ေပါက္ေခါင္းက ကိုဗစ္၁၉ လူနာနဲ႔ ထိေတြ႕ခဲ့သူ ေလးဆယ္ေက်ာ္ကို သီးသန႔္ခြဲျခားေစာင့္ၾကည့္

 ေပါက္ေခါင္းျပည္သူ႔ေဆး႐ုံက လူနာမိသားစုကို က်န္းမာေရးေစာင့္ေရွာက္မႈေပးခဲ့ပါတယ္။
ေပါက္ေခါင္းက ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ျဖစ္တဲ့ ကိုဗစ္၁၉ လူနာ နံပါတ္ ၁၇ နဲ႔ ထိေတြ႕ခဲ့သူ ေလးဆယ္ေက်ာ္ကို ဒီေန႔ ဧၿပီ ၃ ရက္က စလို႔ သီးသန႔္ခြဲျခားေစာင့္ၾကည့္မႈေတြ စတင္ျပဳလုပ္ခဲ့တယ္လို႔ ေစာင့္ၾကည့္ခံရသူထဲမွာပါဝင္တဲ့ ေပါက္ေခါင္းအမတ္ ဦးသက္မင္းေဇာ္က ဘီဘီစီကိုေျပာပါတယ္။

လူနာတက္ေရာက္တဲ့ ၿမိဳ႕နယ္အစည္းအေဝးတစ္ခုကို ဦးသက္မင္းေဇာ္အပါအဝင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလးဦး၊ ေပါက္ေခါင္းအေထြေထြအုပ္ခ်ဳပ္ ေရးမႉးဦးစီးဌာနက တာဝန္ရွိသူေတြနဲ႔ စုစုေပါင္း အေယာက္ ၂၀ ေလာက္ တက္ေရာက္ခဲ့ၾကပါတယ္။

ဒါ့အျပင္ လူနာနဲ႔ ထိေတြ႕မႈရွိခဲ့တဲ့ ေထြအုပ္႐ုံးက ဝန္ထမ္းေတြကိုပါ သီးသန႔္ေစာင့္ၾကည့္မွာျဖစ္လို႔ စုစုေပါင္း အေယာက္ ၄၀ ေက်ာ္ရွိတယ္လို႔ ဦးသက္မင္းေဇာ္ကေျပာပါတယ္။

"မတ္လ ၃၁ ရက္ေန႔မွာ သူ႔ရဲ႕အမ်ိဳးသမီးက ေပါ့စစ္တစ္လူနာလို႔ သိရတည္းက ကြၽန္ေတာ္က Home quarantine (ေနအိမ္မွာ သီးသန႔္ခြဲျခားေနထိုင္ျခင္း) လုပ္ေနလိုက္ပါတယ္။ အျပင္လည္းမထြက္ေတာ့ဘူးေပါ့။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ကေတာ့ ႀကိဳတင္ေတာ့ မွန္းထားမိပါတယ္။ အေကာင္းဆုံးေတာ့ ေမွ်ာ္လင့္ထားတာေပါ့။ အဆိုးဆုံးကို ရင္ဆိုင္ဖို႔လည္း ျပင္ထားပါတယ္။ အခု ညက ေဆးစစ္ခ်က္ထပ္ထြက္ေတာ့ Facility quarantine(အစိုးရက စီစဥ္ေပးတဲ့ သီးသန႔္ေစာင့္ၾကည့္တဲ့ေနရာ) ကို ဒီမနက္ ေရာက္ပါတယ္။ အထက ေက်ာင္းနဲ႔ ပုဗၺာ႐ုံဆိုတဲ့ ဘုန္းႀကီးေက်ာင္း ႏွစ္ေနရာခြဲ ထားေပးပါတယ္" လို႔ ဦးသက္မင္းေဇာ္က ေျပာပါတယ္။

လတ္တေလာမွာ ေစာင့္ၾကည့္ခံရသူအားလုံးရဲ႕ က်န္းမာေရးအေျခအေနေကာင္းမြန္တယ္လို႔ သူက ဆက္ေျပာပါတယ္။
ရန္ကုန္မွာလည္း အမ်ားျပည္သူသုံးေနရာေတြမွာ ပိုးသတ္ေဆးေတြလိုက္ျဖန္းေနၾကပါတယ္။
ဒီေန႔ကစလို႔ ေပါက္ေခါင္းၿမိဳ႕မွာ လူအစည္ကားဆုံး ေပါက္ေခါင္းေဈးႀကီးကို ပိတ္ထားလိုက္ၿပီျဖစ္ၿပီး ၿမိဳ႕ဝင္ထြက္ဂိတ္ေတြမွာလည္း က်န္းမာေရးစစ္ေဆး မႈေတြ ျပဳလုပ္ၿပီး ဝင္ထြက္သြားလာခြင့္ ျပဳေနတယ္လို႔ ဦးသက္မင္းေဇာ္က ေျပာပါတယ္။

ေပါက္ေခါင္းက အတည္ျပဳလူနာ ေလးဦးအနက္ အသက္ ၁၀ ႏွစ္ နဲ႔ ၈ ႏွစ္အ႐ြယ္ ကေလးႏွစ္ဦး ပါဝင္ၿပီး ဒါဟာ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္ခံရတဲ့ အသက္အငယ္ဆုံးကေလးငယ္ေတြ ျဖစ္လာပါတယ္။

ရန္ကုန္ၿမိဳ႕၊ ပုဂၢလိကေဆးခန္းတစ္ခုမွာ တာဝန္ထမ္းေဆာင္တဲ့ အမ်ိဳးသမီးမွာ ကိုဗစ္ ၁၉ ကူးစက္ခံရေၾကာင္း ေတြ႕ရွိၿပီးတဲ့ေနာက္ သူနဲ႔ ထိေတြ႕ခဲ့တဲ့ ေပါက္ေခါင္းက မိသားစုကို ေနအိမ္မွာ သီးသန႔္ခြဲျခားေစာင့္ၾကည့္ခဲ့ၿပီး ကိုဗစ္၁၉ ရွိမရွိ စစ္ေဆးခဲ့တာျဖစ္ပါတယ္။

ဧၿပီ ၂ ရက္ညပိုင္းမွာေတာ့ လူနာနံပါတ္ ၁၅ ျဖစ္တဲ့ ဒီအမ်ိဳးသမီးရဲ႕ မိသားစုဝင္ေတြျဖစ္တဲ့ ခင္ပြန္းျဖစ္သူ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး၊ သားသမီး ႏွစ္ဦးနဲ႔ အသက္ ၁၈ ႏွစ္အ႐ြယ္ တူမျဖစ္သူတို႔မွာ ကိုဗစ္ ၁၉ ကူးစက္ခံရေၾကာင္း အစိုးရက ထုတ္ျပန္ခဲ့ပါတယ္။

ဒီလူနာေလးဦးကို သတ္မွတ္ေဆး႐ုံေတြကို စနစ္တက်လႊဲေျပာင္းၿပီး သီးျခားထားရွိကုသေပးမယ္လို႔ အစိုးရက ဆိုပါတယ္။

ျမန္မာမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ၂၀ ဦးရွိလာၿပီး ေရာဂါအခံရွိသူ အသက္အႀကီးပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ဦး ေသဆုံးထားပါတယ္။

--------------------------------------
(Unicode)⤵⤵⤵

ပေါက်ခေါင်းက ကိုဗစ်၁၉ လူနာနဲ့ ထိတွေ့ခဲ့သူ လေးဆယ်ကျော်ကို သီးသန့်ခွဲခြားစောင့်ကြည့်

ပေါက်ခေါင်းက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဖြစ်တဲ့ ကိုဗစ်၁၉ လူနာ နံပါတ် ၁၇ နဲ့ ထိတွေ့ခဲ့သူ လေးဆယ်ကျော်ကို ဒီနေ့ ဧပြီ ၃ ရက်က စလို့ သီးသန့်ခွဲခြားစောင့်ကြည့်မှုတွေ စတင်ပြုလုပ်ခဲ့တယ်လို့ စောင့်ကြည့်ခံရသူထဲမှာပါဝင်တဲ့ ပေါက်ခေါင်းအမတ် ဦးသက်မင်းဇော်က ဘီဘီစီကိုပြောပါတယ်။

လူနာတက်ရောက်တဲ့ မြို့နယ်အစည်းအဝေးတစ်ခုကို ဦးသက်မင်းဇော်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လေးဦး၊ ပေါက်ခေါင်းအထွေထွေအုပ်ချုပ် ရေးမှူးဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ စုစုပေါင်း အယောက် ၂၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် လူနာနဲ့ ထိတွေ့မှုရှိခဲ့တဲ့ ထွေအုပ်ရုံးက ဝန်ထမ်းတွေကိုပါ သီးသန့်စောင့်ကြည့်မှာဖြစ်လို့ စုစုပေါင်း အယောက် ၄၀ ကျော်ရှိတယ်လို့ ဦးသက်မင်းဇော်ကပြောပါတယ်။

"မတ်လ ၃၁ ရက်နေ့မှာ သူ့ရဲ့အမျိုးသမီးက ပေါ့စစ်တစ်လူနာလို့ သိရတည်းက ကျွန်တော်က Home quarantine (နေအိမ်မှာ သီးသန့်ခွဲခြားနေထိုင်ခြင်း) လုပ်နေလိုက်ပါတယ်။ အပြင်လည်းမထွက်တော့ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကြိုတင်တော့ မှန်းထားမိပါတယ်။ အကောင်းဆုံးတော့ မျှော်လင့်ထားတာပေါ့။ အဆိုးဆုံးကို ရင်ဆိုင်ဖို့လည်း ပြင်ထားပါတယ်။ အခု ညက ဆေးစစ်ချက်ထပ်ထွက်တော့ Facility quarantine(အစိုးရက စီစဉ်ပေးတဲ့ သီးသန့်စောင့်ကြည့်တဲ့နေရာ) ကို ဒီမနက် ရောက်ပါတယ်။ အထက ကျောင်းနဲ့ ပုဗ္ဗာရုံဆိုတဲ့ ဘုန်းကြီးကျောင်း နှစ်နေရာခွဲ ထားပေးပါတယ်" လို့ ဦးသက်မင်းဇော်က ပြောပါတယ်။

လတ်တလောမှာ စောင့်ကြည့်ခံရသူအားလုံးရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီနေ့ကစလို့ ပေါက်ခေါင်းမြို့မှာ လူအစည်ကားဆုံး ပေါက်ခေါင်းဈေးကြီးကို ပိတ်ထားလိုက်ပြီဖြစ်ပြီး မြို့ဝင်ထွက်ဂိတ်တွေမှာလည်း ကျန်းမာရေးစစ်ဆေး မှုတွေ ပြုလုပ်ပြီး ဝင်ထွက်သွားလာခွင့် ပြုနေတယ်လို့ ဦးသက်မင်းဇော်က ပြောပါတယ်။

ပေါက်ခေါင်းက အတည်ပြုလူနာ လေးဦးအနက် အသက် ၁၀ နှစ် နဲ့ ၈ နှစ်အရွယ် ကလေးနှစ်ဦး ပါဝင်ပြီး ဒါဟာ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရတဲ့ အသက်အငယ်ဆုံးကလေးငယ်တွေ ဖြစ်လာပါတယ်။

ရန်ကုန်မြို့၊ ပုဂ္ဂလိကဆေးခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်တဲ့ အမျိုးသမီးမှာ ကိုဗစ် ၁၉ ကူးစက်ခံရကြောင်း တွေ့ရှိပြီးတဲ့နောက် သူနဲ့ ထိတွေ့ခဲ့တဲ့ ပေါက်ခေါင်းက မိသားစုကို နေအိမ်မှာ သီးသန့်ခွဲခြားစောင့်ကြည့်ခဲ့ပြီး ကိုဗစ်၁၉ ရှိမရှိ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဧပြီ ၂ ရက်ညပိုင်းမှာတော့ လူနာနံပါတ် ၁၅ ဖြစ်တဲ့ ဒီအမျိုးသမီးရဲ့ မိသားစုဝင်တွေဖြစ်တဲ့ ခင်ပွန်းဖြစ်သူ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ သားသမီး နှစ်ဦးနဲ့ အသက် ၁၈ နှစ်အရွယ် တူမဖြစ်သူတို့မှာ ကိုဗစ် ၁၉ ကူးစက်ခံရကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဒီလူနာလေးဦးကို သတ်မှတ်ဆေးရုံတွေကို စနစ်တကျလွှဲပြောင်းပြီး သီးခြားထားရှိကုသပေးမယ်လို့ အစိုးရက ဆိုပါတယ်။

မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂၀ ဦးရှိလာပြီး ရောဂါအခံရှိသူ အသက်အကြီးပိုင်းအရွယ် အမျိုးသားတစ်ဦး သေဆုံးထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/52135213
ေပါက္ေခါင္းက ကိုဗစ္၁၉ လူနာနဲ႔ ထိေတြ႕ခဲ့သူ ေလးဆယ္ေက်ာ္ကို သီးသန႔္ခြဲျခားေစာင့္ၾကည့္ ေပါက္ေခါင္းက ကိုဗစ္၁၉ လူနာနဲ႔ ထိေတြ႕ခဲ့သူ ေလးဆယ္ေက်ာ္ကို သီးသန႔္ခြဲျခားေစာင့္ၾကည့္ Reviewed by THITHTOOLWIN on 03:17 Rating: 5
Powered by Blogger.