မိလႅာက်င္းတူးရာမွ မိသားစုလိုက္ ေသဆုံး

Photo by Shar Htet Paing
(Zawgyi)⤵⤵⤵

သွ်မ္းျပည္ ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္ ေဆာင္ႀကဲေက်း႐ြာတြင္ အမ်ိဳးသား (၄) ဦး မိလႅာက်င္းတူးရင္း ျပဳတ္က် ေသဆုံးေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဧၿပီ ၂၃ ရက္ေန႔ ည ၆ နာရီအခ်ိန္ခန႔္တြင္ ဦးအိုက္လွ ၏ ေနအိမ္ဝန္းတြင္ မိလႅာက်င္းအသစ္တူးရာမွ မိလႅာက်င္း အေဟာင္းမွ မစင္မ်ားထြက္ၿပီး ေအာက္စီဂ်င္ပ်က္ကာ တစ္ဦးကို တစ္ဦး ဆင္းကယ္ၾကရာမွ မိလႅာက်င္းထဲ ေသဆုံးခဲ့ရျခင္း ျဖစ္ေၾကာင္း သြားေရာက္ကူညီသည့္ သီေပါၿမိဳ႕ေဒသခံ လူငယ္တစ္ဦး ကရွင္းျပသည္။

“ျဖစ္ပ်က္သြားတာက နာရီဝက္ေလာက္ပဲ ၾကာသြားတယ္။ ၄ ေယာက္စလုံး ေသဆုံးသြားၾကတယ္”ဟု ၎ လူငယ္ တစ္ဦးကေျပာသည္။

မိလႅာက်င္းထဲ ေသဆုံးသြားသူမ်ားမွာ ဦးစိုင္းလွ အသက္ (၄၈) ႏွစ္ ၊သားျဖစ္သူ ဦးစိုင္းသီဟ အသက္( ၂၅) ႏွစ္ ၊ သားျဖစ္သူ စိုင္းေဇာ္ဦးသာ အသက္( ၂၁ ) ႏွစ္ ႏွင့္ ဦးစိုင္းလွ ႏွင့္ေဆြးမ်ိဳးေတာ္စပ္သူ ေမာင္မိုးေအာင္ အသက္( ၂၇ ) ႏွစ္ ျဖစ္ေၾကာင္း သိရသည္။

သီေပါၿမိဳ႕နယ္ SNLD ပါတီဝင္ စိုင္းေလာဝ္ဆိုင္က ” ဒီလို မိလႅာက်င္း တူးမယ္ဆိုရင္ က်ေနာ္တို႔ အားလုံး သတိထားဖို႔ လိုတယ္။ တူးမယ္ဆိုရင္လည္း က်င္း ေဟာင္း နဲ႔ ေဝးတဲ့ေနရာမွာ တူးရမယ္။ မဟုတ္ရင္ အသက္အႏၲရာယ္ ထိ ရွိႏိုင္တာေပါ့ေနာ္။ ခုျဖစ္သြားတာ က်ေနာ္တို႔ အားလုံးအတြက္ သင္ခန္းစာ ယူသင့္တယ္။” ဟု ေျပာသည္။

အခင္းျဖစ္ပြားရာေနရာသို႔ သီေပါၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ တာဝန္ရွိသူမ်ား နယ္စည္းမျခားလူမႈေရးအသင္းအဖြဲ႕မွ လူနာတင္ယာဥ္ ၁ စီးျဖင့္ သီေပါၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese/
-------------
(Unicode)⤵⤵⤵
မိလ္လာကျင်းတူးရာမှ မိသားစုလိုက် သေဆုံး

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် ဆောင်ကြဲကျေးရွာတွင် အမျိုးသား (၄) ဦး မိလ္လာကျင်းတူးရင်း ပြုတ်ကျ သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၃ ရက်နေ့ ည ၆ နာရီအချိန်ခန့်တွင် ဦးအိုက်လှ ၏ နေအိမ်ဝန်းတွင် မိလ္လာကျင်းအသစ်တူးရာမှ မိလ္လာကျင်း အဟောင်းမှ မစင်များထွက်ပြီး အောက်စီဂျင်ပျက်ကာ တစ်ဦးကို တစ်ဦး ဆင်းကယ်ကြရာမှ မိလ္လာကျင်းထဲ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သွားရောက်ကူညီသည့် သီပေါမြို့ဒေသခံ လူငယ်တစ်ဦး ကရှင်းပြသည်။

“ဖြစ်ပျက်သွားတာက နာရီဝက်လောက်ပဲ ကြာသွားတယ်။ ၄ ယောက်စလုံး သေဆုံးသွားကြတယ်”ဟု ၎င်း လူငယ် တစ်ဦးကပြောသည်။

မိလ္လာကျင်းထဲ သေဆုံးသွားသူများမှာ ဦးစိုင်းလှ အသက် (၄၈) နှစ် ၊သားဖြစ်သူ ဦးစိုင်းသီဟ အသက်( ၂၅) နှစ် ၊ သားဖြစ်သူ စိုင်းဇော်ဦးသာ အသက်( ၂၁ ) နှစ် နှင့် ဦးစိုင်းလှ နှင့်ဆွေးမျိုးတော်စပ်သူ မောင်မိုးအောင် အသက်( ၂၇ ) နှစ် ဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ် SNLD ပါတီဝင် စိုင်းလောဝ်ဆိုင်က ” ဒီလို မိလ္လာကျင်း တူးမယ်ဆိုရင် ကျနော်တို့ အားလုံး သတိထားဖို့ လိုတယ်။ တူးမယ်ဆိုရင်လည်း ကျင်း ဟောင်း နဲ့ ဝေးတဲ့နေရာမှာ တူးရမယ်။ မဟုတ်ရင် အသက်အန္တရာယ် ထိ ရှိနိုင်တာပေါ့နော်။ ခုဖြစ်သွားတာ ကျနော်တို့ အားလုံးအတွက် သင်ခန်းစာ ယူသင့်တယ်။” ဟု ပြောသည်။

အခင်းဖြစ်ပွားရာနေရာသို့ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ နယ်စည်းမခြားလူမှုရေးအသင်းအဖွဲ့မှ လူနာတင်ယာဉ် ၁ စီးဖြင့် သီပေါမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese/
မိလႅာက်င္းတူးရာမွ မိသားစုလိုက္ ေသဆုံး မိလႅာက်င္းတူးရာမွ မိသားစုလိုက္ ေသဆုံး Reviewed by THITHTOOLWIN on 01:47 Rating: 5
Powered by Blogger.