ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ အျပည္ျပည္ဆိုင္ရာ ခရီးသည္တင္ေလယာဥ္မ်ား ပ်ံသန္းေျပးဆြဲခြင့္ ရပ္ဆိုင္းျခင္းကာလ ေမလ ၁၅ ရက္အထိ ထပ္မံတိုးျမႇင့္

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလအတြင္းက ျပည္ပသို႔ ထြက္ခြာမည့္ ခရီးသည္မ်ားအား ေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵

    ရန္ကုန္ ၊ ဧၿပီ ၂၄ ရက္(ဆင္ဟြာ)

    ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ အျပည္ျပည္ဆိုင္ရာ ခရီးသည္တင္ေလယာဥ္မ်ား  ပ်ံသန္းေျပးဆြဲခြင့္ ရပ္ဆိုင္းျခင္းကာလကို ေမလ ၁၅ ရက္ ၊ ျမန္မာစံေတာ္ခ်ိန္ ၂၃:၅၉ နာရီအထိ ထပ္မံတိုးျမႇင့္လိုက္ေၾကာင္း ေလဆိပ္အား စီမံခန႔္ခြဲဝန္ေဆာင္မႈ ေပးေနသာ Yangon Aerodrome Company Limited (YACL)ထံမွ သိရသည္။

ျမန္မာႏိုင္ငံ ေလေၾကာင္း ပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ အဆိုပါ ရပ္ဆိုင္းျခင္းကာလအား ထိုကဲ့သို႔ ထပ္မံတိုးျမႇင့္လိုက္ျခင္း ျဖစ္ၿပီး ေလေၾကာင္းခရီးသြားလာျခင္းမွတစ္ဆင့္ ျမန္မာႏိုင္ငံတြင္း COVID-19 ေရာဂါ ကူးစက္ျပန႔္ပြားမႈကို ထိေရာက္စြာ ထိန္းခ်ဳပ္ႏိုင္ရန္ အျပည္ျပည္ဆိုင္ရာခရီးသည္တင္ ေလယာဥ္မ်ား ပ်ံသန္းေျပးဆြဲခြင့္ရပ္ဆိုင္းျခင္းကာလကို ေမလ ၁၅ ရက္၊ ျမန္မာစံေတာ္ခ်ိန္ ၂၃:၅၉ နာရီအထိ ထပ္မံတိုးခ်ဲ႕ရန္ ျမန္မာႏိုင္ငံ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ ဗဟိုေကာ္မတီမွ ဆုံးျဖတ္လိုက္ေၾကာင္း ဧၿပီလ ၂၄ ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့ေၾကာင္း YACL က ဆိုသည္။

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ အျပည္ျပည္ဆိုင္ရာ ခရီးသည္တင္ေလယာဥ္မ်ား ဆိုက္ေရာက္ခြင့္ကို မတ္လ ၃၀ ရက္ မွ စတင္၍ ဧၿပီလ ၁၃ ရက္အထိ ယာယီရပ္ဆိုင္းထားခဲ့ၿပီးေနာက္ အဆိုပါ ယာယီရပ္ဆိုင္းခ်က္အား ဧၿပီလ ၃၀ ရက္ ထပ္မံတိုးျမႇင့္သတ္မွတ္ခဲ့ရာ ယခုအခါတြင္ ေမ ၁၅ ရက္အထိ ထပ္မံတိုးျမႇင့္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၏ အဓိကေလေၾကာင္းဝင္ထြက္ေပါက္ျဖစ္ေသာ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သည္ ယခု ၂၀၂၀ ခုႏွစ္ ၊ ပထမသုံးလတာကာလအတြင္း ေလဆိပ္အသုံးျပဳသူ ခရီးသည္ေပါင္း ၁.၄၆ သန္း ကို လက္ခံ၀န္ေဆာင္မႈေပးခဲ့ေၾကာင္း ၊  ကူးစက္ျမန္ကပ္ေရာဂါ COVID-19 ေၾကာင့္ ကမာၻလွည့္ခရီးသြားလာခြင့္ကန႔္သတ္ခ်က္မ်ားႏွင့္အတူ ကမာၻ႔ေလေၾကာင္းသယ္ယူပို႔ေဆာင္ေရးက႑တြင္ စိန္ေခၚမႈမ်ား ရင္ဆိုင္ေနရေသာေၾကာင့္ ယမန္ႏွစ္ကာလတူ ႏွင့္ ႏႈိင္းယွဥ္ပါက ၁၇ ဒသမ ၁၄ ရာခိုင္ႏႈန္းက်ဆင္းခဲ့ေၾကာင္း YACL က ယေန႔ ထုတ္ျပန္ထားသည္။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/27291-2020-04-24-15-37-10
-------------
(Unicode)⤵⤵⤵

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ  ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလ မေလ ၁၅ ရက်အထိ  ထပ်မံတိုးမြှင့်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက ပြည်ပသို့ ထွက်ခွာမည့် ခရီးသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

    ရန်ကုန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

    ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ  ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို မေလ ၁၅ ရက် ၊ မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသာ Yangon Aerodrome Company Limited (YACL)ထံမှ သိရသည်။

မြန်မာနိုင်ငံ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ ရပ်ဆိုင်းခြင်းကာလအား ထိုကဲ့သို့ ထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်ပြီး လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို မေလ ၁၅ ရက်၊ မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ ထပ်မံတိုးချဲ့ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း ဧပြီလ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း YACL က ဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို မတ်လ ၃၀ ရက် မှ စတင်၍ ဧပြီလ ၁၃ ရက်အထိ ယာယီရပ်ဆိုင်းထားခဲ့ပြီးနောက် အဆိုပါ ယာယီရပ်ဆိုင်းချက်အား ဧပြီလ ၃၀ ရက် ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့ရာ ယခုအခါတွင် မေ ၁၅ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိကလေကြောင်းဝင်ထွက်ပေါက်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ယခု ၂၀၂၀ ခုနှစ် ၊ ပထမသုံးလတာကာလအတွင်း လေဆိပ်အသုံးပြုသူ ခရီးသည်ပေါင်း ၁.၄၆ သန်း ကို လက်ခံဝန်ဆောင်မှုပေးခဲ့ကြောင်း ၊  ကူးစက်မြန်ကပ်ရောဂါ COVID-19 ကြောင့် ကမ္ဘာလှည့်ခရီးသွားလာခွင့်ကန့်သတ်ချက်များနှင့်အတူ ကမ္ဘာ့လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် စိန်ခေါ်မှုများ ရင်ဆိုင်နေရသောကြောင့် ယမန်နှစ်ကာလတူ နှင့် နှိုင်းယှဉ်ပါက ၁၇ ဒသမ ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း YACL က ယနေ့ ထုတ်ပြန်ထားသည်။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/27291-2020-04-24-15-37-10
ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ အျပည္ျပည္ဆိုင္ရာ ခရီးသည္တင္ေလယာဥ္မ်ား ပ်ံသန္းေျပးဆြဲခြင့္ ရပ္ဆိုင္းျခင္းကာလ ေမလ ၁၅ ရက္အထိ ထပ္မံတိုးျမႇင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ အျပည္ျပည္ဆိုင္ရာ ခရီးသည္တင္ေလယာဥ္မ်ား  ပ်ံသန္းေျပးဆြဲခြင့္ ရပ္ဆိုင္းျခင္းကာလ ေမလ ၁၅ ရက္အထိ  ထပ္မံတိုးျမႇင့္ Reviewed by THITHTOOLWIN on 01:53 Rating: 5
Powered by Blogger.