ျမန္မာနယ္စပ္ၿမိဳ႕ တိုက္ခိုက္မႈေၾကာင့္ နယ္စပ္ကို တ႐ုတ္က ပိတ္ထား



Share/Bookmark
တ႐ုတ္-ျမန္မာနယ္စပ္ ေ႐ႊလီနယ္စပ္တံတားဝင္ေပါက္။ Photo: RFA
(Zawgyi)⤵⤵⤵
 ရွမ္းျပည္ေျမာက္ပိုင္း တ႐ုတ္-ျမန္မာနယ္စပ္ၿမိဳ႕မွာ ၾကာသပေတးညက ဓာတ္ဆီဆိုင္တခု တိုက္ခိုက္ခံခဲ့ရၿပီး တ႐ုတ္ျပည္နယ္စပ္ၿမိဳ႕ျဖစ္တဲ့ ဂ်ယ္ေခါင္ၿမိဳ႕ထဲက စာသင္ေက်ာင္း၊ေမာ္ေတာ္ယာဥ္ေတြနဲ႔ အေဆာက္အဦးေတြကို လက္နက္က်ည္ဆန္ေတြ ထိမွန္ခဲ့တယ္လို႔ မ်က္ျမင္သက္ေသေတြရဲ႕ ေျပာဆိုခ်က္ေတြကို ကိုးကားၿပီး တ႐ုတ္ႏိုင္ငံ CGTN သတင္းမွာ မေန႔က ေဖာ္ျပထားပါတယ္။

ဒီတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး လူေတြ ထိခိုက္မႈ ရွိ မရွိဆိုတာေတာ့ ေလာေလာဆယ္ မသိရေသးဘူးလို႔ ဆိုပါတယ္။ ဒီတိုက္ခိုက္မႈေၾကာင့္ နယ္စပ္ျဖတ္သန္းမႈကို တ႐ုတ္ဘက္က ေသာၾကာေန႔က ပိတ္လိုက္တယ္လို႔ ေပက်င္းကလာတဲ့ AP သတင္းမွာ မေန႔ကေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံဘက္က ဓာတ္ဆီဆိုင္ ေပါက္ကြဲမီးေလာင္ေနၿပီး လက္နက္ႀကီး ပစ္ခတ္မႈလည္းရွိတယ္လို႔ တ႐ုတ္အစိုးရပိုင္ CCTV ရဲ႕ေျပာဆိုခ်က္ကို ကိုးကားၿပီး AP သတင္းမွာ ေဖာ္ျပထားပါတယ္။

RFA Burmese
-------------------------------------
(Unicode)⤵⤵⤵
 မြန်မာနယ်စပ်မြို့ တိုက်ခိုက်မှုကြောင့် နယ်စပ်ကို တရုတ်က ပိတ်ထား

 ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မြို့မှာ ကြာသပတေးညက ဓာတ်ဆီဆိုင်တခု တိုက်ခိုက်ခံခဲ့ရပြီး တရုတ်ပြည်နယ်စပ်မြို့ဖြစ်တဲ့ ဂျယ်ခေါင်မြို့ထဲက စာသင်ကျောင်း၊မော်တော်ယာဉ်တွေနဲ့ အဆောက်အဦးတွေကို လက်နက်ကျည်ဆန်တွေ ထိမှန်ခဲ့တယ်လို့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး တရုတ်နိုင်ငံ CGTN သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လူတွေ ထိခိုက်မှု ရှိ မရှိဆိုတာတော့ လောလောဆယ် မသိရသေးဘူးလို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် နယ်စပ်ဖြတ်သန်းမှုကို တရုတ်ဘက်က သောကြာနေ့က ပိတ်လိုက်တယ်လို့ ပေကျင်းကလာတဲ့ AP သတင်းမှာ မနေ့ကဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဘက်က ဓာတ်ဆီဆိုင် ပေါက်ကွဲမီးလောင်နေပြီး လက်နက်ကြီး ပစ်ခတ်မှုလည်းရှိတယ်လို့ တရုတ်အစိုးရပိုင် CCTV ရဲ့ပြောဆိုချက်ကို ကိုးကားပြီး AP သတင်းမှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

Share/Bookmark

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ