ဒုသမၼတမွာ ကိုဗစ္၁၉ ရွိမရွိ ဒီေန႔ ဧၿပီ ၁၄ မွာ စစ္ေဆးမယ္

ဧၿပီ ၇ ရက္ေန႔က ဝန္ႀကီးဌာနအစည္းအေဝးတစ္ခုမွာေတြ႕ရတဲ့ ဒုသမၼတ ဦးဟင္နရီဗန္ထီးယူ
ဒုသမၼတ ၂ ဦးဟင္နရီဗန္ထီးယူနဲ႔ တရားေဟာဆရာတစ္ဦးတို႔ရဲ႕ ပုံေတြ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့တဲ့ေနာက္ စိတ္ပူၿပီး သတင္းေမးတဲ့သူအားလုံးကို ေက်းဇူးတင္ေၾကာင္းနဲ႔ ဒီမနက္ ေနျပည္ေတာ္အိမ္မွာ က်န္းက်န္းမာမာ အတူရွိေနေၾကာင္း ဒုသမၼတ ၂ ရဲ႕ ဇနီးက သူ႔ရဲ႕ လူမႈကြန္ရက္အေကာင့္မွာ ေရးသားထားပါတယ္။

ဒုသမၼတ ၂ နဲ႔ တရားေဟာဆရာတစ္ဦးတို႔ရဲ႕ ပုံေတြ ဧၿပီ ၁၃ ရက္မွာ ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။

အဲဒီတရားေဟာဆရာဟာ ကိုဗစ္၁၉ အတည္ျပဳလူနာတခ်ိဳ႕ တက္ေရာက္ခဲ့တဲ့ ဘာသာေရးအခမ္းအနားမွာ အတူရွိေနခဲ့တယ္လို႔ သတင္းေတြလည္းထြက္လာခဲ့တဲ့ေနာက္ လူထုၾကား စိုးရိမ္မႈ ျမင့္တက္ခဲ့ပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ဒုသမၼတ ရဲ႕ ဇနီးက သူ႔ရဲ႕ လူမႈကြန္ရက္မွာ ဧၿပီ ၁၄ ရက္ မနက္ပိုင္းက ဇနီးေမာင္ႏွံႏွစ္ဦး မနက္စာအတူသုံးေဆာင္ေနတဲ့ပုံနဲ႔အတူ အထက္ပါစာသားေတြကို ေရးသားခဲ့တာ ျဖစ္ပါတယ္။

လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ေနတဲ့ တရားေဟာဆရာတစ္ဦးနဲ႔ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူတို႔ ဓာတ္ပုံေတြနဲ႔ပတ္သက္လို႔ ေမးျမန္းခ်က္အေပၚ သမၼတ႐ုံး ေျပာခြင့္ရသူ ဦးေဇာ္ေဌးကလည္း ဧၿပီ ၁၄ ရက္မနက္ပိုင္းက သမၼတအိမ္ေတာ္သတင္းေထာက္အဖြဲ႕ကို လူမႈကြန္ရက္ကတစ္ဆင့္ ျပန္လည္ေျဖၾကား ခဲ့ပါတယ္။

အဲဒီပုံေတြဟာ ေဖေဖာ္ဝါရီ ၉ ရက္ေန႔ကလို႔ စိစစ္သိရၿပီး ျမန္မာမွာ အေစာဆုံး ကူးစက္မႈ ေတြ႕ခဲ့ရတာက မတ္လ ၂၃ ရက္ျဖစ္ေၾကာင္း၊ အဲဒီ ဘာသာေရးအဖြဲ႕နဲ႔ အဲဒီရက္ေနာက္ပိုင္း ေတြ႕ဆုံမႈမရွိေၾကာင္း သိရတယ္လို႔ ဦးေဇာ္ေဌးက လူမႈကြန္ရက္က တစ္ဆင့္ ျပန္လည္ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

ဒါေပမဲ့ အခုလို ထိေတြ႕မႈသတင္းေတြအေပၚ လူထုစိုးရိမ္မႈျမင့္တက္ေနတာေတြ႕ရလို႔ ရွင္းရွင္းလင္းလင္း သိႏိုင္ေအာင္ ဒုတိယသမၼတႀကီးနဲ႔ မိသားစုဝင္ေတြ၊ အနီးကပ္ထိေတြ႕မႈရွိသူေတြ အားလုံး၊ စုစုေပါင္း လူ ၃၀ ေလာက္ကို ဒီေန႔ ဓာတ္ခြဲနမူနာ ရယူၿပီး စစ္မွာ ျဖစ္တယ္လို႔ ဦးေဇာ္ေဌးက ဆိုပါတယ္။

ဒါ့အျပင္ ႏိုင္ငံေတာ္အႀကီးအကဲေတြရဲ႕ က်န္းမာေရးအတြက္ ေနအိမ္အဝင္အထြက္ေတြ၊ ေတြ႕ဆုံမႈေတြကို က်န္းမာေရး guideline (လမ္းၫႊန္ခ်က္)ေတြနဲ႔အညီ အထူးၾကပ္မတ္ စိစစ္မႈေတြ ေဆာင္႐ြက္ထားတယ္လို႔ ဆိုပါတယ္။

လက္ရွိမွာ ဦးဟင္နရီဗန္ထီးယူနဲ႔ မိသားစုတို႔ က်န္းမာေရးေကာင္းမြန္တယ္လို႔ ၎တို႔နဲ႔ ေဆြမ်ိဳးေတာ္စပ္သူတစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

သမၼတ၊ အတိုင္ပင္ခံပုဂၢိဳလ္တို႔နဲ႔ ေတြ႕ဆုံမႈ

ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားမႈကို ကမာၻ႔ကပ္ေရာအျဖစ္ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က မတ္ ၁၁ ရက္မွာေၾကညာခဲ့ပါတယ္။

ကပ္ေရာဂါေၾကညာၿပီး ၁၂ ရက္အၾကာ ျမန္မာႏိုင္ငံမွာ မတ္ ၂၃ မွာ ပထမဆုံးကိုဗစ္-၁၉ ကူးစက္ခံရသူ ႏွစ္ဦးကို ေတြ႕ရွိခဲ့ပါတယ္။ အဲဒီပိုးေတြ႕ရွိေၾကာင္း အစိုးရ ထုတ္ျပန္တဲ့ ညပိုင္းမွာပဲ လူထုၾကား စားေသာက္ကုန္ေတြ စိုးရိမ္တႀကီးနဲ႔ အလုအယက္ဝယ္ယူတဲ့အထိ ျဖစ္ခဲ့ပါတယ္။

အဲဒီေနာက္ သမၼတအိမ္ေတာ္က သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ၿပီး အဲဒီမွာ ကိုဗစ္အေၾကာင္းျပဳ ကုန္ေဈးႏႈန္းတက္ေအာင္လုပ္သူေတြကို အေရးယူမယ္လို႔ သမၼတ႐ုံးေျပာခြင့္ရသူ ဦးေဇာ္ေဌးက ေျပာပါတယ္။

အဲဒီသတင္းစာရွင္းလင္းပြဲမွာ သမၼတ၊ အတိုင္ပင္ခံတို႔ရဲ႕ က်န္းမာေရးနဲ႔ပတ္သက္ၿပီး သတင္းေထာက္ေတြ ေမးျမန္းတဲ့အေပၚ ဦးေဇာ္ေဌးက အႀကီးအကဲေတြ ကို ဧည့္လက္ခံေတြ႕ဆုံရာမွာ လက္ဆြဲႏႈတ္ဆက္တာ မလုပ္ၾကတဲ့အျပင္ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္ေတြအတိုင္း ေဆာင္႐ြက္ထားတယ္လို႔ ေျဖၾကားခဲ့ပါတယ္။

ဒုတိယသမၼတ ၂ နဲ႔ ႏိုင္ငံေတာ္အႀကီးအကဲေတြ ေတြ႕ဆုံမႈေတြနဲ႔ပတ္သက္ၿပီး သမၼတ႐ုံးနဲ႔ အတိုင္ပင္ခံ႐ုံးေဖ့စ္ဘြတ္စာမ်က္ႏွာေတြမွာ ေလ့လာတဲ့အခါ သမၼတ႐ုံးက သတင္းထုတ္ျပန္ခ်က္ေတြအရ ဧၿပီ ၇ ရက္က သမၼတအိမ္ေတာ္မွာ ျပဳလုပ္တဲ့ ဘ႑ာေရးေကာ္မရွင္ အစည္းအေဝးကို သမၼတနဲ႔ ဒုသမၼတ ႏွစ္ဦးအပါအဝင္ အစိုးရအဖြဲ႕ေတြတက္ေရာက္ခဲ့တာ ေတြ႕ရပါတယ္။
ဧၿပီ ၇ ရက္က သမၼတအိမ္ေတာ္မွာ ျပဳလုပ္ခဲ့တဲ့ ဘ႑ာေရးေကာ္မရွင္အစည္းအေဝးကို တက္ေရာက္ခဲ့ပါတယ္။
အဲဒီဘ႑ာေရးေကာ္မရွင္အစည္းအေဝးကို ဒုတိယဥကၠ႒ ေတြျဖစ္တဲ့ ဒုတိယ သမၼတဦးျမင့္ေဆြ၊ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ၊ ဘ႑ာေရးေကာ္မရွင္ အတြင္းေရးမႉး ျပည္ေထာင္စုဝန္ႀကီး ဦးစိုးဝင္း၊ အဖြဲ႕ဝင္မ်ားျဖစ္တဲ့ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ဦးထြန္းထြန္းဦး၊ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ ဦးေမာ္သန္း၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ တိုင္းနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြနဲ႔ တာဝန္ရွိသူေတြ တက္ေရာက္ၾကတယ္လို႔ ေဖာ္ျပထားပါတယ္။

အတိုင္ပင္ခံ႐ုံးေဖ့စ္ဘြတ္မွာ ေဖာ္ျပထားတဲ့ သတင္းဓာတ္ပုံေတြအရ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဒုသမၼတ ၂ တို႔ဟာ ရန္ကုန္မွာ ေဖေဖာ္ဝါရီ ၂ ရက္က ျပဳလုပ္ခဲ့တဲ့ ေသြးခ်င္းတို႔ရဲ႕ ပြဲေတာ္ ကို အတူတက္ေရာက္တာ ေတြ႕ရပါတယ္။
 ေသြးခ်င္းတို႔ရဲ႕ပြဲေတာ္ကို ရန္ကုန္မွာ ေဖေဖာ္ဝါရီလဆန္းပိုင္းက က်င္းပခဲ့တာပါ။
အဲဒီေနာက္ ေဖေဖာ္ဝါရီ ၂၀ မွာ ၇၂ ႏွစ္ေျမာက္ ခ်င္းျပည္နယ္ေန႔အခမ္းအနားကို ဒုသမၼတ ၂ ရဲ႕ ဇနီးနဲ႔အတူ တက္ေရာက္ခဲ့ပါတယ္။

မတ္ ၈ ရက္မွာေတာ့ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ား ခ်ီးျမႇင့္ဆပ္ကပ္ပြဲကိုလည္း အစိုးရအဖြဲ႕ အႀကီးအကဲေတြတက္ေရာက္ခဲ့ၿပီး ဒုသမၼတ ၂ ရဲ႕ဇနီးလည္း တက္ေရာက္ခဲ့ပါတယ္။
သာသနာေတာ္ဆိုင္ရာဘြဲ႕တံဆိပ္ေတာ္မ်ားအပ္ႏွင္းပြဲကို မတ္ ၈ ရက္က က်င္းပခဲ့တာပါ။
ဒုသမၼတ ၂ ကေတာ့ တရားေဟာဆရာနဲ႔ ေဖေဖာ္ဝါရီ ၉ ရက္ေန႔က ေတြ႕ခဲ့ၿပီး မတ္ ၂၃ ေနာက္ပိုင္း ေတြ႕ခဲ့တာမရွိဘူးလို႔ ဦးေဇာ္ေဌးက ေျပာၾကားထား ပါတယ္။

လက္ရွိမွာ အဲဒီ တရားေဟာဆရာဆိုသူကို မရမ္းကုန္းၿမိဳ႕နယ္ရဲစခန္းမွာ ေရာဂါျဖစ္ပြားေစတဲ့ လူစုလူေဝးျပဳလုပ္ခဲ့မႈနဲ႔ အစိုးရက အမႈဖြင့္ထားပါတယ္။

သူနဲ႔အတူ ေတးသံသြင္းပိုင္ရွင္တစ္ဦးလည္း ပါဝင္ၿပီး ႏွစ္ဦးလုံးကို သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဥပေဒအရ ပ နံပါတ္ ၅၈၃/၂၀၂၀ နဲ႔အမႈဖြင့္ထားတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ကိုဗစ္ ၁၉ ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီက ဧၿပီ ၁၄ ရက္စြဲနဲ႔ ထုတ္ျပန္ထားပါတယ္။

BBC Burmese
------------------------------------------
(Unicode)⤵⤵⤵
ဒုသမ္မတမှာ ကိုဗစ်၁၉ ရှိမရှိ ဒီနေ့ ဧပြီ ၁၄ မှာ စစ်ဆေးမယ်

ဒုသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူနဲ့ တရားဟောဆရာတစ်ဦးတို့ရဲ့ ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့နောက် စိတ်ပူပြီး သတင်းမေးတဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ ဒီမနက် နေပြည်တော်အိမ်မှာ ကျန်းကျန်းမာမာ အတူရှိနေကြောင်း ဒုသမ္မတ ၂ ရဲ့ ဇနီးက သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ ရေးသားထားပါတယ်။

ဒုသမ္မတ ၂ နဲ့ တရားဟောဆရာတစ်ဦးတို့ရဲ့ ပုံတွေ ဧပြီ ၁၃ ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

အဲဒီတရားဟောဆရာဟာ ကိုဗစ်၁၉ အတည်ပြုလူနာတချို့ တက်ရောက်ခဲ့တဲ့ ဘာသာရေးအခမ်းအနားမှာ အတူရှိနေခဲ့တယ်လို့ သတင်းတွေလည်းထွက်လာခဲ့တဲ့နောက် လူထုကြား စိုးရိမ်မှု မြင့်တက်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဒုသမ္မတ ရဲ့ ဇနီးက သူ့ရဲ့ လူမှုကွန်ရက်မှာ ဧပြီ ၁၄ ရက် မနက်ပိုင်းက ဇနီးမောင်နှံနှစ်ဦး မနက်စာအတူသုံးဆောင်နေတဲ့ပုံနဲ့အတူ အထက်ပါစာသားတွေကို ရေးသားခဲ့တာ ဖြစ်ပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ တရားဟောဆရာတစ်ဦးနဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့ ဓာတ်ပုံတွေနဲ့ပတ်သက်လို့ မေးမြန်းချက်အပေါ် သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးကလည်း ဧပြီ ၁၄ ရက်မနက်ပိုင်းက သမ္မတအိမ်တော်သတင်းထောက်အဖွဲ့ကို လူမှုကွန်ရက်ကတစ်ဆင့် ပြန်လည်ဖြေကြား ခဲ့ပါတယ်။

အဲဒီပုံတွေဟာ ဖေဖော်ဝါရီ ၉ ရက်နေ့ကလို့ စိစစ်သိရပြီး မြန်မာမှာ အစောဆုံး ကူးစက်မှု တွေ့ခဲ့ရတာက မတ်လ ၂၃ ရက်ဖြစ်ကြောင်း၊ အဲဒီ ဘာသာရေးအဖွဲ့နဲ့ အဲဒီရက်နောက်ပိုင်း တွေ့ဆုံမှုမရှိကြောင်း သိရတယ်လို့ ဦးဇော်ဌေးက လူမှုကွန်ရက်က တစ်ဆင့် ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုလို ထိတွေ့မှုသတင်းတွေအပေါ် လူထုစိုးရိမ်မှုမြင့်တက်နေတာတွေ့ရလို့ ရှင်းရှင်းလင်းလင်း သိနိုင်အောင် ဒုတိယသမ္မတကြီးနဲ့ မိသားစုဝင်တွေ၊ အနီးကပ်ထိတွေ့မှုရှိသူတွေ အားလုံး၊ စုစုပေါင်း လူ ၃၀ လောက်ကို ဒီနေ့ ဓာတ်ခွဲနမူနာ ရယူပြီး စစ်မှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်အကြီးအကဲတွေရဲ့ ကျန်းမာရေးအတွက် နေအိမ်အဝင်အထွက်တွေ၊ တွေ့ဆုံမှုတွေကို ကျန်းမာရေး guideline (လမ်းညွှန်ချက်)တွေနဲ့အညီ အထူးကြပ်မတ် စိစစ်မှုတွေ ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဦးဟင်နရီဗန်ထီးယူနဲ့ မိသားစုတို့ ကျန်းမာရေးကောင်းမွန်တယ်လို့ ၎င်းတို့နဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့ တွေ့ဆုံမှု

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို ကမ္ဘာ့ကပ်ရောအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မတ် ၁၁ ရက်မှာကြေညာခဲ့ပါတယ်။

ကပ်ရောဂါကြေညာပြီး ၁၂ ရက်အကြာ မြန်မာနိုင်ငံမှာ မတ် ၂၃ မှာ ပထမဆုံးကိုဗစ်-၁၉ ကူးစက်ခံရသူ နှစ်ဦးကို တွေ့ရှိခဲ့ပါတယ်။ အဲဒီပိုးတွေ့ရှိကြောင်း အစိုးရ ထုတ်ပြန်တဲ့ ညပိုင်းမှာပဲ လူထုကြား စားသောက်ကုန်တွေ စိုးရိမ်တကြီးနဲ့ အလုအယက်ဝယ်ယူတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် သမ္မတအိမ်တော်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အဲဒီမှာ ကိုဗစ်အကြောင်းပြု ကုန်ဈေးနှုန်းတက်အောင်လုပ်သူတွေကို အရေးယူမယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ သမ္မတ၊ အတိုင်ပင်ခံတို့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းတဲ့အပေါ် ဦးဇော်ဌေးက အကြီးအကဲတွေ ကို ဧည့်လက်ခံတွေ့ဆုံရာမှာ လက်ဆွဲနှုတ်ဆက်တာ မလုပ်ကြတဲ့အပြင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း ဆောင်ရွက်ထားတယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒုတိယသမ္မတ ၂ နဲ့ နိုင်ငံတော်အကြီးအကဲတွေ တွေ့ဆုံမှုတွေနဲ့ပတ်သက်ပြီး သမ္မတရုံးနဲ့ အတိုင်ပင်ခံရုံးဖေ့စ်ဘွတ်စာမျက်နှာတွေမှာ လေ့လာတဲ့အခါ သမ္မတရုံးက သတင်းထုတ်ပြန်ချက်တွေအရ ဧပြီ ၇ ရက်က သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးကို သမ္မတနဲ့ ဒုသမ္မတ နှစ်ဦးအပါအဝင် အစိုးရအဖွဲ့တွေတက်ရောက်ခဲ့တာ တွေ့ရပါတယ်။

အဲဒီဘဏ္ဍာရေးကော်မရှင်အစည်းအဝေးကို ဒုတိယဥက္ကဋ္ဌ တွေဖြစ်တဲ့ ဒုတိယ သမ္မတဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အဖွဲ့ဝင်များဖြစ်တဲ့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြတယ်လို့ ဖော်ပြထားပါတယ်။

အတိုင်ပင်ခံရုံးဖေ့စ်ဘွတ်မှာ ဖော်ပြထားတဲ့ သတင်းဓာတ်ပုံတွေအရ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုသမ္မတ ၂ တို့ဟာ ရန်ကုန်မှာ ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်ခဲ့တဲ့ သွေးချင်းတို့ရဲ့ ပွဲတော် ကို အတူတက်ရောက်တာ တွေ့ရပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီ ၂၀ မှာ ၇၂ နှစ်မြောက် ချင်းပြည်နယ်နေ့အခမ်းအနားကို ဒုသမ္မတ ၂ ရဲ့ ဇနီးနဲ့အတူ တက်ရောက်ခဲ့ပါတယ်။

မတ် ၈ ရက်မှာတော့ နေပြည်တော်မှာ ပြုလုပ်တဲ့ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ဆပ်ကပ်ပွဲကိုလည်း အစိုးရအဖွဲ့ အကြီးအကဲတွေတက်ရောက်ခဲ့ပြီး ဒုသမ္မတ ၂ ရဲ့ဇနီးလည်း တက်ရောက်ခဲ့ပါတယ်။

ဒုသမ္မတ ၂ ကတော့ တရားဟောဆရာနဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က တွေ့ခဲ့ပြီး မတ် ၂၃ နောက်ပိုင်း တွေ့ခဲ့တာမရှိဘူးလို့ ဦးဇော်ဌေးက ပြောကြားထား ပါတယ်။

လက်ရှိမှာ အဲဒီ တရားဟောဆရာဆိုသူကို မရမ်းကုန်းမြို့နယ်ရဲစခန်းမှာ ရောဂါဖြစ်ပွားစေတဲ့ လူစုလူဝေးပြုလုပ်ခဲ့မှုနဲ့ အစိုးရက အမှုဖွင့်ထားပါတယ်။

သူနဲ့အတူ တေးသံသွင်းပိုင်ရှင်တစ်ဦးလည်း ပါဝင်ပြီး နှစ်ဦးလုံးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ ပ နံပါတ် ၅၈၃/၂၀၂၀ နဲ့အမှုဖွင့်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဧပြီ ၁၄ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52260145
ဒုသမၼတမွာ ကိုဗစ္၁၉ ရွိမရွိ ဒီေန႔ ဧၿပီ ၁၄ မွာ စစ္ေဆးမယ္ ဒုသမၼတမွာ ကိုဗစ္၁၉ ရွိမရွိ ဒီေန႔ ဧၿပီ ၁၄ မွာ စစ္ေဆးမယ္ Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.