ကို႐ိုနာဗိုင္းရပ္စ္ တုံ႔ျပန္ပုံေတြ ႏႈိင္းယွဥ္ဖို႔ ဘာေၾကာင့္ ခက္တာလဲ

ဓာတ္ပုံ မူပိုင္ Getty Images
(Zawgyi)⤵⤵⤵

လူတိုင္းလိုလိုပဲ ကိုယ့္ႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ တုံ႔ျပန္မႈ အေျခအေနေတြက သူမ်ားႏိုင္ငံေတြနဲ႔ ယွဥ္ရင္ ဘယ္လို အေျခအေန ရွိသလဲ ဆိုတာ သိခ်င္ေနၾကမွာပါ။

ဒါေပမဲ့ အဲလို ႏႈိင္းယွဥ္မယ္ဆိုရင္ တူညီတဲ့ အခ်က္ခ်င္းပဲ ႏႈိင္းယွဥ္ဖို႔ လိုပါတယ္။

ဥပမာ အားျဖင့္ အေမရိကန္မွာ ကိုဗစ္-၁၉ ေၾကာင့္ ေသဆုံးသူ ဧၿပီ ၂၀ အထိ ေလးေသာင္းေက်ာ္ရွိပါၿပီ။ ဒါဟာ ဘယ္ႏိုင္ငံထက္မဆို မ်ားေနပါတယ္။

ဒါေပမဲ့ အေမရိကန္မွာက လူ သန္း ၃၃၀ ေတာင္ရွိပါတယ္။

အေနာက္ ဥေရာပက ႏိုင္ငံႀကီးငါးႏိုင္ငံ ျဖစ္တဲ့ ယူေက၊ ဂ်ာမနီ၊ ျပင္သစ္၊ အီတလီနဲ႔ စပိန္တို႔က လူဦးေရ ေပါင္းၾကည့္ရင္ သန္း ၃၂၀ ေလာက္ ရွိပါတယ္။

ဒီႏိုင္ငံေတြက အတည္ျပဳ ေသဆုံးသူက ဧၿပီ ၂၀ အထိဆိုရင္ ရွစ္ေသာင္းငါးေထာင္ ေက်ာ္သြားပါၿပီ။

ဒါေၾကာင့္ အခ်က္အလက္ တစ္ခုခ်င္းစီၾကည့္ရင္ အျဖစ္အပ်က္တစ္ခုလုံး ပုံမေပၚႏိုင္ပါဘူး။

အသုံးဝင္တဲ့ ႏႈိင္းယွဥ္မႈမ်ိဳး ျဖစ္ဖို႔ဆိုရင္ က်ယ္ျပန္႔တဲ့ အခ်က္ႏွစ္ခ်က္ကို ထည့္စဥ္းစားဖို႔ အက္ဒင္ဘရာ တကၠသိုလ္ အခ်က္အလက္ သိပၸံဌာနက ပါေမာကၡ ႐ိုလန္ ေကာင္းက ေျပာပါတယ္။

ရွိၿပီးတဲ့ အခ်က္အလက္ေတြက ႏႈိင္းယွဥ္လို႔ ရတာေတြလား။ ၿပီးေတာ့ အဲဒီအခ်က္အလက္ေတြက ကူးစက္မႈ ပတ္ဝန္းက်င္ အေျခအေနခ်င္း မတူညီတာမ်ိဳးမွာ ႏႈိင္းယွဥ္ဖို႔ ျဖစ္ႏိုင္သလား ဆိုတာေတြပါ။
ေသဆုံးသူ ေရတြက္ပုံ

ကိုဗစ္-၁၉ ေၾကာင့္ ေသဆုံးသူ စာရင္းကို ေရတြက္ပုံက တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ မတူပါဘူး။

ျပင္သစ္မွာဆိုရင္ ေန႔တိုင္းထုတ္တဲ့ ေသဆုံးစာရင္းမွာ သက္ႀကီးေစာင့္ေရွာက္ေရး ေဂဟာက ေသဆုံးသူေတြပါ ပါပါတယ္။ ဒါေပမဲ့ ယူေကက စာရင္းမွာေတာ့ ေဆး႐ုံေတြမွာ ေသဆုံးသူ စာရင္းပဲ ပါပါတယ္။

ေနာက္ၿပီး ေသဆုံးႏႈန္းနဲ႔ ဘယ္လို အေၾကာင္းေၾကာင့္ ေသဆုံးတယ္ဆိုတာကို ဘယ္လို စာရင္းျပဳစုၾကမယ္ဆိုတဲ့ ႏိုင္ငံတကာက လက္ခံထားတဲ့ စံႏႈန္း တစ္ခုလည္း မရွိပါဘူး။

အခ်က္အလက္ေတြထဲကို ပိုးစစ္ဖူးသူေတြကိုပဲ ထည့္မွာလား၊ ဒါမွမဟုတ္ သံသယရွိသူေတြကိုပါ ထည့္မလား၊ ေသဆုံးရတဲ့ အဓိက အေၾကာင္းအရင္းက ဗိုင္းရပ္စ္ ေၾကာင့္ ျဖစ္တာေတြကိုပဲ ထည့္မလား၊ ဒါမွမဟုတ္ ေသဆုံးစာရင္းမွာ ဗိုင္းရပ္စ္နဲ႔ ဆိုင္တာ တစ္ခုခု ထည့္ေဖာ္ျပတာနဲ႔ ထည့္မွာလား။
ေသဆုံးႏႈန္း

ေသဆုံးႏႈန္းအေၾကာင္း အမ်ားႀကီး အာ႐ုံစိုက္ၾကပါတယ္။ ဒါေပမဲ့ ေသဆုံးႏႈန္း တြက္ခ်က္ပုံကေတာ့ မ်ိဳးစုံ ျဖစ္ေနပါတယ္။

တစ္နည္းက ကူးစက္ခံရသူနဲ႔ ေသဆုံးသူ အခ်ိဳးပါ။ စစ္သမွ်ထဲက ပိုးေတြ႕သူအားလုံးနဲ႔ အဲဒီထဲက ဘယ္ေလာက္ေသသလဲကို အခ်ိဳးခ်ၾကည့္တာပါ။

ဒါေပမဲ့ ႏိုင္ငံေတြမွာ ပိုးစစ္တဲ့ပုံစံေတြက မတူပါဘူး။

ယူေကမွာဆိုရင္ ေဆး႐ုံတက္ရေလာက္ေအာင္ ေနမေကာင္းတဲ့သူေတြကိုပဲ အဓိကထား စစ္ပါတယ္။ ဒါက လူအမ်ားႀကီး စစ္တဲ့ ႏိုင္ငံေတြနဲ႔ သြားယွဥ္လိုက္ရင္ ေသဆုံးႏႈန္းက အမ်ားႀကီး ပိုမ်ားသြားမွာ ျဖစ္ပါတယ္။

ေနာက္တစ္ခုက ေသဆုံးသူ အေရအတြက္နဲ႔ ႏိုင္ငံလူဦးေရကို ႏႈိင္းယွဥ္တာပါ။ ဥပမာ လူတစ္သန္းမွာ ေသဆုံးသူ ဘယ္ေလာက္ဆိုတာမ်ိဳးနဲ႔ တြက္တဲ့ပုံစံပါ။

ဒါေပမဲ့ ႏိုင္ငံမွာ ကူးစက္မႈက ဘယ္အဆင့္ထိေရာက္ေနၿပီလဲဆိုတာနဲ႔ တစ္စိတ္တစ္ပိုင္း ဆိုင္ပါတယ္။ ဥပမာ ႏိုင္ငံတစ္ႏိုင္ရဲ႕ ပထမဆုံး ကူးစက္မႈက တစ္ကမာၻလုံးကူးစက္မႈရဲ႕ အစပိုင္းမွာ ျဖစ္ရင္ ေသဆုံးသူႏႈန္းက ေနာက္ပိုင္းမွာ တိုးလာႏိုင္ပါေသးတယ္။

ယူေက အစိုးရကေတာ့ ႏိုင္ငံေတြကို ႏႈိင္းယွဥ္တဲ့အခါ အဲဒီႏိုင္ငံရဲ႕ ေသဆုံးသူ နံပါတ္ ၅၀ ေရာက္မွ စၿပီး အဲဒီႏိုင္ငံ ဘယ္လို လုပ္ခဲ့သလဲဆိုတာကို ႏႈိင္းယွဥ္ပါတယ္။ အဲဒီနည္းမွာေတာင္ ျပႆနာ တခ်ိဳ႕ ရွိပါေသးတယ္။

ႏိုင္ငံတစ္ႏိုင္ငံက ေသဆုံးသူ ၅၀ ေလာက္ ေရာက္သြားၿပီဆိုရင္ ေနာက္ပိုင္း ဗိုင္းရပ္စ္ကို တုံ႔ျပန္ဖို႔ အခ်ိန္ပိုရသြားၿပီး ေသဆုံးသူလည္း ေလ်ာ့ေအာင္ လုပ္သြားႏိုင္သင့္ပါၿပီ။

အီရန္ႏိုင္ငံ တီဟီရန္က အမ်ိဳးသမီးတစ္ဦး

ႏိုင္ငံေရးေနာက္ခံ

ႏိုင္ငံေရးဖိႏွိပ္ တင္းတင္းၾကပ္ၾကပ္အုပ္ခ်ဳပ္တဲ့ ႏိုင္ငံေတြက အခ်က္အလက္ေတြကို ယုံရဖို႔က ပိုခက္ပါတယ္။

အခုထိ တ႐ုတ္နဲ႔ အီရန္လို ႏိုင္ငံေတြက ထုတ္ထားတဲ့ ေသဆုံးႏႈန္းေတြက တိက်ပါသလား။ ဘယ္သူမွ မသိႏိုင္ပါဘူး။

လူတစ္သန္းမွာ ေသဆုံးႏႈန္းနဲ႔ တြက္ၾကည့္မယ္ဆိုရင္ တ႐ုတ္ရဲ႕ ေသႏႈန္းက အင္မတန္ကို နည္းလြန္းပါတယ္။ ဝူဟန္မွာ ေသဆုံးႏႈန္း ေနာက္ထပ္ ၅၀ ရာခိုင္ႏႈန္းေလာက္ တိုးလာတယ္လို႔ စာရင္းထပ္ျပင္လိုက္တာေတာင္မွ နည္းလြန္းပါတယ္။

ဒါေၾကာင့္ အခ်က္အလက္ေတြ အကုန္လုံးကို တကယ္ပဲ ယုံၾကည္ႏိုင္ပါသလား
လူဦးေရ မတူညီမႈ

တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ လူဦးေရ ကြာျခားခ်က္လည္း ရွိပါတယ္။ ပထဝီအေနအထားအရ လူေတြ ပ်ံ႕ႏွံ႔ေနထိုင္ပုံက မတူႏိုင္ပါဘူး။ ေနရာ တစ္ေနရာအလိုက္ ပ်မ္းမွ်အသက္၊ ဘယ္ေနရာေတြမွာ လူေတြေနတယ္ဆိုတဲ့ လူမႈ ပထဝီ အခ်က္အလက္ေတြကို ထည့္စဥ္းစားဖို႔က အေရးႀကီးပါတယ္။

ယူေကနဲ႔ အိုင္ယာလန္ကို ႏႈိင္းယွဥ္မယ္ဆိုရင္ ျပႆနာရွိပါတယ္။ အိုင္ယာလန္မွာ လူသိပ္သည္းမႈ ပိုနည္းၿပီး အမ်ားစုက ေက်းလက္ေတြမွာ ေနပါတယ္။

ႏႈိင္းမယ္ဆိုရင္ လူသိပ္သည္းဆ နီးစပ္တဲ့ ၿမိဳ႕ခ်င္းယွဥ္ရပါမယ္။

ၿပီးေတာ့ ဘယ္လို အသက္အ႐ြယ္ေတြကို ႏႈိင္းယွဥ္တာလဲ ဆိုတာ ၾကည့္ရပါမယ္။

ဥေရာပနဲ႔ အာဖရိက ႏိုင္ငံေတြကို ေသဆုံးႏႈန္း ႏႈိင္းမယ္ဆိုရင္ မျဖစ္ႏိုင္ပါဘူး။ အာဖရိက ႏိုင္ငံေတြမွာ လူငယ္လူဦးေရ ပိုမ်ားၿပီး ကိုဗစ္-၁၉ ေၾကာင့္ ေသဆုံးသူေတြအမ်ားစုက အသက္ႀကီးသူေတြ ျဖစ္လို႔ပါ။
ဓာတ္ပုံ မူပိုင္ Getty Images

မတူတဲ့ က်န္းမာေရး ဝန္ေဆာင္မႈ စနစ္

ေနာက္တစ္ခုက ဥေရာပ ႏိုင္ငံအမ်ားစုမွာဆိုရင္ အာဖရိကႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားထက္ က်န္းမာေရး ရန္ပုံေငြ ပိုေတာင့္တင္းၾကပါတယ္

ဒါ့အျပင္ ႏိုင္ငံတစ္ႏိုင္ငံကို ကို႐ိုနာဗိုင္းရပ္စ္ ဘယ္ေလာက္ ဆိုးဆိုး႐ြား႐ြား ကူးစက္သလဲ၊ မတူတဲ့ ယဥ္ေက်းမႈ အေျခအေနေတြေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္ခြာခြာ ေနဖို႔ဆိုတာမ်ိဳးကို ဘယ္ေလာက္ လိုက္နာႏိုင္ၾကသလဲဆိုတာေတြလည္း ပါပါတယ္။

က်န္းမာေရး စနစ္ေတြက ကူးစက္ကပ္ေရာဂါကို ဘယ္ေလာက္ ႏိုင္ႏိုင္နင္းနင္း ထိန္းခ်ဳပ္သလဲဆိုတာမွာ သိသာထင္ရွားတဲ့ေနရာက ပါပါတယ္။ ဒါေပမဲ့ ႏိုင္ငံတိုင္းမွာ မတူျပန္ပါဘူး။

လူတိုင္းက ေဆးကုခံဖို႔ တက္တက္ႂကြႂကြရွိလား။ ေဆး႐ုံကိုေရာ လြယ္လြယ္ကူကူ ေရာက္ႏိုင္သလား။ ေကာင္းေကာင္းအကုခံရဖို႔ ပိုက္ဆံေပးဖို႔ လိုသလား။ ဒါေတြအကုန္လုံးက တစ္ေနရာနဲ႔ တစ္ေနရာ မတူပါဘူးလို႔ ေဆာက္သမ္ပတန္တကၠသိုလ္က ပါေမာကၡ အန္ဒီတတ္တမ္က ေျပာပါတယ္။

ေနာက္ထပ္ အေရးႀကီးတဲ့ အခ်က္တစ္ခ်က္က တျခားေရာဂါေတြပါ ရွိေနသလားဆိုတာပါ။ ဆီးခ်ိဳ၊ ႏွလုံးေရာဂါနဲ႔ ေသြးတိုးေရာဂါ စတဲ့ ေရာဂါအခံရွိသူေတြမွာ ကူးစက္ခံရသလားဆိုတာကို ၾကည့္ရမွာပါ။
ပိုးစစ္ေဆးမႈ

ကပ္ေရာဂါ အစပိုင္းမွာကတည္းက ေရာဂါပိုး ရွိမရွိ ႏိုင္ငံထဲမွာ မ်ားမ်ားစားစား စစ္တာ၊ ေနာက္ ပိုးရွိတဲ့သူနဲ႔ ထိေတြ႕သူေတြကို ရွာေဖြေဖာ္ထုတ္တာေတြ လုပ္ခဲ့တဲ့ ႏိုင္ငံေတြမွာ အခုခ်ိန္ထိေတာ့ ကူးစက္မႈႏႈန္း ေႏွးေအာင္ ေအာင္ေအာင္ျမင္ျမင္ လုပ္ႏိုင္တာ ေတြ႕ရပါတယ္။

ဆိုးဆိုး႐ြား႐ြား ျဖစ္ေနတဲ့ ႏိုင္ငံေတြနဲ႔ ယွဥ္ရင္ မ်ားမ်ားစစ္ခဲ့တဲ့ ဂ်ာမနီနဲ႔ ေတာင္ကိုရီးယား ႏွစ္ႏိုင္ငံစလုံးမွာ အခုခ်ိန္ထိ ေသဆုံးသူက အမ်ားႀကီး ပိုနည္းပါတယ္။
 ေတာင္ကိုရီးယားမွာ မ်ားမ်ားစစ္ႏိုင္ခဲ့တယ္

စစ္ႏႈန္းက ေသဆုံးႏႈန္းနည္းရတဲ့အေၾကာင္းကို ခန္႔မွန္းရာမွာ အသုံးဝင္တဲ့ အခ်က္အလက္ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။

ဒါေပမဲ့ စစ္ေဆးပုံကို ေရတြက္ပုံခ်င္းကလည္း မတူၾကျပန္ပါဘူး။ တခ်ိဳ႕က လူဘယ္ေလာက္ကို စစ္တယ္ဆိုတာ စာရင္းမွတ္တယ္။ တခ်ိဳ႕က လူတစ္ေယာက္တည္းကို ဘယ္ႏွႀကိမ္ ျပန္စစ္စစ္ အကုန္မွတ္တယ္။ တခ်ိဳ႕လူေတြအတြက္ အေျဖမွန္ရဖို႔ တစ္ခါထက္မက ပိုစစ္ၾကရတာေတြ ရွိေတာ့ စစ္သမွ် အႀကိမ္ေတြ ထည့္တာေတြလည္း ရွိပါတယ္။

ေနာက္တစ္ခုက ေဆး႐ုံေတြမွာနဲ႔ လူေတြၾကားမွာ ပိုးစစ္တဲ့ အခ်ိန္က စစ္သင့္တဲ့ အခ်ိန္ အခ်ိန္ကိုက္ျဖစ္ရဲ႕လားဆိုတာ ထည့္စဥ္းစားဖို႔ပါ။

ဂ်ာမနီနဲ႔ ေတာင္ကိုရီးယားမွာ အေစာႀကီးကတည္းက လူေတြ အမ်ားႀကီးကို စစ္လိုက္ေတာ့ ဒီႏိုင္ငံေတြက ဗိုင္းရပ္စ္ ဘယ္လို ျပန္႔ေနသလဲဆိုတာ သိသြားပါတယ္။

ဓာတ္ပုံ မူပိုင္ Getty Images

ဒါေပမဲ့ အီတလီမွာေတာ့ အမ်ားႀကီး စစ္ခဲ့ေပမဲ့ ေသဆုံးမႈႏႈန္းက ေတာ္ေတာ္မ်ားေနျပန္ပါတယ္။ အီတလီက ေရာဂါ ျဖစ္ႏႈန္း သိသိသာသာမ်ားလာမွ ပိုးစစ္တာေတြ စၿပီး တိုးလုပ္ခဲ့တာပါ။ ယူေကမွာလည္း အဲလိုပဲ လုပ္ခဲ့ပါတယ္။
ႏႈိင္းရတာခက္

ဒီေတာ့ အခုလို ႏႈိင္းယွဥ္ၾကည့္တာေတြက ဘာမ်ား အသုံးဝင္တာ ေတြ႕ရပါသလဲ။

သိခ်င္တာက ႏိုင္ငံတစ္ႏိုင္ငံက တျခားႏိုင္ငံထက္ ဘာလို႔ ပိုေကာင္းေကာင္း လုပ္ႏိုင္တာလဲဆိုတာနဲ႔ အဲဒီကေန ဘာသိသြားသလဲ ဆိုတာပါလို႔ ေအာက္စဖို႔ဒ္တကၠသိုလ္က ပါေမာကၡ ေဂ်ဆန္ အုခ္က ေျပာပါတယ္။

အခုခ်ိန္ထိေတာ့ ပိုးစစ္တာက အသိသာဆုံး ဥပမာပါပဲလို႔ ေျပာပါတယ္။

ဒါေပမဲ့ ဒီကပ္ေရာဂါ မၿပီးေသးသေ႐ြ႕ေတာ့ ဒီဗိုင္းရပ္စ္ကို ဘယ္ႏိုင္ငံက ပိုေကာင္းေကာင္း ကိုင္တြယ္ ေျဖရွင္းေနလဲဆိုတာ ေျပာႏိုင္မွာ မဟုတ္ပါဘူး။

အဲဒါက ေနာက္တစ္ခါအတြက္ သင္ခန္းစာေတြယူရမယ့္ အခ်ိန္ပါပဲလို႔ ပါေမာကၡ အုတ္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52396309
------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ပုံတွေ နှိုင်းယှဉ်ဖို့ ဘာကြောင့် ခက်တာလဲ

ဓာတ်ပုံ မူပိုင် Getty Images

လူတိုင်းလိုလိုပဲ ကိုယ့်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တုံ့ပြန်မှု အခြေအနေတွေက သူများနိုင်ငံတွေနဲ့ ယှဉ်ရင် ဘယ်လို အခြေအနေ ရှိသလဲ ဆိုတာ သိချင်နေကြမှာပါ။

ဒါပေမဲ့ အဲလို နှိုင်းယှဉ်မယ်ဆိုရင် တူညီတဲ့ အချက်ချင်းပဲ နှိုင်းယှဉ်ဖို့ လိုပါတယ်။

ဥပမာ အားဖြင့် အမေရိကန်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ဧပြီ ၂၀ အထိ လေးသောင်းကျော်ရှိပါပြီ။ ဒါဟာ ဘယ်နိုင်ငံထက်မဆို များနေပါတယ်။

ဒါပေမဲ့ အမေရိကန်မှာက လူ သန်း ၃၃၀ တောင်ရှိပါတယ်။

အနောက် ဥရောပက နိုင်ငံကြီးငါးနိုင်ငံ ဖြစ်တဲ့ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီနဲ့ စပိန်တို့က လူဦးရေ ပေါင်းကြည့်ရင် သန်း ၃၂၀ လောက် ရှိပါတယ်။

ဒီနိုင်ငံတွေက အတည်ပြု သေဆုံးသူက ဧပြီ ၂၀ အထိဆိုရင် ရှစ်သောင်းငါးထောင် ကျော်သွားပါပြီ။

ဒါကြောင့် အချက်အလက် တစ်ခုချင်းစီကြည့်ရင် အဖြစ်အပျက်တစ်ခုလုံး ပုံမပေါ်နိုင်ပါဘူး။

အသုံးဝင်တဲ့ နှိုင်းယှဉ်မှုမျိုး ဖြစ်ဖို့ဆိုရင် ကျယ်ပြန့်တဲ့ အချက်နှစ်ချက်ကို ထည့်စဉ်းစားဖို့ အက်ဒင်ဘရာ တက္ကသိုလ် အချက်အလက် သိပ္ပံဌာနက ပါမောက္ခ ရိုလန် ကောင်းက ပြောပါတယ်။

ရှိပြီးတဲ့ အချက်အလက်တွေက နှိုင်းယှဉ်လို့ ရတာတွေလား။ ပြီးတော့ အဲဒီအချက်အလက်တွေက ကူးစက်မှု ပတ်ဝန်းကျင် အခြေအနေချင်း မတူညီတာမျိုးမှာ နှိုင်းယှဉ်ဖို့ ဖြစ်နိုင်သလား ဆိုတာတွေပါ။
သေဆုံးသူ ရေတွက်ပုံ

ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စာရင်းကို ရေတွက်ပုံက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူပါဘူး။

ပြင်သစ်မှာဆိုရင် နေ့တိုင်းထုတ်တဲ့ သေဆုံးစာရင်းမှာ သက်ကြီးစောင့်ရှောက်ရေး ဂေဟာက သေဆုံးသူတွေပါ ပါပါတယ်။ ဒါပေမဲ့ ယူကေက စာရင်းမှာတော့ ဆေးရုံတွေမှာ သေဆုံးသူ စာရင်းပဲ ပါပါတယ်။

နောက်ပြီး သေဆုံးနှုန်းနဲ့ ဘယ်လို အကြောင်းကြောင့် သေဆုံးတယ်ဆိုတာကို ဘယ်လို စာရင်းပြုစုကြမယ်ဆိုတဲ့ နိုင်ငံတကာက လက်ခံထားတဲ့ စံနှုန်း တစ်ခုလည်း မရှိပါဘူး။

အချက်အလက်တွေထဲကို ပိုးစစ်ဖူးသူတွေကိုပဲ ထည့်မှာလား၊ ဒါမှမဟုတ် သံသယရှိသူတွေကိုပါ ထည့်မလား၊ သေဆုံးရတဲ့ အဓိက အကြောင်းအရင်းက ဗိုင်းရပ်စ် ကြောင့် ဖြစ်တာတွေကိုပဲ ထည့်မလား၊ ဒါမှမဟုတ် သေဆုံးစာရင်းမှာ ဗိုင်းရပ်စ်နဲ့ ဆိုင်တာ တစ်ခုခု ထည့်ဖော်ပြတာနဲ့ ထည့်မှာလား။
သေဆုံးနှုန်း

သေဆုံးနှုန်းအကြောင်း အများကြီး အာရုံစိုက်ကြပါတယ်။ ဒါပေမဲ့ သေဆုံးနှုန်း တွက်ချက်ပုံကတော့ မျိုးစုံ ဖြစ်နေပါတယ်။

တစ်နည်းက ကူးစက်ခံရသူနဲ့ သေဆုံးသူ အချိုးပါ။ စစ်သမျှထဲက ပိုးတွေ့သူအားလုံးနဲ့ အဲဒီထဲက ဘယ်လောက်သေသလဲကို အချိုးချကြည့်တာပါ။

ဒါပေမဲ့ နိုင်ငံတွေမှာ ပိုးစစ်တဲ့ပုံစံတွေက မတူပါဘူး။

ယူကေမှာဆိုရင် ဆေးရုံတက်ရလောက်အောင် နေမကောင်းတဲ့သူတွေကိုပဲ အဓိကထား စစ်ပါတယ်။ ဒါက လူအများကြီး စစ်တဲ့ နိုင်ငံတွေနဲ့ သွားယှဉ်လိုက်ရင် သေဆုံးနှုန်းက အများကြီး ပိုများသွားမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက သေဆုံးသူ အရေအတွက်နဲ့ နိုင်ငံလူဦးရေကို နှိုင်းယှဉ်တာပါ။ ဥပမာ လူတစ်သန်းမှာ သေဆုံးသူ ဘယ်လောက်ဆိုတာမျိုးနဲ့ တွက်တဲ့ပုံစံပါ။

ဒါပေမဲ့ နိုင်ငံမှာ ကူးစက်မှုက ဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာနဲ့ တစ်စိတ်တစ်ပိုင်း ဆိုင်ပါတယ်။ ဥပမာ နိုင်ငံတစ်နိုင်ရဲ့ ပထမဆုံး ကူးစက်မှုက တစ်ကမ္ဘာလုံးကူးစက်မှုရဲ့ အစပိုင်းမှာ ဖြစ်ရင် သေဆုံးသူနှုန်းက နောက်ပိုင်းမှာ တိုးလာနိုင်ပါသေးတယ်။

ယူကေ အစိုးရကတော့ နိုင်ငံတွေကို နှိုင်းယှဉ်တဲ့အခါ အဲဒီနိုင်ငံရဲ့ သေဆုံးသူ နံပါတ် ၅၀ ရောက်မှ စပြီး အဲဒီနိုင်ငံ ဘယ်လို လုပ်ခဲ့သလဲဆိုတာကို နှိုင်းယှဉ်ပါတယ်။ အဲဒီနည်းမှာတောင် ပြဿနာ တချို့ ရှိပါသေးတယ်။

နိုင်ငံတစ်နိုင်ငံက သေဆုံးသူ ၅၀ လောက် ရောက်သွားပြီဆိုရင် နောက်ပိုင်း ဗိုင်းရပ်စ်ကို တုံ့ပြန်ဖို့ အချိန်ပိုရသွားပြီး သေဆုံးသူလည်း လျော့အောင် လုပ်သွားနိုင်သင့်ပါပြီ။
ဓာတ်ပုံ မူပိုင် Getty Images
Image caption အီရန်နိုင်ငံ တီဟီရန်က အမျိုးသမီးတစ်ဦး
နိုင်ငံရေးနောက်ခံ

နိုင်ငံရေးဖိနှိပ် တင်းတင်းကြပ်ကြပ်အုပ်ချုပ်တဲ့ နိုင်ငံတွေက အချက်အလက်တွေကို ယုံရဖို့က ပိုခက်ပါတယ်။

အခုထိ တရုတ်နဲ့ အီရန်လို နိုင်ငံတွေက ထုတ်ထားတဲ့ သေဆုံးနှုန်းတွေက တိကျပါသလား။ ဘယ်သူမှ မသိနိုင်ပါဘူး။

လူတစ်သန်းမှာ သေဆုံးနှုန်းနဲ့ တွက်ကြည့်မယ်ဆိုရင် တရုတ်ရဲ့ သေနှုန်းက အင်မတန်ကို နည်းလွန်းပါတယ်။ ဝူဟန်မှာ သေဆုံးနှုန်း နောက်ထပ် ၅၀ ရာခိုင်နှုန်းလောက် တိုးလာတယ်လို့ စာရင်းထပ်ပြင်လိုက်တာတောင်မှ နည်းလွန်းပါတယ်။

ဒါကြောင့် အချက်အလက်တွေ အကုန်လုံးကို တကယ်ပဲ ယုံကြည်နိုင်ပါသလား
လူဦးရေ မတူညီမှု

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လူဦးရေ ကွာခြားချက်လည်း ရှိပါတယ်။ ပထဝီအနေအထားအရ လူတွေ ပျံ့နှံ့နေထိုင်ပုံက မတူနိုင်ပါဘူး။ နေရာ တစ်နေရာအလိုက် ပျမ်းမျှအသက်၊ ဘယ်နေရာတွေမှာ လူတွေနေတယ်ဆိုတဲ့ လူမှု ပထဝီ အချက်အလက်တွေကို ထည့်စဉ်းစားဖို့က အရေးကြီးပါတယ်။

ယူကေနဲ့ အိုင်ယာလန်ကို နှိုင်းယှဉ်မယ်ဆိုရင် ပြဿနာရှိပါတယ်။ အိုင်ယာလန်မှာ လူသိပ်သည်းမှု ပိုနည်းပြီး အများစုက ကျေးလက်တွေမှာ နေပါတယ်။

နှိုင်းမယ်ဆိုရင် လူသိပ်သည်းဆ နီးစပ်တဲ့ မြို့ချင်းယှဉ်ရပါမယ်။

ပြီးတော့ ဘယ်လို အသက်အရွယ်တွေကို နှိုင်းယှဉ်တာလဲ ဆိုတာ ကြည့်ရပါမယ်။

ဥရောပနဲ့ အာဖရိက နိုင်ငံတွေကို သေဆုံးနှုန်း နှိုင်းမယ်ဆိုရင် မဖြစ်နိုင်ပါဘူး။ အာဖရိက နိုင်ငံတွေမှာ လူငယ်လူဦးရေ ပိုများပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးသူတွေအများစုက အသက်ကြီးသူတွေ ဖြစ်လို့ပါ။
ဓာတ်ပုံ မူပိုင် Getty Images
မတူတဲ့ ကျန်းမာရေး ဝန်ဆောင်မှု စနစ်

နောက်တစ်ခုက ဥရောပ နိုင်ငံအများစုမှာဆိုရင် အာဖရိကနိုင်ငံ တော်တော်များများထက် ကျန်းမာရေး ရန်ပုံငွေ ပိုတောင့်တင်းကြပါတယ်

ဒါ့အပြင် နိုင်ငံတစ်နိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက် ဆိုးဆိုးရွားရွား ကူးစက်သလဲ၊ မတူတဲ့ ယဉ်ကျေးမှု အခြေအနေတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ နေဖို့ဆိုတာမျိုးကို ဘယ်လောက် လိုက်နာနိုင်ကြသလဲဆိုတာတွေလည်း ပါပါတယ်။

ကျန်းမာရေး စနစ်တွေက ကူးစက်ကပ်ရောဂါကို ဘယ်လောက် နိုင်နိုင်နင်းနင်း ထိန်းချုပ်သလဲဆိုတာမှာ သိသာထင်ရှားတဲ့နေရာက ပါပါတယ်။ ဒါပေမဲ့ နိုင်ငံတိုင်းမှာ မတူပြန်ပါဘူး။

လူတိုင်းက ဆေးကုခံဖို့ တက်တက်ကြွကြွရှိလား။ ဆေးရုံကိုရော လွယ်လွယ်ကူကူ ရောက်နိုင်သလား။ ကောင်းကောင်းအကုခံရဖို့ ပိုက်ဆံပေးဖို့ လိုသလား။ ဒါတွေအကုန်လုံးက တစ်နေရာနဲ့ တစ်နေရာ မတူပါဘူးလို့ ဆောက်သမ်ပတန်တက္ကသိုလ်က ပါမောက္ခ အန်ဒီတတ်တမ်က ပြောပါတယ်။

နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက်က တခြားရောဂါတွေပါ ရှိနေသလားဆိုတာပါ။ ဆီးချို၊ နှလုံးရောဂါနဲ့ သွေးတိုးရောဂါ စတဲ့ ရောဂါအခံရှိသူတွေမှာ ကူးစက်ခံရသလားဆိုတာကို ကြည့်ရမှာပါ။
ပိုးစစ်ဆေးမှု

ကပ်ရောဂါ အစပိုင်းမှာကတည်းက ရောဂါပိုး ရှိမရှိ နိုင်ငံထဲမှာ များများစားစား စစ်တာ၊ နောက် ပိုးရှိတဲ့သူနဲ့ ထိတွေ့သူတွေကို ရှာဖွေဖော်ထုတ်တာတွေ လုပ်ခဲ့တဲ့ နိုင်ငံတွေမှာ အခုချိန်ထိတော့ ကူးစက်မှုနှုန်း နှေးအောင် အောင်အောင်မြင်မြင် လုပ်နိုင်တာ တွေ့ရပါတယ်။

ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ ယှဉ်ရင် များများစစ်ခဲ့တဲ့ ဂျာမနီနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံစလုံးမှာ အခုချိန်ထိ သေဆုံးသူက အများကြီး ပိုနည်းပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption တောင်ကိုရီးယားမှာ များများစစ်နိုင်ခဲ့တယ်

စစ်နှုန်းက သေဆုံးနှုန်းနည်းရတဲ့အကြောင်းကို ခန့်မှန်းရာမှာ အသုံးဝင်တဲ့ အချက်အလက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ စစ်ဆေးပုံကို ရေတွက်ပုံချင်းကလည်း မတူကြပြန်ပါဘူး။ တချို့က လူဘယ်လောက်ကို စစ်တယ်ဆိုတာ စာရင်းမှတ်တယ်။ တချို့က လူတစ်ယောက်တည်းကို ဘယ်နှကြိမ် ပြန်စစ်စစ် အကုန်မှတ်တယ်။ တချို့လူတွေအတွက် အဖြေမှန်ရဖို့ တစ်ခါထက်မက ပိုစစ်ကြရတာတွေ ရှိတော့ စစ်သမျှ အကြိမ်တွေ ထည့်တာတွေလည်း ရှိပါတယ်။

နောက်တစ်ခုက ဆေးရုံတွေမှာနဲ့ လူတွေကြားမှာ ပိုးစစ်တဲ့ အချိန်က စစ်သင့်တဲ့ အချိန် အချိန်ကိုက်ဖြစ်ရဲ့လားဆိုတာ ထည့်စဉ်းစားဖို့ပါ။

ဂျာမနီနဲ့ တောင်ကိုရီးယားမှာ အစောကြီးကတည်းက လူတွေ အများကြီးကို စစ်လိုက်တော့ ဒီနိုင်ငံတွေက ဗိုင်းရပ်စ် ဘယ်လို ပြန့်နေသလဲဆိုတာ သိသွားပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images

ဒါပေမဲ့ အီတလီမှာတော့ အများကြီး စစ်ခဲ့ပေမဲ့ သေဆုံးမှုနှုန်းက တော်တော်များနေပြန်ပါတယ်။ အီတလီက ရောဂါ ဖြစ်နှုန်း သိသိသာသာများလာမှ ပိုးစစ်တာတွေ စပြီး တိုးလုပ်ခဲ့တာပါ။ ယူကေမှာလည်း အဲလိုပဲ လုပ်ခဲ့ပါတယ်။
နှိုင်းရတာခက်

ဒီတော့ အခုလို နှိုင်းယှဉ်ကြည့်တာတွေက ဘာများ အသုံးဝင်တာ တွေ့ရပါသလဲ။

သိချင်တာက နိုင်ငံတစ်နိုင်ငံက တခြားနိုင်ငံထက် ဘာလို့ ပိုကောင်းကောင်း လုပ်နိုင်တာလဲဆိုတာနဲ့ အဲဒီကနေ ဘာသိသွားသလဲ ဆိုတာပါလို့ အောက်စဖို့ဒ်တက္ကသိုလ်က ပါမောက္ခ ဂျေဆန် အုခ်က ပြောပါတယ်။

အခုချိန်ထိတော့ ပိုးစစ်တာက အသိသာဆုံး ဥပမာပါပဲလို့ ပြောပါတယ်။

ဒါပေမဲ့ ဒီကပ်ရောဂါ မပြီးသေးသရွေ့တော့ ဒီဗိုင်းရပ်စ်ကို ဘယ်နိုင်ငံက ပိုကောင်းကောင်း ကိုင်တွယ် ဖြေရှင်းနေလဲဆိုတာ ပြောနိုင်မှာ မဟုတ်ပါဘူး။

အဲဒါက နောက်တစ်ခါအတွက် သင်ခန်းစာတွေယူရမယ့် အချိန်ပါပဲလို့ ပါမောက္ခ အုတ်က ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52396309
ကို႐ိုနာဗိုင္းရပ္စ္ တုံ႔ျပန္ပုံေတြ ႏႈိင္းယွဥ္ဖို႔ ဘာေၾကာင့္ ခက္တာလဲ ကို႐ိုနာဗိုင္းရပ္စ္ တုံ႔ျပန္ပုံေတြ ႏႈိင္းယွဥ္ဖို႔ ဘာေၾကာင့္ ခက္တာလဲ Reviewed by THITHTOOLWIN on 19:34 Rating: 5
Powered by Blogger.