သႀကၤန္ကာလ အေျခခံလူထုအတြက္ လွ်ပ္စစ္ဓါတ္အားခတခ်ဳိ႕ ကင္းလြတ္ခြင့္ေပးမည္


(Zawgyi/Unicode)

COVID- 19 ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ သၾကၤန္ကာလအတြင္းအျပင္မထြက္ဖို႔ တားျမစ္ထားခ်ိန္မွာ ပံုမွန္၀င္ေငြမရွိတဲ့ အေျခခံလူထုေတြကို ဆန္၊ဆီ၊ဆား စတာေတြ ေထာက္ပံ့မွာျဖစ္ေၾကာင္း နဲ႔ ဒီလကုန္အထိ လွ်ပ္စစ္ဓါတ္အားခေတြကို ၁၅၀ယူနစ္အထိ ကင္းလြတ္ခြင့္ ေပးမွာျဖစ္ေၾကာင္း တနလၤာေန႔က အစိုးရက ေၾကညာလိုက္ပါတယ္။

ဒီလိုေၾကညာလိုက္တဲ့အေပၚမွာ ေငြေၾကးတတ္ႏိုင္သူေတြအေနနဲ႔ ယူနစ္ ၁၅၀အတြက္ လွ်ပ္စစ္ဓါတ္အားခကို အခမဲ့ မရယူဘဲ အစိုးရကို ျပန္လည္ေပးလွဴၾကဖို႔ လူမႈကြန္ယက္စာမ်က္ႏွာေတြမွာ လံႈေဆာ္ေဆာင္ရြက္ေန တဲ့အေၾကာင္း ကိုမိုးေဇာ္ တင္ျပထားပါတယ္။

လွ်ပ္စစ္ဓါတ္အားခကို အစိုးရကို ျပန္လည္လွဴဒါန္းေရးအတြက္ လူမႈကြန္ယက္စာမ်က္ႏွာမွာ တိုက္တြန္းေနသူတစ္ဦးျဖစ္တဲ့ ရန္ကုန္ၿမိဳ႔ လမ္းမေတာ္က ကိုဇင္ကေတာ့ သူ႔အျမင္ကို အခုလို ေျပာပါတယ္။

“ မတတ္ႏိုင္တဲ့သူေတြအဖို႔ကေတာ့ ၀မ္းေျမာက္စရာေပါ့။ တတ္ႏိုင္တဲ့သူေတြအဖို႔ကလည္း ၀မ္းေျမာက္ေပမဲ့ ကိုယ္သံုးတဲ့ ဥစၥာေလးကို ယူနစ္ဘယ္ေလာက္လည္း ၁၅၀ကို တြက္လိုက္တဲ့အခါ တစ္ေသာင္းတစ္ေထာင္နဲ႔ ငါးရာလားမသိဘူးက်တယ္။ အဲဒီ ေသာင္းတစ္ေထာင္ငါးရာက တတ္ႏိုင္တဲ့လူေတြအဖို႔ကေတာ့ ဒီလို အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့အခ်ိန္မွာ က်ေနာ္တို႔တေတြက အစိုးရကို အကူအညီေပးရမွာေပါ့။ ဒီ facebook ရဲ႕ လံႈ႔ေဆာ္မႈေၾကာင့္ လူေတြအားလံုးကေတာ့ ေတာ္ေတာ္မ်ားမ်ား ပါၾကတယ္။ က်ေနာ္တို႔ နီးစပ္တဲ့သူေတြကလည္း လွဴမွာပါ။ ဘာမွလည္း အပန္းမႀကီးဘူးေလ။”

ဒီလိုလွဴဒါန္းရာမွာ အစုအဖဲြ႕လိုက္စုေပါင္းလွဴဒါန္ဖို႔ စဥ္းစားခဲ့ေပမဲ့ ေနာက္ဆံုးမွာ တစ္ဦးခ်င္းက အစိုးရက ေၾကညာထားတဲ့ COVID- 19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ ဘဏ္စာရင္းမွာပဲ ထည့္သြင္းဖို႔ ဆံုးျဖတ္ၾကေၾကာင္းလည္း ေျပာပါတယ္။

လွ်ပ္စစ္ဓါတ္အားခေတြကို ျပန္လည္လွဴဒါန္းေရးအတြက္ အႏုပညာအခမ္းအနားေတြမွာ အစီအစဥ္ တင္ဆက္သူအျဖစ္ေဆာင္ရြက္တဲ့ ေမာင္ေမာင္ေအးကလည္း သူ႔ရဲ႕ facebook စာမ်က္ႏွာကေန လံႈ႕ေဆာ္ထားပါတယ္။

ေမာင္ေမာင္ေအးက အစိုးရက အခုလို အခမဲ့ေပးရင္ COVID-19 တိုက္ဖ်က္ေရးအတြက္ မေလာက္ငတဲ့ ဘက္ဂ်က္က ပိုနည္းသြားမယ္။ ဒါေၾကာင့္ တစ္ဇြန္းကူမေသာက္ဘဲ ျပန္လွဴဒါန္းၾကရင္ မေကာင္းဘူးလားလို႔ တင္ျပထားပါတယ္။

ဒီအျမင္အေပၚ လားရိႈးၿမိဳ႔ ရွမ္းေျမာက္ခ်ယ္ရီေျမဓါတ္ပံုအသင္းက ကိုေက်ာ္စြာက ေထာက္ခံခဲ့သလို ပါ၀င္လွဴဒါန္းၾကဖို႔လည္း သူက အခုလို ေျပာပါတယ္။

“ က်ေနာ္တို႔ႏိုင္ငံကေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ အေျခခံ လူတန္းစားေတြ မ်ားတာေပါ့ေလ။ မ်ားေတာ့ ဒါေလးကို ႏိုင္ငံေတာ္ဘက္က တတ္ႏိ္ုင္သမွ် ပံ့ပိုးေပးတာ တကယ္ပဲ ၀မ္းသာတယ္။ ဒီ ျဖစ္ေစခ်င္တာကေတာ့ တတ္ႏိုင္တဲ့သူေတြကလည္း ဒါေလးေတြကို ႏိုင္ငံေတာ္က အခုလုပ္ေနတဲ့ ပေရာဂ်က္မွာ အခုလုပ္ေနတဲ့ COVID-19နဲ႔ပတ္သက္တဲ့ ပေရာဂ်က္ေတြမွာ ျပန္ၿပီးေတာ့မွ သံုးလို႔ ရေအာင္ တစ္ဘက္တစ္လမ္းကေန ျပန္ၿပီးေတာ့ လွဴေပးသင့္တယ္ေပါ့ေလ။ ျပန္ၿပီးေတာ့မွ အစိုးရကို ပံ့ပိုးေပးတာေပါ့။ တစ္ေယာက္ကို ေသာင္းဂဏန္းျပန္ၿပီးေတာ့ ပို႔လာရင္ အိမ္ေထာင္ေပါင္း တစ္သိန္း၊ ႏွစ္သိန္း၊ သံုးသိန္းျဖစ္သြားတဲ့အခ်ိန္မွာ ပိုက္ဆံေတြက ဘီလ်ံခ်ီသြားၿပီဗ်။ က်ေနာ္တို႔ထက္ အေျခအေန အမ်ားႀကီးဆိုးတဲ့ လူထုေတြဆီ ေရာက္ေစခ်င္တာ။”

၁၄ရက္ အျပင္မထြက္ရဘဲေနထိုင္ေနရသူတခ်ိဳ႔ဟာ စားေသာက္ေရးအတြက္ အခက္အခဲရွိတာေတြ ေတြ႕ရေၾကာင္း ဒီလိုသူေတြဆီကို ပံ့ပိုးေပးဖို႔လိုအပ္ေၾကာင္းလည္း ဆက္ေျပာပါတယ္။

ႏိုင္ငံေရးေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးကေတာ့ COVID- 19 အလြန္ကာလမွ လက္ရွိ ျပည္တြင္းက အလုပ္လက္မဲ့ျဖစ္ရသူေတြနဲ႔ထိုင္းႏိုင္ငံက ျပန္လာႏိုင္သူေတြကို အလုပ္အကိုင္ ေပးေရးဟာ စဥ္းစားထားရမယ့္ အခ်က္ ျဖစ္တယ္လို႔ ေထာက္ျပထားပါတယ္။

“ စီးပြားေရးကပ္နဲ႔ အလုပ္လက္မဲ့ျဖစ္တဲ့သူက မ်ားလိမ့္မယ္ထင္တယ္။ ဒီ ကမ႓ာလံုးဆိုင္ရာ စီးပြားေရးနဲ႔ ဆက္ၿပီး ျမန္မာျပည္ပါ ထိေတာ့မယ္ဆိုတဲ့ဟာကေတာ့ က်ေနာ္တို႔က ၾကံဳေနရၿပီေပါ့ဗ်ာ။ က်ေနာ္တို႔ ျမန္မာျပည္က အလုပ္သမား သန္းခ်ီၿပီး အလုပ္လုပ္တဲ့ ထိုင္းေပါ့ဗ်ာ။ အဲဒါကလည္းပဲ ဧၿပီ ၁၅ရက္ေနာက္မွ ျပန္လာပါလို႔ ေျပာတဲ့အခါမွာ ဘယ္ေလာက္ျပန္လာမလဲဆိုတာ ခန္႔မွန္းလို႔ မရဘူး။ စီးပြားေရးနဲ႔ပတ္သက္ၿပီး ဒီေလာက္ လူအမ်ားႀကီးျဖစ္လာတဲ့အခ်ိန္မွာ ဒါေတြနဲ႔ပတ္သက္ၿပီး ဘယ္လို ေျဖရွင္းမလဲဆိုတဲ့ ျပႆနာေပါ့ေနာ္။ ေရရွည္ျပႆနာကိုေတာ့ က်ေနာ္တို႔က စဥ္းစားၿပီးေတာ့ ျပင္ဆင္ထားဖို႔ေတာ့ လိုလိမ့္မယ္ထင္တယ္။”

COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးနဲ႔ ျပန္လည္ထူေထာင္ေရးေဆာင္ရြက္ရခ်ိန္မွာ ျပည္တြင္းမွာျဖစ္ပြားေနတဲ့ စစ္ပဲြေတြ ရပ္ဆိုင္းၿပီး အသံုးစရိတ္ေတြ ေလ်ာ့ခ်ဖို႔ လိုအပ္ေၾကာင္းလည္း ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

ေလာေလာဆည္မွာေတာ့ အစိုးရက COVID-19 ေရာဂါ တိုက္ဖ်က္ေရးအတြက္ အမ်ိဳးသားအဆင့္ ဗဟို ေကာ္မတီ နဲ႔ အေရးေပၚတံ႔ုျပန္ေရးေကာ္မတီ တို႔ကို ဖဲြ႕စည္းေဆာင္ရြက္ေနသလို COVID- 19ေၾကာင့္ ျဖစ္ေပၚလာႏိုင္တဲ့ စီးပြားေရးသက္ေရာက္မႈအေပၚ ကုစားေရးလုပ္ငန္းေကာ္မတီ တစ္ရပ္ကိုလည္း ဖဲြ႕စည္းေဆာင္ရြက္ေနပါတယ္။

 မုိးေဇာ္ / ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------------------

သင်္ကြန်ကာလ အခြေခံလူထုအတွက် လျှပ်စစ်ဓါတ်အားခတချို့ ကင်းလွတ်ခွင့်ပေးမည်

(Unicode)

COVID- 19 ရောဂါ ထိန်းချုပ်ရေးအတွက် သင်္ကြန်ကာလအတွင်းအပြင်မထွက်ဖို့ တားမြစ်ထားချိန်မှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူထုတွေကို ဆန်၊ဆီ၊ဆား စတာတွေ ထောက်ပံ့မှာဖြစ်ကြောင်း နဲ့ ဒီလကုန်အထိ လျှပ်စစ်ဓါတ်အားခတွေကို ၁၅၀ယူနစ်အထိ ကင်းလွတ်ခွင့် ပေးမှာဖြစ်ကြောင်း တနင်္လာနေ့က အစိုးရက ကြေညာလိုက်ပါတယ်။

ဒီလိုကြေညာလိုက်တဲ့အပေါ်မှာ ငွေကြေးတတ်နိုင်သူတွေအနေနဲ့ ယူနစ် ၁၅၀အတွက် လျှပ်စစ်ဓါတ်အားခကို အခမဲ့ မရယူဘဲ အစိုးရကို ပြန်လည်ပေးလှူကြဖို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ လှုံဆော်ဆောင်ရွက်နေ တဲ့အကြောင်း ကိုမိုးဇော် တင်ပြထားပါတယ်။

လျှပ်စစ်ဓါတ်အားခကို အစိုးရကို ပြန်လည်လှူဒါန်းရေးအတွက် လူမှုကွန်ယက်စာမျက်နှာမှာ တိုက်တွန်းနေသူတစ်ဦးဖြစ်တဲ့ ရန်ကုန်မြို့ လမ်းမတော်က ကိုဇင်ကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“ မတတ်နိုင်တဲ့သူတွေအဖို့ကတော့ ဝမ်းမြောက်စရာပေါ့။ တတ်နိုင်တဲ့သူတွေအဖို့ကလည်း ဝမ်းမြောက်ပေမဲ့ ကိုယ်သုံးတဲ့ ဥစ္စာလေးကို ယူနစ်ဘယ်လောက်လည်း ၁၅၀ကို တွက်လိုက်တဲ့အခါ တစ်သောင်းတစ်ထောင်နဲ့ ငါးရာလားမသိဘူးကျတယ်။ အဲဒီ သောင်းတစ်ထောင်ငါးရာက တတ်နိုင်တဲ့လူတွေအဖို့ကတော့ ဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ကျနော်တို့တတွေက အစိုးရကို အကူအညီပေးရမှာပေါ့။ ဒီ facebook ရဲ့ လှုံ့ဆော်မှုကြောင့် လူတွေအားလုံးကတော့ တော်တော်များများ ပါကြတယ်။ ကျနော်တို့ နီးစပ်တဲ့သူတွေကလည်း လှူမှာပါ။ ဘာမှလည်း အပန်းမကြီးဘူးလေ။”

ဒီလိုလှူဒါန်းရာမှာ အစုအဖွဲ့လိုက်စုပေါင်းလှူဒါန်ဖို့ စဉ်းစားခဲ့ပေမဲ့ နောက်ဆုံးမှာ တစ်ဦးချင်းက အစိုးရက ကြေညာထားတဲ့ COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဘဏ်စာရင်းမှာပဲ ထည့်သွင်းဖို့ ဆုံးဖြတ်ကြကြောင်းလည်း ပြောပါတယ်။

လျှပ်စစ်ဓါတ်အားခတွေကို ပြန်လည်လှူဒါန်းရေးအတွက် အနုပညာအခမ်းအနားတွေမှာ အစီအစဉ် တင်ဆက်သူအဖြစ်ဆောင်ရွက်တဲ့ မောင်မောင်အေးကလည်း သူ့ရဲ့ facebook စာမျက်နှာကနေ လှုံ့ဆော်ထားပါတယ်။

မောင်မောင်အေးက အစိုးရက အခုလို အခမဲ့ပေးရင် COVID-19 တိုက်ဖျက်ရေးအတွက် မလောက်ငတဲ့ ဘက်ဂျက်က ပိုနည်းသွားမယ်။ ဒါကြောင့် တစ်ဇွန်းကူမသောက်ဘဲ ပြန်လှူဒါန်းကြရင် မကောင်းဘူးလားလို့ တင်ပြထားပါတယ်။

ဒီအမြင်အပေါ် လားရှိုးမြို့ ရှမ်းမြောက်ချယ်ရီမြေဓါတ်ပုံအသင်းက ကိုကျော်စွာက ထောက်ခံခဲ့သလို ပါဝင်လှူဒါန်းကြဖို့လည်း သူက အခုလို ပြောပါတယ်။

“ ကျနော်တို့နိုင်ငံကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အခြေခံ လူတန်းစားတွေ များတာပေါ့လေ။ များတော့ ဒါလေးကို နိုင်ငံတော်ဘက်က တတ်နိုင်သမျှ ပံ့ပိုးပေးတာ တကယ်ပဲ ဝမ်းသာတယ်။ ဒီ ဖြစ်စေချင်တာကတော့ တတ်နိုင်တဲ့သူတွေကလည်း ဒါလေးတွေကို နိုင်ငံတော်က အခုလုပ်နေတဲ့ ပရောဂျက်မှာ အခုလုပ်နေတဲ့ COVID-19နဲ့ပတ်သက်တဲ့ ပရောဂျက်တွေမှာ ပြန်ပြီးတော့မှ သုံးလို့ ရအောင် တစ်ဘက်တစ်လမ်းကနေ ပြန်ပြီးတော့ လှူပေးသင့်တယ်ပေါ့လေ။ ပြန်ပြီးတော့မှ အစိုးရကို ပံ့ပိုးပေးတာပေါ့။ တစ်ယောက်ကို သောင်းဂဏန်းပြန်ပြီးတော့ ပို့လာရင် အိမ်ထောင်ပေါင်း တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်းဖြစ်သွားတဲ့အချိန်မှာ ပိုက်ဆံတွေက ဘီလျံချီသွားပြီဗျ။ ကျနော်တို့ထက် အခြေအနေ အများကြီးဆိုးတဲ့ လူထုတွေဆီ ရောက်စေချင်တာ။”

၁၄ရက် အပြင်မထွက်ရဘဲနေထိုင်နေရသူတချို့ဟာ စားသောက်ရေးအတွက် အခက်အခဲရှိတာတွေ တွေ့ရကြောင်း ဒီလိုသူတွေဆီကို ပံ့ပိုးပေးဖို့လိုအပ်ကြောင်းလည်း ဆက်ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ COVID- 19 အလွန်ကာလမှ လက်ရှိ ပြည်တွင်းက အလုပ်လက်မဲ့ဖြစ်ရသူတွေနဲ့ထိုင်းနိုင်ငံက ပြန်လာနိုင်သူတွေကို အလုပ်အကိုင် ပေးရေးဟာ စဉ်းစားထားရမယ့် အချက် ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

“ စီးပွားရေးကပ်နဲ့ အလုပ်လက်မဲ့ဖြစ်တဲ့သူက များလိမ့်မယ်ထင်တယ်။ ဒီ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ ဆက်ပြီး မြန်မာပြည်ပါ ထိတော့မယ်ဆိုတဲ့ဟာကတော့ ကျနော်တို့က ကြုံနေရပြီပေါ့ဗျာ။ ကျနော်တို့ မြန်မာပြည်က အလုပ်သမား သန်းချီပြီး အလုပ်လုပ်တဲ့ ထိုင်းပေါ့ဗျာ။ အဲဒါကလည်းပဲ ဧပြီ ၁၅ရက်နောက်မှ ပြန်လာပါလို့ ပြောတဲ့အခါမှာ ဘယ်လောက်ပြန်လာမလဲဆိုတာ ခန့်မှန်းလို့ မရဘူး။ စီးပွားရေးနဲ့ပတ်သက်ပြီး ဒီလောက် လူအများကြီးဖြစ်လာတဲ့အချိန်မှာ ဒါတွေနဲ့ပတ်သက်ပြီး ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ ပြဿနာပေါ့နော်။ ရေရှည်ပြဿနာကိုတော့ ကျနော်တို့က စဉ်းစားပြီးတော့ ပြင်ဆင်ထားဖို့တော့ လိုလိမ့်မယ်ထင်တယ်။”

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရချိန်မှာ ပြည်တွင်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းပြီး အသုံးစရိတ်တွေ လျော့ချဖို့ လိုအပ်ကြောင်းလည်း ဦးမောင်မောင်စိုးက ပြောပါတယ်။

လောလောဆည်မှာတော့ အစိုးရက COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် အမျိုးသားအဆင့် ဗဟို ကော်မတီ နဲ့ အရေးပေါ်တံ့ုပြန်ရေးကော်မတီ တို့ကို ဖွဲ့စည်းဆောင်ရွက်နေသလို COVID- 19ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးလုပ်ငန်းကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းဆောင်ရွက်နေပါတယ်။

 မိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-electircity-bill-free-of-charge-/5363618.html
သႀကၤန္ကာလ အေျခခံလူထုအတြက္ လွ်ပ္စစ္ဓါတ္အားခတခ်ဳိ႕ ကင္းလြတ္ခြင့္ေပးမည္ သႀကၤန္ကာလ အေျခခံလူထုအတြက္ လွ်ပ္စစ္ဓါတ္အားခတခ်ဳိ႕ ကင္းလြတ္ခြင့္ေပးမည္ Reviewed by THITHTOOLWIN on 04:24 Rating: 5
Powered by Blogger.