ကပ္ေရာဂါမျပန္႔ပြားေအာင္ အသြားအလာဆင္ျခင္ဖုိ႔ ျမန္မာတာ၀န္ရွိသူေတြ ထပ္မံသတိေပး


(Zawgyi/Unicode)

COVID-19 ကူးစက္မႈကုိ ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ ျပည္သူေတြအေနနဲ႔ မလိုအပ္ဘဲအျပင္သြားတာမ်ိဳးကို ေရွာင္ၾကဥ္ၿပီး ေနအိမ္အဝင္အထြက္မ်ားတာဟာ အႏၱရာယ္ရွိတယ္လို႔ ႏုိင္ငံေတာ္အတုိင္ပင္ခံက သတိေပးထားပါတယ္။ ျပည္သူေတြေနအိမ္အျပင္ မထြက္ၾကဖို႔ လိုက္လံႏႈိးေဆာ္ၿပီး ေဆာင္ရြက္ေနၾကတဲ့ အုပ္ခ်ဳပ္ေရးမွဴးေတြကလည္း ဒီအေပၚကုိ ျပည္သူေတြအေနနဲ႔ လိုက္နာေစဖုိ႔အတြက္ ေမတၱာရပ္ခံထားပါတယ္။ အျပည့္အစံုကို ဗီြအုိေအျမန္မာပိုင္း သတင္းေထာက္စုစုကေျပာျပသြားမွာပါ။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မနက္အေစာပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိဆို ျမန္မာႏိုင္ငံတြင္းမွာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံထားရသူ ၄၁ ဦးရွိထားၿပီး ေသဆံုးသူကေတာ့ ၄ ဦးအထိ ရွိသြားပါၿပီ။ အခုလိုေသဆံုးႏႈန္းအရဆုိ ရာခိုင္ႏႈန္းျမင့္တဲ့ အေျခအေနမွာ ရွိေနတယ္လို႔ COVID- 19 ေရာဂါထိန္းခ်ဳပ္ရာမွာ ပါဝင္ေဆာင္ရြက္ေနတဲ့ ရန္ကုန္ၿမိဳ႕က ျပည္သူေတြနဲ႔ ဒီကေန႔ျပဳလုပ္တဲ့ အြန္လုိင္းအစည္းအေဝးမွာေတြ႔ဆံုခ်ိန္ အတုိင္ပင္ခံက အခုလိုေျပာခဲ့ပါတယ္။

“ဒီေန႔မနက္ဆုိရင္ ၄၁ ေယာက္အထိ ေရာက္သြားၿပီေပါ့။ ၄၁ ေယာက္ထဲမွာ ၄ ေယာက္က ကြယ္လြန္အနိစၥေရာက္သြားတယ္ဆုိေတာ့ ေျပာရမယ္ဆုိရင္ ရာခိုင္ႏႈန္း နည္းနည္းျမင့္တယ္လို႔ ေျပာရမွာပဲ။ ဒါကေတာ့ အျဖစ္ကုိအျဖစ္အတုိင္း ရင္ဆုိင္ရလိမ့္မယ္။ အဲေတာ့ အဲဒီမွာ ေနာက္တခု သတိျပဳမိတာက နံပါတ္ ၃၉ ဆံုးသြားတဲ့ လူနာက အသက္ ၈၅ႏွစ္ရွိၿပီ။ အေျခခံေရာဂါေတြလည္း ရွိတယ္။ အဲေတာ့ အသက္ကလည္းႀကီးတယ္၊ အေျခခံေရာဂါေတြလည္း ရွိတယ္ဆုိေတာ့ COVID-19 ျဖစ္ဖို႔ဟာက အင္မတန္မွ လြယ္ကူသြားတယ္လို႔ပဲ ေျပာရေတာ့မွာေပါ့။”

ေသဆံုးသြားၿပီျဖစ္တဲ့ လူနာနံပါတ္ ၃၉ ရဲ႕ အေျခအေနကုိ သံုးသပ္ၿပီး ျပည္သူေတြအေနနဲ႔ ေနအိမ္အဝင္အထြက္ အသြားအလာမ်ားမ်ား မလုပ္ဖုိ႔ကို သတိေပးသြားပါတယ္။

“ဒီအေျခအေနကို ျပန္ၿပီးေတာ့ သံုးသပ္ၾကည့္တဲ့အခါက်ေတာ့ အိမ္အဝင္အထြက္သိပ္မ်ားတယ္။ အဲဒါေတာ့ က်မတို႔ျပည္သူျပည္သားေတြကုိ သတိေပးခ်င္တယ္။ အိမ္အဝင္အထြက္သိပ္မ်ားတာဟာ အႏၱရာယ္ပဲ။ ဒါေၾကာင့္မို႔ ခြာခြာေနပါ ခြာခြာေနပါဆုိတာ အဲဒါကိုေျပာတာပါ။ လူနာတေယာက္ COVID-19 Positive ေတြ႕ၿပီဆုိရင္ ဘယ္သူေတြနဲ႔ အဆက္အသြယ္ရွိခဲ့သလဲ။ ဘယ္လိုကူးခဲ့သလဲဆုိတာကို လုိက္ၿပီးေတာ့ စံုစမ္းတဲ့အခါမွာ လူနာ ၃၉ ကေတာ့ တုိက္ရိုက္ႏိုင္ငံျခားသားေတြနဲ႔ ဆက္သြယ္တာမရွိဘူး။ ႏုိင္ငံျခားေရာက္ဖူးတဲ့သူေတြနဲ႔ ဆက္သြယ္တာ မရွိဘူး။ သို႔ေသာ္ျငားလည္း အိမ္က လူဝင္လူထြက္ သိပ္မ်ားပါတယ္။”

ကုိဗစ္ေရာဂါကာကြယ္ႏုိင္ဖုိ႔နဲ႔ ထိန္းခ်ဳပ္ကုသႏုိင္ေရးအတြက္ သၾကၤန္ကာလအတြင္းမွာ မလုိအပ္ဘဲ အိမ္ျပင္မထြက္ၾကဖုိ႔နဲ႔ လူစုလူေဝး မလုပ္ၾကဖို႔ကို အစုိးရက ညႊန္ၾကားခ်က္ထုတ္ျပန္ထားပါတယ္။ အဲဒီညႊန္ၾကားခ်က္ေတြကုိ ျပည္သူေတြလုိက္နာဖို႔အတြက္ ၿမိဳ႕နယ္အလိုက္ အုပ္ခ်ဳပ္ေရးမွဴးေတြက လိုက္လံႏႈိးေဆာ္တာေတြ ျပဳလုပ္ေနၾကတာပါ။

သၾကၤန္ကာလအတြင္းမွာ မလုိအပ္ဘဲ အိမ္ျပင္မထြက္ၾကဖို႔အျပင္ ေရမကစားဖုိ႔အတြက္ကိုပါ ရပ္ကြက္ေတြထဲ အသိေပးထားတယ္လို႔ ရန္ကင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေမာင္ေမာင္က အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ဆီမွာေတာ့ အေထြအထူးမရွိပါဘူး။ က်ေနာ္တို႔ဆီမွာ ထြက္တဲ့လူလည္း သိပ္မရွိဘူး။ ေတာက္ေလွ်ာက္ေတာ့ ေလာ္စပီကာနဲ႔ လုိက္ေအာ္ေနတယ္ စည္ပင္ေကာ္မတီက။ ရပ္အုပ္ေတြေရာေလ အားလံုးေပါင္းၿပီးေတာ့။ က်ေနာ္တို႔ ရပ္အုပ္ေတြ ေသခ်ာမွာထားတယ္ သၾကၤန္တြင္း ေရမေဆာ့ဖုိ႔အတြက္။”

အစုိးရက ထုတ္ျပန္ထားတဲ့အတုိင္း ညႊန္ၾကားခ်က္ေတြကုိ လမ္းေတြထဲမွာ အသိေပးေျပာၾကားထားသလို ေနအိမ္အဝင္အထြက္ ေလ်ာ့ပါးေစဖို႔ကိုလည္း ရပ္ကြက္ေနလူငယ္ေတြနဲ႔ စုေပါင္းၿပီး ေစာင့္ၾကည့္ေဆာင္ရြက္တာမ်ိဳးေတြ လုပ္ေဆာင္ေနတယ္လို႔ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္ ၂ ရပ္ကြက္က ရာအိမ္မွဴးဦးစန္းကိုကလည္း ဗီြအိုေအကိုေျပာပါတယ္။

“က်ေနာ္တို႔လမ္းအေနနဲ႔ကေတာ့ ေန႔စဥ္ညစဥ္ ႏႈိးေဆာ္ေပးထားတယ္ေလ။ ၁၀ ရက္ကေန ၁၉ ရက္ေန႔အထိ အစုိးရကထုတ္ျပန္ထားတဲ့ စည္းမ်ဥ္း၊ စည္းကမ္းေတြကုိ ကားနဲ႔လိုက္ေအာ္ေပးထားတယ္။ ထုတ္ျပန္တဲ့ရက္ကစၿပီးေတာ့ ေဆာ္ၾသေပးထားတယ္ခင္ဗ်။ အဲလိုေတာ့ လုပ္ေပးထားတယ္။ သိပ္ၿပီးတင္းက်ပ္ထားတာေတာ့ မရွိေသးဘူးခင္ဗ်။ အားရမႈေတာ့ရွိပါတယ္။ လိုက္နာၾကပါတယ္။ ေတာ္ရံုတန္ရံုမထြက္ၾကပါဘူး။ က်ေတာ္လည္း ေန႔ခင္းပုိင္း လမ္းလံုျခံဳမႈအတြက္ေတာ့ အဖြဲ႕ေလးေတြဖြဲ႕ၿပီးေတာ့ ေစာင့္ၾကည့္ေနေတာ့ေလ အထြက္အလာေတာ့ နည္းပါတယ္ခင္ဗ်။”

ျမန္မာႏုိင္ငံတြင္း ဓာတ္ခြဲအတည္ျပဳလူနာေတြထဲက လူနာနံပါတ္ ၄ နဲ႔ ၇ ဟာ ေရာဂါေပ်ာက္ကင္းသြားၿပီျဖစ္လို႔ ေဆးရံုကေန ဆင္းခြင့္ျပဳလုိက္ၿပီလုိ႔လည္း သိရပါတယ္။

ဒီကေန႔စာရင္းေတြအရ ကမာၻ႕ႏုိင္ငံနဲ႔နယ္ေျမေပါင္း ၂၁၀ မွာ လူေပါင္း ၁၈ သိန္းေက်ာ္ကို ကူးစက္ခဲ့တာပါ။ ဒီေရာဂါေၾကာင့္ ေသဆံုးသူ ၁၁၅,၀၀၀ ေက်ာ္ရွိခဲ့ၿပီး ေရာဂါသက္သာလာသူ အေရအတြက္ဟာလည္း ၄၃၃,၀၀၀ ေက်ာ္ ရွိထားၿပီျဖစ္ပါတယ္။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------------------------------

[Unicode Version]

ကပ်ရောဂါမပြန့်ပွားအောင် အသွားအလာဆင်ခြင်ဖို့ မြန်မာတာဝန်ရှိသူတွေ ထပ်မံသတိပေး

COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲအပြင်သွားတာမျိုးကို ရှောင်ကြဉ်ပြီး နေအိမ်အဝင်အထွက်များတာဟာ အန္တရာယ်ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက သတိပေးထားပါတယ်။ ပြည်သူတွေနေအိမ်အပြင် မထွက်ကြဖို့ လိုက်လံနှိုးဆော်ပြီး ဆောင်ရွက်နေကြတဲ့ အုပ်ချုပ်ရေးမှူးတွေကလည်း ဒီအပေါ်ကို ပြည်သူတွေအနေနဲ့ လိုက်နာစေဖို့အတွက် မေတ္တာရပ်ခံထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုကပြောပြသွားမှာပါ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်အစောပိုင်း ထုတ်ပြန်ပြီးချိန်အထိဆို မြန်မာနိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၄၁ ဦးရှိထားပြီး သေဆုံးသူကတော့ ၄ ဦးအထိ ရှိသွားပါပြီ။ အခုလိုသေဆုံးနှုန်းအရဆို ရာခိုင်နှုန်းမြင့်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ COVID- 19 ရောဂါထိန်းချုပ်ရာမှာ ပါဝင်ဆောင်ရွက်နေတဲ့ ရန်ကုန်မြို့က ပြည်သူတွေနဲ့ ဒီကနေ့ပြုလုပ်တဲ့ အွန်လိုင်းအစည်းအဝေးမှာတွေ့ဆုံချိန် အတိုင်ပင်ခံက အခုလိုပြောခဲ့ပါတယ်။

“ဒီနေ့မနက်ဆိုရင် ၄၁ ယောက်အထိ ရောက်သွားပြီပေါ့။ ၄၁ ယောက်ထဲမှာ ၄ ယောက်က ကွယ်လွန်အနိစ္စရောက်သွားတယ်ဆိုတော့ ပြောရမယ်ဆိုရင် ရာခိုင်နှုန်း နည်းနည်းမြင့်တယ်လို့ ပြောရမှာပဲ။ ဒါကတော့ အဖြစ်ကိုအဖြစ်အတိုင်း ရင်ဆိုင်ရလိမ့်မယ်။ အဲတော့ အဲဒီမှာ နောက်တခု သတိပြုမိတာက နံပါတ် ၃၉ ဆုံးသွားတဲ့ လူနာက အသက် ၈၅နှစ်ရှိပြီ။ အခြေခံရောဂါတွေလည်း ရှိတယ်။ အဲတော့ အသက်ကလည်းကြီးတယ်၊ အခြေခံရောဂါတွေလည်း ရှိတယ်ဆိုတော့ COVID-19 ဖြစ်ဖို့ဟာက အင်မတန်မှ လွယ်ကူသွားတယ်လို့ပဲ ပြောရတော့မှာပေါ့။”

သေဆုံးသွားပြီဖြစ်တဲ့ လူနာနံပါတ် ၃၉ ရဲ့ အခြေအနေကို သုံးသပ်ပြီး ပြည်သူတွေအနေနဲ့ နေအိမ်အဝင်အထွက် အသွားအလာများများ မလုပ်ဖို့ကို သတိပေးသွားပါတယ်။

“ဒီအခြေအနေကို ပြန်ပြီးတော့ သုံးသပ်ကြည့်တဲ့အခါကျတော့ အိမ်အဝင်အထွက်သိပ်များတယ်။ အဲဒါတော့ ကျမတို့ပြည်သူပြည်သားတွေကို သတိပေးချင်တယ်။ အိမ်အဝင်အထွက်သိပ်များတာဟာ အန္တရာယ်ပဲ။ ဒါကြောင့်မို့ ခွာခွာနေပါ ခွာခွာနေပါဆိုတာ အဲဒါကိုပြောတာပါ။ လူနာတယောက် COVID-19 Positive တွေ့ပြီဆိုရင် ဘယ်သူတွေနဲ့ အဆက်အသွယ်ရှိခဲ့သလဲ။ ဘယ်လိုကူးခဲ့သလဲဆိုတာကို လိုက်ပြီးတော့ စုံစမ်းတဲ့အခါမှာ လူနာ ၃၉ ကတော့ တိုက်ရိုက်နိုင်ငံခြားသားတွေနဲ့ ဆက်သွယ်တာမရှိဘူး။ နိုင်ငံခြားရောက်ဖူးတဲ့သူတွေနဲ့ ဆက်သွယ်တာ မရှိဘူး။ သို့သော်ငြားလည်း အိမ်က လူဝင်လူထွက် သိပ်များပါတယ်။”

ကိုဗစ်ရောဂါကာကွယ်နိုင်ဖို့နဲ့ ထိန်းချုပ်ကုသနိုင်ရေးအတွက် သင်္ကြန်ကာလအတွင်းမှာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့နဲ့ လူစုလူဝေး မလုပ်ကြဖို့ကို အစိုးရက ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။ အဲဒီညွှန်ကြားချက်တွေကို ပြည်သူတွေလိုက်နာဖို့အတွက် မြို့နယ်အလိုက် အုပ်ချုပ်ရေးမှူးတွေက လိုက်လံနှိုးဆော်တာတွေ ပြုလုပ်နေကြတာပါ။

သင်္ကြန်ကာလအတွင်းမှာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့အပြင် ရေမကစားဖို့အတွက်ကိုပါ ရပ်ကွက်တွေထဲ အသိပေးထားတယ်လို့ ရန်ကင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမောင်မောင်က အခုလိုပြောပါတယ်။

“ကျနော်တို့ဆီမှာတော့ အထွေအထူးမရှိပါဘူး။ ကျနော်တို့ဆီမှာ ထွက်တဲ့လူလည်း သိပ်မရှိဘူး။ တောက်လျှောက်တော့ လော်စပီကာနဲ့ လိုက်အော်နေတယ် စည်ပင်ကော်မတီက။ ရပ်အုပ်တွေရောလေ အားလုံးပေါင်းပြီးတော့။ ကျနော်တို့ ရပ်အုပ်တွေ သေချာမှာထားတယ် သင်္ကြန်တွင်း ရေမဆော့ဖို့အတွက်။”

အစိုးရက ထုတ်ပြန်ထားတဲ့အတိုင်း ညွှန်ကြားချက်တွေကို လမ်းတွေထဲမှာ အသိပေးပြောကြားထားသလို နေအိမ်အဝင်အထွက် လျော့ပါးစေဖို့ကိုလည်း ရပ်ကွက်နေလူငယ်တွေနဲ့ စုပေါင်းပြီး စောင့်ကြည့်ဆောင်ရွက်တာမျိုးတွေ လုပ်ဆောင်နေတယ်လို့ မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်က ရာအိမ်မှူးဦးစန်းကိုကလည်း ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့လမ်းအနေနဲ့ကတော့ နေ့စဉ်ညစဉ် နှိုးဆော်ပေးထားတယ်လေ။ ၁၀ ရက်ကနေ ၁၉ ရက်နေ့အထိ အစိုးရကထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို ကားနဲ့လိုက်အော်ပေးထားတယ်။ ထုတ်ပြန်တဲ့ရက်ကစပြီးတော့ ဆော်သြပေးထားတယ်ခင်ဗျ။ အဲလိုတော့ လုပ်ပေးထားတယ်။ သိပ်ပြီးတင်းကျပ်ထားတာတော့ မရှိသေးဘူးခင်ဗျ။ အားရမှုတော့ရှိပါတယ်။ လိုက်နာကြပါတယ်။ တော်ရုံတန်ရုံမထွက်ကြပါဘူး။ ကျတော်လည်း နေ့ခင်းပိုင်း လမ်းလုံခြုံမှုအတွက်တော့ အဖွဲ့လေးတွေဖွဲ့ပြီးတော့ စောင့်ကြည့်နေတော့လေ အထွက်အလာတော့ နည်းပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံတွင်း ဓာတ်ခွဲအတည်ပြုလူနာတွေထဲက လူနာနံပါတ် ၄ နဲ့ ၇ ဟာ ရောဂါပျောက်ကင်းသွားပြီဖြစ်လို့ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီလို့လည်း သိရပါတယ်။

ဒီကနေ့စာရင်းတွေအရ ကမ္ဘာ့နိုင်ငံနဲ့နယ်မြေပေါင်း ၂၁၀ မှာ လူပေါင်း ၁၈ သိန်းကျော်ကို ကူးစက်ခဲ့တာပါ။ ဒီရောဂါကြောင့် သေဆုံးသူ ၁၁၅,၀၀၀ ကျော်ရှိခဲ့ပြီး ရောဂါသက်သာလာသူ အရေအတွက်ဟာလည်း ၄၃၃,၀၀၀ ကျော် ရှိထားပြီဖြစ်ပါတယ်။

စုစု  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar-stay-home/5369639.html
ကပ္ေရာဂါမျပန္႔ပြားေအာင္ အသြားအလာဆင္ျခင္ဖုိ႔ ျမန္မာတာ၀န္ရွိသူေတြ ထပ္မံသတိေပး ကပ္ေရာဂါမျပန္႔ပြားေအာင္ အသြားအလာဆင္ျခင္ဖုိ႔ ျမန္မာတာ၀န္ရွိသူေတြ ထပ္မံသတိေပး Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.