အေမရိကန္ေတာင္ပုိင္းမုန္တုိင္း လူ ၆ ဦးထက္မနည္းေသ

မတ္ ၃ ရက္ေန႔တုန္းက Tennessee တြင္ ေလမုန္တိုင္းတိုက္ခဲ့စဥ္

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စု ေတာင္ပိုင္း Oklahoma၊ Texas နဲ႔ Louisiana ျပည္နယ္ေတြမွာ ဗုဒၶဟူးေန႔က အင္အားျပင္း ေလဆင္ႏွာေမာင္း တိုက္ခတ္ခဲ့တာေၾကာင့္အနည္းဆုံးလူ ၆ ဦးေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

Texas ျပည္နယ္၊ Huston ၿမိဳ႕နဲ႔ မိုင္ ၈၀ ေလာက္အကြာ က Onalaska ၿမိဳ႕မွာ ေလဆင္ႏွာေမာင္း ဝင္ေရာက္ခဲ့တဲ့ အတြက္ အနည္းဆုံးလူ ၃ ဦးေသဆုံးၿပီး ၃၀ ေလာက္ ဒဏ္ရာရ သြားခဲ့တယ္လို႔ Texas ျပည္နယ္အေရွ႕ပိုင္း အေရးေပၚ အေျခအေန စီမံခန္႔ခြဲေရးဌာန တာဝန္ရွိသူေတြက ေျပာပါတယ္။

Oklahoma ျပည္နယ္ Marshal ခရိုင္ မွာလည္း ၂ ဉီးေသဆုံးၿပီး ေနရာအႏွံ႕ အပ်က္အစီးေတြရွိခဲ့သလို လၽွပ္စစ္မီးေတြျပတ္ေတာက္ေန တယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ Louisiana ျပည္နယ္ အေနာက္အလယ္ပိုင္း Woodworth ၿမိဳ႕အနီး မွာေတာ့ ေလဆင္ႏွေမာင္းေၾကာင့္ အမ်ိဳးသမီး ၁ ဦးေသဆုံးခဲ့ပါတယ္။

ေတာင္ဘက္က ပူေႏြးတဲ့ေလစီးေၾကာင္းနဲ႔ ေျမာက္ဘက္ ေလေအးတို႔ ထိေတြ႕တဲ့အတြက္ ေလထုတြင္း မၿငိမ္မသက္ျဖစ္ရာကေန ႏွစ္စဥ္ ဒီလိုအခ်ိန္တိုင္း အေမရိကန္မွာ ျပင္းထန္တဲ့ ရာသီဥတုအေျခအေနနဲ႔ ၾကဳံရေလ့ရွိပါတယ္။ ၾကာသပေတးေန႔ကလည္း အေမရိကန္ အေရွ႕ပိုင္းနဲ႔ ေတာင္ပိုင္းျပည္နယ္ေတြမွာ ျပင္းထန္တဲ့ ရာသီဥတု အေျခအေနေတြနဲ႔ ၾကဳံရနိုင္တယ္လို႔ အမ်ိဳးသား မိုးေလဝသဌာနက သတိေပးထားပါတယ္။

...............

အမေရိကန်တောင်ပိုင်းမုန်တိုင်း လူ ၆ ဦးထက်မနည်းသေ

(Unicode)

အမေရိကန်ပြည်ထောင်စု တောင်ပိုင်း Oklahoma၊ Texas နဲ့ Louisiana ပြည်နယ်တွေမှာ ဗုဒ္ဓဟူးနေ့က အင်အားပြင်း လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့်အနည်းဆုံးလူ ၆ ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Texas ပြည်နယ်၊ Huston မြို့နဲ့ မိုင် ၈၀ လောက်အကွာ က Onalaska မြို့မှာ လေဆင်နှာမောင်း ဝင်ရောက်ခဲ့တဲ့ အတွက် အနည်းဆုံးလူ ၃ ဦးသေဆုံးပြီး ၃၀ လောက် ဒဏ်ရာရ သွားခဲ့တယ်လို့ Texas ပြည်နယ်အရှေ့ပိုင်း အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

Oklahoma ပြည်နယ် Marshal ခရိုင် မှာလည်း ၂ ဉီးသေဆုံးပြီး နေရာအနှံ့ အပျက်အစီးတွေရှိခဲ့သလို လျှပ်စစ်မီးတွေပြတ်တောက်နေ တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Louisiana ပြည်နယ် အနောက်အလယ်ပိုင်း Woodworth မြို့အနီး မှာတော့ လေဆင်နှမောင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပါတယ်။

တောင်ဘက်က ပူနွေးတဲ့လေစီးကြောင်းနဲ့ မြောက်ဘက် လေအေးတို့ ထိတွေ့တဲ့အတွက် လေထုတွင်း မငြိမ်မသက်ဖြစ်ရာကနေ နှစ်စဉ် ဒီလိုအချိန်တိုင်း အမေရိကန်မှာ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေနဲ့ ကြုံရလေ့ရှိပါတယ်။ ကြာသပတေးနေ့ကလည်း အမေရိကန် အရှေ့ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်တွေမှာ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေနဲ့ ကြုံရနိုင်တယ်လို့ အမျိုးသား မိုးလေဝသဌာနက သတိပေးထားပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/us-american-weather-/5389236.html
အေမရိကန္ေတာင္ပုိင္းမုန္တုိင္း လူ ၆ ဦးထက္မနည္းေသ အေမရိကန္ေတာင္ပုိင္းမုန္တုိင္း လူ ၆ ဦးထက္မနည္းေသ Reviewed by THITHTOOLWIN on 12:04 Rating: 5
Powered by Blogger.