မုံ႐ြာတြင္ပန္ကာပလပ္ခုံ အပူလြန္ရာမွ ဂိုေထာင္တစ္လုံးႏွင့္ ေနအိမ္ ႏွစ္လုံးမီးေလာင္

(Zawgyi)⤵⤵⤵

မုံ႐ြာ၊ဧၿပီ-၁၅

မုံ႐ြာၿမိဳ႕ေအာင္မဂၤလာရပ္ကြက္ မာဃလမ္းတြင္ ေနအိမ္ အိပ္ခန္းအတြင္း နံရံကပ္ ပန္ကာ ပလပ္ခုံ အပူလြန္ကဲ အရည္ေပ်ာ္က်ၿပီး ေမႊ႕ယာေပၚက်ရာမွ မီးေလာင္မႈတစ္ခု ဧၿပီ ၁၄ ရက္ည ၇နာရီခြဲ အခ်ိန္က ျဖစ္ပြားခဲ့သည္။

မီးေလာင္မႈေၾကာင့္ ပ်ဥ္ေထာင္ နံကပ္ ႏွစ္ထပ္ အိမ္တစ္လုံး၊ အာစီရ္ ႏွစ္ထပ္တိုက္တစ္လုံး၊ ဂိုေဒါင္တစ္လုံး ႏွင့္အိမ္တြင္းပစၥည္းအခ်ိဳ႕ ဆုံးရႈံးခဲ့ေၾကာင္း မီးသတ္တပ္ဖြဲ႕၏ စစ္ေဆးခ်က္အရ သိရသည္။

မီးေလာင္ျပင္သို႔ မီးသတ္ကား ၁၅စီး၊ေရသယ္ယာဥ္ ၅စီး ျဖင့္ သြားေရာက္ျငႇိမ္းသတ္ခဲ့ၾကသည္။

မီးျငႇိမ္းသတ္ရာတြင္ မီးသတ္တပ္ဖြဲ႕ ဒုတပ္ၾကပ္ေအာင္ကိုကိုလင္း၊အရန္မီးသတ္ဒုတပ္ၾကပ္ ဦးသန္းေဇာ္၊ အရန္မီးသတ္တပ္သား ကိုကိုေမာင္၊လူမႈကူညီေရးအသင္းယာဥ္ေမာင္း ကိုက်န္ေခ်ာင္း၊ ႏွင့္ နႏၵဝန္ရပ္ကြက္ မွ ကိုေက်ာ္လင္းထြန္း တို႔ ဒဏ္ရာ အသီးသီးရခဲ့ေၾကာင္း သတင္းရရွိသည္။

မီးေလာင္မႈ စတင္ျဖစ္ခဲ့ေသာ ပ်ဥ္ေထာင္နံကပ္ႏွစ္ထပ္အိမ္မွ ဦးရဲထြဋ္ အား မုံ႐ြာၿမိဳ႕မရဲစခန္းတြင္ မီးေပါ့ဆမႈ ပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္ ထားေၾကာင္း မုံ႐ြာခ႐ိုင္မီးသတ္႐ုံးမွ သတင္းရရွိသည္။။

Monywa Gazette
https://www.facebook.com/monywagazette/
------------
(Unicode)⤵⤵⤵
မုံရွာတွင်ပန်ကာပလပ်ခုံ အပူလွန်ရာမှ ဂိုထောင်တစ်လုံးနှင့် နေအိမ် နှစ်လုံးမီးလောင်

မုံရွာ၊ဧပြီ-၁၅

မုံရွာမြို့အောင်မင်္ဂလာရပ်ကွက် မာဃလမ်းတွင် နေအိမ် အိပ်ခန်းအတွင်း နံရံကပ် ပန်ကာ ပလပ်ခုံ အပူလွန်ကဲ အရည်ပျော်ကျပြီး မွှေ့ယာပေါ်ကျရာမှ မီးလောင်မှုတစ်ခု ဧပြီ ၁၄ ရက်ည ၇နာရီခွဲ အချိန်က ဖြစ်ပွားခဲ့သည်။

မီးလောင်မှုကြောင့် ပျဉ်ထောင် နံကပ် နှစ်ထပ် အိမ်တစ်လုံး၊ အာစီရ် နှစ်ထပ်တိုက်တစ်လုံး၊ ဂိုဒေါင်တစ်လုံး နှင့်အိမ်တွင်းပစ္စည်းအချို့ ဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

မီးလောင်ပြင်သို့ မီးသတ်ကား ၁၅စီး၊ရေသယ်ယာဉ် ၅စီး ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြသည်။

မီးငြှိမ်းသတ်ရာတွင် မီးသတ်တပ်ဖွဲ့ ဒုတပ်ကြပ်အောင်ကိုကိုလင်း၊အရန်မီးသတ်ဒုတပ်ကြပ် ဦးသန်းဇော်၊ အရန်မီးသတ်တပ်သား ကိုကိုမောင်၊လူမှုကူညီရေးအသင်းယာဉ်မောင်း ကိုကျန်ချောင်း၊ နှင့် နန္ဒဝန်ရပ်ကွက် မှ ကိုကျော်လင်းထွန်း တို့ ဒဏ်ရာ အသီးသီးရခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်မှု စတင်ဖြစ်ခဲ့သော ပျဉ်ထောင်နံကပ်နှစ်ထပ်အိမ်မှ ဦးရဲထွဋ် အား မုံရွာမြို့မရဲစခန်းတွင် မီးပေါ့ဆမှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် ထားကြောင်း မုံရွာခရိုင်မီးသတ်ရုံးမှ သတင်းရရှိသည်။။

Monywa Gazette
https://www.facebook.com/monywagazette/
မုံ႐ြာတြင္ပန္ကာပလပ္ခုံ အပူလြန္ရာမွ ဂိုေထာင္တစ္လုံးႏွင့္ ေနအိမ္ ႏွစ္လုံးမီးေလာင္ မုံ႐ြာတြင္ပန္ကာပလပ္ခုံ အပူလြန္ရာမွ ဂိုေထာင္တစ္လုံးႏွင့္ ေနအိမ္ ႏွစ္လုံးမီးေလာင္ Reviewed by THITHTOOLWIN on 10:23 Rating: 5
Powered by Blogger.