အာဖရိက ကို႐ိုနာဗဟိုခ်က္ ျဖစ္လာႏိုင္

 အာဖရိကမွာ ထိထိေရာက္ေရာက္မကုသႏိုင္လို႔ ကာကြယ္ေရးကိုသာ ပိုၿပီး အာ႐ုံစိုက္ေနရ
(Zawgyi)⤵⤵⤵
အာဖရိကဟာ ေနာက္တဆင့္မွာ ကို႐ိုနာဗဟိုခ်က္ျဖစ္လာႏိုင္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ WHO က သတိေပးလိုက္ပါတယ္။

ၿပီးခဲ့တဲ့အပတ္က ကူးစက္သူအေရအတြက္ ထိုးတက္သြားခဲ့ပါတယ္။ အခုခ်ိန္ထိေတာ့ အာဖရိကမွာ ေရာဂါကူးစက္သူအေရအတြက္ဟာ ၁၈၀၀၀ ရွိၿပီး ေသဆုံးသူ ၁၀၀၀ သာ ရွိပါေသးတယ္။

ဒီအေရအတြက္ဟာ ဥေရာပ၊ အေမရိကန္တို႔နဲ႔ ႏႈိင္းစာရင္ေတာ္ေတာ္နည္းပါေသးတယ္။

ဒါေပမယ့္ အာဖရိကမွာ ဗိုင္းရပ္စ္ဟာ ၿမိဳ႕ကေနေတာကို ခရီးဆက္ေနၿပီလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ WHO ကသတိေပးပါတယ္။

ကပ္ေရာဂါျဖစ္လာရင္ ရင္ဆိုင္ဖို႔ရာ အာဖရိကတိုက္မွာ အသက္ရႉစက္ ဗန္တီေလတာလည္း အလုံအေလာက္မရွိဘူးလို႔ WHO ကဆိုပါတယ္။

ဗိုင္းရပ္စ္ဟာ ေတာင္အာဖရိက၊ ႏိုင္ဂ်ီးရီးယား၊ အိုင္ဗရီကို႔စ္၊ ကင္မ႐ြန္း၊ ဂါနာတိုင္းျပည္ေတြမွာ ၿမိဳ႕ႀကီးေတြဆီကေန ေက်းလက္ေဒသေတြဆီကို ကူးစက္ျပန္႔ပြားေနတာ WHO ကိုယ္တိုင္ႀကဳံေတြ႕သိရွိေနေၾကာင္း WHO ရဲ႕ အာဖရိက ၫႊန္ၾကားေရးမႉး ေဒါက္တာမတ္ရွီဒီဆိုမိုတီက ဘီဘီစီကို ေျပာပါတယ္။
ဧၿပီလ ၁၆ ရက္က အိုင္ဗရီကို႔စ္ၿမိဳ႕ေတာ္မွာ ဘတ္စ္ကားတန္းစီ ေစာင့္ဆိုင္းေနၾကသူေတြ
သူတို႔ဟာကုသေရးထက္ ကာကြယ္ေရးကိုပဲ စူးစိုက္ လုပ္ေဆာင္ေနၾကတယ္လို႔လည္း ဆိုပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ အာဖရိကမွာ ကို႐ိုနာကူးစက္တဲ့ေရာဂါသည္ အမ်ားအျပားကို ကုသႏိုင္စြမ္း မရွိတဲ့ အတြက္ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

“ကြၽန္မတို႔က အေရးေပၚကုသၾကပ္မတ္ေဆာင္ အိုင္စီယူေရာက္မယ့္ အေရးႀကီးလူနာ နည္းႏိုင္သမွ် အနည္းဆုံးျဖစ္ခ်င္ေနၾကပါတယ္။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ အာဖရိကတိုင္းျပည္အမ်ားစုမွာအဲသလို အေရးေပၚကုသေဆာင္ မ်ားမ်ားစားစား လုံလုံေလာက္ေလာက္ မရွိဘူးဆိုတာ သိေနလို႔ပါ။” လို႔လည္း သူက ဆိုပါတယ္။

“အသက္ရႉစက္ ဗန္တီေလတာ မရွိတဲ့ ျပႆနာကလည္း အာဖရိကႏိုင္ငံေတြ အဓိက ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈ အႀကီးစားႀကီးတခုပဲလို႔ ဆိုရပါမယ္။ ကိုဗစ္-၁၉ ေၾကာင့္ ေဝဒနာ ျပင္းျပင္းထန္ထန္ ခံစားေနရတဲ့ လူနာအတြက္ အသက္ရႉစက္ ဗန္တီေလတာ ရွိ၊မရွိဆိုတာဟာ ေသေရးရွင္ေရး အဆုံးအျဖတ္တခု ျဖစ္ပါတယ္။”

အသက္ရႉစက္ ဗန္တီေလတာဟာ အဆုတ္ထဲကို ေအာက္ဆီဂ်င္ျဖည့္ေပးၿပီး ကာဘြန္ဒိုင္ေအာက္ဆိုက္ ထုတ္ေပးပါတယ္။ ကိုဗစ္ေၾကာင့္ အျပင္းအထန္ နာမက်န္းတဲ့သူေတြဟာ အဲဒီအလုပ္ကိုသူတို႔ ဘာသာ မလုပ္ႏိုင္ၾကေတာ့ပါဘူး။ အာဖရိကမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပထမဆုံး ေသဆုံးခဲ့သူက မတ္လမွာတုန္းက ကြယ္လြန္ခဲ့တဲ့ ဇင္ဘာေဘြ သတင္းသမား ဇို႐ို႐ို မာကမ္ဘာ ျဖစ္ပါတယ္။

ဇင္ဘာေဘြၿမိဳ႕ေတာ္ အာဏာပိုင္ေတြက သူတို႔မွာ ဇို႐ို႐ိုမာကမ္ဘာကို ကုသမႈေပးဖို႔ အသက္ရႉစက္ ဗန္တီေလတာမရွိဘူးလို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

အခုအခါမွာ ဗိုင္းရပ္စ္ဟာ လူခ်င္း အလွမ္းခြာေနထိုင္ဖို႔ မျဖစ္ႏိုင္တဲ့ အာဖရိကရဲ႕ လူေနအထူထပ္အက်ပ္တည္းဆုံး ဆင္းရဲသားရပ္ကြက္ေတြဆီကို ျမန္ျမန္ဆန္ဆန္ ကူးစက္ျပန္႔ပြားသြားမွာ စိုးရိမ္ပူပန္ေနၾကပါတယ္။ အဲဒီေနရာေတြမွာ လက္ေဆးဖို႔ ေရသန္႔နဲ႔ဆပ္ျပာလည္း အလုံအေလာက္မရွိၾကပါဘူး။က္ အဓိ႒ာန္လ်က္ ဂဃနဏဖတ္ခဲ့သည္။

BBC Burmese
---------------------------------------------------
(Unicode)⤵⤵⤵
 အာဖရိက ကိုရိုနာဗဟိုချက် ဖြစ်လာနိုင်

အာဖရိကဟာ နောက်တဆင့်မှာ ကိုရိုနာဗဟိုချက်ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ကူးစက်သူအရေအတွက် ထိုးတက်သွားခဲ့ပါတယ်။ အခုချိန်ထိတော့ အာဖရိကမှာ ရောဂါကူးစက်သူအရေအတွက်ဟာ ၁၈၀၀၀ ရှိပြီး သေဆုံးသူ ၁၀၀၀ သာ ရှိပါသေးတယ်။

ဒီအရေအတွက်ဟာ ဥရောပ၊ အမေရိကန်တို့နဲ့ နှိုင်းစာရင်တော်တော်နည်းပါသေးတယ်။

ဒါပေမယ့် အာဖရိကမှာ ဗိုင်းရပ်စ်ဟာ မြို့ကနေတောကို ခရီးဆက်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ကသတိပေးပါတယ်။

ကပ်ရောဂါဖြစ်လာရင် ရင်ဆိုင်ဖို့ရာ အာဖရိကတိုက်မှာ အသက်ရှူစက် ဗန်တီလေတာလည်း အလုံအလောက်မရှိဘူးလို့ WHO ကဆိုပါတယ်။

ဗိုင်းရပ်စ်ဟာ တောင်အာဖရိက၊ နိုင်ဂျီးရီးယား၊ အိုင်ဗရီကို့စ်၊ ကင်မရွန်း၊ ဂါနာတိုင်းပြည်တွေမှာ မြို့ကြီးတွေဆီကနေ ကျေးလက်ဒေသတွေဆီကို ကူးစက်ပြန့်ပွားနေတာ WHO ကိုယ်တိုင်ကြုံတွေ့သိရှိနေကြောင်း WHO ရဲ့ အာဖရိက ညွှန်ကြားရေးမှူး ဒေါက်တာမတ်ရှီဒီဆိုမိုတီက ဘီဘီစီကို ပြောပါတယ်။

သူတို့ဟာကုသရေးထက် ကာကွယ်ရေးကိုပဲ စူးစိုက် လုပ်ဆောင်နေကြတယ်လို့လည်း ဆိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အာဖရိကမှာ ကိုရိုနာကူးစက်တဲ့ရောဂါသည် အများအပြားကို ကုသနိုင်စွမ်း မရှိတဲ့ အတွက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ကျွန်မတို့က အရေးပေါ်ကုသကြပ်မတ်ဆောင် အိုင်စီယူရောက်မယ့် အရေးကြီးလူနာ နည်းနိုင်သမျှ အနည်းဆုံးဖြစ်ချင်နေကြပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အာဖရိကတိုင်းပြည်အများစုမှာအဲသလို အရေးပေါ်ကုသဆောင် များများစားစား လုံလုံလောက်လောက် မရှိဘူးဆိုတာ သိနေလို့ပါ။” လို့လည်း သူက ဆိုပါတယ်။

“အသက်ရှူစက် ဗန်တီလေတာ မရှိတဲ့ ပြဿနာကလည်း အာဖရိကနိုင်ငံတွေ အဓိက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အကြီးစားကြီးတခုပဲလို့ ဆိုရပါမယ်။ ကိုဗစ်-၁၉ ကြောင့် ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ လူနာအတွက် အသက်ရှူစက် ဗန်တီလေတာ ရှိ၊မရှိဆိုတာဟာ သေရေးရှင်ရေး အဆုံးအဖြတ်တခု ဖြစ်ပါတယ်။”

အသက်ရှူစက် ဗန်တီလေတာဟာ အဆုတ်ထဲကို အောက်ဆီဂျင်ဖြည့်ပေးပြီး ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်ပေးပါတယ်။ ကိုဗစ်ကြောင့် အပြင်းအထန် နာမကျန်းတဲ့သူတွေဟာ အဲဒီအလုပ်ကိုသူတို့ ဘာသာ မလုပ်နိုင်ကြတော့ပါဘူး။ အာဖရိကမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးခဲ့သူက မတ်လမှာတုန်းက ကွယ်လွန်ခဲ့တဲ့ ဇင်ဘာဘွေ သတင်းသမား ဇိုရိုရို မာကမ်ဘာ ဖြစ်ပါတယ်။

ဇင်ဘာဘွေမြို့တော် အာဏာပိုင်တွေက သူတို့မှာ ဇိုရိုရိုမာကမ်ဘာကို ကုသမှုပေးဖို့ အသက်ရှူစက် ဗန်တီလေတာမရှိဘူးလို့ ထုတ်ဖော် ပြောဆိုပါတယ်။

အခုအခါမှာ ဗိုင်းရပ်စ်ဟာ လူချင်း အလှမ်းခွာနေထိုင်ဖို့ မဖြစ်နိုင်တဲ့ အာဖရိကရဲ့ လူနေအထူထပ်အကျပ်တည်းဆုံး ဆင်းရဲသားရပ်ကွက်တွေဆီကို မြန်မြန်ဆန်ဆန် ကူးစက်ပြန့်ပွားသွားမှာ စိုးရိမ်ပူပန်နေကြပါတယ်။ အဲဒီနေရာတွေမှာ လက်ဆေးဖို့ ရေသန့်နဲ့ဆပ်ပြာလည်း အလုံအလောက်မရှိကြပါဘူး။က် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။

BBC Burmese
https://www.bbc.com/burmese/world-52328645
အာဖရိက ကို႐ိုနာဗဟိုခ်က္ ျဖစ္လာႏိုင္ အာဖရိက ကို႐ိုနာဗဟိုခ်က္ ျဖစ္လာႏိုင္ Reviewed by THITHTOOLWIN on 05:57 Rating: 5
Powered by Blogger.