ဝန္ႀကီးခ်ဳပ္ေဘာရစ္ဂြၽန္ဆင္ကို အထူးၾကပ္မတ္ကုသေဆာင္ဆီ ေခၚသြားရ

 လြန္ခဲ့တဲ့ ဆယ္ရက္ကစလို႔ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရလို႔ သီးျခားခြဲေနခဲ့ရ
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ခံေနရတဲ့ ၿဗိတိသွ်ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ကို ေရာဂါလကၡဏာေတြ ဆိုးလာတဲ့အတြက္ အေရးေပၚ အထူးၾကပ္မတ္ကုသေဆာင္ဆီ ေခၚသြားခဲ့ရၿပီလို႔ ဝန္ႀကီးခ်ဳပ္႐ုံးကေျပာပါတယ္။

လိုအပ္တဲ့ ေနရာေတြမွာ သူ႔ကိုယ္စား ေဆာင္႐ြက္ဖို႔ ႏိုင္ငံျခားေရးဝန္ႀကီး ဒိုမစ္နစ္ရာ့ဘ္ကို မစၥတာဂြၽန္ဆင္က မွာခဲ့တယ္လို႔ ေျပာခြင့္ရပုဂၢိဳလ္က ေျပာပါတယ္။

ဗိုင္းရပ္စ္ကူးစက္ခံရလို႔ ေနအိမ္မွာပဲ သီးျခားခြဲေနေနရတဲ့ ဝန္ႀကီးခ်ဳပ္ မစၥတာဂြၽန္ဆင္ ေရာဂါလကၡဏာေတြ မေပ်ာက္ႏိုင္လို႔ မေန႔ တနဂၤေႏြေန႔က လန္ဒန္က စိန္႔ေသာမတ္စ္ေဆး႐ုံကို တင္ခဲ့ရပါတယ္။

ဆရာဝန္ေတြရဲ႕ ၾကပ္မတ္ကုသမႈကို ခံယူခဲ့ေပမယ့္ ဒီကေန႔ေန႔လယ္ပိုင္းကစလို႔ မသက္သာပဲ ပိုဆိုးလာခဲ့တဲ့အတြက္ ဝန္ႀကီးခ်ဳပ္ရဲ႕ ေဆးအဖြဲ႕ရဲ႕ အႀကံျပဳခ်က္အရ သူ႔ကို အေရးေပၚအထူးကုသေဆာင္ထဲ ေခၚသြားခဲ့ရတာျဖစ္တယ္လို႔ ဝန္ႀကီးခ်ဳပ္႐ုံက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ခ်ားလ္စ္ မင္းသား ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံထားရ

ကို႐ိုနာဗိုင္းရပ္စ္ကို ဘယ္လိုကာကြယ္ေနထိုင္မလဲ

ဝန္ႀကီးခ်ဳပ္ကို အထူးဂ႐ုစိုက္ကုသေပးေနၾကတဲ့ ဆရာဝန္ ဆရာမေတြ သူနာျပဳေတြကို ဝန္ႀကီးခ်ဳပ္က ေက်းဇူးတင္ေၾကာင္းေျပာပါတယ္လို႔လည္း ေၾကညာခ်က္မွာ ဆက္လက္ေဖာ္ျပပါတယ္။

အသက္ ၅၅ ႏွစ္ရွိၿပီျဖစ္တဲ့ မစၥတာဂြၽန္ဆင္ကို ၿပီးခဲ့တဲ့ ဆယ္ရက္က ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံခဲ့ေၾကာင္း ေဆးစစ္ေတြ႕ရွိခဲ့ပါတယ္။

သူ႔ရဲ႕ ေရာဂါလကၡဏာေတြမွာ အဖ်ားႀကီးတာနဲ႔ ေခ်ာင္းဆိုးတာတို႔ ပါဝင္ပါတယ္။

တနလၤာေန႔မနက္အေစာပိုင္းတုန္းကေတာ့ သူက တြစ္တာကေန သူ စိတ္႐ႊင္လန္းတက္ႂကြေနပါတယ္လို႔ ေရးၿပီးတင္ခဲ့ပါေသးတယ္။

ဝိုင္းဆုေတာင္းေပးေနၾက

ယူေကက ႏိုင္ငံေရးသမားေတြ ေခါင္းေဆာင္ေဟာင္းေတြက မစၥတာေဘာရစ္ဂြၽန္ဆင္ ျပန္လည္က်န္းမာလာေရးအတြက္ ဆုေတာင္း ေပးေနၾကပါတယ္။

ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒးဗစ္ကင္မ႐ြန္းက တြစ္တာကေန ခင္ဗ်ားအခုေတာ့ အေကာင္းဆုံးေစာင့္ေရွာက္ႏိုင္သူေတြဆီမွာ ေရာက္ေနပါတယ္။ ကြၽန္ေတာ္တို႔အားလုံး ခင္ဗ်ား က်န္းက်န္းမာမာနဲ႔ အမွတ္ ၁၀ ေဒါင္းနင္းလမ္းကို ျပန္ေရာက္လာေစခ်င္ေနၾကပါတယ္လို႔ ေရးခဲ့ပါတယ္။

ေလဘာေခါင္းေဆာင္ေဟာင္း ဂ်ယ္ရမီကိုဘင္ကလည္း အခုအခ်ိန္မွာ ဝန္ႀကီးခ်ဳပ္နဲ႔ မိသားစုကို သူ ဆုေတာင္းေမတၱာပို႔သေနေၾကာင္းေျပာၿပီး ယူေကရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ NHS က ဝန္ထမ္းေတြရဲ႕ ႀကိဳးစားအားထုတ္မႈနဲ႔ စိတ္ဓာတ္ခိုင္မာမႈတို႔ကို ေက်းဇူးတင္ေၾကာင္းေျပာခဲ့ပါတယ္။

BBC Burmese
----------------------------------------
(Unicode)⤵⤵⤵
ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကို အထူးကြပ်မတ်ကုသဆောင်ဆီ ခေါ်သွားရ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ခံနေရတဲ့ ဗြိတိသျှဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို ရောဂါလက္ခဏာတွေ ဆိုးလာတဲ့အတွက် အရေးပေါ် အထူးကြပ်မတ်ကုသဆောင်ဆီ ခေါ်သွားခဲ့ရပြီလို့ ဝန်ကြီးချုပ်ရုံးကပြောပါတယ်။

လိုအပ်တဲ့ နေရာတွေမှာ သူ့ကိုယ်စား ဆောင်ရွက်ဖို့ နိုင်ငံခြားရေးဝန်ကြီး ဒိုမစ်နစ်ရာ့ဘ်ကို မစ္စတာဂျွန်ဆင်က မှာခဲ့တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရလို့ နေအိမ်မှာပဲ သီးခြားခွဲနေနေရတဲ့ ဝန်ကြီးချုပ် မစ္စတာဂျွန်ဆင် ရောဂါလက္ခဏာတွေ မပျောက်နိုင်လို့ မနေ့ တနင်္ဂနွေနေ့က လန်ဒန်က စိန့်သောမတ်စ်ဆေးရုံကို တင်ခဲ့ရပါတယ်။

ဆရာဝန်တွေရဲ့ ကြပ်မတ်ကုသမှုကို ခံယူခဲ့ပေမယ့် ဒီကနေ့နေ့လယ်ပိုင်းကစလို့ မသက်သာပဲ ပိုဆိုးလာခဲ့တဲ့အတွက် ဝန်ကြီးချုပ်ရဲ့ ဆေးအဖွဲ့ရဲ့ အကြံပြုချက်အရ သူ့ကို အရေးပေါ်အထူးကုသဆောင်ထဲ ခေါ်သွားခဲ့ရတာဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ချားလ်စ် မင်းသား ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရ

ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လိုကာကွယ်နေထိုင်မလဲ

ဝန်ကြီးချုပ်ကို အထူးဂရုစိုက်ကုသပေးနေကြတဲ့ ဆရာဝန် ဆရာမတွေ သူနာပြုတွေကို ဝန်ကြီးချုပ်က ကျေးဇူးတင်ကြောင်းပြောပါတယ်လို့လည်း ကြေညာချက်မှာ ဆက်လက်ဖော်ပြပါတယ်။

အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာဂျွန်ဆင်ကို ပြီးခဲ့တဲ့ ဆယ်ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ကြောင်း ဆေးစစ်တွေ့ရှိခဲ့ပါတယ်။

သူ့ရဲ့ ရောဂါလက္ခဏာတွေမှာ အဖျားကြီးတာနဲ့ ချောင်းဆိုးတာတို့ ပါဝင်ပါတယ်။

တနင်္လာနေ့မနက်အစောပိုင်းတုန်းကတော့ သူက တွစ်တာကနေ သူ စိတ်ရွှင်လန်းတက်ကြွနေပါတယ်လို့ ရေးပြီးတင်ခဲ့ပါသေးတယ်။

ဝိုင်းဆုတောင်းပေးနေကြ

ယူကေက နိုင်ငံရေးသမားတွေ ခေါင်းဆောင်ဟောင်းတွေက မစ္စတာဘောရစ်ဂျွန်ဆင် ပြန်လည်ကျန်းမာလာရေးအတွက် ဆုတောင်း ပေးနေကြပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းက တွစ်တာကနေ ခင်ဗျားအခုတော့ အကောင်းဆုံးစောင့်ရှောက်နိုင်သူတွေဆီမှာ ရောက်နေပါတယ်။ ကျွန်တော်တို့အားလုံး ခင်ဗျား ကျန်းကျန်းမာမာနဲ့ အမှတ် ၁၀ ဒေါင်းနင်းလမ်းကို ပြန်ရောက်လာစေချင်နေကြပါတယ်လို့ ရေးခဲ့ပါတယ်။

လေဘာခေါင်းဆောင်ဟောင်း ဂျယ်ရမီကိုဘင်ကလည်း အခုအချိန်မှာ ဝန်ကြီးချုပ်နဲ့ မိသားစုကို သူ ဆုတောင်းမေတ္တာပို့သနေကြောင်းပြောပြီး ယူကေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် NHS က ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်ခိုင်မာမှုတို့ကို ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52184890
ဝန္ႀကီးခ်ဳပ္ေဘာရစ္ဂြၽန္ဆင္ကို အထူးၾကပ္မတ္ကုသေဆာင္ဆီ ေခၚသြားရ ဝန္ႀကီးခ်ဳပ္ေဘာရစ္ဂြၽန္ဆင္ကို အထူးၾကပ္မတ္ကုသေဆာင္ဆီ ေခၚသြားရ Reviewed by THITHTOOLWIN on 06:23 Rating: 5
Powered by Blogger.