စကၤာပူမွာ ကုိဗစ္ကူးစက္သူ ျမန္မာလူမ်ဳိး ၁၄၀ ခန္႔ရွိေန

စကၤာပူ အလုပ္သမား ရိပ္သာ
(Zawgyi/Unicode)

စကၤာပူႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ထားတဲ့ ျမန္မာလူမ်ဳိး (၁၄၀)နီးပါး ရွိသြားၿပီလို႔ လူနာေတြနဲ႔ နီးစပ္သူတခ်ဳိ႕က VOA ကုိ ေျပာပါတယ္။ ဒီရက္ပုိင္းအတြင္း ေရာဂါကူးစက္မႈပမာဏ ပိုမ်ားလာေနတဲ့ စကၤာပူမွာ ျပည္ေတာ္ ျပန္ခ်င္ၾကတဲ့ ျမန္မာႏိုင္ငံသား အမ်ားအျပားရွိေနၿပီး အခက္အခဲေတြနဲ႔ ရင္ဆိုင္ ေနရတဲ့ အေၾကာင္းကို ကိုဥာဏ္ဝင္းေအာင္ တင္ျပထားပါတယ္။

ဒီရက္ပိုင္းထဲ COVID-19 ေရာဂါပုိး ကူးစက္မႈ သိသိသာသာ မ်ားေနတဲ့ စကၤာပူႏိုင္ငံမွာ ဧၿပီ ၂၄ေသာၾကာေန႔ တရက္ထဲမွာတင္ ကူးစက္သူေပါင္း (၉၀၀) နီးပါးကို အတည္ျပဳႏိုင္ခဲ့တယ္လို႔ စကၤာပူအစိုးရ တာဝန္ရွိသူေတြက သတင္းထုတ္ျပန္ပါတယ္။

ဧၿပီ(၂၄)ရက္ေန႔အထိ စာရင္းအရ COVID-19 ကူးစက္ခံထားရတဲ့ စကၤာပူေရာက္ ျမန္မာလူမ်ဳိး (၁၃၆) ေယာက္ရွိေနၿပီလို႔ လူနာေတြနဲ႔ နီးစပ္သူတဦးျဖစ္တဲ့ အင္ဂ်င္နီယာ ဦးဝင္းထိန္က VOA ကုိ ေျပာပါတယ္။

“ျမန္မာထဲက ကူးစက္တဲ့လူ ၁၃၆ ေယာက္ ရွိေနၿပီ၊ အဲဒီလူေတြ အားလံုးက အလုပ္သမား ရိပ္သာမွာေနတာ မ်ားတယ္။ အဲဒီထဲကေတာ့ အမ်ိဳးသမီးတေယာက္ကေတာ့ Domestic worker အိမ္အကူ ေပါ့ဗ်ာ ။ သူကေတာ့ ေဆးရုံက ဆင္းသြားၿပီ အဲဒါ ၀မ္းသာစရာတခုပဲ ရွိတယ္။က်န္တဲ့သူေတြ ကေတာ့ ေရာဂါကူးစက္ခံထားရတယ္ အဲလိုပဲ ေဆးရံုတို႔ Isolation center တို႔ quarantine center တို႔ မွာ ရွိေနၾကတယ္။ ဒါေပမယ့္ အမ်ားစုကေတာ့ ဆိုး၀ါးတဲ့ အေျခအေနမွာ မရွိၾကဘူးဗ်။”

အခုလို ေရာဂါကူးစက္ခံထားရတဲ့ ျမန္မာေတြထဲမွာ ေရာဂါလကၡဏာ ဆိုးဝါးလြန္းသူ မရွိေသးသလို၊ ေသဆုံးသူလည္း တဦးမွ မရွိေသးဘူးလို႔ စကၤာပူကလာတဲ့ ျမန္မာအသုိင္းအဝိုင္း သတင္းေတြမွာ ေဖၚျပပါတယ္။

စကၤာပူက COVID -19 ကူးစက္မႈ အမ်ားစုဟာ ေရႊ႕ေျပာင္းအလုပ္သမားေတြ ေနတဲ့ အလုပ္သမား အေဆာင္ေတြထဲမွာပဲ ဆက္ျဖစ္ေနတာလို႔ စကၤာပူ အာဏာပုိင္ေတြကလည္း ေျပာထားပါတယ္။ ႏိုင္ငံျခားသား အလုပ္သမားေတြရဲ႕လုပ္အားအေပၚ အားထားေနရတဲ့ စကၤာပူမွာ ကုမၸဏီေတြက ေရႊ႕ေျပာင္းအလုပ္သမား ရာဂဏန္းကေန ေသာင္းဂဏန္းအထိ အေဆာင္တိုက္ခန္းေတြထဲမွာ လူစုလူေဝးနဲ႔ ေန ေစၿပီး ႏွစ္ထပ္ကုတင္ေတြနဲ႔ အိပ္ရသလို၊ အိမ္သာ ေရခ်ဳိးခန္း မီးဖို စတာကို ဘုံသုံးရတာေၾကာင့္ နီးကပ္တဲ့ ထိေတြ႔ဆက္ဆံမႈေတြက ေန ပိုကူးေနတာျဖစ္တယ္လို႔လည္း ဦးဝင္းထိန္က ရွင္းျပပါတယ္။

ဒီကပ္ေရာဂါဆိုးေၾကာင့္ စကၤာပူႏိုင္ငံထဲ ပိတ္မိေနတဲ့ ျမန္မာႏိုင္ငံသားတခ်ဳိ႕ အထူးသျဖင့္ ျမန္မာေက်ာင္းသားေတြဟာ အခက္အခဲႀကဳံေနရၿပီး ျမန္မာႏိုင္ငံျပန္ဖို႔ သံရုံးကို အကူအညီ ေတာင္းရာကေန ျမန္မာေလေၾကာင္းလိုင္း MAI က ေစ်းသက္သက္သာသာ နဲ႔ ေျပးဆြဲေပးဖို႔ စီစဥ္ေနတာ သိရေၾကာင္း စကၤာပူအေျခစိုက္ အကူညီေပးေရးအဖြဲ႔ Myanmar Club အတြင္းေရးမႉး မေမေက်ာ္စိုးညြန္႔က ေျပာပါတယ္။

“ဒီ စကၤာပူ မွာ ေက်ာင္းသားေတြ ရွိတယ္ ေဆးလာကုၿပီးေတာ့ အဆင္မေျပဘူးေပါ့ ဒီမွာ ဆက္ေနဖို႔၊ ျမန္မာျပည္ျပန္ခ်င္တဲ့ လူေတြရွိတယ္။ တခ်ိဳ႕လည္း ကိုယ္ဝန္သည္ေတြ ရွိတယ္။ သူတို႔ေတြက ဟိုမွာ ျပန္ေမြးမွ ျဖစ္မွာ ဒီမွာ ေမြးဖို႔က ဘယ္လိုမွ အဆင္မေျပဘူး အဲဒီေတာ့ သူတို႔ေတြအတြက္က ျပန္မွ ကိုျဖစ္မွာ ။အခု စကၤာပူ မွာ ေက်ာင္းသားေတြကလည္း ေတာ္ေတာ္ဒုကၡေရာက္က်တယ္။ ေက်ာင္းက ပိတ္ထားတယ္၊ အခန္းခေတြ ေပးရမယ္ အလုပ္ကလည္း part time မရွိေတာ့ဘူး။ သူတို႔ part time မရွိတာက သူတို႔အတြက္ အရမ္းအဆင္မေျပဘူး။ စားဖို႔ေသာက္ဖို႔အစ ေပါ့ေနာ္ ။ အခုကိစၥက်ေတာ့ ျပန္ခ်င္တဲ့သူေတြ ေတာ္ေတာ္အခက္အခဲျဖစ္ေနတာကို Myanmar National airline ကလည္း ကူညီၿပီးေတာ့ ေတာ္ေတာ့္ကို အနည္းဆံုးေစ်းနဲ႔ ျပန္ၾကရမွာ။”

အခုလို စကၤာပူကေန ျပည္ေတာ္ ျပန္ခ်င္တယ္ဆိုတဲ့ ျမန္မာႏိုင္ငံသားေတြဟာ အေၾကာင္း အမ်ဳိးမ်ဳိးေၾကာင့္ စကၤာပူမွာ ပိတ္မိ ေနသူေတြသာ ျဖစ္ၿပီး၊ ေရာဂါပုိးရွိသူ မွန္သမွ်ကို စကၤာပူအစိုးရက သီးသန္႔ခြဲျခား ေစာင့္ၾကပ္ ၾကည့္ရႈေနတယ္လို႔ ဦးဝင္းထိန္က ေျပာပါတယ္။

“ တခ်ိဳ႕က ေက်ာင္းသားေတြရွိတယ္။ တခ်ိဳ႕ကလည္း ဒီမတိုင္ခင္ေလးတင္ေပါ့ဗ်ာ အလုပ္ျဖဳတ္ခံလိုက္ရၿပီးေတာ့ အလုပ္မရွိတဲ့သူေတြ ရွိတယ္။ တခ်ိဳ႕ကလည္း ေဆးကုလာတာတို႔ ရွိတယ္။ တခ်ိဳ႕ကလည္း သားသမီးေတြ ရွိေတာ့ မိဘေတြ အလည္လာတာေပါ့ဗ်ာ။ ဒါမ်ိဳးေတြ ဒီမွာ ပိတ္မိေနတာရွိတယ္။ တကယ့္တကယ္ အလုပ္သမား အေဆာင္မွာ ေနၿပီးေတာ့ ေရာဂါရွိတယ္၊ မရွိဘူး စစ္ေဆးေနသူေတြက ဒီ သေဘာထဲမွာ အက်ံဳးမ၀င္ေသးဘူးဗ်။ လူတေယာက္က ျမန္မာတေယာက္ပဲ ျဖစ္ပါေစ၊ ဘယ္ႏိုင္ငံကပဲ ျဖစ္ျဖစ္ ပိုးကူူးတာသိရင္ သူတို႔ႏိုင္ငံကို ျပန္ပို႔မွာမဟုတ္ဘူး။”

စကၤာပူႏိုင္ငံမွာ ဒီသီတင္းပတ္ထဲ COVID-19 ေရာဂါပိုး ေတြ႔ရွိရတဲ့လူနာ ေန႔စဥ္ (၁၀၀၀) ၀န္းက်င္ရွိပါတယ္။ ဧၿပီ (၂၄) ရက္စာရင္းအရ (၈၉၇)ဦးရွိၿပီး အခုခ်ိန္ထိ ေရာဂါကူးစက္ထားသူ စုစုေပါင္း (၁၂၀၇၅) ေယာက္ရွိကာ ေသဆုံးရသူေပါင္း (၁၂)ဦး ရွိတယ္လို႔ စကၤာပူအစိုးရ က ေၾကညာထားပါတယ္။

ကိုဉာဏ္ဝင္းေအာင္ / ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------------------------

စင်္ကာပူမှာ ကိုဗစ်ကူးစက်သူ မြန်မာလူမျိုး ၁၄၀ ခန့်ရှိနေ

(Unicode)

စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားတဲ့ မြန်မာလူမျိုး (၁၄၀)နီးပါး ရှိသွားပြီလို့ လူနာတွေနဲ့ နီးစပ်သူတချို့က VOA ကို ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း ရောဂါကူးစက်မှုပမာဏ ပိုများလာနေတဲ့ စင်္ကာပူမှာ ပြည်တော် ပြန်ချင်ကြတဲ့ မြန်မာနိုင်ငံသား အများအပြားရှိနေပြီး အခက်အခဲတွေနဲ့ ရင်ဆိုင် နေရတဲ့ အကြောင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

ဒီရက်ပိုင်းထဲ COVID-19 ရောဂါပိုး ကူးစက်မှု သိသိသာသာ များနေတဲ့ စင်္ကာပူနိုင်ငံမှာ ဧပြီ ၂၄သောကြာနေ့ တရက်ထဲမှာတင် ကူးစက်သူပေါင်း (၉၀၀) နီးပါးကို အတည်ပြုနိုင်ခဲ့တယ်လို့ စင်္ကာပူအစိုးရ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ(၂၄)ရက်နေ့အထိ စာရင်းအရ COVID-19 ကူးစက်ခံထားရတဲ့ စင်္ကာပူရောက် မြန်မာလူမျိုး (၁၃၆) ယောက်ရှိနေပြီလို့ လူနာတွေနဲ့ နီးစပ်သူတဦးဖြစ်တဲ့ အင်ဂျင်နီယာ ဦးဝင်းထိန်က VOA ကို ပြောပါတယ်။

“မြန်မာထဲက ကူးစက်တဲ့လူ ၁၃၆ ယောက် ရှိနေပြီ၊ အဲဒီလူတွေ အားလုံးက အလုပ်သမား ရိပ်သာမှာနေတာ များတယ်။ အဲဒီထဲကတော့ အမျိုးသမီးတယောက်ကတော့ Domestic worker အိမ်အကူ ပေါ့ဗျာ ။ သူကတော့ ဆေးရုံက ဆင်းသွားပြီ အဲဒါ ဝမ်းသာစရာတခုပဲ ရှိတယ်။ကျန်တဲ့သူတွေ ကတော့ ရောဂါကူးစက်ခံထားရတယ် အဲလိုပဲ ဆေးရုံတို့ Isolation center တို့quarantine center တို့ မှာ ရှိနေကြတယ်။ ဒါပေမယ့် အများစုကတော့ ဆိုးဝါးတဲ့ အခြေအနေမှာ မရှိကြဘူးဗျ။”

အခုလို ရောဂါကူးစက်ခံထားရတဲ့ မြန်မာတွေထဲမှာ ရောဂါလက္ခဏာ ဆိုးဝါးလွန်းသူ မရှိသေးသလို၊ သေဆုံးသူလည်း တဦးမှ မရှိသေးဘူးလို့ စင်္ကာပူကလာတဲ့ မြန်မာအသိုင်းအဝိုင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။

စင်္ကာပူက COVID -19 ကူးစက်မှု အများစုဟာ ရွှေ့ပြောင်းအလုပ်သမားတွေ နေတဲ့ အလုပ်သမား အဆောင်တွေထဲမှာပဲ ဆက်ဖြစ်နေတာလို့ စင်္ကာပူ အာဏာပိုင်တွေကလည်း ပြောထားပါတယ်။ နိုင်ငံခြားသား အလုပ်သမားတွေရဲ့လုပ်အားအပေါ် အားထားနေရတဲ့ စင်္ကာပူမှာ ကုမ္ပဏီတွေက ရွှေ့ပြောင်းအလုပ်သမား ရာဂဏန်းကနေ သောင်းဂဏန်းအထိ အဆောင်တိုက်ခန်းတွေထဲမှာ လူစုလူဝေးနဲ့ နေ စေပြီး နှစ်ထပ်ကုတင်တွေနဲ့ အိပ်ရသလို၊ အိမ်သာ ရေချိုးခန်း မီးဖို စတာကို ဘုံသုံးရတာကြောင့် နီးကပ်တဲ့ ထိတွေ့ဆက်ဆံမှုတွေက နေ ပိုကူးနေတာဖြစ်တယ်လို့လည်း ဦးဝင်းထိန်က ရှင်းပြပါတယ်။

ဒီကပ်ရောဂါဆိုးကြောင့် စင်္ကာပူနိုင်ငံထဲ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတချို့ အထူးသဖြင့် မြန်မာကျောင်းသားတွေဟာ အခက်အခဲကြုံနေရပြီး မြန်မာနိုင်ငံပြန်ဖို့ သံရုံးကို အကူအညီ တောင်းရာကနေ မြန်မာလေကြောင်းလိုင်း MAI က ဈေးသက်သက်သာသာ နဲ့ ပြေးဆွဲပေးဖို့ စီစဉ်နေတာ သိရကြောင်း စင်္ကာပူအခြေစိုက် အကူညီပေးရေးအဖွဲ့ Myanmar Club အတွင်းရေးမှူး မမေကျော်စိုးညွန့်က ပြောပါတယ်။

“ဒီ စင်္ကာပူ မှာ ကျောင်းသားတွေ ရှိတယ် ဆေးလာကုပြီးတော့ အဆင်မပြေဘူးပေါ့ ဒီမှာ ဆက်နေဖို့၊ မြန်မာပြည်ပြန်ချင်တဲ့ လူတွေရှိတယ်။ တချို့လည်း ကိုယ်ဝန်သည်တွေ ရှိတယ်။ သူတို့တွေက ဟိုမှာ ပြန်မွေးမှ ဖြစ်မှာ ဒီမှာ မွေးဖို့က ဘယ်လိုမှ အဆင်မပြေဘူး အဲဒီတော့ သူတို့တွေအတွက်က ပြန်မှ ကိုဖြစ်မှာ ။အခု စင်္ကာပူ မှာ ကျောင်းသားတွေကလည်း တော်တော်ဒုက္ခရောက်ကျတယ်။ ကျောင်းက ပိတ်ထားတယ်၊ အခန်းခတွေ ပေးရမယ် အလုပ်ကလည်း part time မရှိတော့ဘူး။ သူတို့ part time မရှိတာက သူတို့အတွက် အရမ်းအဆင်မပြေဘူး။ စားဖို့သောက်ဖို့အစ ပေါ့နော် ။ အခုကိစ္စကျတော့ ပြန်ချင်တဲ့သူတွေ တော်တော်အခက်အခဲဖြစ်နေတာကို Myanmar National airline ကလည်း ကူညီပြီးတော့ တော်တော့်ကို အနည်းဆုံးဈေးနဲ့ ပြန်ကြရမှာ။”

အခုလို စင်္ကာပူကနေ ပြည်တော် ပြန်ချင်တယ်ဆိုတဲ့ မြန်မာနိုင်ငံသားတွေဟာ အကြောင်း အမျိုးမျိုးကြောင့် စင်္ကာပူမှာ ပိတ်မိ နေသူတွေသာ ဖြစ်ပြီး၊ ရောဂါပိုးရှိသူ မှန်သမျှကို စင်္ကာပူအစိုးရက သီးသန့်ခွဲခြား စောင့်ကြပ် ကြည့်ရှုနေတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

“ တချို့က ကျောင်းသားတွေရှိတယ်။ တချို့ကလည်း ဒီမတိုင်ခင်လေးတင်ပေါ့ဗျာ အလုပ်ဖြုတ်ခံလိုက်ရပြီးတော့ အလုပ်မရှိတဲ့သူတွေ ရှိတယ်။ တချို့ကလည်း ဆေးကုလာတာတို့ ရှိတယ်။ တချို့ကလည်း သားသမီးတွေ ရှိတော့ မိဘတွေ အလည်လာတာပေါ့ဗျာ။ ဒါမျိုးတွေ ဒီမှာ ပိတ်မိနေတာရှိတယ်။ တကယ့်တကယ် အလုပ်သမား အဆောင်မှာ နေပြီးတော့ ရောဂါရှိတယ်၊ မရှိဘူး စစ်ဆေးနေသူတွေက ဒီ သဘောထဲမှာ အကျုံးမဝင်သေးဘူးဗျ။ လူတယောက်က မြန်မာတယောက်ပဲ ဖြစ်ပါစေ၊ ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ် ပိုးကူူးတာသိရင် သူတို့နိုင်ငံကို ပြန်ပို့မှာမဟုတ်ဘူး။”

စင်္ကာပူနိုင်ငံမှာ ဒီသီတင်းပတ်ထဲ COVID-19 ရောဂါပိုး တွေ့ရှိရတဲ့လူနာ နေ့စဉ် (၁၀၀၀) ဝန်းကျင်ရှိပါတယ်။ ဧပြီ (၂၄) ရက်စာရင်းအရ (၈၉၇)ဦးရှိပြီး အခုချိန်ထိ ရောဂါကူးစက်ထားသူ စုစုပေါင်း (၁၂၀၇၅) ယောက်ရှိကာ သေဆုံးရသူပေါင်း (၁၂)ဦး ရှိတယ်လို့ စင်္ကာပူအစိုးရ က ကြေညာထားပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/singapore-myanmar-covid-/5391192.html
စကၤာပူမွာ ကုိဗစ္ကူးစက္သူ ျမန္မာလူမ်ဳိး ၁၄၀ ခန္႔ရွိေန စကၤာပူမွာ ကုိဗစ္ကူးစက္သူ ျမန္မာလူမ်ဳိး ၁၄၀ ခန္႔ရွိေန Reviewed by THITHTOOLWIN on 06:20 Rating: 5
Powered by Blogger.