ကို႐ုိနာဗိုင္းရပ္စ္ ရာသီလိုက္ ျပန္လာႏုိင္ဖြယ္ရွိ

ဒိန္းမတ္ႏုိင္ငံ ကိုပင္ေဟဂင္ၿမိဳ႕ ဓာတ္ခြဲခန္းတခုတြင္ ကို႐ိုနာဗုိင္းရပ္စ္ေဆး စမ္းသပ္စစ္ေဆးေနသည့္ ပညာရွင္မ်ား။ (မတ္ ၂၃၊ ၂၀၂၀)
(Zawgyi / Unicode)

ၿပီးခဲ့တဲ့ ရက္သတၱ တပတ္အတြင္း ကမၻာေပၚမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူ တသန္းေက်ာ္ ရွိလာခဲ့ၿပီး လာမယ့္လေတြအတြင္းမွာ သန္းေပါင္း ဘယ္ေလာက္ဆုိတာ အတိအက် မသိရေပမယ့္ ဆက္လက္ ကူးစက္ႏုိင္တဲ့ အေျခအေနေတြ ရွိေနပါတယ္။ သိပၸံပညာရွင္ေတြကေတာ့ ဒီေရာဂါ ကာကြယ္ေရးအတြက္ ေဆးေတြ႔ရွိႏုိင္ေရး အျပင္းအထန္ ႀကိဳးပမ္းေနၾကပါတယ္။ ဗြီအုိေအသတင္းေထာက္ Carol Pearson ေပးပုိ႔ထားတဲ့ သတင္းလႊာကုိ ဦးေက်ာ္ဇံသာ တင္ျပေပးထားပါတယ္။

COVID-19 နဲ႔ ပတ္သက္ၿပီး သိပၸံပညာရွင္ေတြ မသိႏုိင္ေသးတဲ့ အခ်က္အလက္ေတြ အမ်ားႀကီး ရွိေနဆဲပါ။ ဒီေရာဂါ ဘယ္လိုပ်ံ႕ႏွံ႔ ကူးစက္တယ္ ဆုိတာကိုလည္း အတိအက်၊ အခုိင္အမာ သိရွိၾကေသးတာ မဟုတ္ပါဘူး။ ဒီလုိအခ်ိန္မ်ဳိးမွာ ဒီေရာဂါကာကြယ္ဖို႔ ကုထုံးဆုိတာကလည္း အခုိင္အမာ မသိရွိရေသးေတာ့ တကုိယ္ရည္သန္႔ရွင္းမႈကို ဂ႐ုစုိက္ဖို႔၊ လူအခ်င္းခ်င္း တေယာက္နဲ႔တေယာက္ ခပ္ခြာခြာေနၾကဖို႔ ဆုိတာေတြကပဲ သိရွိထားၿပီးသား ကာကြယ္ေရးနည္းလမ္းေတြ ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စု Baylor ေဆးေကာလိပ္က ေဒါက္တာ Peter Hotez ဟာ ကို႐ုိနာဗုိင္းရပ္စ္ ကာကြယ္ေဆး ေတြ႔ရွိဖုိ႔ SARS ေရာဂါ ပ်ံ႕ႏွံ႔ျဖစ္ပြားခ်ိန္ ၂၀၀၃ ခုႏွစ္မွာ စတင္လုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီေနာက္ပုိင္းမွာ သူ႔ရဲ႕ သုေတသနအတြက္ ရန္ပုံေငြ ကုန္ခန္းသြားခဲ့ပါတယ္။ ေနာက္ထပ္ ကုိ႐ိုနာဗုိင္းရပ္စ္ပုိးေတြဟာ ပိုမုိျဖစ္ထြန္းၿပီး ပ်ံ႕ႏံွ႔ကူးစက္လာႏုိင္ဖြယ္ ရွိတယ္၊ တခ်ဳိ႕ဟာ COVID-19 ေလာက္ မျပင္းထန္ဘဲ ခပ္ေပ်ာ့ေပ်ာ့ ျဖစ္ႏုိင္ေပမယ့္ တခ်ဳိ႕ကေတာ့ ဒီ့ထက္ပုိ ျပင္းထန္ၿပီး ေသေစႏုိင္ဖြယ္ ရွိတယ္လို႔လည္း သူက ဆုိပါတယ္။

“ကို႐ိုနာဗုိင္းရပ္စ္ ကပ္ေရာဂါဟာ ပုံမွန္ျဖစ္စဥ္အသစ္တခု A New Normal ျဖစ္ပါတယ္။ ၂၀၀၃ ခုႏွစ္တုန္းက SARS ေရာဂါျဖစ္တာ ႀကဳံခဲ့ရတယ္။ ဒီေနာက္ ၂၀၁၂ မွာ MERS ေရာဂါနဲ႔ ႀကဳံရျပန္တယ္။ အခုတခါ ဒီ ကုိ႐ိုနာဗုိင္းရပ္စ္နဲ႔ ႀကဳံလာရပါတယ္။ ဆုိေတာ့ ဆယ္စုႏွစ္တခုတုိင္း တခုတုိင္းမွာ အဓိက ကုိ႐ိုနာဗုိင္းရပ္စ္ အသစ္တမ်ဳိးစီ ႀကံဳလာရဖြယ္ ရွိေနတယ္” လုိ႔ ေဒါက္တာ Hotez က ေျပာသြားပါတယ္။

ဒါေတြကိုၾကည့္ရင္ ကုသေဆးတခု ေဖာ္ထုတ္ရမယ္ ဆုိတဲ့အခ်က္ဟာ လိုအပ္တာထက္ေတာင္ ပုိေနတဲ့ကိစၥ ျဖစ္ပါတယ္။ အခု ကုိ႐ိုနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္မႈ ေလ်ာ့က်သြားၿပီး ပုံမွန္အေျခအေန ျပန္ေရာက္လာသည့္တုိင္ေအာင္ ဆက္လက္လုပ္ေဆာင္ရမယ့္ ကိစၥလည္း ျဖစ္ပါတယ္။

“က်ေနာ္တုိ႔ဟာ တကမၻာလုံး က်န္းမာေရးအတြက္ လုိအပ္ခ်က္တခုအျဖစ္ ကာကြယ္ေဆး ေဖာ္ထုတ္ဖုိ႔ လုပ္ေဆာင္ေနရတာ ျဖစ္ပါတယ္။ ဒီဗုိင္းရပ္စ္ ကူးစက္မႈဟာ လူေတြ ႀကိတ္ႀကိတ္တုိးေနတဲ့ မြမ္ဘုိင္းတုိ႔ ကာလ္ကတၱားတို႔ ေဒလီတုိ႔လို ၿမိဳ႕ေတြရဲ႕ ဆင္းရဲသား ရပ္ကြက္ေတြထဲ ေရာက္ရွိသြားမွာ အထူးပဲ စုိးရိမ္ပါတယ္။ ဒီေနရာေတြမွာ Social Distancing လို႔ေခၚတဲ့ လူအခ်င္းခ်င္း ခပ္ခြာခြာ ခပ္လွမ္းလွမ္း ေနဖုိ႔ဆုိတာ ဘယ္လုိလုပ္ျဖစ္ႏုိင္ပါ့မလဲ။ ဒါေၾကာင့္ အိႏၵိယႏုိင္ငံလို ေဒသေတြအတြက္ ဒီကာကြယ္ေဆးဟာ သိပ္ကုိ အေရးႀကီးေနပါတယ္။ ဒါဟာ က်ေနာ္တုိ႔အဖို႔ ေလာေလာဆယ္မွာ အဓိက ဦးစားေပးကိစၥပဲ ျဖစ္ပါတယ္။” လုိ႔ ေဒါက္တာ Hotez က ေျပာသြားပါတယ္။

ေဒါက္တာ Hotez ဟာ ဒီေရာဂါ ျဖစ္ပြားသူေတြကို ကုသေရး က်န္းမာေရး ဝန္ထမ္းေတြကုိ အကာအကြယ္ ေပးႏုိင္ေရးအတြက္ ကို႐ိုနာဗုိင္းရပ္စ္ ကာကြယ္ေရး ေဆးရွာေဖြေတြ႔ရွိဖုိ႔ ႀကိဳးပမ္းေနတဲ့ သိပၸံပညာရွင္ေတြထဲက တဦးျဖစ္ပါတယ္။

ကမၻာ့ေနရာတုိင္းမွာ သန္႔ရွင္းတဲ့ေရ ရရွိႏုိင္တာ မဟုတ္ဘူး၊ COVID-19 ဟာ တေက်ာ့ျပန္လာႏုိင္တဲ့ အေျခအေန ရွိေနတယ္၊ လာမယ့္ႏွစ္ေတြမွာလည္း ကုိ႐ုိနာဗုိင္းရပ္စ္ ပုိးအသစ္ေတြ ေပါက္ဖြားလာႏုိင္တယ္လို႔ ယူဆထားသူတဦးလည္း ျဖစ္ပါတယ္။

ဦးေက်ာ္ဇံသာ  / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------------------------

ကိုရိုနာဗိုင်းရပ်စ် ရာသီလိုက် ပြန်လာနိုင်ဖွယ်ရှိ

(Unicode)

ပြီးခဲ့တဲ့ ရက်သတ္တ တပတ်အတွင်း ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တသန်းကျော် ရှိလာခဲ့ပြီး လာမယ့်လတွေအတွင်းမှာ သန်းပေါင်း ဘယ်လောက်ဆိုတာ အတိအကျ မသိရပေမယ့် ဆက်လက် ကူးစက်နိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီရောဂါ ကာကွယ်ရေးအတွက် ဆေးတွေ့ရှိနိုင်ရေး အပြင်းအထန် ကြိုးပမ်းနေကြပါတယ်။ ဗွီအိုအေသတင်းထောက် Carol Pearson ပေးပို့ထားတဲ့ သတင်းလွှာကို ဦးကျော်ဇံသာ တင်ပြပေးထားပါတယ်။

COVID-19 နဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ မသိနိုင်သေးတဲ့ အချက်အလက်တွေ အများကြီး ရှိနေဆဲပါ။ ဒီရောဂါ ဘယ်လိုပျံ့နှံ့ ကူးစက်တယ် ဆိုတာကိုလည်း အတိအကျ၊ အခိုင်အမာ သိရှိကြသေးတာ မဟုတ်ပါဘူး။ ဒီလိုအချိန်မျိုးမှာ ဒီရောဂါကာကွယ်ဖို့ ကုထုံးဆိုတာကလည်း အခိုင်အမာ မသိရှိရသေးတော့ တကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ဖို့၊ လူအချင်းချင်း တယောက်နဲ့တယောက် ခပ်ခွာခွာနေကြဖို့ ဆိုတာတွေကပဲ သိရှိထားပြီးသား ကာကွယ်ရေးနည်းလမ်းတွေ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု Baylor ဆေးကောလိပ်က ဒေါက်တာ Peter Hotez ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တွေ့ရှိဖို့ SARS ရောဂါ ပျံ့နှံ့ဖြစ်ပွားချိန် ၂၀၀၃ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ သူ့ရဲ့ သုတေသနအတွက် ရန်ပုံငွေ ကုန်ခန်းသွားခဲ့ပါတယ်။ နောက်ထပ် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေဟာ ပိုမိုဖြစ်ထွန်းပြီး ပျံ့နံှ့ကူးစက်လာနိုင်ဖွယ် ရှိတယ်၊ တချို့ဟာ COVID-19 လောက် မပြင်းထန်ဘဲ ခပ်ပျော့ပျော့ ဖြစ်နိုင်ပေမယ့် တချို့ကတော့ ဒီ့ထက်ပို ပြင်းထန်ပြီး သေစေနိုင်ဖွယ် ရှိတယ်လို့လည်း သူက ဆိုပါတယ်။

“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ ပုံမှန်ဖြစ်စဉ်အသစ်တခု A New Normal ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက SARS ရောဂါဖြစ်တာ ကြုံခဲ့ရတယ်။ ဒီနောက် ၂၀၁၂ မှာ MERS ရောဂါနဲ့ ကြုံရပြန်တယ်။ အခုတခါ ဒီ ကိုရိုနာဗိုင်းရပ်စ်နဲ့ ကြုံလာရပါတယ်။ ဆိုတော့ ဆယ်စုနှစ်တခုတိုင်း တခုတိုင်းမှာ အဓိက ကိုရိုနာဗိုင်းရပ်စ် အသစ်တမျိုးစီ ကြုံလာရဖွယ် ရှိနေတယ်” လို့ ဒေါက်တာ Hotez က ပြောသွားပါတယ်။

ဒါတွေကိုကြည့်ရင် ကုသဆေးတခု ဖော်ထုတ်ရမယ် ဆိုတဲ့အချက်ဟာ လိုအပ်တာထက်တောင် ပိုနေတဲ့ကိစ္စ ဖြစ်ပါတယ်။ အခု ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှု လျော့ကျသွားပြီး ပုံမှန်အခြေအနေ ပြန်ရောက်လာသည့်တိုင်အောင် ဆက်လက်လုပ်ဆောင်ရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။

“ကျနော်တို့ဟာ တကမ္ဘာလုံး ကျန်းမာရေးအတွက် လိုအပ်ချက်တခုအဖြစ် ကာကွယ်ဆေး ဖော်ထုတ်ဖို့ လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ် ကူးစက်မှုဟာ လူတွေ ကြိတ်ကြိတ်တိုးနေတဲ့ မွမ်ဘိုင်းတို့ ကာလ်ကတ္တားတို့ ဒေလီတို့လို မြို့တွေရဲ့ ဆင်းရဲသား ရပ်ကွက်တွေထဲ ရောက်ရှိသွားမှာ အထူးပဲ စိုးရိမ်ပါတယ်။ ဒီနေရာတွေမှာ Social Distancing လို့ခေါ်တဲ့ လူအချင်းချင်း ခပ်ခွာခွာ ခပ်လှမ်းလှမ်း နေဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ ဒါကြောင့် အိန္ဒိယနိုင်ငံလို ဒေသတွေအတွက် ဒီကာကွယ်ဆေးဟာ သိပ်ကို အရေးကြီးနေပါတယ်။ ဒါဟာ ကျနော်တို့အဖို့ လောလောဆယ်မှာ အဓိက ဦးစားပေးကိစ္စပဲ ဖြစ်ပါတယ်။” လို့ ဒေါက်တာ Hotez က ပြောသွားပါတယ်။

ဒေါက်တာ Hotez ဟာ ဒီရောဂါ ဖြစ်ပွားသူတွေကို ကုသရေး ကျန်းမာရေး ဝန်ထမ်းတွေကို အကာအကွယ် ပေးနိုင်ရေးအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ဆေးရှာဖွေတွေ့ရှိဖို့ ကြိုးပမ်းနေတဲ့ သိပ္ပံပညာရှင်တွေထဲက တဦးဖြစ်ပါတယ်။

ကမ္ဘာ့နေရာတိုင်းမှာ သန့်ရှင်းတဲ့ရေ ရရှိနိုင်တာ မဟုတ်ဘူး၊ COVID-19 ဟာ တကျော့ပြန်လာနိုင်တဲ့ အခြေအနေ ရှိနေတယ်၊ လာမယ့်နှစ်တွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် ပိုးအသစ်တွေ ပေါက်ဖွားလာနိုင်တယ်လို့ ယူဆထားသူတဦးလည်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/coronavirus-vaccine-urgent/5361325.html
ကို႐ုိနာဗိုင္းရပ္စ္ ရာသီလိုက္ ျပန္လာႏုိင္ဖြယ္ရွိ ကို႐ုိနာဗိုင္းရပ္စ္ ရာသီလိုက္ ျပန္လာႏုိင္ဖြယ္ရွိ Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.