ခရီးထြက္ခဲ့တဲ့ ဝန္ထမ္း ၄၀၀ ေက်ာ္ကို ေနျပည္ေတာ္မွာ ကန႔္သတ္ေစာင့္ၾကည့္

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာ ၁ မွာ ဌာနဆိုင္ရာဝန္ထမ္း ၄၀၀ ေက်ာ္နဲ႔ ျပည္ပကျပန္လာသူ ၁၅၀ ေက်ာ္ကို ၂၁ ရက္ အသြားအလာ ေစာင့္ၾကည့္ခံရသူေတြအျဖစ္ လက္ခံထားပါတယ္။

ေနျပည္ေတာ္ကို ျပန္လာတဲ့ အစိုးရဝန္ထမ္းေတြကို ၂၁ ရက္ အသြားအလာ ေစာင့္ၾကည့္ဖို႔ အမိန႔္ထြက္ၿပီး ေနာက္ပိုင္း ဒီေန႔ အခ်ိန္အထိ စည္ပင္ဧည့္ရိပ္သာ ၁ ကို ေရာက္ရွိလာသူ ၄၀၀ ေက်ာ္ ရွိေနပါတယ္။

စည္ပင္ဧည့္ရိပ္သာ ၁ Quarantine စင္တာ တာဝန္ခံ ေနျပည္ေတာ္တိုင္း ကုသေရးဌာနက လက္ေထာက္ ၫႊန္ၾကားေရးမႉး ေဒါက္တာဝင္းမာလာၾကင္က ဒီေန႔ေန႔လယ္ပိုင္းအထိ အစိုးရဝန္ထမ္း ၄၀၅ ဦးကို လက္ခံထားတယ္လို႔ ေျပာပါတယ္။

အစိုးရဝန္ထမ္းေတြအတြက္ သက္ဆိုင္ရာဌာနအဖြဲ႕အစည္းက အစားအေသာက္နဲ႔ လိုအပ္တဲ့ အသုံးအေဆာင္ ပစၥည္းေတြကို ေပးပို႔ဖို႔ ၫႊန္ၾကားထားတဲ့အတြက္ သူတို႔အတြက္ တစ္ခါသုံး ပစၥည္းေတြကိုသာ စိစစ္လက္ခံေန တယ္လို႔လည္း ေျပာပါတယ္။

ေနာက္ထပ္ စည္ပင္ဧည့္ရိပ္သာ ၁ ကို ေရာက္မယ့္ ဝန္ထမ္းေတြလည္း အမ်ားအျပား က်န္ရွိေနပါတယ္။

အသြားအလာေစာင့္ၾကည့္ခံရတဲ့ ဝန္ထမ္းေတြကို ေန႔စဥ္ အဖ်ားတိုင္းတာေတြ လုပ္ေနသလို သူတို႔ေတြ Quarantine ၂၁ ရက္ျပည့္လို႔ ျပန္မယ့္အခ်ိန္မွာ သူတို႔ထဲက အေယာက္ ၂၀ ကိုေ႐ြးၿပီး ကို႐ိုနာဗိုင္းရပ္စ္ပိုး စစ္ေဆးမယ္လို႔ ေဒါက္တာဝင္းမာလာၾကင္က ေျပာပါတယ္။

စည္ပင္ဧည့္ရိပ္သာ ၁ က Quarantine စင္တာမွာ ေန႔စားဝန္ထမ္းကေန ၫႊန္ၾကားေရးမႉးရာထူးအထိ လက္ခံထားၿပီး ဒုတိယၫႊန္ၾကားေရးမႉးနဲ႔ ၫႊန္ၾကားေရးမႉးခ်ဳပ္ေတြကိုေတာ့ ေနျပည္ေတာ္က ဟိုတယ္တစ္ခုမွာ သီးျခားေစာင့္ၾကည့္လက္ခံထားတယ္လို႔ သိရပါတယ္။

တခ်ိန္တည္းမွာပဲ စည္ပင္ဧည့္ရိပ္သာ ၁ မွာ ျပည္ပျပန္ ၁၆၀ ေက်ာ္ က်န္ရွိေနပါတယ္။

စည္ပင္ဧည့္ရိပ္သာ ၁ မွာ Quarantine ၂၁ ရက္ေနထိုင္ၿပီး ေနရပ္ျပန္သြားတဲ့ သူေတြထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ ခုခ်ိန္အထိ တစ္ဦးမွ မရွိေသးဘူးလို႔ စခန္းတာဝန္ခံေတြက ေျပာပါတယ္။

ေနျပည္ေတာ္ နည္းတူ မႏၲေလးၿမိဳ႕ကို ဝင္ေရာက္လာသူေတြထဲက ေရာဂါပိုးကူးစက္ခံရသူေတြရွိတဲ့ ေဒသက လာေရာက္သူေတြကို  ဧၿပီ ၂၂ ရက္ေန႔ ကစၿပီး ၂၁ ရက္ Faclity Quarantine ထားရွိသြားမယ္လို႔ မႏၲေလးတိုင္း အစိုးရအဖြဲ႕က ထုတ္ျပန္လိုက္ပါတယ္။

အရင္ကေတာ့ ႏိုင္ငံျခားကျပန္လာတဲ့သူေတြသာ ေစာင့္ၾကည့္ခဲ့တာပါ။ ထုတ္ျပန္ခ်က္မွာ အခ်က္ ငါးခ်က္ပါဝင္ၿပီး ေရာဂါပိုး မေတြ႕ရွိတဲ့ေဒသက ျပန္လာတဲ့သူဆိုရင္လည္း လိုအပ္တဲ့စစ္ေဆးမႈေတြ ခံယူရမယ္၊ လိုအပ္မယ္ဆိုရင္ ေစာင့္ၾကည့္စခန္းဝင္ရမယ္၊ မိသားစုအလိုက္ျပန္လာတာဆိုရင္ သီးသန႔္ေနရာတစ္ခုမွာ မိသားစုလိုက္ေနရမယ္၊ Hotel Quarantine လုပ္မယ္ဆိုရင္ ခြင့္ျပဳတယ္၊ တစ္ဦးခ်င္းျပန္လာတဲ့သူဆိုရင္ေတာ့ သတ္မွတ္ေနရာမွာ Faclity Quarantine ဝင္ရမွာျဖစ္တယ္ဆိုတဲ့ အခ်က္ေတြ ပါဝင္ပါတယ္။

မႏၲေလးတိုင္းအတြင္းမွာဆိုရင္ ေစာင့္ၾကည့္စခန္း လုပ္ထားတဲ့ေနရာ ၁၀၀၄ ေနရာရွိၿပီး လူဦးေရ ၃၆၀၀ ေက်ာ္ ဝင္ေရာက္ေနတယ္လို႔ မႏၲေလးတိုင္းအစိုးရအဖြဲ႕က ထုတ္ျပန္ထားပါတယ္။

တနသၤာရီတိုင္းကလည္း အျခားတိုင္းနဲ႔ ျပည္နယ္ေတြကေန ကားလမ္း၊ ေလေၾကာင္းေတြနဲ႔ ဝင္ေရာက္လာတဲ့ သူေတြအေနနဲ႔ အစိုးရစီစဥ္ေပးတဲ့ Quarantine မွာ ၂၁ ရက္နဲ႔ ေနအိမ္ေတြမွာ ၇ ရက္ ေနရမယ္လို႔ ဧၿပီ ၂၁ ရက္စြဲနဲ႔ တိုင္းအစိုးရအဖြဲ႕က ထုတ္ျပန္လိုက္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကာကြယ္တာဆီးေရးအတြက္ ျပည္တြင္း၊ ျပည္ပ ခရီးသြားေတြအေနနဲ႔ ရပ္ကြက္ ေက်း႐ြာေတြမွာ စီစဥ္ထားတဲ့ ကန႔္သတ္ေစာင့္ၾကည့္ေနရာမွာ ၂၁ ရက္ Quanrantine နဲ႔ မိမိေနအိမ္မွာ ေနာက္ထပ္ ၇ ရက္ Quanrantine စုစုေပါင္း ၂၈ ရက္ မျဖစ္မေနလုပ္ရမယ္လို႔ တိုင္းေဒသႀကီး အစိုးရ ေျပာေရးဆိုခြင့္ရွိသူ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းျမစ္ဝန္ႀကီး ဦးေက်ာ္မင္းက ေျပာပါတယ္။

အလုပ္ကိစၥနဲ႔ ေခတၱလာေရာက္မယ့္သူေတြအေနနဲ႔ သက္ဆိုင္ရာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီဆီမွာ ခြင့္ျပဳခ်က္ေတာင္းခံၿပီး လာေရာက္မယ္ဆိုရင္ ၂၁ ရက္ Quanrantine လုပ္စရာ မလိုဘူးလို႔လည္း ဦးေက်ာ္မင္းက ေျပာပါတယ္။

လာေရာက္မယ့္ကိစၥ၊ လာေရာက္မယ့္ လူဦးေရနဲ႔ ဘယ္ႏွစ္ရက္ေနမယ္ဆိုတာေတြကို အေရးေပၚ တုံ႔ျပန္ေရး ေကာ္မတီကို တင္ျပရမွာျဖစ္ပါတယ္။

လာေရာက္ရင္လည္း ေနအိမ္ေတြမွာေနခြင့္မရွိဘဲ ဟိုတယ္မွာေနရမွာျဖစ္ၿပီး လူေတြနဲ႔ နီးနီးကပ္ကပ္ သြားလာေနထိုင္တာမ်ိဳးေတြ မလုပ္ရဘဲ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ တိုင္းေဒသႀကီး အစိုးရက ထုတ္ျပန္တဲ့ ၫႊန္ၾကားခ်က္ေတြကို လိုက္နာရမွာ ျဖစ္သလို သတ္မွတ္ရက္မွာ  ျပန္ရမွာျဖစ္ပါတယ္။

သီဟထြန္း၊ ေခမဏီဝင္း / RFA Burmese
-------------------------------------------
(Unicode)⤵⤵⤵
ခရီးထွက်ခဲ့တဲ့ ဝန်ထမ်း ၄၀၀ ကျော်ကို နေပြည်တော်မှာ ကန့်သတ်စောင့်ကြည့်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၁ မှာ ဌာနဆိုင်ရာဝန်ထမ်း ၄၀၀ ကျော်နဲ့ ပြည်ပကပြန်လာသူ ၁၅၀ ကျော်ကို ၂၁ ရက် အသွားအလာ စောင့်ကြည့်ခံရသူတွေအဖြစ် လက်ခံထားပါတယ်။

နေပြည်တော်ကို ပြန်လာတဲ့ အစိုးရဝန်ထမ်းတွေကို ၂၁ ရက် အသွားအလာ စောင့်ကြည့်ဖို့ အမိန့်ထွက်ပြီး နောက်ပိုင်း ဒီနေ့ အချိန်အထိ စည်ပင်ဧည့်ရိပ်သာ ၁ ကို ရောက်ရှိလာသူ ၄၀၀ ကျော် ရှိနေပါတယ်။

စည်ပင်ဧည့်ရိပ်သာ ၁ Quarantine စင်တာ တာဝန်ခံ နေပြည်တော်တိုင်း ကုသရေးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမာလာကြင်က ဒီနေ့နေ့လယ်ပိုင်းအထိ အစိုးရဝန်ထမ်း ၄၀၅ ဦးကို လက်ခံထားတယ်လို့ ပြောပါတယ်။

အစိုးရဝန်ထမ်းတွေအတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းက အစားအသောက်နဲ့ လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို ပေးပို့ဖို့ ညွှန်ကြားထားတဲ့အတွက် သူတို့အတွက် တစ်ခါသုံး ပစ္စည်းတွေကိုသာ စိစစ်လက်ခံနေ တယ်လို့လည်း ပြောပါတယ်။

နောက်ထပ် စည်ပင်ဧည့်ရိပ်သာ ၁ ကို ရောက်မယ့် ဝန်ထမ်းတွေလည်း အများအပြား ကျန်ရှိနေပါတယ်။

အသွားအလာစောင့်ကြည့်ခံရတဲ့ ဝန်ထမ်းတွေကို နေ့စဉ် အဖျားတိုင်းတာတွေ လုပ်နေသလို သူတို့တွေ Quarantine ၂၁ ရက်ပြည့်လို့ ပြန်မယ့်အချိန်မှာ သူတို့ထဲက အယောက် ၂၀ ကိုရွေးပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးမယ်လို့ ဒေါက်တာဝင်းမာလာကြင်က ပြောပါတယ်။

စည်ပင်ဧည့်ရိပ်သာ ၁ က Quarantine စင်တာမှာ နေ့စားဝန်ထမ်းကနေ ညွှန်ကြားရေးမှူးရာထူးအထိ လက်ခံထားပြီး ဒုတိယညွှန်ကြားရေးမှူးနဲ့ ညွှန်ကြားရေးမှူးချုပ်တွေကိုတော့ နေပြည်တော်က ဟိုတယ်တစ်ခုမှာ သီးခြားစောင့်ကြည့်လက်ခံထားတယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ စည်ပင်ဧည့်ရိပ်သာ ၁ မှာ ပြည်ပပြန် ၁၆၀ ကျော် ကျန်ရှိနေပါတယ်။

စည်ပင်ဧည့်ရိပ်သာ ၁ မှာ Quarantine ၂၁ ရက်နေထိုင်ပြီး နေရပ်ပြန်သွားတဲ့ သူတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ခုချိန်အထိ တစ်ဦးမှ မရှိသေးဘူးလို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။

နေပြည်တော် နည်းတူ မန္တလေးမြို့ကို ဝင်ရောက်လာသူတွေထဲက ရောဂါပိုးကူးစက်ခံရသူတွေရှိတဲ့ ဒေသက လာရောက်သူတွေကို  ဧပြီ ၂၂ ရက်နေ့ ကစပြီး ၂၁ ရက် Faclity Quarantine ထားရှိသွားမယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အရင်ကတော့ နိုင်ငံခြားကပြန်လာတဲ့သူတွေသာ စောင့်ကြည့်ခဲ့တာပါ။ ထုတ်ပြန်ချက်မှာ အချက် ငါးချက်ပါဝင်ပြီး ရောဂါပိုး မတွေ့ရှိတဲ့ဒေသက ပြန်လာတဲ့သူဆိုရင်လည်း လိုအပ်တဲ့စစ်ဆေးမှုတွေ ခံယူရမယ်၊ လိုအပ်မယ်ဆိုရင် စောင့်ကြည့်စခန်းဝင်ရမယ်၊ မိသားစုအလိုက်ပြန်လာတာဆိုရင် သီးသန့်နေရာတစ်ခုမှာ မိသားစုလိုက်နေရမယ်၊ Hotel Quarantine လုပ်မယ်ဆိုရင် ခွင့်ပြုတယ်၊ တစ်ဦးချင်းပြန်လာတဲ့သူဆိုရင်တော့ သတ်မှတ်နေရာမှာ Faclity Quarantine ဝင်ရမှာဖြစ်တယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

မန္တလေးတိုင်းအတွင်းမှာဆိုရင် စောင့်ကြည့်စခန်း လုပ်ထားတဲ့နေရာ ၁၀၀၄ နေရာရှိပြီး လူဦးရေ ၃၆၀၀ ကျော် ဝင်ရောက်နေတယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းကလည်း အခြားတိုင်းနဲ့ ပြည်နယ်တွေကနေ ကားလမ်း၊ လေကြောင်းတွေနဲ့ ဝင်ရောက်လာတဲ့ သူတွေအနေနဲ့ အစိုးရစီစဉ်ပေးတဲ့ Quarantine မှာ ၂၁ ရက်နဲ့ နေအိမ်တွေမှာ ၇ ရက် နေရမယ်လို့ ဧပြီ ၂၁ ရက်စွဲနဲ့ တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကာကွယ်တာဆီးရေးအတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေအနေနဲ့ ရပ်ကွက် ကျေးရွာတွေမှာ စီစဉ်ထားတဲ့ ကန့်သတ်စောင့်ကြည့်နေရာမှာ ၂၁ ရက် Quanrantine နဲ့ မိမိနေအိမ်မှာ နောက်ထပ် ၇ ရက် Quanrantine စုစုပေါင်း ၂၈ ရက် မဖြစ်မနေလုပ်ရမယ်လို့ တိုင်းဒေသကြီး အစိုးရ ပြောရေးဆိုခွင့်ရှိသူ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောပါတယ်။

အလုပ်ကိစ္စနဲ့ ခေတ္တလာရောက်မယ့်သူတွေအနေနဲ့ သက်ဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီဆီမှာ ခွင့်ပြုချက်တောင်းခံပြီး လာရောက်မယ်ဆိုရင် ၂၁ ရက် Quanrantine လုပ်စရာ မလိုဘူးလို့လည်း ဦးကျော်မင်းက ပြောပါတယ်။

လာရောက်မယ့်ကိစ္စ၊ လာရောက်မယ့် လူဦးရေနဲ့ ဘယ်နှစ်ရက်နေမယ်ဆိုတာတွေကို အရေးပေါ် တုံ့ပြန်ရေး ကော်မတီကို တင်ပြရမှာဖြစ်ပါတယ်။

လာရောက်ရင်လည်း နေအိမ်တွေမှာနေခွင့်မရှိဘဲ ဟိုတယ်မှာနေရမှာဖြစ်ပြီး လူတွေနဲ့ နီးနီးကပ်ကပ် သွားလာနေထိုင်တာမျိုးတွေ မလုပ်ရဘဲ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေကို လိုက်နာရမှာ ဖြစ်သလို သတ်မှတ်ရက်မှာ  ပြန်ရမှာဖြစ်ပါတယ်။

သီဟထွန်း၊ ခေမဏီဝင်း / RFA Burmese
https://www.rfa.org/burmese/naypyitaw-quarantine-04222020075921.html
ခရီးထြက္ခဲ့တဲ့ ဝန္ထမ္း ၄၀၀ ေက်ာ္ကို ေနျပည္ေတာ္မွာ ကန႔္သတ္ေစာင့္ၾကည့္ ခရီးထြက္ခဲ့တဲ့ ဝန္ထမ္း ၄၀၀ ေက်ာ္ကို ေနျပည္ေတာ္မွာ ကန႔္သတ္ေစာင့္ၾကည့္ Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.