တ႐ုတ္ ေဆးပညာရွင္အဖြဲ႕ မႏၲေလးမွာ ကူညီေဆာင္႐ြက္ေန


တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္က ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္အဖြဲ႕ဟာ မႏၲေလးၿမိဳ႕ကိုေရာက္ရွိေနၿပီး ကို႐ိုနာဗိုင္းရပ္စ္ပိုး ရွိ၊ မရွိ ေစာင့္ၾကည့္တဲ့စခန္းေတြ၊ ဖ်ားနာေရာဂါ ကုသေပးတဲ့ ေဆးခန္းေတြကို လာေရာက္ ေလ့လာေနပါတယ္။

အဖြဲ႕ဝင္ ၁၂ ဦးပါတဲ့ တ႐ုတ္ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္အဖြဲ႕ဟာ မေန႔က မႏၲေလးၿမိဳ႕ကို ေရာက္ရွိလာ ၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးနဲ႔ ပတ္သက္ၿပီး ေလ့လာၾကည့္ရႈေနရာမွာ ေတြ႕ရွိတဲ့အခ်က္ေတြနဲ႔ အႀကံေပးခ်က္ ေတြကို မႏၲေလးတိုင္းအစိုးရကို တင္ျပသြားမွာျဖစ္ပါတယ္။

မႏၲေလးမွာ ေဆာင္႐ြက္ထားတဲ့ အစီအစဥ္ေတြက တ႐ုတ္ျပည္မွာလုပ္တဲ့ အစီစဥ္ေတြပဲျဖစ္တာမို႔ အားရတယ္လို႔ တ႐ုတ္အဖြဲ႕ကေျပာသြားေၾကာင္း ျမန္မာႏိုင္ငံ ဆရာဝန္အသင္း( မႏၲေလးတိုင္း) အလုပ္အမႈေဆာင္အဖြဲ႕ရဲ႕ ဒုတိယ ဥကၠ႒ ေဒါက္တာ ခင္ေမာင္ေက်ာ္က ေျပာပါတယ္။

“အႀကံဉာဏ္ေပးတာ သိပ္မရွိဘူး၊ ဒီကလုပ္ေနတဲ့ အစီစဥ္ကို သူတို႔သေဘာက်တယ္။ ျဖန္းတဲ့ပစၥည္းမွာ အယ္လ္ကိုေဟာပါတဲ့အတြက္ မီးေလာင္ႏိုင္တာမို႔ ေျပာင္းသုံးဖို႔ ေျပာပါတယ္“

တ႐ုတ္ႏိုင္ငံက ေရာက္လာတဲ့ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္အဖြဲ႕ဟာဆိုရင္ ျမန္မာႏိုင္ငံကို အခု ၈ ရက္ ေန႔က စတင္ေရာက္ရွိေနတာျဖစ္ၿပီး ရန္ကုန္၊ မႏၲေလးနဲ႔ ေနျပည္ေတာ္က ကို႐ိုဗိုင္းရပ္စ္ ေစာင့္ၾကည့္စခန္းေတြကို ေလ့လာဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က စတင္ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါဟာ ကမာၻ႔ေနရာအႏွံ႔အျပားမွာ ကူးစက္မႈနဲ႔ ေသဆုံးသူေတြ ေန႔စဥ္ျမင့္တက္ေနတာေၾကာင့္ ျမန္မာႏိုင္ငံမွာဆိုရင္လည္း ရပ္ကြက္အတြင္းမွာ ဖြင့္လွစ္ထားတဲ့ အေထြေထြ ေရာဂါကုေဆးခန္းေတြဟာ ေရာဂါကူးစက္မွာစိုးရိမ္ၿပီး လူနာၾကည့္ရႈ ကုသေပးတာေတြ ရပ္နားၿပီး ေဆးခန္းပိတ္တာေတြ ရွိလာပါတယ္။

ဒီအေျခေနေတြကို ေျဖရွင္းဖို႔အတြက္ အခမဲ့ကုသေပးတဲ့ ဖ်ားနာေရာဂါကုသေရးစခန္း ေရွ႕ေျပးစခန္းတစ္ခုကို ခ်မ္းျမသာစည္ၿမိဳ႕နယ္မွာ အခုလ ၈ ရက္ေန႔က စတင္စမ္းသပ္ ဖြင့္လွစ္ေပးေနပါတယ္။

အေထြေထြေရာဂါကုေဆးခန္းေတြ ပိတ္လိုက္တဲ့အတြက္ ျဖစ္ေပၚလာတဲ့ က်န္းမာေရးအခက္အခဲေတြ ေျဖရွင္းႏိုင္ေရးအတြက္ လိုအပ္လာတယ္လို႔ ျမန္မာႏိုင္ငံ ဆရာဝန္အသင္း အေထြေထြေရာဂါကု ဆရာဝန္အဖြဲ႕ရဲ႕ ဥကၠ႒ ေဒါက္တာေနဝင္း က ေျပာပါတယ္။

“ဖ်ားတဲ့လူနာတင္ မကဘဲ တျခား ေသြးတိုးတို႔၊ ဆီခ်ိဳတို႔ တျခားေရာဂါျပသတဲ့ လူနာေတြ အခက္ခဲျဖစ္ လာမွာစိုးတယ္။ ဒါေၾကာင့္မို႔ ဖ်ားတဲ့သူေတြကို သီးသန႔္ၾကည့္ႏိုင္တဲ့ ေဆးခန္း သပ္သပ္လုပ္မယ္ဆိုၿပီး စိတ္ကူးမိတဲ့အတြက္ ဖြင့္ဖို႔ႀကိဳးစားတာျဖစ္ပါတယ္”

ဒီလိုေဆးခန္းေတြကို မႏၲေလးၿမိဳ႕က ၿမိဳ႕နယ္ငါးၿမိဳ႕နယ္မွာဖြင့္လွစ္ဖို႔ စီစဥ္ထားၿပီး ေနာက္ထပ္ေဆးခန္းေတြကို ဒီရက္ပိုင္းေတြအတြင္းမွာပဲ ဖြင့္သြားမွာျဖစ္ပါတယ္။

ကိုယ္ပူလာတယ္ဆိုရင္ကို စိတ္ပူလာၾကတဲ့အတြက္ ေဆးခန္းလာျပၾကတယ္လို႔ ကိုယ္အပူခ်ိန္ တက္ေနသူေတြကို ကုသေပးေနတဲ့ ေဆးခန္းက တာဝန္ခံ ေဒါက္တာပန္းဇာျဖဴက ေျပာပါတယ္။

“ေၾကာက္ေတာ့ လာျပၾကတယ္။ အရင္ရင္က ဖ်ားရင္ကို လာစစ္ၾကတယ္။ တစ္ေန႔ကို ဆယ္ေယာက္၊ ဆယ္ငါးေယာက္ေလာက္ စစ္ေပးရတယ္။ အဲဒီထဲကမွ ထူးျခားတာေတာ့ မေတြ႕ရေသးပါဘူး“ လို႔ ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္တားဆီးေရးနဲ႔ ပတ္သက္ၿပီး လုပ္အားေပး ကူညီေဆာင္႐ြက္ဖို႔အတြက္ စားရင္းေပး သြင္းထားတဲ့ ဆရာဝန္ေပါင္း ၃၀၀ ေက်ာ္ရွိတယ္လို႔ သိရပါတယ္။

မႏၲေလးတိုင္းမွာဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ရွိ၊ မရွိ ေစာင့္ၾကည့္စခန္းဝင္ေနသူ ငါးေထာင္ေက်ာ္ရွိတယ္လို႔ မႏၲေလးတိုင္း အစိုးရအဖြဲ႕က ထုတ္ျပန္ထားပါတယ္။

ေခမဏီဝင္း /  / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------------------
တရုတ် ဆေးပညာရှင်အဖွဲ့ မန္တလေးမှာ ကူညီဆောင်ရွက်နေ

တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ မန္တလေးမြို့ကိုရောက်ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စောင့်ကြည့်တဲ့စခန်းတွေ၊ ဖျားနာရောဂါ ကုသပေးတဲ့ ဆေးခန်းတွေကို လာရောက် လေ့လာနေပါတယ်။

အဖွဲ့ဝင် ၁၂ ဦးပါတဲ့ တရုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ မနေ့က မန္တလေးမြို့ကို ရောက်ရှိလာ ပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရှုနေရာမှာ တွေ့ရှိတဲ့အချက်တွေနဲ့ အကြံပေးချက် တွေကို မန္တလေးတိုင်းအစိုးရကို တင်ပြသွားမှာဖြစ်ပါတယ်။

မန္တလေးမှာ ဆောင်ရွက်ထားတဲ့ အစီအစဉ်တွေက တရုတ်ပြည်မှာလုပ်တဲ့ အစီစဉ်တွေပဲဖြစ်တာမို့ အားရတယ်လို့ တရုတ်အဖွဲ့ကပြောသွားကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း( မန္တလေးတိုင်း) အလုပ်အမှုဆောင်အဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ကျော်က ပြောပါတယ်။

“အကြံဉာဏ်ပေးတာ သိပ်မရှိဘူး၊ ဒီကလုပ်နေတဲ့ အစီစဉ်ကို သူတို့သဘောကျတယ်။ ဖြန်းတဲ့ပစ္စည်းမှာ အယ်လ်ကိုဟောပါတဲ့အတွက် မီးလောင်နိုင်တာမို့ ပြောင်းသုံးဖို့ ပြောပါတယ်“

တရုတ်နိုင်ငံက ရောက်လာတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာဆိုရင် မြန်မာနိုင်ငံကို အခု ၈ ရက် နေ့က စတင်ရောက်ရှိနေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က ကိုရိုဗိုင်းရပ်စ် စောင့်ကြည့်စခန်းတွေကို လေ့လာဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ ကူးစက်မှုနဲ့ သေဆုံးသူတွေ နေ့စဉ်မြင့်တက်နေတာကြောင့် မြန်မာနိုင်ငံမှာဆိုရင်လည်း ရပ်ကွက်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ အထွေထွေ ရောဂါကုဆေးခန်းတွေဟာ ရောဂါကူးစက်မှာစိုးရိမ်ပြီး လူနာကြည့်ရှု ကုသပေးတာတွေ ရပ်နားပြီး ဆေးခန်းပိတ်တာတွေ ရှိလာပါတယ်။

ဒီအခြေနေတွေကို ဖြေရှင်းဖို့အတွက် အခမဲ့ကုသပေးတဲ့ ဖျားနာရောဂါကုသရေးစခန်း ရှေ့ပြေးစခန်းတစ်ခုကို ချမ်းမြသာစည်မြို့နယ်မှာ အခုလ ၈ ရက်နေ့က စတင်စမ်းသပ် ဖွင့်လှစ်ပေးနေပါတယ်။

အထွေထွေရောဂါကုဆေးခန်းတွေ ပိတ်လိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးအခက်အခဲတွေ ဖြေရှင်းနိုင်ရေးအတွက် လိုအပ်လာတယ်လို့ မြန်မာနိုင်ငံ ဆရာဝန်အသင်း အထွေထွေရောဂါကု ဆရာဝန်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒေါက်တာနေဝင်း က ပြောပါတယ်။

“ဖျားတဲ့လူနာတင် မကဘဲ တခြား သွေးတိုးတို့၊ ဆီချိုတို့ တခြားရောဂါပြသတဲ့ လူနာတွေ အခက်ခဲဖြစ် လာမှာစိုးတယ်။ ဒါကြောင့်မို့ ဖျားတဲ့သူတွေကို သီးသန့်ကြည့်နိုင်တဲ့ ဆေးခန်း သပ်သပ်လုပ်မယ်ဆိုပြီး စိတ်ကူးမိတဲ့အတွက် ဖွင့်ဖို့ကြိုးစားတာဖြစ်ပါတယ်”

ဒီလိုဆေးခန်းတွေကို မန္တလေးမြို့က မြို့နယ်ငါးမြို့နယ်မှာဖွင့်လှစ်ဖို့ စီစဉ်ထားပြီး နောက်ထပ်ဆေးခန်းတွေကို ဒီရက်ပိုင်းတွေအတွင်းမှာပဲ ဖွင့်သွားမှာဖြစ်ပါတယ်။

ကိုယ်ပူလာတယ်ဆိုရင်ကို စိတ်ပူလာကြတဲ့အတွက် ဆေးခန်းလာပြကြတယ်လို့ ကိုယ်အပူချိန် တက်နေသူတွေကို ကုသပေးနေတဲ့ ဆေးခန်းက တာဝန်ခံ ဒေါက်တာပန်းဇာဖြူက ပြောပါတယ်။

“ကြောက်တော့ လာပြကြတယ်။ အရင်ရင်က ဖျားရင်ကို လာစစ်ကြတယ်။ တစ်နေ့ကို ဆယ်ယောက်၊ ဆယ်ငါးယောက်လောက် စစ်ပေးရတယ်။ အဲဒီထဲကမှ ထူးခြားတာတော့ မတွေ့ရသေးပါဘူး“ လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးနဲ့ ပတ်သက်ပြီး လုပ်အားပေး ကူညီဆောင်ရွက်ဖို့အတွက် စားရင်းပေး သွင်းထားတဲ့ ဆရာဝန်ပေါင်း ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းမှာဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရှိ၊ မရှိ စောင့်ကြည့်စခန်းဝင်နေသူ ငါးထောင်ကျော်ရှိတယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ခေမဏီဝင်း /  / ဗွီအိုအေ (မြန်မာပိုင်း)
https://www.rfa.org/burmese/news/coronavirus-in-mdy-04152020032752.html
တ႐ုတ္ ေဆးပညာရွင္အဖြဲ႕ မႏၲေလးမွာ ကူညီေဆာင္႐ြက္ေန တ႐ုတ္ ေဆးပညာရွင္အဖြဲ႕ မႏၲေလးမွာ ကူညီေဆာင္႐ြက္ေန Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.