ျမန္မာႏုိင္ငံမွာ ကေလးသူငယ္ေသဆုံးမႈမ်ားလာတဲ့အတြက္ အပစ္ရပ္ၾကဖုိ႔ ကုလ ေတာင္းဆုိ



Share/Bookmark

(Zawgyi/Unicode)

ျမန္မာႏုိင္ငံက ပဋိပကၡျဖစ္ေနတဲ့ေဒသေတြမွာ ၂၀၂၀ ျပည့္ႏွစ္အေစာပုိင္းကာလေတြအတြင္း ကေလးသူငယ္ေတြ ထိခုိက္ ေသဆုံးမႈ ေၾကာက္ခမန္းလိလိမ်ားျပားလာေနတဲ့အတြက္ အပစ္အခတ္ရပ္စဲၾကဖုိ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ကေလးသူငယ္မ်ားနဲ႔ လက္နက္ကုိင္ပဋိပကၡမ်ားဆုိင္ရာ အထူးကုိယ္စားလွယ္ Virginia Gamba က ေတာင္းဆုိလုိက္ပါတယ္။ ကေလးငယ္ေတြကုိ အကာကြယ္ေပးႏုိင္မယ့္အစီအစဥ္ေတြကုိ အေရးတႀကီး ေဆာင္ရြက္ဖုိ႔လဲ လုိအပ္ေၾကာင္းလည္း ေတာင္းဆုိလုိက္ပါတယ္။

အခ်က္အလက္ေတြကုိ ေကာက္ယူေနဆဲျဖစ္ေပမယ့္လည္း အခုခ်ိန္ထိ ေသဆုံး၊ ကုိယ္လက္အဂၤါ ခ်ဳိ႕တဲ့သြားၾကတဲ့ ကေလးငယ္ေတြရဲ႕ အေရအတြက္ဟာ မႏွစ္ ၂၀၁၉ ခုႏွစ္ကျဖစ္ခဲ့တဲ့ အေရအတြက္ထက္ ထက္၀က္ေက်ာ္ေနၿပီလုိ႔ ဆုိပါတယ္။ ဒါဟာ ၂၀၁၈ ခုႏွစ္က အေရအတြက္ထက္ သိသိသာသာ တုိးလာျခင္းျဖစ္တယ္လုိ႔ ဆုိပါတယ္။

ျမန္မာ့တပ္မေတာ္နဲ႔ AA ရခုိင္လက္နက္ကုိင္အဖြဲ႔တုိ႔ တုိက္ပြဲေတြျဖစ္ပြားေနတဲ့ ရခုိင္နဲ႔ ခ်င္းျပည္နယ္ ေတြမွာ ေလေၾကာင္းတုိက္ခုိက္မႈ၊ ေျမျမဳပ္မုိင္းနဲ႔ တျခား ေပါက္ကြဲေရးပစၥည္းေတြေၾကာင့္ ေသဆုံး၊ ကုိယ္လက္အဂၤါခ်ဳိ႕တဲ့ကုန္ၾကတဲ့ ကေလးသူငယ္အေရအတြက္ဟာ လြန္ခဲ့တဲ့ လအနည္းငယ္အတြင္း သိသိသာသာ မ်ားျပားလာတယ္လုိ႔ ဆုိပါတယ္။

ကမၻာတ၀ွမ္း COVID-19 ကပ္ေရာဂါနဲ႔ ရင္ဆုိင္ေနရတာေၾကာင့္ လက္နက္ကုိင္ပဋိပကၡေတြအားလုံး ရပ္တန္႔ၾကဖုိ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေတာင္းဆုိခ်က္နဲ႔အညီ ျမန္မာႏုိင္ငံမွာရွိတဲ့ လက္နက္ကုိင္အဖြဲ႔အစည္းအားလုံးကလည္း တုိက္ပြဲေတြ ရပ္တန္႔ၾကဖုိ႔ ေတာင္းဆုိလုိေၾကာင္း၊ ျမန္မာႏုိင္ငံက အပစ္အခတ္ရပ္စဲဖုိ႔ ေျပာဆုိထားတဲ့ အဖြဲ႔အစည္းေတြရဲ႕ ေၾကညာခ်က္ကုိ ႀကိဳဆုိေၾကာင္း အထူးကုိယ္စားလွယ္ Virginia Gamba က ဧၿပီလ ၂၃ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ထည့္သြင္း ေဖာ္ျပထားပါတယ္။

လက္ရွိ လက္နက္ကုိင္ပဋိပကၡေတြပါ ပါ၀င္ပတ္သက္ေနတဲ့ အဖြဲ႔အစည္းေတြအေနနဲ႔ ကေလးသူငယ္မ်ား ဆုိင္ရာ ျပည္တြင္းနဲ႔ ႏုိင္ငံတကာဥပေဒေတြကုိ ခ်ဳိးေဖာက္သူေတြအေနနဲ႔ အျပစ္ေပး အေရးယူခံရႏုိင္ေၾကာင္း၊ ဒါေၾကာင့္ ကေလးသူငယ္ေတြအပါအ၀င္ အရပ္သားေတြ ထိခုိက္ ေသဆုံးမႈ နည္းႏုိင္သမွ်နည္းေအာင္ လုိက္နာ ေဆာင္ရြက္ၾကဖုိ႔ လုိအပ္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

..............

မြန်မာနိုင်ငံမှာ ကလေးသူငယ်သေဆုံးမှုများလာတဲ့အတွက် အပစ်ရပ်ကြဖို့ ကုလ တောင်းဆို

(Unicode)

မြန်မာနိုင်ငံက ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ ၂၀၂၀ ပြည့်နှစ်အစောပိုင်းကာလတွေအတွင်း ကလေးသူငယ်တွေ ထိခိုက် သေဆုံးမှု ကြောက်ခမန်းလိလိများပြားလာနေတဲ့အတွက် အပစ်အခတ်ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ အထူးကိုယ်စားလှယ် Virginia Gamba က တောင်းဆိုလိုက်ပါတယ်။ ကလေးငယ်တွေကို အကာကွယ်ပေးနိုင်မယ့်အစီအစဉ်တွေကို အရေးတကြီး ဆောင်ရွက်ဖို့လဲ လိုအပ်ကြောင်းလည်း တောင်းဆိုလိုက်ပါတယ်။

အချက်အလက်တွေကို ကောက်ယူနေဆဲဖြစ်ပေမယ့်လည်း အခုချိန်ထိ သေဆုံး၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သွားကြတဲ့ ကလေးငယ်တွေရဲ့ အရေအတွက်ဟာ မနှစ် ၂၀၁၉ ခုနှစ်ကဖြစ်ခဲ့တဲ့ အရေအတွက်ထက် ထက်ဝက်ကျော်နေပြီလို့ ဆိုပါတယ်။ ဒါဟာ ၂၀၁၈ ခုနှစ်က အရေအတွက်ထက် သိသိသာသာ တိုးလာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ် တွေမှာ လေကြောင်းတိုက်ခိုက်မှု၊ မြေမြုပ်မိုင်းနဲ့ တခြား ပေါက်ကွဲရေးပစ္စည်းတွေကြောင့် သေဆုံး၊ ကိုယ်လက်အင်္ဂါချို့တဲ့ကုန်ကြတဲ့ ကလေးသူငယ်အရေအတွက်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း သိသိသာသာ များပြားလာတယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝှမ်း COVID-19 ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတာကြောင့် လက်နက်ကိုင်ပဋိပက္ခတွေအားလုံး ရပ်တန့်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တောင်းဆိုချက်နဲ့အညီ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကလည်း တိုက်ပွဲတွေ ရပ်တန့်ကြဖို့ တောင်းဆိုလိုကြောင်း၊ မြန်မာနိုင်ငံက အပစ်အခတ်ရပ်စဲဖို့ ပြောဆိုထားတဲ့ အဖွဲ့အစည်းတွေရဲ့ ကြေညာချက်ကို ကြိုဆိုကြောင်း အထူးကိုယ်စားလှယ် Virginia Gamba က ဧပြီလ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

လက်ရှိ လက်နက်ကိုင်ပဋိပက္ခတွေပါ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကလေးသူငယ်များ ဆိုင်ရာ ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်သူတွေအနေနဲ့ အပြစ်ပေး အရေးယူခံရနိုင်ကြောင်း၊ ဒါကြောင့် ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေ ထိခိုက် သေဆုံးမှု နည်းနိုင်သမျှနည်းအောင် လိုက်နာ ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/myanmar-children-death-during-conflict-/5389039.html

Share/Bookmark

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ