ကို႐ိုနာဗိုင္းရပ္စ္ - တ႐ုတ္နဲ႔အိမ္နီးခ်င္း ျဖစ္တာေတာင္ ေသသူမရွိေသးတဲ့ ဗီယက္နမ္ကို အတုယူႏိုင္မလား



Share/Bookmark
 ၿမိဳ႕ေတာ္ဟႏြိဳင္းနဲ႔ ၿမိဳ႕ႀကီးတခ်ိဳ႕ကို ပထမဆုံး ျပန္ဖြင့္တဲ့ေန႔
(Zawgyi)⤵⤵⤵
တစ္ကမာၻလုံး ကို႐ိုနာဗိုင္းရပ္စ္ပိုး ပ်ံ႕ေနခ်ိန္မွာ ႏိုင္ငံတစ္ႏိုင္ငံမွာေတာ့ ကူးစက္မႈက ရာဂဏန္းပဲ ရွိပါေသးတယ္။

လူဦးေရ ၉၇ သန္း ရွိတဲ့ ဗီယက္နမ္ဟာ ပိုးစပ်ံ႕ခဲ့တဲ့ တ႐ုတ္နဲ႔ နယ္နိမိတ္ခ်င္း ထိေနတာေတာင္ ကူးစက္ခံရသူ ၂၆၈ ေယာက္ပဲရွိေသးၿပီး ဧၿပီ ၂၃ အထိ ေသသူ တစ္ေယာက္မွ မရွိေသးပါဘူး။

ကို႐ိုနာဗိုင္းရပ္စ္နဲ႔ စစ္တိုက္ေနတယ္လို႔ သေဘာထားၿပီး တိုက္ထုတ္ၾကရေအာင္လို႔ အစိုးရက သူ႔ႏိုင္ငံသားေတြကို တပ္လွန္႔ထားခဲ့တာပါ။ ဒီႏိုင္ငံမွာ အခုဆိုရင္ ပိတ္ထား၊ ကန္႔သတ္ထားတာေတြကို စၿပီးေျဖ ေလွ်ာ့ေနပါၿပီ။ ေက်ာင္းေတြလည္း ျပန္ဖြင့္ခိုင္းလိုက္ပါၿပီ။

ဒီေတာ့ သူတို႔ ဘယ္လို လုပ္ခဲ့ၾကပါသလဲ။ သူတို႔နဲ႔ အေျခအေနခ်င္းနီးစပ္တဲ့ ႏိုင္ငံေတြက ဗီယက္နမ္ပုံစံမ်ိဳး လိုက္လုပ္သင့္ပါသလား။

နယ္စပ္ေတြပိတ္ပစ္
ႏိုင္ငံျခားသား အဝင္လည္း ပိတ္ပစ္ခဲ့တယ္။
ဇန္နဝါရီလကုန္မွာ ပိုးရွိသူတစ္ေယာက္ ပထမဆုံး စေတြ႕တာနဲ႔ လုပ္ရမွာေတြကို ခပ္ျမန္ျမန္ လုပ္ပါတယ္။ တ႐ုတ္နဲ႔ နယ္စပ္ေတြကို ခ်က္ခ်င္း ပိတ္ခ်လိုက္ ပါတယ္။ အဓိကေလဆိပ္ႀကီးေတြက ဝင္လာသမွ် ခရီးသည္တိုင္းကို ကိုယ္အပူခ်ိန္တိုင္းပါတယ္။

သူ႔ႏိုင္ငံထဲက ကူးစက္ခံရတာေတြ အားလုံးနီးပါးက ႏိုင္ငံျခားကဝင္လာသူေတြဆီက ကူးစက္တာလို႔ သိလိုက္တဲ့ အခ်ိန္မွာေတာ့ တျခားႏိုင္ငံက ဝင္လာသူ အားလုံးကို ၁၄ ရက္ ကြာရန္တင္း ဝင္ဖို႔ အမိန္႔ထုတ္လိုက္ပါတယ္။

တခ်ိဳ႕ ဟိုတယ္ေတြကို အစိုးရက ငွားၿပီး ကြာရန္တင္းလုပ္ခံရသူေတြကို ထားတာလည္း ရွိပါတယ္။

မတ္လကုန္မွာေတာ့ ပိုၿပီး တင္းၾကပ္လိုက္ပါၿပီ။ ႏိုင္ငံျခားသားအဝင္ လက္မခံေတာ့ပါဘူး။ ဗီဇာမလိုတဲ့ ဗီယမ္နမ္ႏြယ္ဖြား မိသားစုေတြပါ ဒီလို အပိတ္ခံရတဲ့အထဲ ပါပါတယ္။

ကြင္းဆက္လိုက္တယ္
ပိုးရွိတဲ့သူေတြကို ေသခ်ာ ဖိဖိစီးစီး ရွာတယ္။
ပိုးရွိသူေတြကို ခြဲထားပါတယ္။ ဒီလူေတြနဲ႔ ထိေတြ႕ဖူးတဲ့သူမွန္သမွ် လိုက္ရွာၿပီး ပိုးစစ္ပါတယ္။

ဗီယက္နမ္ဟာ တန္ဖိုးနည္း ပိုးစစ္ကိရိယာကို ဒီဇိုင္းထုတ္ၿပီး ျပည္တြင္းမွာတင္ ထုတ္ႏိုင္တဲ့ အေျခအေနကိုလည္း ေရာက္ခဲ့ပါတယ္။

ဒါေပမဲ့ ဖြံ႕ၿဖိဳးစ ႏိုင္ငံတစ္ခုပဲ ျဖစ္ၿပီး အရင္းအျမစ္ကလည္း သိပ္မရွိလို႔ လူေတြ အမ်ားႀကီး ကို ေဆးစစ္ေပးရတဲ့ အကုန္အက်မ်ားမယ့္နည္းကို သူတို႔ မတတ္ႏိုင္ပါဘူး။ ဂ်ာမနီနဲ႔ ေတာင္ကိုရီးယားကေတာ့ ပိုးစစ္တာေတြ အမ်ားအျပားလုပ္တဲ့ ကုန္က်စရိတ္မ်ားတဲ့ နည္းကို သုံးခဲ့ပါတယ္။

အဲဒီအစား ဗီယက္နမ္ကေတာ့ စရိတ္သက္သာတဲ့လမ္းေၾကာင္းကို ေ႐ြးခဲ့ပါတယ္။ ခုနက ေျပာခဲ့တဲ့ ပိုးကူးတဲ့သူေတြကို ဖိဖိစီးစီး ရွာၿပီး ခြဲထားတဲ့နည္းပါ။

လူထုကို လႈံ႕ေဆာ္
စစ္ျဖစ္ခဲ့တုန္းလို စိတ္နဲ႔ ဗိုင္းရပ္စ္ကို တိုက္ထုတ္ဖို႔ လႈံ႕ေဆာ္
တစ္ႏိုင္ငံလုံးကိုလည္း အစိုးရက ပညာေပးေတြ လုပ္ထားပါတယ္။ ဗီယက္နမ္စစ္ပြဲတုန္းကလို သူရဲေကာင္းစိတ္ေမြးခိုင္းတဲ့ လူစိတ္ဝင္စားမယ့္ ဗီဒီယိုနဲ႔ ပိုစတာေတြ ျဖန္႔ပါတယ္။

ဝန္ႀကီးခ်ဳပ္ ငုယင္ စြမ္းဖုက ေႏြဦးတိုက္ပြဲရွည္ႀကီးကို အတူတိုက္ၾကဖို႔ ႏိုင္ငံသားေတြကို လႈံ႕ေဆာ္ပါတယ္။ ၁၉၇၅ အစပိုင္းတုန္းက အေမရိကန္ စစ္တပ္ေတြကို ေအာင္ေအာင္ျမင္ျမင္ တိုက္ထုတ္ခဲ့တုန္းက အေျခအေနကို ျပန္ကိုးကားၿပီး ဒီလို တိုက္တြန္းထားတာပါ။

ဗီယက္နမ္ေတြက တစ္ေသြး၊ တစ္သံ၊ တစ္မိန္႔ လုပ္ၾကတဲ့သူေတြလို႔ ၾသစေၾတးလ်ႏိုင္ငံ နယူးေဆာက္ေဝးလ္စ္ တကၠသိုလ္က ဂုဏ္ထူးေဆာင္ ပါေမာကၡ ကားလ္ သာယာက ေျပာပါတယ္။

"သူက တစ္ပါတီစနစ္ က်င့္သုံးတဲ့ ႏိုင္ငံ၊ သူ႔မွာ လူထု အရန္တပ္ႀကီးေတြရွိတယ္။ စစ္တပ္နဲ႔ ပါတီကလည္း ပါတယ္။ အစိုးရက အထက္ေအာက္ အမိန္႔ေပးတဲ့ စနစ္။ ဒီစနစ္မ်ိဳးက သဘာဝေဘးကို တုံ႔ျပန္တာ ေကာင္းတယ္"လို႔ သူက ေျပာပါတယ္။
ကပ္ေရာဂါတုံ႔ျပန္ပုံေကာင္းခဲ့လို႔ ပိတ္ထားတာေတြ ျပန္ဖြင့္ႏိုင္ၿပီ
ဒါေပမဲ့ ဒီလို လုပ္ပုံကိုင္ပုံေတြကို တျခားႏိုင္ငံေတြက လိုက္လုပ္လို႔ ျဖစ္ႏိုင္ပါ့မလား။

သူတို႔နည္းက ေအာင္ျမင္ေနတယ္ဆိုေပမဲ့ ဒီမဟာဗ်ဴဟာမွာ ဆိုးကြက္ေတြလည္း ရွိပါတယ္လို႔ ဘီဘီစီ ဗီယက္နမ္ဌာနက အယ္ဒီတာ ဇန္ငုယင္က ေျပာပါတယ္။

လူေတြကို အိမ္နီးနားခ်င္း အခ်င္းခ်င္း ေစာင့္ၾကည့္ခိုင္းထားတယ္။ ဒီလိုနဲ႔ အတင္းအၾကပ္ ကြာရန္တင္းလုပ္ခံရမွာ ေၾကာက္ၿပီး ပိုးကူးသူေတြက ပုန္းေနတာမ်ိဳးေတြ ျဖစ္ႏိုင္တယ္လို႔ ေျပာပါတယ္။

ၿပီးေတာ့ သူတို႔လုပ္တဲ့နည္းလမ္းေတြက တိုင္းျပည္စီးပြားေရးကိုလည္း ထိေတာ့ ထိခိုက္ခဲ့ပါတယ္။ စီးပြားေရး လုပ္ငန္းေတြ အမ်ားႀကီးပိတ္ရတယ္။ အစိုးရပိုင္ ဗီယက္နမ္ ေလေၾကာင္းဆိုရင္ အေမရိကန္၊ ဥေရာပနဲ႔ အေရွ႕အာရွ ခရီးစဥ္ေတြ ဖ်က္လိုက္ရလို႔ ေဒၚလာသန္းရာေပါင္းမ်ားစြာ အရႈံးေပၚသြားတယ္။

ကြာရန္တင္း အတင္းအၾကပ္ဝင္ခိုင္း
 ပိုးေတြ႕ၿပီး တစ္႐ြာလုံး အပိတ္ခံထားရတဲ့ ၿမိဳ႕ေတာ္နားက ႐ြာတစ္႐ြာ
သူတို႔ရဲ႕ ေအာင္ျမင္တဲ့ ေရာဂါထိန္းခ်ဳပ္နည္းေၾကာင့္ တခ်ိဳ႕ေနရာေတြမွာ လူေတြ အရင္လို လြတ္လြတ္လပ္လပ္ မေနၾကရေတာ့ဘူး။

စီမံခန္႔ခြဲမႈေကာင္းတဲ့ ေဒသခံ အုပ္ခ်ဳပ္ေရးနဲ႔ လုံၿခဳံေရး တင္းတင္းက်ပ္က်ပ္သုံးၿပီး ပိုးမျပန္႔ေအာင္ ခ႐ိုင္ႀကီးေတြကို ကြာရန္တင္း လုပ္ပစ္ခဲ့တယ္။

ဒါေပမဲ့ သူတို႔လုပ္တဲ့ ပုံစံက ဥေရာပႏိုင္ငံေတြကလို လုံးဝ ေလာ့ေဒါင္း ပိတ္ခ်လိုက္တာမ်ိဳးေတာ့ မဟုတ္ပါဘူး။

ဧၿပီ ၂၃ မွာ ၿမိဳ႕ေတာ္ ဟႏြိဳင္းနဲ႔ ၿမိဳ႕ႀကီး ဆယ္ဂဏန္းေက်ာ္ေက်ာ္မွာ အဲဒီလို ပိတ္ထားတာေတြကို ျပန္ဖြင့္ခဲ့တယ္။ ဒါေပမဲ့ လူ ေလးသိန္းခြဲေလာက္ရွိတဲ့ ခ႐ိုင္သုံးခုမွာ ဆက္ပိတ္ထားေသးတယ္။

သူတို႔ကို ေဒသခံ အရပ္သားတပ္ဖြဲ႕ေတြ အေစာင့္ခ်ထားတယ္။ ဘယ္သူမွ အျပင္ထြက္လို႔ မရ။

အစိုးရက(မူဝါဒကို)တကယ္လုပ္ခ်င္စိတ္ရွိတာ၊ စနစ္က်တဲ့ အဖြဲ႕အစည္းရွိတာနဲ႔ ေပၚလစီကို လူေတြက လိုက္လုပ္ၾကလို႔ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အဆိုးဆုံးထိခိုက္မွာကို ေရွာင္ႏိုင္ခဲ့တယ္လို႔ အယ္ဒီတာ ဇန္ငုယင္က ေျပာပါတယ္။

BBC Burmese
---------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - တရုတ်နဲ့အိမ်နီးချင်း ဖြစ်တာတောင် သေသူမရှိသေးတဲ့ ဗီယက်နမ်ကို အတုယူနိုင်မလား

တစ်ကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နေချိန်မှာ နိုင်ငံတစ်နိုင်ငံမှာတော့ ကူးစက်မှုက ရာဂဏန်းပဲ ရှိပါသေးတယ်။

လူဦးရေ ၉၇ သန်း ရှိတဲ့ ဗီယက်နမ်ဟာ ပိုးစပျံ့ခဲ့တဲ့ တရုတ်နဲ့ နယ်နိမိတ်ချင်း ထိနေတာတောင် ကူးစက်ခံရသူ ၂၆၈ ယောက်ပဲရှိသေးပြီး ဧပြီ ၂၃ အထိ သေသူ တစ်ယောက်မှ မရှိသေးပါဘူး။

ကိုရိုနာဗိုင်းရပ်စ်နဲ့ စစ်တိုက်နေတယ်လို့ သဘောထားပြီး တိုက်ထုတ်ကြရအောင်လို့ အစိုးရက သူ့နိုင်ငံသားတွေကို တပ်လှန့်ထားခဲ့တာပါ။ ဒီနိုင်ငံမှာ အခုဆိုရင် ပိတ်ထား၊ ကန့်သတ်ထားတာတွေကို စပြီးဖြေ လျှော့နေပါပြီ။ ကျောင်းတွေလည်း ပြန်ဖွင့်ခိုင်းလိုက်ပါပြီ။

ဒီတော့ သူတို့ ဘယ်လို လုပ်ခဲ့ကြပါသလဲ။ သူတို့နဲ့ အခြေအနေချင်းနီးစပ်တဲ့ နိုင်ငံတွေက ဗီယက်နမ်ပုံစံမျိုး လိုက်လုပ်သင့်ပါသလား။

နယ်စပ်တွေပိတ်ပစ်

ဇန်နဝါရီလကုန်မှာ ပိုးရှိသူတစ်ယောက် ပထမဆုံး စတွေ့တာနဲ့ လုပ်ရမှာတွေကို ခပ်မြန်မြန် လုပ်ပါတယ်။ တရုတ်နဲ့ နယ်စပ်တွေကို ချက်ချင်း ပိတ်ချလိုက် ပါတယ်။ အဓိကလေဆိပ်ကြီးတွေက ဝင်လာသမျှ ခရီးသည်တိုင်းကို ကိုယ်အပူချိန်တိုင်းပါတယ်။

သူ့နိုင်ငံထဲက ကူးစက်ခံရတာတွေ အားလုံးနီးပါးက နိုင်ငံခြားကဝင်လာသူတွေဆီက ကူးစက်တာလို့ သိလိုက်တဲ့ အချိန်မှာတော့ တခြားနိုင်ငံက ဝင်လာသူ အားလုံးကို ၁၄ ရက် ကွာရန်တင်း ဝင်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။

တချို့ ဟိုတယ်တွေကို အစိုးရက ငှားပြီး ကွာရန်တင်းလုပ်ခံရသူတွေကို ထားတာလည်း ရှိပါတယ်။

မတ်လကုန်မှာတော့ ပိုပြီး တင်းကြပ်လိုက်ပါပြီ။ နိုင်ငံခြားသားအဝင် လက်မခံတော့ပါဘူး။ ဗီဇာမလိုတဲ့ ဗီယမ်နမ်နွယ်ဖွား မိသားစုတွေပါ ဒီလို အပိတ်ခံရတဲ့အထဲ ပါပါတယ်။

ကွင်းဆက်လိုက်တယ်

ပိုးရှိသူတွေကို ခွဲထားပါတယ်။ ဒီလူတွေနဲ့ ထိတွေ့ဖူးတဲ့သူမှန်သမျှ လိုက်ရှာပြီး ပိုးစစ်ပါတယ်။

ဗီယက်နမ်ဟာ တန်ဖိုးနည်း ပိုးစစ်ကိရိယာကို ဒီဇိုင်းထုတ်ပြီး ပြည်တွင်းမှာတင် ထုတ်နိုင်တဲ့ အခြေအနေကိုလည်း ရောက်ခဲ့ပါတယ်။

ဒါပေမဲ့ ဖွံ့ဖြိုးစ နိုင်ငံတစ်ခုပဲ ဖြစ်ပြီး အရင်းအမြစ်ကလည်း သိပ်မရှိလို့ လူတွေ အများကြီး ကို ဆေးစစ်ပေးရတဲ့ အကုန်အကျများမယ့်နည်းကို သူတို့ မတတ်နိုင်ပါဘူး။ ဂျာမနီနဲ့ တောင်ကိုရီးယားကတော့ ပိုးစစ်တာတွေ အများအပြားလုပ်တဲ့ ကုန်ကျစရိတ်များတဲ့ နည်းကို သုံးခဲ့ပါတယ်။

အဲဒီအစား ဗီယက်နမ်ကတော့ စရိတ်သက်သာတဲ့လမ်းကြောင်းကို ရွေးခဲ့ပါတယ်။ ခုနက ပြောခဲ့တဲ့ ပိုးကူးတဲ့သူတွေကို ဖိဖိစီးစီး ရှာပြီး ခွဲထားတဲ့နည်းပါ။

လူထုကို လှုံ့ဆော်

တစ်နိုင်ငံလုံးကိုလည်း အစိုးရက ပညာပေးတွေ လုပ်ထားပါတယ်။ ဗီယက်နမ်စစ်ပွဲတုန်းကလို သူရဲကောင်းစိတ်မွေးခိုင်းတဲ့ လူစိတ်ဝင်စားမယ့် ဗီဒီယိုနဲ့ ပိုစတာတွေ ဖြန့်ပါတယ်။

ဝန်ကြီးချုပ် ငုယင် စွမ်းဖုက နွေဦးတိုက်ပွဲရှည်ကြီးကို အတူတိုက်ကြဖို့ နိုင်ငံသားတွေကို လှုံ့ဆော်ပါတယ်။ ၁၉၇၅ အစပိုင်းတုန်းက အမေရိကန် စစ်တပ်တွေကို အောင်အောင်မြင်မြင် တိုက်ထုတ်ခဲ့တုန်းက အခြေအနေကို ပြန်ကိုးကားပြီး ဒီလို တိုက်တွန်းထားတာပါ။

ဗီယက်နမ်တွေက တစ်သွေး၊ တစ်သံ၊ တစ်မိန့် လုပ်ကြတဲ့သူတွေလို့ သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်စ် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခ ကားလ် သာယာက ပြောပါတယ်။

"သူက တစ်ပါတီစနစ် ကျင့်သုံးတဲ့ နိုင်ငံ၊ သူ့မှာ လူထု အရန်တပ်ကြီးတွေရှိတယ်။ စစ်တပ်နဲ့ ပါတီကလည်း ပါတယ်။ အစိုးရက အထက်အောက် အမိန့်ပေးတဲ့ စနစ်။ ဒီစနစ်မျိုးက သဘာဝဘေးကို တုံ့ပြန်တာ ကောင်းတယ်"လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဒီလို လုပ်ပုံကိုင်ပုံတွေကို တခြားနိုင်ငံတွေက လိုက်လုပ်လို့ ဖြစ်နိုင်ပါ့မလား။

သူတို့နည်းက အောင်မြင်နေတယ်ဆိုပေမဲ့ ဒီမဟာဗျူဟာမှာ ဆိုးကွက်တွေလည်း ရှိပါတယ်လို့ ဘီဘီစီ ဗီယက်နမ်ဌာနက အယ်ဒီတာ ဇန်ငုယင်က ပြောပါတယ်။

လူတွေကို အိမ်နီးနားချင်း အချင်းချင်း စောင့်ကြည့်ခိုင်းထားတယ်။ ဒီလိုနဲ့ အတင်းအကြပ် ကွာရန်တင်းလုပ်ခံရမှာ ကြောက်ပြီး ပိုးကူးသူတွေက ပုန်းနေတာမျိုးတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ပြီးတော့ သူတို့လုပ်တဲ့နည်းလမ်းတွေက တိုင်းပြည်စီးပွားရေးကိုလည်း ထိတော့ ထိခိုက်ခဲ့ပါတယ်။ စီးပွားရေး လုပ်ငန်းတွေ အများကြီးပိတ်ရတယ်။ အစိုးရပိုင် ဗီယက်နမ် လေကြောင်းဆိုရင် အမေရိကန်၊ ဥရောပနဲ့ အရှေ့အာရှ ခရီးစဉ်တွေ ဖျက်လိုက်ရလို့ ဒေါ်လာသန်းရာပေါင်းများစွာ အရှုံးပေါ်သွားတယ်။

ကွာရန်တင်း အတင်းအကြပ်ဝင်ခိုင်း

သူတို့ရဲ့ အောင်မြင်တဲ့ ရောဂါထိန်းချုပ်နည်းကြောင့် တချို့နေရာတွေမှာ လူတွေ အရင်လို လွတ်လွတ်လပ်လပ် မနေကြရတော့ဘူး။

စီမံခန့်ခွဲမှုကောင်းတဲ့ ဒေသခံ အုပ်ချုပ်ရေးနဲ့ လုံခြုံရေး တင်းတင်းကျပ်ကျပ်သုံးပြီး ပိုးမပြန့်အောင် ခရိုင်ကြီးတွေကို ကွာရန်တင်း လုပ်ပစ်ခဲ့တယ်။

ဒါပေမဲ့ သူတို့လုပ်တဲ့ ပုံစံက ဥရောပနိုင်ငံတွေကလို လုံးဝ လော့ဒေါင်း ပိတ်ချလိုက်တာမျိုးတော့ မဟုတ်ပါဘူး။

ဧပြီ ၂၃ မှာ မြို့တော် ဟနွိုင်းနဲ့ မြို့ကြီး ဆယ်ဂဏန်းကျော်ကျော်မှာ အဲဒီလို ပိတ်ထားတာတွေကို ပြန်ဖွင့်ခဲ့တယ်။ ဒါပေမဲ့ လူ လေးသိန်းခွဲလောက်ရှိတဲ့ ခရိုင်သုံးခုမှာ ဆက်ပိတ်ထားသေးတယ်။

သူတို့ကို ဒေသခံ အရပ်သားတပ်ဖွဲ့တွေ အစောင့်ချထားတယ်။ ဘယ်သူမှ အပြင်ထွက်လို့ မရ။

အစိုးရက(မူဝါဒကို)တကယ်လုပ်ချင်စိတ်ရှိတာ၊ စနစ်ကျတဲ့ အဖွဲ့အစည်းရှိတာနဲ့ ပေါ်လစီကို လူတွေက လိုက်လုပ်ကြလို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆိုးဆုံးထိခိုက်မှာကို ရှောင်နိုင်ခဲ့တယ်လို့ အယ်ဒီတာ ဇန်ငုယင်က ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52414177

Share/Bookmark

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ