ရန္ကုန္တိုင္းၿမိဳ႕နယ္ေတြ ည မထြက္ရ တားျမစ္မိန႔္ ထုတ္ျပန္

ရန္ကုန္တိုင္း၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ အင္းစိန္လမ္းမကို ၂၀၁၉၊ ဂ်ဴလိုင္ ၁၀ ရက္ေန႔က ျမင္ေတြ႕ရစဥ္ / ဓာတ္ပုံ - ေက်ာ္ဇင္သန္း/ RFA
ရန္ကုန္တိုင္းအတြင္းက ၿမိဳ႕နယ္ ၄၄ ၿမိဳ႕နယ္ကို ဒီေန႔ ဧၿပီလ ၁၈ ရက္ေန႔က စတင္ၿပီး ည ၁၀ နာရီကေန မနက္ ၄ နာရီအထိ ညမထြက္ရအမိန႔္ တိုင္းအစိုးရက ထုတ္ျပန္လိုက္ၿပီး ၿမိဳ႕နယ္ ခုႏွစ္ၿမိဳ႕နယ္ကိုလည္း အျပင္မထြက္ဘဲ ေနအိမ္မွာ ေနထိုင္ၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ အမိန႔္ထုတ္ျပန္လိုက္ပါတယ္။

ရန္ကုန္တိုင္းအတြင္း ကိုကိုးကြၽန္းၿမိဳ႕နယ္ကလြဲၿပီး က်န္တဲ့ ၄၄ ၿမိဳ႕နယ္ကို ည ၁၀ နာရီကေန မနက္ ၄ နာရီအထိ ညမထြက္ရအမိန႔္ ဒီေန႔က စတင္ၿပီး တိုင္းေဒသႀကီးအစိုးရက ထုတ္ျပန္လိုက္ပါတယ္။

ဒီကေန႔ ဧၿပီလ ၁၈ ရက္ မနက္ ၁၀ နာရီက က်န္းမာေရးဝန္ႀကီးဌာနကေန ကို႐ိုနာဗိုင္းရပ္စ္ ပိုးေတြ႕ လူနာ ၉၄ ဦး ရွိၿပီျဖစ္ကာ ရန္ကုန္တိုင္းက ပိုးေတြ႕လူနာ ၇၆ ေယာက္နဲ႔ အမ်ားဆုံး ရွိေနပါတယ္။

လက္ရွိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ထိန္းခ်ဳပ္လိုတာေၾကာင့္ ညမထြက္ရအမိန႔္ ထုတ္ျပန္တာျဖစ္တယ္လို႔ ရန္ကုန္တိုင္း လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ ဒီ ၁၈ ရက္ေန႔ကစၿပီး အသက္ဝင္တာပါ။ ဆယ္နာရီကေန မနက္ ေလးနာရီအထိေပါ့၊ ညမထြက္ရ အမိန႔္ထုတ္ထားတာျဖစ္ပါတယ္။ ကိုကိုးကြၽန္းတစ္ခုပဲ မပါတာပါ က်န္တဲ့ ၄၄ ၿမိဳ႕နယ္လုံး ပါပါတယ္။ ဒါေပမဲ့ အေရးႀကီးကိစၥေပါ့ဗ်ာ ဥပမာ က်န္းမာေရးလိုကိစၥမ်ိဳး အျခားကိစၥမ်ိဳးေတြ ရွိမွာေပါ့။ အဲလို အေရးႀကီးကိစၥေတြဆိုရင္ အုပ္ခ်ဳပ္ေရးအဖြဲ႕က ခြင့္ျပဳခ်က္ ယူသြားလို႔ရပါတယ္။ ကြၽန္ေတာ္တို႔ အတင္းအၾကပ္ႀကီးေတာ့ မဟုတ္ဘူး။ က်န္းမာေရးနဲ႔ပတ္သက္လို႔ ထိန္းခ်ဳပ္ခ်င္တဲ့ အေနအထား ရွိလို႔သာ ကြၽန္ေတာ္တို႔က ဒီလို လုပ္တာျဖစ္ပါတယ္။”

အခ်ိန္ကာလ အတိုင္းအတာအရ ေနာက္ထပ္အမိန႔္ တစ္စုံတရာ မထုန္ျပန္ခင္အထိျဖစ္ၿပီး လိုက္နာမႈမရွိရင္ တည္ဆဲ ဥပေဒေတြနဲ႔ အေရးယူေဆာင္႐ြက္သြားမယ္လို႔ ဆိုပါတယ္။

မႏၲေလးတိုင္းနဲ႔ စစ္ကိုင္းတိုင္းေတြမွာလည္း ၿပီးခဲ့တဲ့ ရက္ပိုင္းက အခုလို ညမထြက္ရ တားျမစ္အမိန႔္ေတြ ထုတ္ျပန္ထားပါတယ္။

ပန္းဘဲတန္း၊ ဗဟန္း၊ မရမ္းကုန္း၊ ေတာင္ဥကၠလာ၊ အင္းစိန္၊ ေ႐ႊျပည္သာနဲ႔ လႈိင္သာယာ စတဲ့ ၿမိဳ႕နယ္ ခုႏွစ္ၿမိဳ႕နယ္ကို ေရာဂါကူးစက္ပ်ံႏွံ႔မႈကို ထိေရာက္စြာ ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ကိုယ့္အိမ္မွာကိုယ္ ေနထိုင္ၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီေန႔ အမိန႔္ထုတ္ျပန္လိုက္ပါတယ္။

ဗဟန္းၿမိဳ႕နယ္မွာလည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံမႈ ထိန္းခ်ဳပ္ႏိုင္ေရးနဲ႔ လုံၿခဳံေရးကိစၥ အထူးေဆာင္႐ြက္ဖို႔ Semi Lock Down လုပ္တာျဖစ္တယ္လို႔ ဗဟန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းျမင့္က ေျပာပါတယ္။

“ဒီဧၿပီလ ၁၈ ရက္ေန႔မွာ Semi Lock Down စလုပ္ပါတယ္။ လုပ္ရတဲ့ ရည္႐ြယ္ခ်က္ကေတာ့ Covid-19 ေရာဂါ မျပန႔္ပြားေရးရယ္၊ လုံၿခဳံေရးကိစၥ အထူးေဆာင္႐ြက္ဖို႔ အဲဒီ ႏွစ္ခ်က္နဲ႔ ကြၽန္ေတာ္တို႔ ျပဳလုပ္ရတာ ျဖစ္ပါတယ္။ ဗဟန္းၿမိဳ႕နယ္အတြင္းမွာရွိတဲ့ ရပ္ကြက္ေတြနဲ႔ လမ္းသြယ္ေတြေပါ့ဗ်ာ၊ အမ်ားျပည္သူ သြားလာေနတဲ့ လမ္းမႀကီးေတြမပါ၊ လမ္းသြယ္ေတြကို ပိတ္မွာ ျဖစ္ပါတယ္။”

အလားတူ ပန္းဘဲတန္းၿမိဳ႕နယ္အတြင္းက နံပါတ္တပ္လမ္းေတြ အကုန္လုံးနီးပါး Semi Lock Down ခ်လိုက္ၿပီး ဗိုလ္ဆြန္ပက္လမ္းနဲ႔ ကုန္ေဈးတန္းလမ္းတို႔လို လမ္းမႀကီးေတြေတာ့ မပါဘူးလို႔ ပန္းဘဲတန္းၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသန္းႏိုင္ဦးက ေျပာပါတယ္။

“ဒီေန႔ ကြၽန္ေတာ္တို႔ ပန္းဘဲတန္းမွာ နံပါတ္တပ္တဲ့လမ္း ကိန္းဂဏန္းေတြတပ္ထားတဲ့ လမ္းေတြ အကုန္လုံး Semi Lock Down ခ်လိုက္ပါတယ္။ ဗိုလ္ဆြန္ပက္လမ္းတို႔ ကုန္ေဈးတန္းလမ္းတို႔ ၂၆ လမ္းေဈးေတာ့ က်န္ခဲ့ ပါတယ္ခင္ဗ်။ ရပ္ကြက္ထဲကို သူစိမ္းေပးမဝင္ေတာ့ပါဘူး။ ဒါကလည္း ကြၽန္ေတာ္တို႔ တိုင္းက လုပ္တဲ့ကိစၥ မဟုတ္ဘူး။ ေနျပည္ေတာ္က ၫြန္ၾကားခ်က္နဲ႔ လုပ္ရတာျဖစ္တဲ့ အတြက္ေၾကာင့္မို႔ အဓိကကေတာ့ ကို႐ိုနာဗိုင္း ရပ္စ္နဲ႔ ေသသြားတဲ့ လူနာေတြရွိတဲ့ ၿမိဳ႕နယ္အခ်ိဳ႕ကို Semi Lock Down လုပ္လိုက္တယ္လို႔ ၾကားပါတယ္။”

ပန္းဘဲတန္းၿမိဳ႕နယ္မွာ ရပ္ကြက္ ၁၁ ရပ္ကြက္ရွိၿပီး ရပ္ကြက္ေနျပည္သူေတြရဲ႕ လိုအပ္ခ်က္ရွိတဲ့ ဝယ္ယူမႈအခ်ိဳ႕ကို ရပ္မိရပ္ဖေတြနဲ႔ အုပ္ခ်ဳပ္ေရးမႉး၊ ရပ္ကြက္အတြင္း ဖြဲ႕စည္းထားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအဖြဲ႕က ေဆာင္႐ြက္ေပးသြားမယ္လို႔ ဦးသန္းႏိုင္ဦးက ေျပာပါတယ္။

အစိုးရဌာန အဖြဲ႕အစည္းေတြ၊ ကုမၸဏီ၊ စက္႐ုံ အလုပ္႐ုံေတြ တာဝန္ထမ္းေဆာင္ေနသူေတြကလြဲၿပီး အျပင္မထြက္ဖို႔၊ တစ္အိမ္ကို တစ္ေယာက္သာ ေဈးဝယ္ထြက္ဖို႔၊ ေဆး႐ုံေဆးခန္းေတြ သြားဖို႔ရွိပါက တစ္အိမ္ကို ႏွစ္ေယာက္သာ သြားေရာက္ဖို႔၊ ေနအိမ္ကေန အျပင္ကိုထြက္ရင္ ႏွာေခါင္းစီးတပ္ဖို႔နဲ႔ ျဖတ္သန္းခြင့္ျပဳတဲ့ ယာဥ္ေတြကိုသာ ျဖတ္သန္းခြင့္ျပဳဖို႔ ဒီအမိန႔္ထုတ္ျပန္ခ်က္မွာ ပါဝင္ပါတယ္။

တျခား အေရးေပၚကိစၥေတြနဲ႔ ေဈးဝယ္ထြက္ဖို႔၊ ေဆး႐ုံေဆးခန္းသြားဖို႔ သတ္မွတ္ဦးေရထက္ ပိုမယ္ဆိုရင္ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉးရဲ႕ ခြင့္ျပဳခ်က္နဲ႔ သြားလာရမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

သက္ဆိုင္ရာ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးေတြအေနနဲ႔ အစိုးရဌာနအဖြဲ႕အစည္း ကုမၸဏီ၊ စက္႐ုံအလုပ္႐ုံေတြက တာဝန္ထမ္းေဆာင္ၿပီး ျပန္လာသူေတြလြဲၿပီး ရပ္ကြက္ျပင္ပနဲ႔ ရပ္ကြက္အတြင္းကသူေတြ ဝင္ထြက္ခြင့္မျပဳဖို႔နဲ႔ အခု အမိန႔္ကိုမလိုက္နာပါက ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရးဥပေဒအရ အေရးယူေဆာင္႐ြက္သြားမယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက အမိန႔္ထုတ္ျပန္ထားပါတယ္။

ကရင္ျပည္နယ္ အစိုးရအဖြဲ႕က ျမဝတီၿမိဳ႕ ဒီေန႔က စတင္ၿပီး ညမထြက္ရအမိန္႔ ထုတ္ျပန္လိုက္သလို ၿပီးခဲ့တဲ့ ရက္ပိုင္းက မႏၲေလးတိုင္းနဲ႔ စစ္ကိုင္းတိုင္းေဒသေတြမွာလည္း အခုလို ညမထြက္ရ တားျမစ္အမိန္႔ေတြ ထုတ္ျပန္ထားပါတယ္။

ေနမ်ိဳးထြန္း / RFA Burmese
-------------------------------------------------
ရန်ကုန်တိုင်းမြို့နယ်တွေ ည မထွက်ရ တားမြစ်မိန့် ထုတ်ပြန်

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမကို ၂၀၁၉၊ ဂျူလိုင် ၁၀ ရက်နေ့က မြင်တွေ့ရစဉ် / ဓာတ်ပုံ - ကျော်ဇင်သန်း/ RFA

ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၄၄ မြို့နယ်ကို ဒီနေ့ ဧပြီလ ၁၈ ရက်နေ့က စတင်ပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် တိုင်းအစိုးရက ထုတ်ပြန်လိုက်ပြီး မြို့နယ် ခုနှစ်မြို့နယ်ကိုလည်း အပြင်မထွက်ဘဲ နေအိမ်မှာ နေထိုင်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းအတွင်း ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ကျန်တဲ့ ၄၄ မြို့နယ်ကို ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ဒီနေ့က စတင်ပြီး တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ ဧပြီလ ၁၈ ရက် မနက် ၁၀ နာရီက ကျန်းမာရေးဝန်ကြီးဌာနကနေ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ လူနာ ၉၄ ဦး ရှိပြီဖြစ်ကာ ရန်ကုန်တိုင်းက ပိုးတွေ့လူနာ ၇၆ ယောက်နဲ့ အများဆုံး ရှိနေပါတယ်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်လိုတာကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်တာဖြစ်တယ်လို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

“ကျွန်တော်တို့ ဒီ ၁၈ ရက်နေ့ကစပြီး အသက်ဝင်တာပါ။ ဆယ်နာရီကနေ မနက် လေးနာရီအထိပေါ့၊ ညမထွက်ရ အမိန့်ထုတ်ထားတာဖြစ်ပါတယ်။ ကိုကိုးကျွန်းတစ်ခုပဲ မပါတာပါ ကျန်တဲ့ ၄၄ မြို့နယ်လုံး ပါပါတယ်။ ဒါပေမဲ့ အရေးကြီးကိစ္စပေါ့ဗျာ ဥပမာ ကျန်းမာရေးလိုကိစ္စမျိုး အခြားကိစ္စမျိုးတွေ ရှိမှာပေါ့။ အဲလို အရေးကြီးကိစ္စတွေဆိုရင် အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုချက် ယူသွားလို့ရပါတယ်။ ကျွန်တော်တို့ အတင်းအကြပ်ကြီးတော့ မဟုတ်ဘူး။ ကျန်းမာရေးနဲ့ပတ်သက်လို့ ထိန်းချုပ်ချင်တဲ့ အနေအထား ရှိလို့သာ ကျွန်တော်တို့က ဒီလို လုပ်တာဖြစ်ပါတယ်။”

အချိန်ကာလ အတိုင်းအတာအရ နောက်ထပ်အမိန့် တစ်စုံတရာ မထုန်ပြန်ခင်အထိဖြစ်ပြီး လိုက်နာမှုမရှိရင် တည်ဆဲ ဥပဒေတွေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက အခုလို ညမထွက်ရ တားမြစ်အမိန့်တွေ ထုတ်ပြန်ထားပါတယ်။

ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ တောင်ဥက္ကလာ၊ အင်းစိန်၊ ရွှေပြည်သာနဲ့ လှိုင်သာယာ စတဲ့ မြို့နယ် ခုနှစ်မြို့နယ်ကို ရောဂါကူးစက်ပျံနှံ့မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ဖို့အတွက် ကိုယ့်အိမ်မှာကိုယ် နေထိုင်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ဗဟန်းမြို့နယ်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံမှု ထိန်းချုပ်နိုင်ရေးနဲ့ လုံခြုံရေးကိစ္စ အထူးဆောင်ရွက်ဖို့ Semi Lock Down လုပ်တာဖြစ်တယ်လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောပါတယ်။

“ဒီဧပြီလ ၁၈ ရက်နေ့မှာ Semi Lock Down စလုပ်ပါတယ်။ လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ Covid-19 ရောဂါ မပြန့်ပွားရေးရယ်၊ လုံခြုံရေးကိစ္စ အထူးဆောင်ရွက်ဖို့ အဲဒီ နှစ်ချက်နဲ့ ကျွန်တော်တို့ ပြုလုပ်ရတာ ဖြစ်ပါတယ်။ ဗဟန်းမြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်တွေနဲ့ လမ်းသွယ်တွေပေါ့ဗျာ၊ အများပြည်သူ သွားလာနေတဲ့ လမ်းမကြီးတွေမပါ၊ လမ်းသွယ်တွေကို ပိတ်မှာ ဖြစ်ပါတယ်။”

အလားတူ ပန်းဘဲတန်းမြို့နယ်အတွင်းက နံပါတ်တပ်လမ်းတွေ အကုန်လုံးနီးပါး Semi Lock Down ချလိုက်ပြီး ဗိုလ်ဆွန်ပက်လမ်းနဲ့ ကုန်ဈေးတန်းလမ်းတို့လို လမ်းမကြီးတွေတော့ မပါဘူးလို့ ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။

“ဒီနေ့ ကျွန်တော်တို့ ပန်းဘဲတန်းမှာ နံပါတ်တပ်တဲ့လမ်း ကိန်းဂဏန်းတွေတပ်ထားတဲ့ လမ်းတွေ အကုန်လုံး Semi Lock Down ချလိုက်ပါတယ်။ ဗိုလ်ဆွန်ပက်လမ်းတို့ ကုန်ဈေးတန်းလမ်းတို့ ၂၆ လမ်းဈေးတော့ ကျန်ခဲ့ ပါတယ်ခင်ဗျ။ ရပ်ကွက်ထဲကို သူစိမ်းပေးမဝင်တော့ပါဘူး။ ဒါကလည်း ကျွန်တော်တို့ တိုင်းက လုပ်တဲ့ကိစ္စ မဟုတ်ဘူး။ နေပြည်တော်က ညွန်ကြားချက်နဲ့ လုပ်ရတာဖြစ်တဲ့ အတွက်ကြောင့်မို့ အဓိကကတော့ ကိုရိုနာဗိုင်း ရပ်စ်နဲ့ သေသွားတဲ့ လူနာတွေရှိတဲ့ မြို့နယ်အချို့ကို Semi Lock Down လုပ်လိုက်တယ်လို့ ကြားပါတယ်။”

ပန်းဘဲတန်းမြို့နယ်မှာ ရပ်ကွက် ၁၁ ရပ်ကွက်ရှိပြီး ရပ်ကွက်နေပြည်သူတွေရဲ့ လိုအပ်ချက်ရှိတဲ့ ဝယ်ယူမှုအချို့ကို ရပ်မိရပ်ဖတွေနဲ့ အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အတွင်း ဖွဲ့စည်းထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအဖွဲ့က ဆောင်ရွက်ပေးသွားမယ်လို့ ဦးသန်းနိုင်ဦးက ပြောပါတယ်။

အစိုးရဌာန အဖွဲ့အစည်းတွေ၊ ကုမ္ပဏီ၊ စက်ရုံ အလုပ်ရုံတွေ တာဝန်ထမ်းဆောင်နေသူတွေကလွဲပြီး အပြင်မထွက်ဖို့၊ တစ်အိမ်ကို တစ်ယောက်သာ ဈေးဝယ်ထွက်ဖို့၊ ဆေးရုံဆေးခန်းတွေ သွားဖို့ရှိပါက တစ်အိမ်ကို နှစ်ယောက်သာ သွားရောက်ဖို့၊ နေအိမ်ကနေ အပြင်ကိုထွက်ရင် နှာခေါင်းစီးတပ်ဖို့နဲ့ ဖြတ်သန်းခွင့်ပြုတဲ့ ယာဉ်တွေကိုသာ ဖြတ်သန်းခွင့်ပြုဖို့ ဒီအမိန့်ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

တခြား အရေးပေါ်ကိစ္စတွေနဲ့ ဈေးဝယ်ထွက်ဖို့၊ ဆေးရုံဆေးခန်းသွားဖို့ သတ်မှတ်ဦးရေထက် ပိုမယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ သွားလာရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အစိုးရဌာနအဖွဲ့အစည်း ကုမ္ပဏီ၊ စက်ရုံအလုပ်ရုံတွေက တာဝန်ထမ်းဆောင်ပြီး ပြန်လာသူတွေလွဲပြီး ရပ်ကွက်ပြင်ပနဲ့ ရပ်ကွက်အတွင်းကသူတွေ ဝင်ထွက်ခွင့်မပြုဖို့နဲ့ အခု အမိန့်ကိုမလိုက်နာပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ် အစိုးရအဖွဲ့က မြဝတီမြို့ ဒီနေ့က စတင်ပြီး ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သလို ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသတွေမှာလည်း အခုလို ညမထွက်ရ တားမြစ်အမိန့်တွေ ထုတ်ပြန်ထားပါတယ်။

နေမျိုးထွန်း / RFA Burmese
https://www.rfa.org/burmese/news/curfew-in-yangon-04182020061456.html
ရန္ကုန္တိုင္းၿမိဳ႕နယ္ေတြ ည မထြက္ရ တားျမစ္မိန႔္ ထုတ္ျပန္ ရန္ကုန္တိုင္းၿမိဳ႕နယ္ေတြ ည မထြက္ရ တားျမစ္မိန႔္ ထုတ္ျပန္ Reviewed by THITHTOOLWIN on 17:53 Rating: 5
Powered by Blogger.