အက္စစ္နဲ႔ပက္တဲ့အမႈေတြ ထိေရာက္စြာအေရးယူေပးဖို႔ ေတာင္းဆို


(Zawgyi)⤵⤵⤵
လူ႔အခြင့္အေရးရႈေထာင့္ကၾကည့္ရင္ လုံးဝခြင့္လႊတ္လို႔မရတဲ့ အက္စစ္နဲ႔ပက္တဲ့ အမႈေတြကို ထိထိေရာက္ေရာက္ အေရးယူတာေတြ လုပ္ေပးဖို႔၊ ေနာင္ပိုင္းမွာ ဒါကိုအတုယူၿပီး အက္စစ္နဲ႔ပက္တာေတြ ေခတ္စားလာမွာကို လူ႔အခြင့္ အေရး လႈပ္ရွားသူေတြ၊ အမ်ိဳးသမီးအခြင့္အေရး လႈပ္ရွားသူေတြက စိုးရိမ္ေနၾကပါတယ္။

အက္စစ္နဲ႔ပက္တယ္ဆိုတဲ့ သတင္းေတြကို ၾကားလာရပါၿပီ။ အက္စစ္နဲ႔ပက္တာဟာ ေဒါသအေလ်ာက္ ျပဳမူတာ မဟုတ္ဘဲ ေသခ်ာစီစဥ္ၿပီး လုပ္တာျဖစ္တဲ့အတြက္ ဒီလိုအမႈအခင္းေတြကို ထိထိေရာက္ေရာက္ အေရးမယူဘူး ဆိုရင္ ေနာက္ထပ္ဒီလိုျဖစ္ရပ္မ်ိဳးေတြ ျဖစ္လာမွာကို စိုးရိမ္ၾကရတာပါ။

ဒီရက္ပိုင္းမွာဆိုရင္ အိမ္ရွင္သ႐ုပ္ေဆာင္ ဇနီးေမာင္ႏွံက အိမ္အကူမိန္းကေလးကို အက္စစ္နဲ႔ မိန္းမကိုယ္ကို ပက္တဲ့ကိစၥဟာ လူေတြကို အံ့အားသင့္ေစခဲ့ပါတယ္။

ဒီလိုလုပ္တာေတြဟာ ႏွိပ္စက္ညႇဥ္းပန္းတာပဲလို႔ ညီမွ်ျခင္းျမန္မာအဖြဲ႕က ဦးေအာင္မ်ိဳးမင္းက ေျပာပါတယ္။

အေရွ႕အာရွႏိုင္ငံေတြျဖစ္တဲ့ အိႏၵိယနဲ႔ ပါကစၥတန္မွာဆိုရင္ တစ္ႏွစ္ကို အမ်ိဳးသမီး ၃၀၀ ကေန ၅၀၀ ၾကား အက္စစ္နဲ႔အပက္ခံရတယ္လို႔ သတင္းေတြမွာ ေတြ႕ေနရပါတယ္။ အဓိကကေတာ့ အမ်ိဳးသားက ခ်စ္ေရးဆိုတာ၊ လက္ထပ္မွာကို အမ်ိဳးသမီးက ျငင္းဆန္လို႔ အမ်ိဳးသားေတြက အက္စစ္နဲ႔ပက္တာ မ်ားပါတယ္။

အခုျဖစ္ေနတဲ့ အိမ္ေဖာ္ကေလးမေလးကိစၥကေတာ့ သ႐ုပ္ေဆာင္မင္းသား တစ္ေယာက္နဲ႔ ဆက္ႏြယ္တာေၾကာင့္ လူသိမ်ားခဲ့တာပါ။

အက္စစ္နဲ႔ အေလာင္းခံရတဲ့ တျခားကိစၥရပ္ေတြလည္း ရွိခဲ့ပါတယ္။

အက္စစ္ဟာ လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ အေရျပားေတြသာမက ကိုယ္အစိတ္အပိုင္းေတြကိုပါ ပ်က္စီးေစ ပါတယ္။ အက္စစ္ေလာင္ကြၽမ္းတာေၾကာင့္ ႐ုပ္ရည္ေတြပ်က္စီးၿပီး လူအမ်ားၾကား ဝင္ဆံ့ဖို႔လည္း မလြယ္ေတာ့ ပါဘူး။

ဒီလိုအၾကမ္းဖက္ခံရတဲ့အထဲမွာ အမ်ိဳးသမီးေတြ မ်ားပါတယ္။ ျမန္မာႏိုင္ငံမွာ အမ်ိဳးသမီးေတြကို အကာကြယ္ ေပးႏိုင္တဲ့ ဥပေဒကလည္း အားနည္းတာေတြ ရွိေနတယ္လို႔ အမ်ိဳးသမီးအခြင့္အေရး လႈပ္ရွားသူ ေဒၚခင္ေလးက ေျပပါတယ္။

အၾကမ္းဖက္ခံရသူေတြဟာ သူတို႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာေတြအျပင္ လူမႈေရးေတြ၊ စီးပြားေရးေတြ၊ စိတ္ဓာတ္ပိုင္းဆိုင္ရာ ေတြမွာပါ ထိခိုက္ခံစားၾကရပါတယ္။

၂၀၁၉ ခုႏွစ္က ဧရာဝတီတိုင္း မအူပင္ခ႐ိုင္၊ ပန္းတေနာ္က မလဲ့လဲ့ဝင္းဆိုရင္ မ်က္ႏွာတစ္ျခမ္းလုံး အပါအဝင္ မ်က္လုံးပါ ပ်က္စီးသြားတာပါ။

အက္စစ္နဲ႔ အပက္ခံရသူေတြအတြက္ အေရးယူတဲ့ ဥပေဒအမ်ားစုဟာ ရာဇသတ္ႀကီးဥပေဒ အျပင္းအထန္ နာက်င္ေစမႈပုဒ္မေတြျဖစ္ပါတယ္။ အဲဒီမွာဆိုရင္ သာမာန္နာက်င္ေစမႈကေန အျပင္းထန္နာက်င္ေစမႈအထိ ေထာင္ဒဏ္တစ္လကေန တစ္သက္တစ္ကြၽန္း၊ ဆယ္ႏွစ္အထိ ပါဝင္ထားပါတယ္။

အက္စစ္နဲ႔ပက္တာလို အၾကမ္းဖက္မႈေတြ ပေပ်ာက္ဖို႔အတြက္ ဒီလိုဥပေဒေတြရွိေနေပမယ့္ မလုံေလာက္ဘူးလို႔ ဥပေဒေရးရာကုစားေရးအဖြဲ႕က ေဒၚလွလွရီက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီလိုအမႈကိစၥမ်ိဳး ဘယ္ေလာက္ရွိတယ္၊ ဘယ္ႏွေယာက္ေလာက္ ထိခိုက္ခံစားခဲ့ရတယ္ ဆိုတာေတာ့ စုေဆာင္းထားတဲ့ အခ်က္လက္ေတြ မရွိပါဘူး။

ရွာေဖြေတြ႕ရွိရသေလာက္ဆိုရင္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလတုန္းက မႏၲေလးတိုင္း၊‌ ေက်ာက္ဆည္ၿမိဳ႕မွာ အမ်ိဳးသား ႏွစ္ေယာက္နဲ႔ အမ်ိဳးသမီးတစ္ေယာက္ အက္စစ္နဲ႔ အပက္ခံခဲ့ရပါတယ္။

အမ်ိဳးသားရဲ႕ ဦးေခါင္း၊ ညာဘက္နားနဲ႔ မ်က္စိတို႔ ပ်က္စီးခဲ့ရပါတယ္။ ေနာက္အမ်ိဳးသား တစ္ေယာက္က ဦးေခါင္း၊ လက္နဲ႔ ေပါင္၊ အမ်ိဳးသမီးကေတာ့ လက္နဲ႔ ေျခဖမိုးေတြမွာ အရည္ျပားေလာင္ကြၽမ္းခဲ့ရပါတယ္။

၂၀၁၆ ခုႏွစ္မွာတုန္းက မြန္ျပည္နယ္ သံျဖဴဇရပ္က အမ်ိဳးသမီးတစ္ေယာက္၊ ၂၀၁၄ မွာ ရန္ကုန္တိုင္း သာေကတ ၿမိဳ႕နယ္မွာ အမ်ိဳးသမီးတစ္ေယာက္၊ ၂၀၁၄ ခုႏွစ္မွာပဲ အင္းစိန္ၿမိဳ႕မွာ လင္မယားကြာရွင္းၿပီး သားကို ျပန္လာေခၚတဲ့ အမ်ိဳးသမီးကို အမ်ိဳးသားက အက္စစ္နဲ႔ ေလာင္းလိုက္တာေတြလည္း ရွိပါတယ္။၂၀၁၀ မွာဆိုရင္ မႏၲေလးတိုင္း ခ်မ္းျမသာစည္ၿမိဳ႕နယ္မွာ အိမ္အကူ အမ်ိဳးသမီးကို အက္စစ္ေလာင္းၿပီး ရွစ္ႏွစ္ အၾကာ အိမ္မွာပိတ္ထားခဲ့တဲ့ကိစၥ ရွိခဲ့ပါတယ္။

ဒါေတြက သတင္းေတြမွာ ေဖာ္ျပခြင့္ရခဲ့တဲ့ အက္စစ္ေလာင္းခံရမႈေတြပါ။

အက္စစ္နဲ႔ပက္တဲ့သူေတြကို ျပစ္ဒဏ္အရ ေထာင္ဒဏ္ေတြခ်ၿပီး အေရးယူေပမယ့္ သူတို႔က တခ်ိန္ခ်ိန္မွာ လြတ္ေျမာက္မွာပါ။

ဒါေပမဲ့ အက္စစ္နဲ႔ပက္ၿပီး အၾကမ္းဖက္ခံထားရသူေတြအတြက္ကေတာ့ ေသသည္အထိ ပါမယ့္ဒဏ္ရာေတြ ရွိေနတုန္းပါပဲ။

သူတို႔ရဲ႕ အၾကမ္းဖက္ခံရမႈေတြေနာက္မွာ ေနာက္ထပ္ေပးဆပ္လိုက္ရတာက လူမႈအသိုင္းအဝိုင္းက ခြဲျခားဆက္ဆံ မႈေတြပါ။ ဒါ့ေၾကာင့္ အက္စစ္နဲ႔ပက္ၿပီး အၾကမ္းဖက္ခံရသူေတြကို ရပ္႐ြာ၊ လူမႈအသိုင္းအဝိုင္းက မပစ္ပယ္ဖို႔၊  အားေပးဖို႔၊ ကူညီဖို႔လည္း လိုအပ္တဲ့အျပင္ ဒီလိုျဖစ္ရပ္ဆိုးေတြ ထပ္မျဖစ္ေအာင္လည္း အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ ကာကြယ္ေရးဥပေဒၾကမ္းမွာ ႀကီးမားတဲ့ ျပစ္မႈ၊ ျပစ္ဒဏ္ေတြ ထည့္သြင္းေစခ်င္တယ္လို႔လည္း ေတာင္းဆိုၾကပါတယ္။

ဇာဏီထြဏ္း / RFA Burmese
-------------------------------------------
(Unicode)⤵⤵⤵
အက်စစ်နဲ့ပက်တဲ့အမှုတွေ ထိရောက်စွာအရေးယူပေးဖို့ တောင်းဆို

လူ့အခွင့်အရေးရှုထောင့်ကကြည့်ရင် လုံးဝခွင့်လွှတ်လို့မရတဲ့ အက်စစ်နဲ့ပက်တဲ့ အမှုတွေကို ထိထိရောက်ရောက် အရေးယူတာတွေ လုပ်ပေးဖို့၊ နောင်ပိုင်းမှာ ဒါကိုအတုယူပြီး အက်စစ်နဲ့ပက်တာတွေ ခေတ်စားလာမှာကို လူ့အခွင့် အရေး လှုပ်ရှားသူတွေ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်နေကြပါတယ်။

အက်စစ်နဲ့ပက်တယ်ဆိုတဲ့ သတင်းတွေကို ကြားလာရပါပြီ။ အက်စစ်နဲ့ပက်တာဟာ ဒေါသအလျောက် ပြုမူတာ မဟုတ်ဘဲ သေချာစီစဉ်ပြီး လုပ်တာဖြစ်တဲ့အတွက် ဒီလိုအမှုအခင်းတွေကို ထိထိရောက်ရောက် အရေးမယူဘူး ဆိုရင် နောက်ထပ်ဒီလိုဖြစ်ရပ်မျိုးတွေ ဖြစ်လာမှာကို စိုးရိမ်ကြရတာပါ။

ဒီရက်ပိုင်းမှာဆိုရင် အိမ်ရှင်သရုပ်ဆောင် ဇနီးမောင်နှံက အိမ်အကူမိန်းကလေးကို အက်စစ်နဲ့ မိန်းမကိုယ်ကို ပက်တဲ့ကိစ္စဟာ လူတွေကို အံ့အားသင့်စေခဲ့ပါတယ်။

ဒီလိုလုပ်တာတွေဟာ နှိပ်စက်ညှဉ်းပန်းတာပဲလို့ ညီမျှခြင်းမြန်မာအဖွဲ့က ဦးအောင်မျိုးမင်းက ပြောပါတယ်။

အရှေ့အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်မှာဆိုရင် တစ်နှစ်ကို အမျိုးသမီး ၃၀၀ ကနေ ၅၀၀ ကြား အက်စစ်နဲ့အပက်ခံရတယ်လို့ သတင်းတွေမှာ တွေ့နေရပါတယ်။ အဓိကကတော့ အမျိုးသားက ချစ်ရေးဆိုတာ၊ လက်ထပ်မှာကို အမျိုးသမီးက ငြင်းဆန်လို့ အမျိုးသားတွေက အက်စစ်နဲ့ပက်တာ များပါတယ်။

အခုဖြစ်နေတဲ့ အိမ်ဖော်ကလေးမလေးကိစ္စကတော့ သရုပ်ဆောင်မင်းသား တစ်ယောက်နဲ့ ဆက်နွယ်တာကြောင့် လူသိများခဲ့တာပါ။

အက်စစ်နဲ့ အလောင်းခံရတဲ့ တခြားကိစ္စရပ်တွေလည်း ရှိခဲ့ပါတယ်။

အက်စစ်ဟာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အရေပြားတွေသာမက ကိုယ်အစိတ်အပိုင်းတွေကိုပါ ပျက်စီးစေ ပါတယ်။ အက်စစ်လောင်ကျွမ်းတာကြောင့် ရုပ်ရည်တွေပျက်စီးပြီး လူအများကြား ဝင်ဆံ့ဖို့လည်း မလွယ်တော့ ပါဘူး။

ဒီလိုအကြမ်းဖက်ခံရတဲ့အထဲမှာ အမျိုးသမီးတွေ များပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို အကာကွယ် ပေးနိုင်တဲ့ ဥပဒေကလည်း အားနည်းတာတွေ ရှိနေတယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ဒေါ်ခင်လေးက ပြေပါတယ်။

အကြမ်းဖက်ခံရသူတွေဟာ သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာတွေအပြင် လူမှုရေးတွေ၊ စီးပွားရေးတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တွေမှာပါ ထိခိုက်ခံစားကြရပါတယ်။

၂၀၁၉ ခုနှစ်က ဧရာဝတီတိုင်း မအူပင်ခရိုင်၊ ပန်းတနော်က မလဲ့လဲ့ဝင်းဆိုရင် မျက်နှာတစ်ခြမ်းလုံး အပါအဝင် မျက်လုံးပါ ပျက်စီးသွားတာပါ။

အက်စစ်နဲ့ အပက်ခံရသူတွေအတွက် အရေးယူတဲ့ ဥပဒေအများစုဟာ ရာဇသတ်ကြီးဥပဒေ အပြင်းအထန် နာကျင်စေမှုပုဒ်မတွေဖြစ်ပါတယ်။ အဲဒီမှာဆိုရင် သာမာန်နာကျင်စေမှုကနေ အပြင်းထန်နာကျင်စေမှုအထိ ထောင်ဒဏ်တစ်လကနေ တစ်သက်တစ်ကျွန်း၊ ဆယ်နှစ်အထိ ပါဝင်ထားပါတယ်။

အက်စစ်နဲ့ပက်တာလို အကြမ်းဖက်မှုတွေ ပပျောက်ဖို့အတွက် ဒီလိုဥပဒေတွေရှိနေပေမယ့် မလုံလောက်ဘူးလို့ ဥပဒေရေးရာကုစားရေးအဖွဲ့က ဒေါ်လှလှရီက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီလိုအမှုကိစ္စမျိုး ဘယ်လောက်ရှိတယ်၊ ဘယ်နှယောက်လောက် ထိခိုက်ခံစားခဲ့ရတယ် ဆိုတာတော့ စုဆောင်းထားတဲ့ အချက်လက်တွေ မရှိပါဘူး။

ရှာဖွေတွေ့ရှိရသလောက်ဆိုရင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတုန်းက မန္တလေးတိုင်း၊‌ ကျောက်ဆည်မြို့မှာ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် အက်စစ်နဲ့ အပက်ခံခဲ့ရပါတယ်။

အမျိုးသားရဲ့ ဦးခေါင်း၊ ညာဘက်နားနဲ့ မျက်စိတို့ ပျက်စီးခဲ့ရပါတယ်။ နောက်အမျိုးသား တစ်ယောက်က ဦးခေါင်း၊ လက်နဲ့ ပေါင်၊ အမျိုးသမီးကတော့ လက်နဲ့ ခြေဖမိုးတွေမှာ အရည်ပြားလောင်ကျွမ်းခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်မှာတုန်းက မွန်ပြည်နယ် သံဖြူဇရပ်က အမျိုးသမီးတစ်ယောက်၊ ၂၀၁၄ မှာ ရန်ကုန်တိုင်း သာကေတ မြို့နယ်မှာ အမျိုးသမီးတစ်ယောက်၊ ၂၀၁၄ ခုနှစ်မှာပဲ အင်းစိန်မြို့မှာ လင်မယားကွာရှင်းပြီး သားကို ပြန်လာခေါ်တဲ့ အမျိုးသမီးကို အမျိုးသားက အက်စစ်နဲ့ လောင်းလိုက်တာတွေလည်း ရှိပါတယ်။၂၀၁၀ မှာဆိုရင် မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်မှာ အိမ်အကူ အမျိုးသမီးကို အက်စစ်လောင်းပြီး ရှစ်နှစ် အကြာ အိမ်မှာပိတ်ထားခဲ့တဲ့ကိစ္စ ရှိခဲ့ပါတယ်။

ဒါတွေက သတင်းတွေမှာ ဖော်ပြခွင့်ရခဲ့တဲ့ အက်စစ်လောင်းခံရမှုတွေပါ။

အက်စစ်နဲ့ပက်တဲ့သူတွေကို ပြစ်ဒဏ်အရ ထောင်ဒဏ်တွေချပြီး အရေးယူပေမယ့် သူတို့က တချိန်ချိန်မှာ လွတ်မြောက်မှာပါ။

ဒါပေမဲ့ အက်စစ်နဲ့ပက်ပြီး အကြမ်းဖက်ခံထားရသူတွေအတွက်ကတော့ သေသည်အထိ ပါမယ့်ဒဏ်ရာတွေ ရှိနေတုန်းပါပဲ။

သူတို့ရဲ့ အကြမ်းဖက်ခံရမှုတွေနောက်မှာ နောက်ထပ်ပေးဆပ်လိုက်ရတာက လူမှုအသိုင်းအဝိုင်းက ခွဲခြားဆက်ဆံ မှုတွေပါ။ ဒါ့ကြောင့် အက်စစ်နဲ့ပက်ပြီး အကြမ်းဖက်ခံရသူတွေကို ရပ်ရွာ၊ လူမှုအသိုင်းအဝိုင်းက မပစ်ပယ်ဖို့၊  အားပေးဖို့၊ ကူညီဖို့လည်း လိုအပ်တဲ့အပြင် ဒီလိုဖြစ်ရပ်ဆိုးတွေ ထပ်မဖြစ်အောင်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေးဥပဒေကြမ်းမှာ ကြီးမားတဲ့ ပြစ်မှု၊ ပြစ်ဒဏ်တွေ ထည့်သွင်းစေချင်တယ်လို့လည်း တောင်းဆိုကြပါတယ်။

ဇာဏီထွဏ်း / RFA Burmese
https://www.rfa.org/burmese/news/acid-infestation-case-04102020061921.html
အက္စစ္နဲ႔ပက္တဲ့အမႈေတြ ထိေရာက္စြာအေရးယူေပးဖို႔ ေတာင္းဆို အက္စစ္နဲ႔ပက္တဲ့အမႈေတြ ထိေရာက္စြာအေရးယူေပးဖို႔ ေတာင္းဆို Reviewed by THITHTOOLWIN on 22:42 Rating: 5
Powered by Blogger.