ရွင္ဂ်န္းမွာ ေၾကာင္သား၊ ေခြးသားမစားရ

ဗိုင္းရပ္စ္ကပ္ေဘးျဖစ္ၿပီးေနာက္မွာ ေတာေကာင္ေရာင္းဝယ္စားေသာက္မႈအျပင္ ေၾကာင္သား၊ေခြးသားကိုပါကန႔္သတ္လာ။
ရွင္ဂ်န္းျပည္နယ္ဟာ တ႐ုတ္ႏိုင္ငံမွာ ေၾကာင္သား၊ ေခြးသားမစားရ တားျမစ္မိန႔္ထုတ္တဲ့ ပထမဆုံးျပည္နယ္ျဖစ္လာပါၿပီ။

ကို႐ိုနာဗိုင္းရပ္စ္ဟာ ေတာ႐ိုင္းတိရစာၦန္သားေတြကို စားသုံးမႈနဲ႔ ဆက္စပ္ႏိုင္တယ္ဆိုတဲ့ ယူဆခ်က္ျဖစ္လာၿပီးေနာက္မွာ ေတာ႐ိုင္းတိရစာၦန္ေတြ ေရာင္းဝယ္ေဖာက္ကားမႈ၊ စားသုံးမႈမလုပ္ရလို႔ တ႐ုတ္အစိုးရက တားျမစ္ခဲ့ပါတယ္။

အခုရွင္ဂ်န္းျပည္နယ္ကေတာ့ တဆင့္ထပ္တိုးတားျမစ္မႈလုပ္လိုက္တာပါ။

အာရွတလႊားမွာ တႏွစ္ကိုေခြးေပါင္းသန္း ၃၀ သတ္ျဖတ္တယ္လို႔ ႏိုင္ငံတကာက႐ုဏာလူ႔အဖြဲ႕အစည္းက ဆိုပါတယ္။

ဒါေပမယ့္ တ႐ုတ္ႏိုင္ငံမွာ ေခြးသားစားတဲ့အေလ့အထဟာ အမ်ားဓေလ့ မဟုတ္ပါဘူး။ တ႐ုတ္အမ်ားစုက တခါမွ မစားဖူးသလို စားခ်င္စိတ္လည္း မရွိဘူးလို႔ ဆိုၾကပါတယ္။

“ေခြးနဲ႔ေၾကာင္ကို အိမ္ေမြးတိရစာၦန္လို႔ သတ္မွတ္ထားၿပီး တျခားတိရစာၦန္ေတြထက္ လူနဲ႔ပိုနီးစပ္ပါတယ္။ ေခြးသား၊ ေၾကာင္သားနဲ႔ အိမ္ေမြးတိရစာၦန္ စားသုံးမႈ တားျမစ္တာဟာ ဖြံ႕ၿဖိဳးတဲ့ႏိုင္ငံေတြမွာ ျပဳေနက် က်င့္ထုံးျဖစ္ၿပီး ေဟာင္ေကာင္နဲ႔ ထိုင္ဝမ္မွာလည္း အလားတူက်င့္သုံးတယ္”လို႔ ရွင္ဂ်န္းအစိုးရက ေျပာေၾကာင္း ႐ိုက္တာ သတင္းဌာနက ကိုးကားေဖာ္ျပပါတယ္။

တိုးတက္လာတဲ့ လူ႔အဖြဲ႕အစည္းရဲ႕ ေတာင္းဆိုခ်က္လိုလားခ်က္ကို တုံ႔ျပန္တဲ့ အေနနဲ႔ အခုလိုတားျမစ္ခ်က္ထုတ္ျပန္တာလို႔ ရွင္ဂ်န္းအာဏာပိုင္ေတြကဆိုပါတယ္။

တိရစာၦန္ အက်ိဳးေဆာင္အဖြဲ႕အစည္းတခုျဖစ္တဲ့ HSI ကအခုေဆာင္႐ြက္ခ်က္ကိုႀကိဳဆိုလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ႏွစ္စဥ္ေခြး ၁၀ သန္း ေၾကာင္ ၄ သန္းကို ရက္ရက္စက္ ေရာင္းဝယ္ သတ္ျဖတ္ေနတာကို အဆုံးသတ္ေရး အတြက္ ဒါဟာ အေရးပါတဲ့ တိုးတက္မႈတရပ္ပါလို႔ HSI ရဲ႕ မူဝါဒကြၽမ္းက်င္သူ ေဒါက္တာပီတာလီက ဆိုပါတယ္။

ဒီဥပေဒထုတ္ျပန္ေပမယ့္ ဝက္ဝံသည္းေျခရည္ကို ကို႐ိုနာဗိုင္းရပ္စ္ကုသတဲ့ တိုင္းရင္းေဆး အျဖစ္အသုံးျပဳေနတာကိုေတာ့ ခြင့္ျပဳထားဆဲျဖစ္ပါတယ္။

တိုင္းရင္းေဆးမွာ ဝက္ဝံသည္းေျခရည္ အသုံးျပဳတာဟာ ေရွးပေဝသဏီကတည္းက အစဥ္အလာျဖစ္ပါတယ္။

ဝက္ဝံသည္းေျခရည္ကို သည္းေျခႁပြန္ေက်ာက္တည္ေရာဂါနဲ႔ အသည္းေရာဂါေတြ အတြက္လည္း အသုံးျပဳပါတယ္။

ဒါေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ကို ကုသေပ်ာက္ကင္းေၾကာင္းေတာ့ အေထာက္အထားမရွိပါဘူး။

အာရွတိရစာၦန္မ်ားေဖာင္ေဒးရွင္းရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဘ႐ိုင္ယန္ဒါလိုင္းကေတာ့ ေတာ႐ိုင္းသတၱဝါေတြဆီက ျမစ္ဖ်ားခံလာတယ္လို႔ ယူဆရတဲ့ အခုလိုကို႐ိုနာဗိုင္းရပ္စ္ကို ကုသဖို႔တြက္ ဝက္ဝံသည္းေျခရည္လိုမ်ိဳး ေတာ႐ိုင္းတိရစာၦန္ရဲ႕ အစိတ္အပိုင္းကို အသုံးျပဳတာဟာ မသင့္ေတာ္ပါဘူးလို႔ ဆိုပါတယ္။
တ႐ုတ္ႏိုင္ငံကသားငါးေရာင္းခ်တဲ့ေစ်းတေစ်း
ေတာေကာင္ေစ်း

တ႐ုတ္အစိုးရက ေတာေကာင္ေရာင္းဝယ္စားသုံးမႈကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက ပိတ္ပင္တားျမစ္ခဲ့ပါတယ္။

ေတာေကာင္သားေရာင္းခ်တဲ့ ဝူဟန္ေစ်းဟာ ကို႐ိုနာ ဗိုင္းရပ္စ္သစ္ စတင္ရာေနရာ ျဖစ္ႏိုင္တယ္လို႔ က်ယ္က်ယ္ျပန႔္ျပန႔္ေျပာဆို ယူဆလာၿပီးေနာက္မွာ ေတာေကာင္ ေရာင္းဝယ္စားသုံးမႈကို ပိတ္ပင္လိုက္တာပါ။

ကို႐ိုနာဗိုင္းရပ္စ္ျဖစ္လာတာဟာ ေတာေကာင္ေရာင္းဝယ္မႈနဲ႔ ေတာေကာင္ေစ်းကြက္ကို ထိထိေရာက္ေရာက္ေခ်မႈန္းတိုက္ခိုက္ဖို႔ တ႐ုတ္အစိုးရကို ဖိအားေပးလိုက္သလိုရွိပါတယ္။

ဂြၽန္ေဟာ့ပ္ကင္းတကၠသိုလ္ရဲ႕ စာရင္းအရ အခုအခါ ကမာၻေပၚမွာ ကို႐ိုနာ ကူးစက္ခံရသူစုစုေပါင္း ၁ သန္းနီးပါးရွိၿပီး ေသဆုံးသူစုစုေပါင္း ၄၇၀၀၀ ေက်ာ္သြားပါၿပီ။

တ႐ုတ္တႏိုင္ငံတည္းမွာတြင္ ကူးစက္သူစုစုေပါင္း ၈၁၅၈၉ နဲ႔ ေသဆုံးသူ ၃၃၁၈ ရွိတယ္လို႔ အမ်ိဳးသားက်န္းမာေရးေကာ္မရွင္က ဆိုပါတယ္။

ကိုဗစ္ ၁၉ ဗိုင္းရပ္စ္ပိုးဟာ အမွန္တကယ္ဘယ္ကစၿပီး လူကို ဘယ္လိုစတင္ကူးစက္ခဲ့တယ္ဆိုတာ သိပၸံပညာရွင္ေတြနဲ႔ သုေတသီေတြကိုယ္တိုင္ ရွာေဖြအတည္ျပဳႏိုင္ဖို႔ကေတာ့ အလွမ္းကြာေဝးေနဆဲျဖစ္ပါတယ္။

BBC Burmese
--------------------------------------------
ရှင်ဂျန်းမှာ ကြောင်သား၊ ခွေးသားမစားရ

ရှင်ဂျန်းပြည်နယ်ဟာ တရုတ်နိုင်ငံမှာ ကြောင်သား၊ ခွေးသားမစားရ တားမြစ်မိန့်ထုတ်တဲ့ ပထမဆုံးပြည်နယ်ဖြစ်လာပါပြီ။

ကိုရိုနာဗိုင်းရပ်စ်ဟာ တောရိုင်းတိရစ္ဆာန်သားတွေကို စားသုံးမှုနဲ့ ဆက်စပ်နိုင်တယ်ဆိုတဲ့ ယူဆချက်ဖြစ်လာပြီးနောက်မှာ တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်ဖောက်ကားမှု၊ စားသုံးမှုမလုပ်ရလို့ တရုတ်အစိုးရက တားမြစ်ခဲ့ပါတယ်။

အခုရှင်ဂျန်းပြည်နယ်ကတော့ တဆင့်ထပ်တိုးတားမြစ်မှုလုပ်လိုက်တာပါ။

အာရှတလွှားမှာ တနှစ်ကိုခွေးပေါင်းသန်း ၃၀ သတ်ဖြတ်တယ်လို့ နိုင်ငံတကာကရုဏာလူ့အဖွဲ့အစည်းက ဆိုပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံမှာ ခွေးသားစားတဲ့အလေ့အထဟာ အများဓလေ့ မဟုတ်ပါဘူး။ တရုတ်အများစုက တခါမှ မစားဖူးသလို စားချင်စိတ်လည်း မရှိဘူးလို့ ဆိုကြပါတယ်။

“ခွေးနဲ့ကြောင်ကို အိမ်မွေးတိရစ္ဆာန်လို့ သတ်မှတ်ထားပြီး တခြားတိရစ္ဆာန်တွေထက် လူနဲ့ပိုနီးစပ်ပါတယ်။ ခွေးသား၊ ကြောင်သားနဲ့ အိမ်မွေးတိရစ္ဆာန် စားသုံးမှု တားမြစ်တာဟာ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ ပြုနေကျ ကျင့်ထုံးဖြစ်ပြီး ဟောင်ကောင်နဲ့ ထိုင်ဝမ်မှာလည်း အလားတူကျင့်သုံးတယ်”လို့ ရှင်ဂျန်းအစိုးရက ပြောကြောင်း ရိုက်တာ သတင်းဌာနက ကိုးကားဖော်ပြပါတယ်။

တိုးတက်လာတဲ့ လူ့အဖွဲ့အစည်းရဲ့ တောင်းဆိုချက်လိုလားချက်ကို တုံ့ပြန်တဲ့ အနေနဲ့ အခုလိုတားမြစ်ချက်ထုတ်ပြန်တာလို့ ရှင်ဂျန်းအာဏာပိုင်တွေကဆိုပါတယ်။

တိရစ္ဆာန် အကျိုးဆောင်အဖွဲ့အစည်းတခုဖြစ်တဲ့ HSI ကအခုဆောင်ရွက်ချက်ကိုကြိုဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ နှစ်စဉ်ခွေး ၁၀ သန်း ကြောင် ၄ သန်းကို ရက်ရက်စက် ရောင်းဝယ် သတ်ဖြတ်နေတာကို အဆုံးသတ်ရေး အတွက် ဒါဟာ အရေးပါတဲ့ တိုးတက်မှုတရပ်ပါလို့ HSI ရဲ့ မူဝါဒကျွမ်းကျင်သူ ဒေါက်တာပီတာလီက ဆိုပါတယ်။

ဒီဥပဒေထုတ်ပြန်ပေမယ့် ဝက်ဝံသည်းခြေရည်ကို ကိုရိုနာဗိုင်းရပ်စ်ကုသတဲ့ တိုင်းရင်းဆေး အဖြစ်အသုံးပြုနေတာကိုတော့ ခွင့်ပြုထားဆဲဖြစ်ပါတယ်။

တိုင်းရင်းဆေးမှာ ဝက်ဝံသည်းခြေရည် အသုံးပြုတာဟာ ရှေးပဝေသဏီကတည်းက အစဉ်အလာဖြစ်ပါတယ်။

ဝက်ဝံသည်းခြေရည်ကို သည်းခြေပြွန်ကျောက်တည်ရောဂါနဲ့ အသည်းရောဂါတွေ အတွက်လည်း အသုံးပြုပါတယ်။

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကို ကုသပျောက်ကင်းကြောင်းတော့ အထောက်အထားမရှိပါဘူး။

အာရှတိရစ္ဆာန်များဖောင်ဒေးရှင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘရိုင်ယန်ဒါလိုင်းကတော့ တောရိုင်းသတ္တဝါတွေဆီက မြစ်ဖျားခံလာတယ်လို့ ယူဆရတဲ့ အခုလိုကိုရိုနာဗိုင်းရပ်စ်ကို ကုသဖို့တွက် ဝက်ဝံသည်းခြေရည်လိုမျိုး တောရိုင်းတိရစ္ဆာန်ရဲ့ အစိတ်အပိုင်းကို အသုံးပြုတာဟာ မသင့်တော်ပါဘူးလို့ ဆိုပါတယ်။

တောကောင်ဈေး

တရုတ်အစိုးရက တောကောင်ရောင်းဝယ်စားသုံးမှုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပိတ်ပင်တားမြစ်ခဲ့ပါတယ်။

တောကောင်သားရောင်းချတဲ့ ဝူဟန်ဈေးဟာ ကိုရိုနာ ဗိုင်းရပ်စ်သစ် စတင်ရာနေရာ ဖြစ်နိုင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ပြောဆို ယူဆလာပြီးနောက်မှာ တောကောင် ရောင်းဝယ်စားသုံးမှုကို ပိတ်ပင်လိုက်တာပါ။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်လာတာဟာ တောကောင်ရောင်းဝယ်မှုနဲ့ တောကောင်ဈေးကွက်ကို ထိထိရောက်ရောက်ချေမှုန်းတိုက်ခိုက်ဖို့ တရုတ်အစိုးရကို ဖိအားပေးလိုက်သလိုရှိပါတယ်။

ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ရဲ့ စာရင်းအရ အခုအခါ ကမ္ဘာပေါ်မှာ ကိုရိုနာ ကူးစက်ခံရသူစုစုပေါင်း ၁ သန်းနီးပါးရှိပြီး သေဆုံးသူစုစုပေါင်း ၄၇၀၀၀ ကျော်သွားပါပြီ။

တရုတ်တနိုင်ငံတည်းမှာတွင် ကူးစက်သူစုစုပေါင်း ၈၁၅၈၉ နဲ့ သေဆုံးသူ ၃၃၁၈ ရှိတယ်လို့ အမျိုးသားကျန်းမာရေးကော်မရှင်က ဆိုပါတယ်။

ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးဟာ အမှန်တကယ်ဘယ်ကစပြီး လူကို ဘယ်လိုစတင်ကူးစက်ခဲ့တယ်ဆိုတာ သိပ္ပံပညာရှင်တွေနဲ့ သုတေသီတွေကိုယ်တိုင် ရှာဖွေအတည်ပြုနိုင်ဖို့ကတော့ အလှမ်းကွာဝေးနေဆဲဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52141504
ရွင္ဂ်န္းမွာ ေၾကာင္သား၊ ေခြးသားမစားရ ရွင္ဂ်န္းမွာ ေၾကာင္သား၊ ေခြးသားမစားရ Reviewed by THITHTOOLWIN on 05:37 Rating: 5
Powered by Blogger.