ပုံမွန္၀င္ေငြမရွိသူေတြကုိ အေျခခံစားေသာက္ကုန္ ျဖန္႔ျဖဴးေရး အခက္အခဲရွိေန


(Zawgyi/Unicode)

မလိုအပ္ပဲ အိမ္ျပင္မထြက္ၾကဖို႔ ၫႊန္ၾကားထားတဲ့ ၁၀ ရက္အတြင္းမွာ ျပည္သူေတြ စားဝတ္ေနေရး အဆင္ေျပေစဖို႔အတြက္ အစိုးရက ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြအတြက္ ေထာက္ပံ့ရိကၡာေတြ ေဝးေပေနတဲ့ အေျခအေနေတြ ဘယ္လို ရွိေနသလဲဆိုတာကို မ အိမ့္သႏၲာထြန္း ကေျပာျပေပးပါမယ္။

အစိုးရက အိမ္ျပင္မထြက္ဖို႔ ၫႊန္ၾကားထားတဲ့ ကာလအတြင္းမွာ ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြ အတြက္ အေျခခံစားေသာက္ကုန္ေတြျဖစ္တဲ့ ဆန္၊ ဆီ၊ ဆား၊ ပဲ၊ ၾကက္သြန္တို႔ကို ရပ္ကြက္အလိုက္ ေပးေဝေနၾကပါၿပီ။

ဒီလို ေပးေဝတဲ့ အခါ ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေက်း႐ြာ ေတြရဲ႕ အုပ္ခ်ဳပ္ေရးမွဴးေတြအေနနဲ႔ စီစဥ္ေဆာင္႐ြက္တဲ့ ေနရာမွာ အခက္အခဲတစ္ခ်ိဳ႕ ႀကဳံေတြ႕ ေနရတာေတြရွိပါတယ္။

အေျခခံလူတန္းစား လက္လုပ္လက္စား အေရအတြက္ စာရင္းကို ေကာက္ယူရာမွာ အခ်ိန္ ၂ရက္ပဲ ရရွိတဲ့အတြက္ စာရင္းမွာ မပါဘဲ က်န္ခဲ့တယ္ဆိုၿပီး လာေျပာတဲ့ လူေတြရွိသလို အေျခခံလူတန္းစား စားရင္ထဲမွာ မပါလိုက္ေပမယ့္ တကယ္လိုအပ္တဲ့ သူေတြကို ေထာက္ပံ့ရိကၡာေပးဖို႔ကို လည္း လႈိင္သာယာၿမိဳ႕နယ္မွာ ျပင္ဆင္ေနပါတယ္။

ဒီလို စီစဥ္ေနတာနဲ႔ ပတ္သက္လို႔ လႈိင္သာယာၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမတ္မင္းသူက ဗြီအိုေအကို ခုလို ေျပာျပပါတယ္။

“ကြၽန္ေတာ္တို႔ ၿမိဳ႕နယ္မွာက ကိုဗစ္ ေကာ္မတီလည္း ဖြဲ႕ထားတယ္။ ခု ရပ္ကြက္ေတြမွာ ဘာျဖစ္လဲ ဆိုတဲ့ခါက်ေတာ့ စာရင္းေတြက က်န္ခဲ့တယ္ဆိုၿပီးေတာ့ ကြၽန္ေတာ္တို႔ ဆီကို ကြန္ပလိန္းေတြ အမ်ားႀကီး တက္လာတယ္ဗ်ာ။ တက္လာတဲ့ ခါက်ေတာ့ ၿမိဳ႕နယ္ေကာ္မတီက လူေတြက လႊတ္ေတာ္ကိုယ္စားလွယ္ ေတြေရာ ဌာန္ဆိုင္ရာေတြေရာ ပါတာကို၊ က်န္ေနခဲ့တဲ့ ပုဂၢိဳလ္ေတြအတြက္ကို ေပါ့ေနာ္ ႏိုင္ငံေတာ္က ေပးတဲ့ဆန္ ၈ ျပည္ေတာ့ မဟုတ္ဘူးေပါ့ဗ်ာ နည္းရင္လည္း နည္းမွာေပ့ါ။ ၄ ျပည္ေလာက္လဲ ျဖစ္ရင္ ျဖစ္သြားမွာေပါ့ေလေႏွာ္။ က်န္ေနခဲ့တဲ့ စာရင္းေတြကိုေတာ့ ကြၽန္ေတာ္တို႔ စုေဆာင္း ထားၿပီေပါ့ဗ်ာ။ အဲ့စာရင္းေတြအကုန္လံုးတက္လာၿပိးတဲ့ ခါက်ရင္ေတာ့ ကြၽန္ေတာ္တို႔ ဒီေကာ္မတီမွာ ပါတဲ့သူေတြ အကုန္လုံး ထိုင္ၿပီးတဲ့ အခါက်ရင္ေတာ့ ဒီဟာကို ဘယ္လို ဆက္လက္ ေဆာင္႐ြက္ေပးမယ္ဆိုတာကို ကြၽန္ေတာ္တို႔ ေပးတာေတာ့ ေပးဖို႔ စီစဥ္မွာပါ ဒါေပမယ့္ ကြၽန္ေတာ္တို႔ က်န္ေနခဲ့တဲ့ စာရင္းေတြကိုေတာ့ တင္ခိုင္းထားတယ္ဗ် အဲ့ဒါေတာ့ ရွိတယ္။”

လႊတ္ေတာ္ကိုယ္စားလွယ္႐ုံးကလည္း စာရင္းမွာ မပါဘဲ က်န္ေနခဲ့တဲ့ သူေတြထဲက လူဦးေရ တစ္ေထာင္စာ အတြက္ ဆန္ ၆ ျပည္စီ ေပးဖို႔ စီစဥ္ေနတယ္လို႔လည္း ဆိုပါတယ္။

အေျခခံစားေသာက္ကုန္ ေဝေပးဖို႔ေဆာင္႐ြက္တဲ့ေနရာမွာ ပစၥည္းေတြကို သက္ဆိုင္ရာ ၿမိဳ႕နယ္မွာ သြားထုတ္ ယူရတဲ့အခါ ပစၥည္းေတြက မ်ားၿပီး ေလးလံတဲ့ပစၥည္းေတြျဖစ္တာေၾကာင့္ သယ္ယူတဲ့ ေနရာမွာ အခက္အခဲေတြ ရွိေနတယ္လို႔ ေအးသာယာၿမိဳ႕နယ္က အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

ပစၥည္းေတြေဝတဲ့အခါမွာ လူစုလူေဝးမျဖစ္ဖို႔ႏွင့္ ေရာဂါကူးစက္မႈေတြကို တားဆီးႏိုင္ဖို႔အတြက္ အိမ္တိုင္ရာေရာက္ ပို႔ေဆာင္ေပးတဲ့ စနစ္နဲ႔ ေဝေပးတာျဖစ္တယ္လို႔ ဆိုပါတယ္။

“တန္းမစီခိုင္းဘူး။ ကြၽန္ေတာ္တို႔က အိမ္တိုင္ရာေရာက္စနစ္ေပါ့။ ကြၽန္ေတာ္တို႔က မူလကတည္းက စာရင္းျပဳစုထားတာေတြရွိတာကိုး။ ဒီစာရင္းကို ၾကည့္ရင္ ဒီအိမ္ဘယ္နားမွာရွိတယ္ဆိုတာ ရာအိမ္မွဴးက တန္းသိၿပီးသား။ အဲ့ဒီလိုကို ပစၥည္းေတြသယ္သြားၿပီးေတာ့မွ အပိုင္းေတြခြဲတာေပ့ါေႏွာ္။ အဖြဲ႕ေတြျပန္ခြဲ နယ္ေျမအလိုက္ ရပ္ကြက္ေတြထဲမွာ ၊ အိမ္တိုင္ရာေရာက္စနစ္ပဲ ပို႔ေပးတယ္။”

ေထာက္ပံ့ ရိကၡာရရွိတာနဲ႔ ပတ္သက္လို႔ ဘာေတြရသလဲ ဘယ္လိုပုံစံနဲ႔ ေဝေပးသလဲဆိုတာကိုေတာ့ မာန္ေအာင္ၿမိဳ႕နယ္က ေဒၚႏုႏုႀကိဳင္က ခုလိုေျပာျပပါတယ္။

“ေထာက္ပံ့ပစၥည္းကေတာ့ ၃ ခု ရတယ္။ ဆီရယ္ ၊ ဆန္ရယ္၊ ဆားရယ္။ ေက်နပ္မႈေတာ့ ရွိပါတယ္ သူတို႔ ေပးတာ ရတာကိုး။ ၃ ေပမျခားေပမယ့္ နီးနီးကပ္ကပ္ေတာ့ မဟုတ္ပါဘူး။ နည္းနည္း ေလးေတာ့ ျခားပါတယ္ တစ္ေယာက္နဲ႔ တေယာက္ကေတာ့”

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ COVID- 19 ကပ္ေရာဂါ ျဖစ္ပြားလာမွာကို စိုးရိမ္တာ ေၾကာင့္ သၾကၤန္႐ုံးပိတ္ရက္ေတြမွာ ျပည္သူေတြအေနနဲ႔ မလိုအပ္ပဲ အျပင္ထြက္တာေတြ မလုပ္ၾကဖို႔၊ လူစုလူေဝးေတြ မလုပ္ဖို႔ကိုအစိုးရက ၫႊန္ၾကားထားပါတယ္။

ဒီလို အိမ္ျပင္မထြက္ဖို႔ ၫႊန္ၾကားထားတဲ့ ကာလအတြင္းမွာ ျပည္သူေတြရဲ႕စားဝတ္ေနေရးကို ေျဖရွင္းဖို႔အတြက္ ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြကို စားေသာက္ကုန္ ၅ မ်ိဳး ေထာက္ပံ့ေပးတာကို လုပ္ေဆာင္ေနပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံမွာ COVID 19 ျဖစ္ပြားေနသူ စုစုေပါင္းက ၆၂ ဦး ရွိေနၿပီး၊ ေသဆုံးသူ ၄ ဦး ရွိပါတယ္။

အိမ့္သႏၲာထြန္း / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------------------

ပုံမှန်ဝင်ငွေမရှိသူတွေကို အခြေခံစားသောက်ကုန် ဖြန့်ဖြူးရေး အခက်အခဲရှိနေ

(Unicode)

မလိုအပ်ပဲ အိမ်ပြင်မထွက်ကြဖို့ ညွှန်ကြားထားတဲ့ ၁၀ ရက်အတွင်းမှာ ပြည်သူတွေ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် အစိုးရက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့ရိက္ခာတွေ ဝေးပေနေတဲ့ အခြေအနေတွေ ဘယ်လို ရှိနေသလဲဆိုတာကို မ အိမ့်သန္တာထွန်း ကပြောပြပေးပါမယ်။

အစိုးရက အိမ်ပြင်မထွက်ဖို့ ညွှန်ကြားထားတဲ့ ကာလအတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေ အတွက် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်တို့ကို ရပ်ကွက်အလိုက် ပေးဝေနေကြပါပြီ။

ဒီလို ပေးဝေတဲ့ အခါ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ တွေရဲ့ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ စီစဉ်ဆောင်ရွက်တဲ့ နေရာမှာ အခက်အခဲတစ်ချို့ ကြုံတွေ့ နေရတာတွေရှိပါတယ်။

အခြေခံလူတန်းစား လက်လုပ်လက်စား အရေအတွက် စာရင်းကို ကောက်ယူရာမှာ အချိန် ၂ရက်ပဲ ရရှိတဲ့အတွက် စာရင်းမှာ မပါဘဲ ကျန်ခဲ့တယ်ဆိုပြီး လာပြောတဲ့ လူတွေရှိသလို အခြေခံလူတန်းစား စားရင်ထဲမှာ မပါလိုက်ပေမယ့် တကယ်လိုအပ်တဲ့ သူတွေကို ထောက်ပံ့ရိက္ခာပေးဖို့ကို လည်း လှိုင်သာယာမြို့နယ်မှာ ပြင်ဆင်နေပါတယ်။

ဒီလို စီစဉ်နေတာနဲ့ ပတ်သက်လို့ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ဗွီအိုအေကို ခုလို ပြောပြပါတယ်။

“ကျွန်တော်တို့ မြို့နယ်မှာက ကိုဗစ် ကော်မတီလည်း ဖွဲ့ထားတယ်။ ခု ရပ်ကွက်တွေမှာ ဘာဖြစ်လဲ ဆိုတဲ့ခါကျတော့ စာရင်းတွေက ကျန်ခဲ့တယ်ဆိုပြီးတော့ ကျွန်တော်တို့ ဆီကို ကွန်ပလိန်းတွေ အများကြီး တက်လာတယ်ဗျာ။ တက်လာတဲ့ ခါကျတော့ မြို့နယ်ကော်မတီက လူတွေက လွှတ်တော်ကိုယ်စားလှယ် တွေရော ဌာန်ဆိုင်ရာတွေရော ပါတာကို၊ ကျန်နေခဲ့တဲ့ ပုဂ္ဂိုလ်တွေအတွက်ကို ပေါ့နော် နိုင်ငံတော်က ပေးတဲ့ဆန် ၈ ပြည်တော့ မဟုတ်ဘူးပေါ့ဗျာ နည်းရင်လည်း နည်းမှာပေ့ါ။ ၄ ပြည်လောက်လဲ ဖြစ်ရင် ဖြစ်သွားမှာပေါ့လေနှော်။ ကျန်နေခဲ့တဲ့ စာရင်းတွေကိုတော့ ကျွန်တော်တို့ စုဆောင်း ထားပြီပေါ့ဗျာ။ အဲ့စာရင်းတွေအကုန်လုံးတက်လာပြိးတဲ့ ခါကျရင်တော့ ကျွန်တော်တို့ ဒီကော်မတီမှာ ပါတဲ့သူတွေ အကုန်လုံး ထိုင်ပြီးတဲ့ အခါကျရင်တော့ ဒီဟာကို ဘယ်လို ဆက်လက် ဆောင်ရွက်ပေးမယ်ဆိုတာကို ကျွန်တော်တို့ ပေးတာတော့ ပေးဖို့ စီစဉ်မှာပါ ဒါပေမယ့် ကျွန်တော်တို့ ကျန်နေခဲ့တဲ့ စာရင်းတွေကိုတော့ တင်ခိုင်းထားတယ်ဗျ အဲ့ဒါတော့ ရှိတယ်။”

လွှတ်တော်ကိုယ်စားလှယ်ရုံးကလည်း စာရင်းမှာ မပါဘဲ ကျန်နေခဲ့တဲ့ သူတွေထဲက လူဦးရေ တစ်ထောင်စာ အတွက် ဆန် ၆ ပြည်စီ ပေးဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

အခြေခံစားသောက်ကုန် ဝေပေးဖို့ဆောင်ရွက်တဲ့နေရာမှာ ပစ္စည်းတွေကို သက်ဆိုင်ရာ မြို့နယ်မှာ သွားထုတ် ယူရတဲ့အခါ ပစ္စည်းတွေက များပြီး လေးလံတဲ့ပစ္စည်းတွေဖြစ်တာကြောင့် သယ်ယူတဲ့ နေရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ အေးသာယာမြို့နယ်က အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ပစ္စည်းတွေဝေတဲ့အခါမှာ လူစုလူဝေးမဖြစ်ဖို့နှင့် ရောဂါကူးစက်မှုတွေကို တားဆီးနိုင်ဖို့အတွက် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့ စနစ်နဲ့ ဝေပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

“တန်းမစီခိုင်းဘူး။ ကျွန်တော်တို့က အိမ်တိုင်ရာရောက်စနစ်ပေါ့။ ကျွန်တော်တို့က မူလကတည်းက စာရင်းပြုစုထားတာတွေရှိတာကိုး။ ဒီစာရင်းကို ကြည့်ရင် ဒီအိမ်ဘယ်နားမှာရှိတယ်ဆိုတာ ရာအိမ်မှူးက တန်းသိပြီးသား။ အဲ့ဒီလိုကို ပစ္စည်းတွေသယ်သွားပြီးတော့မှ အပိုင်းတွေခွဲတာပေ့ါနှော်။ အဖွဲ့တွေပြန်ခွဲ နယ်မြေအလိုက် ရပ်ကွက်တွေထဲမှာ ၊ အိမ်တိုင်ရာရောက်စနစ်ပဲ ပို့ပေးတယ်။”

ထောက်ပံ့ ရိက္ခာရရှိတာနဲ့ ပတ်သက်လို့ ဘာတွေရသလဲ ဘယ်လိုပုံစံနဲ့ ဝေပေးသလဲဆိုတာကိုတော့ မာန်အောင်မြို့နယ်က ဒေါ်နုနုကြိုင်က ခုလိုပြောပြပါတယ်။

“ထောက်ပံ့ပစ္စည်းကတော့ ၃ ခု ရတယ်။ ဆီရယ် ၊ ဆန်ရယ်၊ ဆားရယ်။ ကျေနပ်မှုတော့ ရှိပါတယ် သူတို့ ပေးတာ ရတာကိုး။ ၃ ပေမခြားပေမယ့် နီးနီးကပ်ကပ်တော့ မဟုတ်ပါဘူး။ နည်းနည်း လေးတော့ ခြားပါတယ် တစ်ယောက်နဲ့ တယောက်ကတော့”

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID- 19 ကပ်ရောဂါ ဖြစ်ပွားလာမှာကို စိုးရိမ်တာ ကြောင့် သင်္ကြန်ရုံးပိတ်ရက်တွေမှာ ပြည်သူတွေအနေနဲ့ မလိုအပ်ပဲ အပြင်ထွက်တာတွေ မလုပ်ကြဖို့၊ လူစုလူဝေးတွေ မလုပ်ဖို့ကိုအစိုးရက ညွှန်ကြားထားပါတယ်။

ဒီလို အိမ်ပြင်မထွက်ဖို့ ညွှန်ကြားထားတဲ့ ကာလအတွင်းမှာ ပြည်သူတွေရဲ့စားဝတ်နေရေးကို ဖြေရှင်းဖို့အတွက် ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို စားသောက်ကုန် ၅ မျိုး ထောက်ပံ့ပေးတာကို လုပ်ဆောင်နေပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ COVID 19 ဖြစ်ပွားနေသူ စုစုပေါင်းက ၆၂ ဦး ရှိနေပြီး၊ သေဆုံးသူ ၄ ဦး ရှိပါတယ်။

အိမ့်သန္တာထွန်း / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-delivery-during-covid-19-/5371808.html
ပုံမွန္၀င္ေငြမရွိသူေတြကုိ အေျခခံစားေသာက္ကုန္ ျဖန္႔ျဖဴးေရး အခက္အခဲရွိေန ပုံမွန္၀င္ေငြမရွိသူေတြကုိ အေျခခံစားေသာက္ကုန္ ျဖန္႔ျဖဴးေရး အခက္အခဲရွိေန Reviewed by THITHTOOLWIN on 05:57 Rating: 5
Powered by Blogger.