ကို႐ိုနာကာလ အေရးပါတဲ့ေဆး႐ုံမွာ လိုအပ္ခ်က္ အမ်ားအျပားရွိေန

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာေတြကို အဓိကလက္ခံၿပီး ကုသတိုက္ဖ်က္ေရးမွာ ေရွ႕တန္းကေနပါဝင္ ေဆာင္႐ြက္ေနတဲ့ ေဝဘာဂီေဆး႐ုံမွာ က်န္းမာေရးဝန္ထမ္းမလုံေလာက္မႈေတြ၊ ကာကြယ္ေရး ပစၥည္းလိုအပ္မႈေတြ၊ ဝန္ထမ္းေတြမွာ စိတ္ပိုင္းဆိုင္ရာ ႐ုပ္ပိုင္းဆိုင္ရာ ပင္ပန္းမႈေတြနဲ႔ ႀကဳံေတြ႕ေနရတယ္လို႔ ေဝဘာဂီေဆး႐ုံႀကီးက ပါေမာကၡ ေဒါက္တာစံပယ္ျဖဴက ေျပာပါတယ္။

ေဝဘာဂီေဆး႐ုံဟာ ကို႐ိုနာအတည္ျပဳ လူနာအေယာက္ ၉၀ ထိပဲ လက္ခံႏိုင္တဲ့အတိုင္းအတာရွိၿပီး လက္ရွိ မွာေတာ့ အေဆာင္ သုံးခုလုံးမွာ ပိုးေတြ႕လူနာေတြနဲ႔ ျပည့္ေနၿပီလို႔ ေဝဘာဂီ ေဆး႐ုံပါေမာကၡ ေဒါက္တာ ေဒၚစံပယ္ျဖဴ က ေျပာပါတယ္။

ပါေမာကၡ ေဒါက္တာစံပယ္ျဖဴ အပါအဝင္ ေဝဘာဂီေဆး႐ုံမွာ ကို႐ိုနာတိုက္ဖ်က္ေရးအတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈေပးေနသူတခ်ိဳ႕နဲ႔ ဧၿပီ ၁၇ ရက္ ဒီေန႔မနက္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္တို႔ အြန္လိုင္းက တိုက္႐ိုက္ေဆြးေႏြးခ်က္ေတြမွာ ေျပာခဲ့တာျဖစ္ပါတယ္။

"အခု သုံးေဆာင္လုံးမွာလူနာ ၇၁ ေယာက္ ျပည့္ခဲ့ပါၿပီ။ ကြၽန္မတို႔ လူနာ ၉၀ လက္ခံႏိုင္ပါတယ္။ ၉၀ ဟာ အတည္ ျပဳလူနာေတြ ပိုးေတြ႕လူနာေတြ လက္ခံႏိုင္တာျဖစ္တယ္။ အတည္ျပဳလူနာကို ၂၂ ရက္ေန႔မွာ စတင္ၿပီးလက္ခံ ခဲ့တာျဖစ္တယ္။ ေနာက္ပိုင္းမွာ လူနာတက္ႏႈန္းကမ်ားလာပါတယ္။ ဒါေၾကာင့္ အခုအခ်ိန္မွာအေဆာင္ ၁ ေရာ၊ အေဆာင္ ၂ ေရာ၊ အေဆာင္ ၃ ေရာ သုံးေဆာင္လုံးမွာ သုံးကုတင္စာေလာက္ပဲက်န္ခဲ့ၿပီးေတာ့ ကုတင္အားလုံး လူနာနဲ႔ ျပည့္ေနပါၿပီ။"

ေဝဘာဂီေဆး႐ုံမွာ လူနာျပည့္သြားၿပီဆိုရင္ ေတာင္ဥကၠလာမိခင္နဲ႔ ကေလးေဆး႐ုံနဲ႔ ေဖာင္ႀကီးမွာ ကို႐ိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာေတြထားရွိကုသႏိုင္ဖို႔ အဆင္သင့္ျပင္ဆင္ထားတယ္လို႔ ေဒါက္တာေက်ာ္စြာဦးက ေျပာပါတယ္။

"ေဝဘာဂီ ျပည့္ၿပီဆိုတာနဲ႔ အစီအစဥ္ေတြခ်ၿပီးသားပါ။ အစီအစဥ္အရ ေတာင္ဥကၠလာမွာ ထပ္ၿပီးလက္ခံကုဖို႔ရွိ တယ္။ ၿပီးရင္ ေဖာင္ႀကီးမွာကုတင္ ႏွစ္ေထာင္ဝန္းက်င္ေလာက္အထိ ထပ္တိုးခ်ဲ႕မယ့္ ေဆး႐ုံတစ္ခုလည္း ျပင္ဆင္ ေနပါတယ္။ ကိုဗစ္အတြက္ သီးသန႔္ပါ အစီစဥ္ေတြကေတာ့ ရွိၿပီးသားပါ။"

ေဝဘာဂီ ေဆး႐ုံဟာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ႀကိဳတင္ကာကြယ္ကုသေရးေတြလုပ္ခဲ့တာ သုံးလခန႔္ ရွိခဲ့ပါၿပီ။ ဒီကာလအတြင္း ကုသမႈပိုင္းအတြက္ လူအင္အားေတြလည္း လိုအပ္ေနပါတယ္။

လက္ရွိမွာပါေမာကၡသမားေတာ္ ႏွစ္ေယာက္၊ လက္ေထာက္အထူးကု ဆရာဝန္ ေျခာက္ေယာက္၊ ဆရာဝန္ အေယာက္ ၂၀၊ သူနာျပဳဆရာမ ၃၃ ေယာက္နဲ႔ ေဆး႐ုံဝန္ထမ္း အေယာက္ ၄၀ နဲ႔ ေဆာင္႐ြက္ေနတယ္လို႔ ေဒါက္တာေဒၚစံပယ္ျဖဴက ေျပာပါတယ္။

တက္ေရာက္ကုသေနရတဲ့ ပိုးေတြ႕လူနာေတြထဲက အထူးၾကပ္မတ္ ကုသခန္း ICU ထဲမွာ ကုသမႈခံယူေနရသူက တစ္ေယာက္ပဲရွိပါတယ္။ ICU ထဲမွာ လူနာ ၁၂ ေယာက္စာအတြက္ က်န္းမာေရးပစၥည္း အလုံအေလာက္ရွိေပမယ့္ က်န္းမာေရးဝန္ထမ္းေတာ့ လိုအပ္ေနပါတယ္။

ဒီလူနာေတြကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္း အင္အားမလုံေလာက္ဘူးလို႔ လူနာေတြကိုအနီးကပ္ျပဳစု ေပးေနတဲ့ ေဝဘာဂီေဆး႐ုံက သူနာျပဳဆရာမေဒၚျဖဴသီ က ေျပာပါတယ္။

"ဆယ္ေလာက္ေယာက္ လုပ္ရမယ့္အလုပ္ကိုရွိတဲ့ ဝန္ထမ္း ငါးေယာက္ေလာက္နဲ႔ လုပ္ရတဲ့အခါက်ေတာ့ ပိုၿပီးပင္ပန္းတယ္။ ႐ုတ္တရက္ၾကည့္လိုက္မယ္ဆိုရင္ ဒီလူနာကေတာ့အေကာင္းပဲ။ အရမ္းႀကီးဆိုးေနတဲ့ လူနာလည္းမဟုတ္ဘူး ဒီဝန္ထမ္းအင္အားနဲ႔ ဘာလို႔မေလာက္လဲဆိုတာမ်ိဳးေတြ ေျပာလို႔ရတယ္။ ဒါေပမဲ့ သီးျခားခြဲထားတဲ့လူနာေတြကို ျပဳစုရတဲ့အခါမွာ ပုံမွန္႐ိုး႐ိုးလူနာေတြကို ျပဳစုကုသရတဲ့ပုံစံနဲ႔ လုံးဝမတူဘူး။ တကယ္လုပ္ေနတဲ့လူေတြဆိုရင္ေတာ့ နားလည္ပါတယ္။ ဝန္ထမ္းအင္အား မေလာက္ဘူးေျပာတာလည္း က်န္းမာေရးဌာနတိုင္းမွာ မလုံေလာက္ပါဘူး။ ကြၽန္မတို႔ကပိုၿပီးေတာ့ လိုတယ္ဆိုတာကသီးျခားခြဲထားတဲ့လူနာကို ျပဳစုကုသရတဲ့အခါ ႐ိုး႐ိုးလူနာ ငါးေယာက္ေလာက္နဲ႔ ညီမွ်ပါတယ္။"

က်န္းမာေရးဝန္ထမ္းေတြ အလွည့္က်နားေနႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၿပီး ဝန္ထမ္းေတြအတြက္ အထူးေထာက္ပံ့စရိတ္ ေပးဖို႔ စီစဥ္ေနတဲ့အေၾကာင္း အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့ပါတယ္။

"က်န္းမာေရးဝန္ထမ္းေတြ ပင္ပန္းလွၿပီဆိုတာ သေဘာေပါက္ပါတယ္။ ပင္ပန္းလာတဲ့က်န္းမာေရးဝန္ထမ္းေတြ နည္းနည္းပါးပါးနားႏိုင္ဖို႔အတြက္ လူလဲဖို႔အတြက္ ျပင္ဆင္ေနပါတယ္။ ေနာက္တစ္ခုက ကြၽန္မတို႔ရဲ႕ ေရွ႕တန္းက က်န္းမာေရးဝန္ထမ္းေတြကို အထူးစရိတ္ေပးဖို႔အတြက္လည္း စီစဥ္ေနပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒါဟာ ေက်းဇူးကို အသိအမွတ္ျပဳတာျဖစ္တယ္။ တကယ္လည္း အခ်ိဳ႕ေနရာေတြမွာ အသြားအလာအေနအထိုင္အတြက္ လိုအပ္ေနပါတယ္။  ကြၽန္မတို႔ ဝန္ထမ္းေတြကို ကိုယ့္မိသားစုေတြကေတာင္ အိမ္ျပန္ၿပီးမလာေစခ်င္တာေတြရွိ တယ္ဆိုေတာ့ အဲဒီဟာေတြအတြက္လည္းအဆင္ေျပေအာင္ အစီအစဥ္ေတြ လုပ္ေပးပါမယ္။"

လူနာေတြရဲ႕  ၃ပုံ ၁ ပုံေလာက္ကေတာ့ ေသြးတိုး၊ ဆီးခ်ိဳလို ေရာဂါအခံေတြ ရွိေနသလို အဆုတ္မေကာင္းတဲ့ လကၡဏာေတြ ခံစားေနၾကရၿပီး လူနာ ခုႏွစ္ေယာက္ေလာက္က အနည္းငယ္စိုးရိမ္ေနရပါတယ္။ 

ေဝဘာဂီေဆး႐ုံဟာ ဇန္နဝါရီလ ၃၁ ရက္မွာ သံသယလူနာကို စတင္လက္ခံကုသခဲ့ၿပီး လက္ရွိမွာလူနာေပါင္း ၂၅၃ ေယာက္ကို ကုသေပးေနပါတယ္။ ဒီလိုကုသရာမွာ က်န္းမာေရး ဝန္ထမ္းအင္အား လိုအပ္ခ်က္ေတြအျပင္ ေဆး ဘက္ဆိုင္ရာ ကာကြယ္ေရးပစၥည္းေတြလည္း လိုအပ္ေနတာပါ။ လက္ရွိမွာ ေရွ႕တန္းကေန ကာကြယ္တိုက္ဖ်က္ ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြကို ကူညီတဲ့အေနနဲ႔ အတတ္ႏိုင္ဆုံးက်န္းမာေရး ဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ စည္းကမ္းခ်က္ေတြကို လိုက္နာဖို႔ လိုအပ္ေနပါတယ္။

ျဖဴျဖဴခိုင္ / RFA Burmese
------------------------------------------------------

(Unicode)⤵⤵⤵
ကိုရိုနာကာလ အရေးပါတဲ့ဆေးရုံမှာ လိုအပ်ချက် အများအပြားရှိနေ

ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေကို အဓိကလက်ခံပြီး ကုသတိုက်ဖျက်ရေးမှာ ရှေ့တန်းကနေပါဝင် ဆောင်ရွက်နေတဲ့ ဝေဘာဂီဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းမလုံလောက်မှုတွေ၊ ကာကွယ်ရေး ပစ္စည်းလိုအပ်မှုတွေ၊ ဝန်ထမ်းတွေမှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဝေဘာဂီဆေးရုံကြီးက ပါမောက္ခ ဒေါက်တာစံပယ်ဖြူက ပြောပါတယ်။

ဝေဘာဂီဆေးရုံဟာ ကိုရိုနာအတည်ပြု လူနာအယောက် ၉၀ ထိပဲ လက်ခံနိုင်တဲ့အတိုင်းအတာရှိပြီး လက်ရှိ မှာတော့ အဆောင် သုံးခုလုံးမှာ ပိုးတွေ့လူနာတွေနဲ့ ပြည့်နေပြီလို့ ဝေဘာဂီ ဆေးရုံပါမောက္ခ ဒေါက်တာ ဒေါ်စံပယ်ဖြူ က ပြောပါတယ်။

ပါမောက္ခ ဒေါက်တာစံပယ်ဖြူ အပါအဝင် ဝေဘာဂီဆေးရုံမှာ ကိုရိုနာတိုက်ဖျက်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူတချို့နဲ့ ဧပြီ ၁၇ ရက် ဒီနေ့မနက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ အွန်လိုင်းက တိုက်ရိုက်ဆွေးနွေးချက်တွေမှာ ပြောခဲ့တာဖြစ်ပါတယ်။

"အခု သုံးဆောင်လုံးမှာလူနာ ၇၁ ယောက် ပြည့်ခဲ့ပါပြီ။ ကျွန်မတို့ လူနာ ၉၀ လက်ခံနိုင်ပါတယ်။ ၉၀ ဟာ အတည် ပြုလူနာတွေ ပိုးတွေ့လူနာတွေ လက်ခံနိုင်တာဖြစ်တယ်။ အတည်ပြုလူနာကို ၂၂ ရက်နေ့မှာ စတင်ပြီးလက်ခံ ခဲ့တာဖြစ်တယ်။ နောက်ပိုင်းမှာ လူနာတက်နှုန်းကများလာပါတယ်။ ဒါကြောင့် အခုအချိန်မှာအဆောင် ၁ ရော၊ အဆောင် ၂ ရော၊ အဆောင် ၃ ရော သုံးဆောင်လုံးမှာ သုံးကုတင်စာလောက်ပဲကျန်ခဲ့ပြီးတော့ ကုတင်အားလုံး လူနာနဲ့ ပြည့်နေပါပြီ။"

ဝေဘာဂီဆေးရုံမှာ လူနာပြည့်သွားပြီဆိုရင် တောင်ဥက္ကလာမိခင်နဲ့ ကလေးဆေးရုံနဲ့ ဖောင်ကြီးမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေထားရှိကုသနိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားတယ်လို့ ဒေါက်တာကျော်စွာဦးက ပြောပါတယ်။

"ဝေဘာဂီ ပြည့်ပြီဆိုတာနဲ့ အစီအစဉ်တွေချပြီးသားပါ။ အစီအစဉ်အရ တောင်ဥက္ကလာမှာ ထပ်ပြီးလက်ခံကုဖို့ရှိ တယ်။ ပြီးရင် ဖောင်ကြီးမှာကုတင် နှစ်ထောင်ဝန်းကျင်လောက်အထိ ထပ်တိုးချဲ့မယ့် ဆေးရုံတစ်ခုလည်း ပြင်ဆင် နေပါတယ်။ ကိုဗစ်အတွက် သီးသန့်ပါ အစီစဉ်တွေကတော့ ရှိပြီးသားပါ။"

ဝေဘာဂီ ဆေးရုံဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ကုသရေးတွေလုပ်ခဲ့တာ သုံးလခန့် ရှိခဲ့ပါပြီ။ ဒီကာလအတွင်း ကုသမှုပိုင်းအတွက် လူအင်အားတွေလည်း လိုအပ်နေပါတယ်။

လက်ရှိမှာပါမောက္ခသမားတော် နှစ်ယောက်၊ လက်ထောက်အထူးကု ဆရာဝန် ခြောက်ယောက်၊ ဆရာဝန် အယောက် ၂၀၊ သူနာပြုဆရာမ ၃၃ ယောက်နဲ့ ဆေးရုံဝန်ထမ်း အယောက် ၄၀ နဲ့ ဆောင်ရွက်နေတယ်လို့ ဒေါက်တာဒေါ်စံပယ်ဖြူက ပြောပါတယ်။

တက်ရောက်ကုသနေရတဲ့ ပိုးတွေ့လူနာတွေထဲက အထူးကြပ်မတ် ကုသခန်း ICU ထဲမှာ ကုသမှုခံယူနေရသူက တစ်ယောက်ပဲရှိပါတယ်။ ICU ထဲမှာ လူနာ ၁၂ ယောက်စာအတွက် ကျန်းမာရေးပစ္စည်း အလုံအလောက်ရှိပေမယ့် ကျန်းမာရေးဝန်ထမ်းတော့ လိုအပ်နေပါတယ်။

ဒီလူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း အင်အားမလုံလောက်ဘူးလို့ လူနာတွေကိုအနီးကပ်ပြုစု ပေးနေတဲ့ ဝေဘာဂီဆေးရုံက သူနာပြုဆရာမဒေါ်ဖြူသီ က ပြောပါတယ်။

"ဆယ်လောက်ယောက် လုပ်ရမယ့်အလုပ်ကိုရှိတဲ့ ဝန်ထမ်း ငါးယောက်လောက်နဲ့ လုပ်ရတဲ့အခါကျတော့ ပိုပြီးပင်ပန်းတယ်။ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ဒီလူနာကတော့အကောင်းပဲ။ အရမ်းကြီးဆိုးနေတဲ့ လူနာလည်းမဟုတ်ဘူး ဒီဝန်ထမ်းအင်အားနဲ့ ဘာလို့မလောက်လဲဆိုတာမျိုးတွေ ပြောလို့ရတယ်။ ဒါပေမဲ့ သီးခြားခွဲထားတဲ့လူနာတွေကို ပြုစုရတဲ့အခါမှာ ပုံမှန်ရိုးရိုးလူနာတွေကို ပြုစုကုသရတဲ့ပုံစံနဲ့ လုံးဝမတူဘူး။ တကယ်လုပ်နေတဲ့လူတွေဆိုရင်တော့ နားလည်ပါတယ်။ ဝန်ထမ်းအင်အား မလောက်ဘူးပြောတာလည်း ကျန်းမာရေးဌာနတိုင်းမှာ မလုံလောက်ပါဘူး။ ကျွန်မတို့ကပိုပြီးတော့ လိုတယ်ဆိုတာကသီးခြားခွဲထားတဲ့လူနာကို ပြုစုကုသရတဲ့အခါ ရိုးရိုးလူနာ ငါးယောက်လောက်နဲ့ ညီမျှပါတယ်။"

ကျန်းမာရေးဝန်ထမ်းတွေ အလှည့်ကျနားနေနိုင်ဖို့အတွက် ပြင်ဆင်နေပြီး ဝန်ထမ်းတွေအတွက် အထူးထောက်ပံ့စရိတ် ပေးဖို့ စီစဉ်နေတဲ့အကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

"ကျန်းမာရေးဝန်ထမ်းတွေ ပင်ပန်းလှပြီဆိုတာ သဘောပေါက်ပါတယ်။ ပင်ပန်းလာတဲ့ကျန်းမာရေးဝန်ထမ်းတွေ နည်းနည်းပါးပါးနားနိုင်ဖို့အတွက် လူလဲဖို့အတွက် ပြင်ဆင်နေပါတယ်။ နောက်တစ်ခုက ကျွန်မတို့ရဲ့ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေကို အထူးစရိတ်ပေးဖို့အတွက်လည်း စီစဉ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကျေးဇူးကို အသိအမှတ်ပြုတာဖြစ်တယ်။ တကယ်လည်း အချို့နေရာတွေမှာ အသွားအလာအနေအထိုင်အတွက် လိုအပ်နေပါတယ်။  ကျွန်မတို့ ဝန်ထမ်းတွေကို ကိုယ့်မိသားစုတွေကတောင် အိမ်ပြန်ပြီးမလာစေချင်တာတွေရှိ တယ်ဆိုတော့ အဲဒီဟာတွေအတွက်လည်းအဆင်ပြေအောင် အစီအစဉ်တွေ လုပ်ပေးပါမယ်။"

လူနာတွေရဲ့  ၃ပုံ ၁ ပုံလောက်ကတော့ သွေးတိုး၊ ဆီးချိုလို ရောဂါအခံတွေ ရှိနေသလို အဆုတ်မကောင်းတဲ့ လက္ခဏာတွေ ခံစားနေကြရပြီး လူနာ ခုနှစ်ယောက်လောက်က အနည်းငယ်စိုးရိမ်နေရပါတယ်။ 

ဝေဘာဂီဆေးရုံဟာ ဇန်နဝါရီလ ၃၁ ရက်မှာ သံသယလူနာကို စတင်လက်ခံကုသခဲ့ပြီး လက်ရှိမှာလူနာပေါင်း ၂၅၃ ယောက်ကို ကုသပေးနေပါတယ်။ ဒီလိုကုသရာမှာ ကျန်းမာရေး ဝန်ထမ်းအင်အား လိုအပ်ချက်တွေအပြင် ဆေး ဘက်ဆိုင်ရာ ကာကွယ်ရေးပစ္စည်းတွေလည်း လိုအပ်နေတာပါ။ လက်ရှိမှာ ရှေ့တန်းကနေ ကာကွယ်တိုက်ဖျက် နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကူညီတဲ့အနေနဲ့ အတတ်နိုင်ဆုံးကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ လိုအပ်နေပါတယ်။

ဖြူဖြူခိုင် / RFA Burmese
https://www.rfa.org/burmese/program_2/more-health-staff-need-corona-period-04172020100146.html
ကို႐ိုနာကာလ အေရးပါတဲ့ေဆး႐ုံမွာ လိုအပ္ခ်က္ အမ်ားအျပားရွိေန ကို႐ိုနာကာလ အေရးပါတဲ့ေဆး႐ုံမွာ လိုအပ္ခ်က္ အမ်ားအျပားရွိေန Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.