကုသရင်း အသက်ပေးခဲ့ကြရတဲ့ ဒီကျန်းမာရေး လုပ်သားတွေကို အာဇာနည်တွေ အဖြစ်နဲ့ သတ်မှတ်ပြီး သူတို့ရဲ့ မိသားစုတွေအတွက် နစ်နာကြေး ချီးမြှင့်မယ့် နိုင်ငံတော်အစီအစဉ်ကိုလည်း ကြေညာခဲ့ပါတယ်။

ပါကစ္စတန်မှာ ရက်ပိုင်းအတွင်း ဒီရောဂါ အကူးစက်ခံရသူနဲ့ သေဆုံးသူ အရေအတွက် တဟုန်ထိုး တိုးလာတယ်လို့လည်း NCOC အကြီးအကဲ ဖြစ်တဲ့ အစိုးရအဖွဲ့ဝန်ကြီး Asad Umar က ပြောပါတယ်။ ဒါပေမယ့် ဒါဟာ ဒီရောဂါပိုးကူးစက်မှုရှိမရှိ. စစ်ဆေးမှုကို အရင်က တနေ့ကို လူ ၅၀၀ တောင်မစစ်ဆေး နိုင်တဲ့ အခြေနေကနေ အခု တနေ့ကို လူ ၈၅ ၀၀၀ လောက် ဆေးစစ်နိုင်ခဲ့ တာကြောင့် ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/pakistan-covid-/5397956.html
ပါကစၥတန္မွာ က်န္းမာေရး၀န္ထမ္း ၄၈၀ ခန္႔ ကုိဗစ္ကူးစက္ေန ပါကစၥတန္မွာ က်န္းမာေရး၀န္ထမ္း ၄၈၀ ခန္႔ ကုိဗစ္ကူးစက္ေန Reviewed by THITHTOOLWIN on 07:58 Rating: 5
Powered by Blogger.