ေတာင္ႀကီးၿမိဳ့၊ ေတာင္ခၽြန္းထိပ္မွာ က်ိဳက္ထီးရိုးေစတီေတာ္ပုံတူ တည္ထားေနမွုကို ဖ်က္သိမ္း

(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ ဧၿပီ ၇

ရွမ္းျပည္နယ္ရဲ့ၿမိဳ့ေတာ္၊ ေတာင္ႀကီးၿမိဳ့ရဲ့အေရွ႕ဘက္ ေတာင္တန္းႀကီးရွိ ေတာင္ခၽြန္းထိပ္မွာ က်ိဳက္ထီးရိုးေစတီေတာ္ပုံတူ တည္ထားေနမွုကို ၿမိဳ့နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာဝန္ရွိသူေတြနဲ႔ သံဃာ့နာယကအဖြဲ႕က ဖ်က္သိမ္းခိုင္းခဲ့တဲ့အတြက္ ဒီကေန႔ဧၿပီလ ၇ရက္ေန႔က ဖ်က္သိမ္းသြားခဲ့တယ္လို့ ေတာင္ႀကီးၿမိဳ့နယ္အုပ္ခ်ဳပ္ေရးမွူးထံမွ သိရပါတယ္။

အဲဒီမဂၤလာေတာင္ခၽြန္း ေတာင္ထိပ္မွာ မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ့ရွိ ျမန္မာနိုင္ငံရဲ့အထင္ကရ တန္ခိုးႀကီးေစတီေတာ္တစ္ဆူျဖစ္တဲ့ က်ိဳက္ထီးရိုးေစတီေတာ္ပုံစံကို ယူကာ (၁၀၈)သုႆန္အဓိဌာန္ အသၽွင္ေကလာဆရာေတာ္မွ ဦးစီးကာ ေစတီတစ္ဆူတည္ထားဖို့ ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး ဒီကေန႔မွာေတာ့ အကုန္လုံးဖ်က္သိမ္းသြားတာ ျဖစ္ေၾကာင္း သိရပါတယ္။


“ေတာင္ခၽြန္းကိစၥက ဘာမွမရွိေတာ့ဘူး။ သူတို့ဖ်က္ၿပီး က်န္ခဲ့တဲ့ ပစၥည္းေတြကိုလည္း အဖြဲ႕ေတြကေန ဒီေန႔မွာ သြားေရာက္ရွင္းလင္း ၿပီးျဖစ္ပါတယ္။ ညေနပိုင္းသြားတဲ့အခ်ိန္မွာေတာ့ က်န္ေနတဲ့ သာသနာပြဲ လုပ္ထားတဲ့ဟာေတြ၊ သာသနာ့အလံလို စိုက္ထားတဲ့ဟာေတြနဲ႔ ေျမက်င္းတူးဖို့လုပ္ထားတဲ့တိုင္ေတြကို ဖယ္ခဲ့တာျဖစ္တယ္”လို့ ေတာင္ႀကီးၿမိဳ့နယ္ အုပ္ခ်ဳပ္ေရးမွူး ဦးၿဖိဳးမင္းထိုက္က ေရႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။

ယခုလို ခြင့္ျပဳခ်က္တစ္စုံတစ္ရာမရွိဘဲ ေတာင္ႀကီးၿမိဳ့ရဲ့ အထင္ကရ ေနရာတစ္ခုမွာ ေစတီေတာ္တည္ထားေနမွုကို သက္ဆိုင္ရာတာဝန္ရွိ သူေတြက ကန႔္ကြက္တားျမစ္တဲ့အျပင္ ေတာင္ႀကီးၿမိဳ့ေဒသခံ ျပည္သူေတြက ကန႔္ကြက္ေၾကာင္းလက္မွတ္ေရးထိုးကာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ထံ တင္ျပေတာင္းဆိုသြားဖို့ စီစဥ္ေနတဲ့အတြက္ ဖ်က္သိမ္းသြားခဲ့ျခင္းျဖစ္ေၾကာင္းကိုလည္း သိရပါတယ္။

သတင္း-နန္းေမရာစု(ေရႊႀတိဂံ)
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------
(Unicode)⤵⤵⤵
တောင်ကြီးမြို့၊ တောင်ချွန်းထိပ်မှာ ကျိုက်ထီးရိုးစေတီတော်ပုံတူ တည်ထားနေမှုကို ဖျက်သိမ်း

တောင်ကြီး၊ ဧပြီ ၇

ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့ရဲ့အရှေ့ဘက် တောင်တန်းကြီးရှိ တောင်ချွန်းထိပ်မှာ ကျိုက်ထီးရိုးစေတီတော်ပုံတူ တည်ထားနေမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတွေနဲ့ သံဃာ့နာယကအဖွဲ့က ဖျက်သိမ်းခိုင်းခဲ့တဲ့အတွက် ဒီကနေ့ဧပြီလ ၇ရက်နေ့က ဖျက်သိမ်းသွားခဲ့တယ်လို့ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရပါတယ်။

အဲဒီမင်္ဂလာတောင်ချွန်း တောင်ထိပ်မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ မြန်မာနိုင်ငံရဲ့အထင်ကရ တန်ခိုးကြီးစေတီတော်တစ်ဆူဖြစ်တဲ့ ကျိုက်ထီးရိုးစေတီတော်ပုံစံကို ယူကာ (၁၀၈)သုဿန်အဓိဌာန် အသျှင်ကေလာဆရာတော်မှ ဦးစီးကာ စေတီတစ်ဆူတည်ထားဖို့ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒီကနေ့မှာတော့ အကုန်လုံးဖျက်သိမ်းသွားတာ ဖြစ်ကြောင်း သိရပါတယ်။

“တောင်ချွန်းကိစ္စက ဘာမှမရှိတော့ဘူး။ သူတို့ဖျက်ပြီး ကျန်ခဲ့တဲ့ ပစ္စည်းတွေကိုလည်း အဖွဲ့တွေကနေ ဒီနေ့မှာ သွားရောက်ရှင်းလင်း ပြီးဖြစ်ပါတယ်။ ညနေပိုင်းသွားတဲ့အချိန်မှာတော့ ကျန်နေတဲ့ သာသနာပွဲ လုပ်ထားတဲ့ဟာတွေ၊ သာသနာ့အလံလို စိုက်ထားတဲ့ဟာတွေနဲ့ မြေကျင်းတူးဖို့လုပ်ထားတဲ့တိုင်တွေကို ဖယ်ခဲ့တာဖြစ်တယ်”လို့ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

ယခုလို ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ တောင်ကြီးမြို့ရဲ့ အထင်ကရ နေရာတစ်ခုမှာ စေတီတော်တည်ထားနေမှုကို သက်ဆိုင်ရာတာဝန်ရှိ သူတွေက ကန့်ကွက်တားမြစ်တဲ့အပြင် တောင်ကြီးမြို့ဒေသခံ ပြည်သူတွေက ကန့်ကွက်ကြောင်းလက်မှတ်ရေးထိုးကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုသွားဖို့ စီစဉ်နေတဲ့အတွက် ဖျက်သိမ်းသွားခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရပါတယ်။

သတင်း-နန်းမေရာစု(ရွှေတြိဂံ)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေတာင္ႀကီးၿမိဳ့၊ ေတာင္ခၽြန္းထိပ္မွာ က်ိဳက္ထီးရိုးေစတီေတာ္ပုံတူ တည္ထားေနမွုကို ဖ်က္သိမ္း ေတာင္ႀကီးၿမိဳ့၊ ေတာင္ခၽြန္းထိပ္မွာ က်ိဳက္ထီးရိုးေစတီေတာ္ပုံတူ တည္ထားေနမွုကို ဖ်က္သိမ္း Reviewed by THITHTOOLWIN on 09:31 Rating: 5
Powered by Blogger.