ကြတ္ခိုင္ၿမိဳ႕နယ္ က်ပ္သိန္း ၄၈ ဘီလီယံေက်ာ္ရွိ မူးယစ္ေဆးမ်ား ထပ္မံ သိမ္းဆည္းမိ

(Zawgyi)⤵⤵⤵
သွ်မ္းျပည္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါး ေက်း႐ြာ အနီးတြင္ က်ပ္သိန္း ၄၈ ဘီလီယံေက်ာ္ရွိ မူးယစ္ေဆးဝါးမ်ားကို သိမ္းဆည္းရမိေၾကာင္း သိရသည္။
Photo by တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရး
အဆိုပါ မူးယစ္ေဆးဝါးမ်ားကို ယမန္ေန႔ (ဧၿပီ ၁) ရက္က ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါးေက်း႐ြာ အနီးရွိ လွ်ိဳအတြင္း စိတ္ႂကြေဆးျပားမ်ား၊ ဘိန္းျဖဴမႈန႔္မ်ား့ႏွင့္ WY စာတန္းပါစိတ္ႂကြေဆးျပား က်ပ္သိန္း ၄၈ ဘီလီယံ ေက်ာ္ သိမ္းဆည္းရမိေၾကာင္း တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရး ထုတ္ျပန္ခ်က္ အရသိရသည္။

ထို သိမ္းဆည္းရမိသည့္ မူးယစ္ေဆးဝါးမ်ားႏွင့္ မူးယစ္ေဆးဝါး ခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား ကို ကြတ္ခိုင္ၿမိဳ႕ ရွိ မူးယစ္တပ္ဖြဲ႕စုသို႔ စနစ္တက် လႊဲေျပာင္း အပ္ႏွံသြားမည္ဟု လည္း ထုတ္ျပန္ခ်က္တြင္ေရးသား ထားသည္။
Photo by တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရး
ယခုႏွစ္ ေဖေဖာ္ဝါရီ ၂၈ ရက္မွ ဧၿပီလ ထိ ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါးေက်း႐ြာ ႏွင့္ လြယ္ခမ္းေက်း႐ြာ အနီးတြင္ မူးယစ္ေဆးဝါး ႏွင့္ ဆက္စပ္ပစၥည္းမ်ား စုစုေပါင္း ခန႔္မွန္းေငြ က်ပ္ ၃၉၃ ဘီလီယံေက်ာ္ ရွိေၾကာင္းသိရသည္။
Photo by တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရး
မတ္ ၃၁ ရက္ ႏွင့္ ဧၿပီ ၁ ရက္ကလည္း ေကာင္းခါး ျပည္သူ႔စစ္ (ဌာေန) အဖြဲ႕မွ တပ္မေတာ္သို႔ လက္နက္မ်ိဳးစုံ ၄၈ လက္၊ ထပ္မံ အပ္ႏွံသည့္အတြက္ စုစုေပါင္း လက္နက္စုံ ၁၉၀၆ လက္၊ က်ည္မ်ိဳးစုံ ၅၁၀၀၆၂ ေတာင့္၊ ဗုံးသီး၊ ဒုံးသီး မ်ိဳးစုံ ၂၁၉၇ လုံး၊ လက္ပစ္ဗုံး ၁၁၀၀လုံးဝ မိုင္း ၂၉ လုံး ႏွင့္ ဆက္စပ္ပစၥည္းမ်ား အပ္ႏွံခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေကာင္းခါးျပည္သူ႔စစ္ (ဌာေန) အဖြဲ႕ဝင္မ်ား၏ ဝမ္းေရး လိုအပ္ခ်က္မ်ားႏွင့္ စိုက္ပ်ိဳးေရး ၊ ေမြးျမဴေရး လုပ္ငန္းႏွင့္ တရားဝင္ စီပြားေရး လုပ္ငန္းမ်ား ဆက္လက္ လုပ္ကိုင္ ႏိုင္ေရး အတြက္ တပ္မေတာ္မွ လိုအပ္သည္မ်ား ပံ့ပိုး ကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း လည္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး သတင္းအရ သိရသည္။

Nang Seng Nom -SHAN News (Burmese Version)
---------------------------------------------
(Unicode)⤵⤵⤵
ကွတ်ခိုင်မြို့နယ် ကျပ်သိန်း ၄၈ ဘီလီယံကျော်ရှိ မူးယစ်ဆေးများ ထပ်မံ သိမ်းဆည်းမိ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါး ကျေးရွာ အနီးတွင် ကျပ်သိန်း ၄၈ ဘီလီယံကျော်ရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ယမန်နေ့ (ဧပြီ ၁) ရက်က ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာ အနီးရှိ လျှိုအတွင်း စိတ်ကြွဆေးပြားများ၊ ဘိန်းဖြူမှုန့်များ့နှင့် WY စာတန်းပါစိတ်ကြွဆေးပြား ကျပ်သိန်း ၄၈ ဘီလီယံ ကျော် သိမ်းဆည်းရမိကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး ထုတ်ပြန်ချက် အရသိရသည်။

ထို သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ကို ကွတ်ခိုင်မြို့ ရှိ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဟု လည်း ထုတ်ပြန်ချက်တွင်ရေးသား ထားသည်။

ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှ ဧပြီလ ထိ ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာ နှင့် လွယ်ခမ်းကျေးရွာ အနီးတွင် မူးယစ်ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း ခန့်မှန်းငွေ ကျပ် ၃၉၃ ဘီလီယံကျော် ရှိကြောင်းသိရသည်။

မတ် ၃၁ ရက် နှင့် ဧပြီ ၁ ရက်ကလည်း ကောင်းခါး ပြည်သူ့စစ် (ဌာနေ) အဖွဲ့မှ တပ်မတော်သို့ လက်နက်မျိုးစုံ ၄၈ လက်၊ ထပ်မံ အပ်နှံသည့်အတွက် စုစုပေါင်း လက်နက်စုံ ၁၉၀၆ လက်၊ ကျည်မျိုးစုံ ၅၁၀၀၆၂ တောင့်၊ ဗုံးသီး၊ ဒုံးသီး မျိုးစုံ ၂၁၉၇ လုံး၊ လက်ပစ်ဗုံး ၁၁၀၀လုံးဝ မိုင်း ၂၉ လုံး နှင့် ဆက်စပ်ပစ္စည်းများ အပ်နှံခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များ၏ ဝမ်းရေး လိုအပ်ချက်များနှင့် စိုက်ပျိုးရေး ၊ မွေးမြူရေး လုပ်ငန်းနှင့် တရားဝင် စီပွားရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင် နိုင်ရေး အတွက် တပ်မတော်မှ လိုအပ်သည်များ ပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေး သတင်းအရ သိရသည်။

Nang Seng Nom -SHAN News (Burmese Version)
https://burmese.shannews.org/archives/15935
ကြတ္ခိုင္ၿမိဳ႕နယ္ က်ပ္သိန္း ၄၈ ဘီလီယံေက်ာ္ရွိ မူးယစ္ေဆးမ်ား ထပ္မံ သိမ္းဆည္းမိ ကြတ္ခိုင္ၿမိဳ႕နယ္ က်ပ္သိန္း ၄၈ ဘီလီယံေက်ာ္ရွိ မူးယစ္ေဆးမ်ား ထပ္မံ သိမ္းဆည္းမိ Reviewed by THITHTOOLWIN on 22:27 Rating: 5
Powered by Blogger.