
ကိုယ်တိုင် နှာခေါင်းစည်း မတပ်ဘူးလို့ သမ္မတထရမ့်ပြော
(Zawgyi)⤵⤵⤵



နှာခေါင်းစည်းတပ်သွားနေကြတဲ့ နယူယောက်သားတွေ
BBC Burmese
-----------------------------------------------------------------------------
(Unicode)⤵⤵⤵
နှာခေါင်းစည်း မတပ်ဘူးလို့ သမ္မတထရမ့်ပြော
လူထုကို တပ်ကြဖို့ အစိုးရက ညွှန်ကြားပေမယ့် သမ္မတမလိုက်နာ

အမေရိကန်မှာ ပြည်သူလူထုကို နှာခေါင်းစည်းတပ်ဖို့ အစိုးရကညွှန်ကြားချက်တွေထုတ်ခဲ့ပေမယ့် သမ္မတထရမ့်ကတော့ သူ နှာခေါင်းစည်းတပ်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ အာဏာရှင်တွေ၊ ဘုရင်တွေ၊ ဘုရင်မတွေကို သူ့ရုံးခန်းမှာ နှာခေါင်းစည်းတပ်လျက်ကြီးနဲ့ လက်ခံတွေ့ဖို့ဆိုတာ တွေးကြည့်လို့ မရဘူးလို့ သူက ပြောပါတယ်။ သောကြာနေ့က လူထုကို ထုတ်ပြန်ချက်ဟာ လူထုကို သူတို့ ကိုယ်ပိုင်ဆန္ဒနဲ့ လုပ်ဖို့ လမ်းညွှန်ချက်ပဲ ဖြစ်တယ်လို့ သမ္မတထရမ့်က ပြောပါတယ်။

မဖြစ်မနေလုပ်ရမယ်လို့ မပြောပါဘူး၊ ကျွန်တော်လည်း တပ်မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တစ်ရက်အတွင်းလူပေါင်း ၁၁၀၀ ကျော် ကမ္ဘာ့စံချိန်တင် သေဆုံးခဲ့ပြီးတဲ့နောက် အစိုးရရဲ့ ရောဂါထိန်းချုပ်ရေးဗဟိုဌာနက နှာခေါင်းစည်းတပ်ကြဖို့ ညွှန်ကြားချက်ထုတ်ခဲ့တာပါ။ အမေရိကန်မှာ ကိုဗစ် ၁၉ နဲ့ လူပေါင်း ၂ သိန်း ၇သောင်းကျော် ကူးစက်ခံခဲ့ရပြီး၇၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/live/burma-52162424
နှာခေါင်းစည်း မတပ်ဘူးလို့ သမ္မတထရမ့်ပြော လူထုကို တပ်ကြဖို့ အစိုးရက ညွှန်ကြားပေမယ့် သမ္မတမလိုက်နာ နှာခေါင်းစည်း မတပ်ဘူးလို့ သမ္မတထရမ့်ပြော လူထုကို တပ်ကြဖို့ အစိုးရက ညွှန်ကြားပေမယ့် သမ္မတမလိုက်နာ Reviewed by THITHTOOLWIN on 22:30 Rating: 5
Powered by Blogger.