ရန္ကုန္မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိသူ ၉၁ ဦးရွိလာ

ေရာဂါကူးစက္ခံထားရသူအမ်ားဆုံးက ရန္ကုန္ကျဖစ္ေနပါတယ္။
(Zawgyi)⤵⤵⤵

ျမန္မာမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ဧၿပီ ၂၀ ရက္ အနက္ပိုင္းအထိ ၁၁၁ ဦးရွိတဲ့အနက္ ရန္ကုန္တိုင္းေဒသႀကီးက ၉၁ ဦး ျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဧၿပီ ၁၉ ရက္အထိ ေနာက္ဆုံးရ အေျခအေနေတြကို ထုတ္ျပန္ထားခ်က္အရ ရန္ကုန္တိုင္းက ၉၁ ဦးနဲ႔ အမ်ားဆုံးျဖစ္ေနတာျဖစ္ပါတယ္။

အဲဒီ ၉၁ ဦးထဲမွာ အင္းစိန္က လူနာ ၂၀ နဲ႔ အမ်ားဆုံးျဖစ္ၿပီး ေတာင္ဥကၠလာက ၁၃ ဦးနဲ႔ ဒုတိယ၊ ဗဟန္းက ၁၂ ဦးနဲ႔ တတိယလိုက္ေနပါတယ္။

မရမ္းကုန္းမွာ ၉ ဦး၊ ပန္းဘဲတန္းမွာ ၆ ဦး၊ လႈိင္သာယာမွာ ၅ ဦး၊ ဗိုလ္တေထာင္နဲ႔ ေ႐ႊျပည္သာမွာ ၃ ဦးစီ၊ မဂၤလာေတာင္ၫြန႔္၊ ေျမာက္ဥကၠလာ၊ စမ္းေခ်ာင္း၊ သဃၤန္းကြၽန္း၊ ေဒါပုံနဲ႔ ေျမာက္ဒဂုံတို႔မွာ ၂ ဦးစီ၊ မဂၤလာဒုံ၊ လွည္းကူး၊အလုံ၊ ပုစြန္ေတာင္၊ ဒဂုံဆိပ္ကမ္း၊ တာေမြ၊ လမ္းမေတာ္၊ ကမာ႐ြတ္တို႔မွာ တစ္ဦးစီ ျဖစ္ေၾကာင္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ဝက္ဘ္ဆိုက္ကေဖာ္ျပထားတာပါ။

လူေပါင္း ၄,၆၀၅ ဦးကို ဗိုင္းရပ္စ္ ရွိမရွိ ဓာတ္ခြဲစစ္ေဆးခဲ့ၿပီး အဲဒီထဲမွာ ပိုးေတြ႕ရွိသူ လူနာ ၁၁၁ ဦး၊ ေသဆုံး ၅ ဦးနဲ႔ ျပန္လည္ေကာင္းမြန္လာသူ ၇ ဦး ျဖစ္ပါတယ္။ ျပန္ေကာင္းလာသူေတြထဲက မႏၲေလးကတစ္ဦးနဲ႔ ေနျပည္ေတာ္က ႏိုင္ငံျခားသူတို႔ကို ေဆး႐ုံက ဆင္းခြင့္ျပဳထားၿပီး က်န္ငါးဦးကိုလည္း ေဆး႐ုံဆင္းဖို႔ ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52349961
-------------
(Unicode)⤵⤵⤵
ရောဂါကူးစက်ခံထားရသူအများဆုံးက ရန်ကုန်ကဖြစ်နေပါတယ်။

(၁) ရန်ကုန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၉၁ ဦးရှိလာ

မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဧပြီ ၂၀ ရက် အနက်ပိုင်းအထိ ၁၁၁ ဦးရှိတဲ့အနက် ရန်ကုန်တိုင်းဒေသကြီးက ၉၁ ဦး ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီ ၁၉ ရက်အထိ နောက်ဆုံးရ အခြေအနေတွေကို ထုတ်ပြန်ထားချက်အရ ရန်ကုန်တိုင်းက ၉၁ ဦးနဲ့ အများဆုံးဖြစ်နေတာဖြစ်ပါတယ်။

အဲဒီ ၉၁ ဦးထဲမှာ အင်းစိန်က လူနာ ၂၀ နဲ့ အများဆုံးဖြစ်ပြီး တောင်ဥက္ကလာက ၁၃ ဦးနဲ့ ဒုတိယ၊ ဗဟန်းက ၁၂ ဦးနဲ့ တတိယလိုက်နေပါတယ်။

မရမ်းကုန်းမှာ ၉ ဦး၊ ပန်းဘဲတန်းမှာ ၆ ဦး၊ လှိုင်သာယာမှာ ၅ ဦး၊ ဗိုလ်တထောင်နဲ့ ရွှေပြည်သာမှာ ၃ ဦးစီ၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာ၊ စမ်းချောင်း၊ သင်္ဃန်းကျွန်း၊ ဒေါပုံနဲ့ မြောက်ဒဂုံတို့မှာ ၂ ဦးစီ၊ မင်္ဂလာဒုံ၊ လှည်းကူး၊အလုံ၊ ပုစွန်တောင်၊ ဒဂုံဆိပ်ကမ်း၊ တာမွေ၊ လမ်းမတော်၊ ကမာရွတ်တို့မှာ တစ်ဦးစီ ဖြစ်ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုက်ကဖော်ပြထားတာပါ။

လူပေါင်း ၄,၆၀၅ ဦးကို ဗိုင်းရပ်စ် ရှိမရှိ ဓာတ်ခွဲစစ်ဆေးခဲ့ပြီး အဲဒီထဲမှာ ပိုးတွေ့ရှိသူ လူနာ ၁၁၁ ဦး၊ သေဆုံး ၅ ဦးနဲ့ ပြန်လည်ကောင်းမွန်လာသူ ၇ ဦး ဖြစ်ပါတယ်။ ပြန်ကောင်းလာသူတွေထဲက မန္တလေးကတစ်ဦးနဲ့ နေပြည်တော်က နိုင်ငံခြားသူတို့ကို ဆေးရုံက ဆင်းခွင့်ပြုထားပြီး ကျန်ငါးဦးကိုလည်း ဆေးရုံဆင်းဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52349961
ရန္ကုန္မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိသူ ၉၁ ဦးရွိလာ ရန္ကုန္မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိသူ ၉၁ ဦးရွိလာ Reviewed by THITHTOOLWIN on 09:40 Rating: 5
Powered by Blogger.