ထိုင္းက ျမန္မာအလုပ္သမားေတြ တစ္ရက္ ၂,၅၀၀ ႏႈန္း ျပန္လက္ခံမယ္

ထိုင္း - ျမန္မာနယ္စပ္ ျမ၀တီနယ္စပ္ဂိတ္ကေန ေနရပ္ျပန္လာၾကတဲ့ ျမန္မာအလုပ္သမားမ်ား (မတ္ ၂၃၊ ၂၀၂၀)
(Zawgyi/Unicode)

ေမလ ၁ ရက္ေန႔က စလို႔ ထိုင္းက ျမန္မာအလုပ္သမားေတြ ႏိုင္ငံတြင္းျပန္လာမယ့္အေျခအေနအေပၚ ျပင္ဆင္ေဆာင္ရြက္ထားမႈ သတင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

ထိုင္းႏိုင္ငံက ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြကို ျမန္မာဘက္က ေမလ ၁ ရက္ေန႔ကေန စတင္လက္ခံေပးမွာ ျဖစ္ျပီး တရက္ကုိ အလုပ္သမား ၂,၅၀၀ ထက္မေက်ာ္ဘဲ လက္ခံသြားမွာ ျဖစ္ပါတယ္။ ေနရပ္ျပန္ဖို႔ အဆင္သင့္ေစာင့္ေနတဲ့ ထိုင္းနိုင္ငံတြင္း ျမန္မာေရြ႕ေျပာင္းအလုပ္သမားေတြ အေရအတြက္က ၁၆,၀၀၀ ေက်ာ္ရွိေနတာပါ။ သူတို႔ကို ကရင္ျပည္နယ္ျမ၀တီျမိဳ႕မွာ ေစာင့္ၾကည့္ေရးစင္တာ ၁၀ ခုထားျပီး လက္ခံဖို႔ ျပင္ဆင္ထားျပီးေၾကာင္း ကရင္ျပည္နယ္ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ေျပာပါတယ္။

"က်ေနာ္တို႔ ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ထုတ္ျပန္ေၾကျငာထားတဲ့အတိုင္း ဧျပီ ၃၀ ေနာက္ပုိင္းေမလ ၁ ရက္ေန႔ကေန စတင္လက္ခံလို႔ ရပါျပီ။ လက္ရွိကေတာ့ မေန႔ညက စာရင္းအထိ ၁၆,၀၀၀ ေက်ာ္ကေတာ့ အပလီေကးရွင္း စာရင္းသြင္းထားျပီးပါျပီ။ ေစာင့္ၾကည့္စင္တာ ၁၀ ခုနဲ႔ အင္အားကေတာ့ ၂,၀၀၀ ေလာက္ထိေတာ့ ဆန္႔ပါတယ္။ ျပည္နယ္တိုင္း အေတာ္မ်ားမ်ားက အစုိးရဌာနဆိုင္ရာ အဖဲြနဲ႔ညိွႏိႈင္းဖို႔ကေတာ့ သူတို႔ဆီမွာ ေစာင့္ၾကည့္စင္တာေတြမွာ ထားမွာ မ်ားတယ္။ ဒါေပမဲ့ တိုက္ရိုက္လာႀကိဳႏိုင္မဲ့ အေျခအေန မရိွရင္ေတာ့က်ေနာ္တုိ႔ မြန္ျပည္နယ္နဲ႔ ကရင္ျပည္နယ္မွာေတာ့ ၁၅,၀၀၀ နဲ႔ ၂၀,၀၀၀ ၾကားထားဖို႔ေတာ့ စီစဥ္ထားပါတယ္။"

ျပီးခဲ့တဲ မတ္လတုန္းက ေသာင္းဂဏန္းရွိတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြဟာ ေနရပ္ကုိ ျပန္ခဲ့ၾကပါတယ္။ ဒီအတြက္ ျမန္မာႏို္င္ငံျခားေရး၀န္ႀကီးဌာနက ျမန္မာႏိုင္ငံမွာ ေစာင့္ၾကည့္ေရးစင္တာေတြျပင္ဆင္ဖို႔ အခ်ိန္ယူရမွာမို႔ ေနရပ္ျပန္ျမန္မာေတြကုိ ဧျပီလ ၃၀ ရက္ေနာက္ပုိင္းမွာ ျပန္လာဖို႔ ေျပာဆိုထားတာပါ။ အခုအခါမွေတာ့တေန႔ကုိ လူဦးေရ ၂,၅၀၀ မေက်ာ္ဘဲ လက္ခံေတာ့မွာ ျဖစ္တယ္လို႔လည္း ဦးေတဇာေအာင္က ေျပာပါတယ္။

"က်ေနာ္တို႔ ၃၀ ရက္ေနာက္ပုိင္းမွာ ျပန္လာဖို႔ စီစဥ္ထားျပီးေတာ့ ထုိင္းႏိုင္ငံျခားေရးဌာနကိုအေၾကာင္းၾကားျပီး တရက္ကုိ ၂,၅၀၀ မေက်ာ္ဘဲ လက္ခံဖို႔ကေတာ့ တရား၀င္ေျပာထားတယ္။ ျပင္ဆင္ရတာက ေစာင့္ၾကည့္ေရးစင္တာ လုပ္ငန္းေတြအတြက္ကေတာ့ လူဦးေရ ၂,၅၀၀ မေက်ာ္ဖို႔ တရား၀င္ညိွႏိႈင္းထားျပီး ျဖစ္တယ္။"

ထိုင္းႏိုင္ငံမွာ ျမန္မာအလုပ္သမား ၃,၀၀၀,၀၀၀ ထက္မနည္းရွိေနျပီ။ COVID-19 အေရးေပၚကာလမွာ စက္ရံုေတြက လူေလွ်ာ့လို႔ အလုပ္ျပဳတ္ၾကတာေတြ စက္ရံုေတြမွာ တရုတ္ျပည္က လာမယ့္ ကုန္ႀကမ္းျပတ္လို႔ စက္ရံုတရံုလံုး ပိတ္ပစ္လိုက္ရေတြလည္း ရွိေနပါတယ္။တခ်ိဳ႕ကေတာ့ စီးပြားေရးက်ဆင္းတာေၾကာင့္ လုပ္သားဌားရမ္းမႈေတြ မလုပ္ႏုိင္ေတာ့ဘဲ ေဒ၀ါလီခံလိုက္ရတဲ့ စက္ရံုေတြလည္းရွိပါတယ္။

ဒီလုိအေျခအေနေတြေၾကာင့္ ျမန္မာအလုပ္သမားေတြဟာ ေနရပ္ကုိ ျပန္ဖို႔ စီစဥ္ၾကတာျဖစ္ပါတယ္။ ထိုင္းမွာ COVID-19 အကူးခံရတဲ့ ျမန္မာအလုပ္သမားအေရအတြက္ ကေတာ့ ၅၂ ဦး ရွိပါျပီ။ ျပီးခဲ့တဲ့ စေနေန႔ကေတာ့ ထုိင္းေတာင္ပုိင္းဆံုခလာခရိုင္ရဲ႕ လ၀က ထိန္းသိမ္းေရး စခန္းမွာ တရားမ၀င္ႏို္င္ငံျခားသား ၄၂ ဦးဟာ ကုိဗစ္ကူးစက္ခံထားရျပီး ဒီထဲမွာျမန္မာႏို္င္ငံသား ၃၄ ဦး ပါ၀င္တာပါ။ ဒီထဲက မီးဖြားခါနီး ကုိယ္၀န္ေဆာင္္အမ်ိဳးသမီးအပါအ၀င္ ၅ ဦးကေတာ့ စုိးရိမ္ရတဲ့အေျခအေနရွိတာေၾကာင့္ ေဆးရံုကုိ ပုိ႔ၿပီး ကုသမႈခံေနရပါတယ္။

ဒီလို ေရာဂါကူးစက္ခံရတဲ့ ျမန္မာအလုပ္သမားေတြနဲ႔ ပတ္သက္္လို႔ ျမန္မာအစိုးရဘက္က ဘာေတြ ကူညီေစာင့္ရြက္မလဲဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------------
[Unicode Version]

ထိုင်းက မြန်မာအလုပ်သမားတွေ တစ်ရက် ၂,၅၀၀ နှုန်း ပြန်လက်ခံမယ်

မေလ ၁ ရက်နေ့က စလို့ ထိုင်းက မြန်မာအလုပ်သမားတွေ နိုင်ငံတွင်းပြန်လာမယ့်အခြေအနေအပေါ် ပြင်ဆင်ဆောင်ရွက်ထားမှု သတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို မြန်မာဘက်က မေလ ၁ ရက်နေ့ကနေ စတင်လက်ခံပေးမှာ ဖြစ်ပြီး တရက်ကို အလုပ်သမား ၂,၅၀၀ ထက်မကျော်ဘဲ လက်ခံသွားမှာ ဖြစ်ပါတယ်။ နေရပ်ပြန်ဖို့ အဆင်သင့်စောင့်နေတဲ့ ထိုင်းနိုင်ငံတွင်း မြန်မာရွေ့ပြောင်းအလုပ်သမားတွေ အရေအတွက်က ၁၆,၀၀၀ ကျော်ရှိနေတာပါ။ သူတို့ကို ကရင်ပြည်နယ်မြဝတီမြို့မှာ စောင့်ကြည့်ရေးစင်တာ ၁၀ ခုထားပြီး လက်ခံဖို့ ပြင်ဆင်ထားပြီးကြောင်း ကရင်ပြည်နယ်မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

"ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာထားတဲ့အတိုင်း ဧပြီ ၃၀ နောက်ပိုင်းမေလ ၁ ရက်နေ့ကနေ စတင်လက်ခံလို့ ရပါပြီ။ လက်ရှိကတော့ မနေ့ညက စာရင်းအထိ ၁၆,၀၀၀ ကျော်ကတော့ အပလီကေးရှင်း စာရင်းသွင်းထားပြီးပါပြီ။ စောင့်ကြည့်စင်တာ ၁၀ ခုနဲ့ အင်အားကတော့ ၂,၀၀၀ လောက်ထိတော့ ဆန့်ပါတယ်။ ပြည်နယ်တိုင်း အတော်များများက အစိုးရဌာနဆိုင်ရာ အဖွဲနဲ့ညှိနှိုင်းဖို့ကတော့ သူတို့ဆီမှာ စောင့်ကြည့်စင်တာတွေမှာ ထားမှာ များတယ်။ ဒါပေမဲ့ တိုက်ရိုက်လာကြိုနိုင်မဲ့ အခြေအနေ မရှိရင်တော့ကျနော်တို့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာတော့ ၁၅,၀၀၀ နဲ့ ၂၀,၀၀၀ ကြားထားဖို့တော့ စီစဉ်ထားပါတယ်။"

ပြီးခဲ့တဲ မတ်လတုန်းက သောင်းဂဏန်းရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ နေရပ်ကို ပြန်ခဲ့ကြပါတယ်။ ဒီအတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ စောင့်ကြည့်ရေးစင်တာတွေပြင်ဆင်ဖို့ အချိန်ယူရမှာမို့ နေရပ်ပြန်မြန်မာတွေကို ဧပြီလ ၃၀ ရက်နောက်ပိုင်းမှာ ပြန်လာဖို့ ပြောဆိုထားတာပါ။ အခုအခါမှတော့တနေ့ကို လူဦးရေ ၂,၅၀၀ မကျော်ဘဲ လက်ခံတော့မှာ ဖြစ်တယ်လို့လည်း ဦးတေဇာအောင်က ပြောပါတယ်။

"ကျနော်တို့ ၃၀ ရက်နောက်ပိုင်းမှာ ပြန်လာဖို့ စီစဉ်ထားပြီးတော့ ထိုင်းနိုင်ငံခြားရေးဌာနကိုအကြောင်းကြားပြီး တရက်ကို ၂,၅၀၀ မကျော်ဘဲ လက်ခံဖို့ကတော့ တရားဝင်ပြောထားတယ်။ ပြင်ဆင်ရတာက စောင့်ကြည့်ရေးစင်တာ လုပ်ငန်းတွေအတွက်ကတော့ လူဦးရေ ၂,၅၀၀ မကျော်ဖို့ တရားဝင်ညှိနှိုင်းထားပြီး ဖြစ်တယ်။"

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃,၀၀၀,၀၀၀ ထက်မနည်းရှိနေပြီ။ COVID-19 အရေးပေါ်ကာလမှာ စက်ရုံတွေက လူလျှော့လို့ အလုပ်ပြုတ်ကြတာတွေ စက်ရုံတွေမှာ တရုတ်ပြည်က လာမယ့် ကုန်ကြမ်းပြတ်လို့ စက်ရုံတရုံလုံး ပိတ်ပစ်လိုက်ရတွေလည်း ရှိနေပါတယ်။တချို့ကတော့ စီးပွားရေးကျဆင်းတာကြောင့် လုပ်သားဌားရမ်းမှုတွေ မလုပ်နိုင်တော့ဘဲ ဒေဝါလီခံလိုက်ရတဲ့ စက်ရုံတွေလည်းရှိပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မြန်မာအလုပ်သမားတွေဟာ နေရပ်ကို ပြန်ဖို့ စီစဉ်ကြတာဖြစ်ပါတယ်။ ထိုင်းမှာ COVID-19 အကူးခံရတဲ့ မြန်မာအလုပ်သမားအရေအတွက် ကတော့ ၅၂ ဦး ရှိပါပြီ။ ပြီးခဲ့တဲ့ စနေနေ့ကတော့ ထိုင်းတောင်ပိုင်းဆုံခလာခရိုင်ရဲ့ လဝက ထိန်းသိမ်းရေး စခန်းမှာ တရားမဝင်နိုင်ငံခြားသား ၄၂ ဦးဟာ ကိုဗစ်ကူးစက်ခံထားရပြီး ဒီထဲမှာမြန်မာနိုင်ငံသား ၃၄ ဦး ပါဝင်တာပါ။ ဒီထဲက မီးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၅ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတာကြောင့် ဆေးရုံကို ပို့ပြီး ကုသမှုခံနေရပါတယ်။

ဒီလို ရောဂါကူးစက်ခံရတဲ့ မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က ဘာတွေ ကူညီစောင့်ရွက်မလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/thai-myanmar-migrant/5396986.html
ထိုင္းက ျမန္မာအလုပ္သမားေတြ တစ္ရက္ ၂,၅၀၀ ႏႈန္း ျပန္လက္ခံမယ္ ထိုင္းက ျမန္မာအလုပ္သမားေတြ တစ္ရက္ ၂,၅၀၀ ႏႈန္း ျပန္လက္ခံမယ္ Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.