ကို႐ိုနာဗိုင္းရပ္စ္ -လူ ၅ ဦး ထက္ ပိုမစုဖို႔ က်န္းမာေရး ဝန္ႀကီးဌာန အမိန္႔ထုတ္

ဓာတ္ပုံ မူပိုင္ ေ႐ႊအင္းသားခင္ေမာင္ဝင္း
(Zawgyi)⤵⤵⤵

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူေတြ တစ္ေန႔တည္း ဆယ္ဂဏန္းခ်ီေတြ႕ရတဲ့ ရက္ေတြ ရွိလာၿပီးေနာက္မွာ ခြင့္ျပဳခ်က္ရထားတဲ့ ကိစၥေတြက လြဲၿပီး လူငါးဦးနဲ႔ ငါးဦးအထက္ ပိုမစုဖို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက ဧၿပီ ၁၆ ရက္ ရက္စြဲနဲ႔ အမိန္႔ထုတ္ျပန္လိုက္ပါတယ္။

ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရး ဥပေဒ ၂၁၊ ပုဒ္မခြဲ (ခ) ပါ လုပ္ပိုင္ခြင့္ကို က်င့္သုံးၿပီး ဒီအမိန္႔ကို ထုတ္ျပန္တယ္လို႔ ႏိုင္ငံပိုင္႐ုပ္သံ MRTV ကေန ေၾကညာခဲ့ပါတယ္။

အဲဒီေၾကညာခ်က္မွာ ကင္းလြတ္ခြင့္ျပဳထားတဲ့ ကိစၥရပ္ ကိုး ခု ကို လည္း ေၾကညာခဲ့ပါတယ္။

အဲဒီအခ်က္ေတြက (၁) အစိုးရ ႐ုံးနဲ႔ အစိုးရ အဖြဲ႕အစည္း လုပ္ငန္းခြင္ဝင္ဖို႔ အသြားအျပန္လုပ္တာ၊ (၂) ကုမၸဏီေတြ၊စက္႐ုံေတြမွာ လုပ္ငန္းခြင္ဝင္ဖို႔ အသြားအျပန္လုပ္တာ၊(၃) ခြင့္ျပဳခ်က္ရ ေစ်းနဲ႔ ကုန္တိုက္ေတြမွာ ေစ်းအေရာင္းအဝယ္လုပ္တာ (၄)ခြင့္ျပဳခ်က္ရ ကုန္စည္သယ္ယူပို႔ေဆာင္ေရးလုပ္တာ (၅) တရားစီရင္ေရးကိစၥရပ္ေတြ (၆) ခြင့္ျပဳခ်က္နဲ႔ အညီ ကိုဗစ္-၁၉ ကာကြယ္၊ ႏွိမ္နင္းေရးလုပ္ငန္းေတြ လုပ္ေဆာင္တာ (၇) အေရးေပၚကယ္ဆယ္ေရးနဲ႔ အေရးေပၚ ကိစၥရပ္ေတြ ေဆာင္႐ြက္တာ (၈) က်န္းမာေရးကိစၥ ေဆး႐ုံေဆးခန္း သြားတာ (၉) နာေရးကိစၥ ေဆာင္႐ြက္တာ တို႔ ျဖစ္ပါတယ္။

ဒီအမိန္႔မထုတ္ျပန္ခင္ နာရီပိုင္းအလိုကပဲ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သူရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာ Aung San Suu Kyi ကေန "COVID-19 နဲ႔ပတ္သက္လို႔ ဥပေဒအရ အေရးယူျခင္းနဲ႔ စပါမယ္။ ဘယ္ဥပေဒအရ၊ ဘာလုပ္သူကို ဘယ္လို အေရးယူမယ္ဆိုတာ ဒီညထုတ္ျပန္ ပါမယ္။ အားလုံး အတြက္ တစ္ေျပးညီ၊ မွန္ကန္ မွ်တေစဖို႔ ျဖစ္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။

ဒီေန႔ အထိ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၈၅ ရွိ၊ ေသဆုံးသူ ၄ ဦးနဲ႔ ပိုးေတြ႕ျပန္သက္သာလာသူ ၂ ဦး ရွိၿပီ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52309317
--------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် -လူ ၅ ဦး ထက် ပိုမစုဖို့ ကျန်းမာရေး ဝန်ကြီးဌာန အမိန့်ထုတ်

ဓာတ်ပုံ မူပိုင် ရွှေအင်းသားခင်မောင်ဝင်း

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ တစ်နေ့တည်း ဆယ်ဂဏန်းချီတွေ့ရတဲ့ ရက်တွေ ရှိလာပြီးနောက်မှာ ခွင့်ပြုချက်ရထားတဲ့ ကိစ္စတွေက လွဲပြီး လူငါးဦးနဲ့ ငါးဦးအထက် ပိုမစုဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဧပြီ ၁၆ ရက် ရက်စွဲနဲ့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ၂၁၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ဒီအမိန့်ကို ထုတ်ပြန်တယ်လို့ နိုင်ငံပိုင်ရုပ်သံ MRTV ကနေ ကြေညာခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ ကင်းလွတ်ခွင့်ပြုထားတဲ့ ကိစ္စရပ် ကိုး ခု ကို လည်း ကြေညာခဲ့ပါတယ်။

အဲဒီအချက်တွေက (၁) အစိုးရ ရုံးနဲ့ အစိုးရ အဖွဲ့အစည်း လုပ်ငန်းခွင်ဝင်ဖို့ အသွားအပြန်လုပ်တာ၊ (၂) ကုမ္ပဏီတွေ၊စက်ရုံတွေမှာ လုပ်ငန်းခွင်ဝင်ဖို့ အသွားအပြန်လုပ်တာ၊(၃) ခွင့်ပြုချက်ရ ဈေးနဲ့ ကုန်တိုက်တွေမှာ ဈေးအရောင်းအဝယ်လုပ်တာ (၄)ခွင့်ပြုချက်ရ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်တာ (၅) တရားစီရင်ရေးကိစ္စရပ်တွေ (၆) ခွင့်ပြုချက်နဲ့ အညီ ကိုဗစ်-၁၉ ကာကွယ်၊ နှိမ်နင်းရေးလုပ်ငန်းတွေ လုပ်ဆောင်တာ (၇) အရေးပေါ်ကယ်ဆယ်ရေးနဲ့ အရေးပေါ် ကိစ္စရပ်တွေ ဆောင်ရွက်တာ (၈) ကျန်းမာရေးကိစ္စ ဆေးရုံဆေးခန်း သွားတာ (၉) နာရေးကိစ္စ ဆောင်ရွက်တာ တို့ ဖြစ်ပါတယ်။

ဒီအမိန့်မထုတ်ပြန်ခင် နာရီပိုင်းအလိုကပဲ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာ Aung San Suu Kyi ကနေ "COVID-19 နဲ့ပတ်သက်လို့ ဥပဒေအရ အရေးယူခြင်းနဲ့ စပါမယ်။ ဘယ်ဥပဒေအရ၊ ဘာလုပ်သူကို ဘယ်လို အရေးယူမယ်ဆိုတာ ဒီညထုတ်ပြန် ပါမယ်။ အားလုံး အတွက် တစ်ပြေးညီ၊ မှန်ကန် မျှတစေဖို့ ဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ဒီနေ့ အထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၅ ရှိ၊ သေဆုံးသူ ၄ ဦးနဲ့ ပိုးတွေ့ပြန်သက်သာလာသူ ၂ ဦး ရှိပြီ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52309317
ကို႐ိုနာဗိုင္းရပ္စ္ -လူ ၅ ဦး ထက္ ပိုမစုဖို႔ က်န္းမာေရး ဝန္ႀကီးဌာန အမိန္႔ထုတ္ ကို႐ိုနာဗိုင္းရပ္စ္ -လူ ၅ ဦး ထက္ ပိုမစုဖို႔ က်န္းမာေရး ဝန္ႀကီးဌာန အမိန္႔ထုတ္ Reviewed by THITHTOOLWIN on 22:34 Rating: 5
Powered by Blogger.