တစ္ကိုယ္ေရကာကြယ္ေရးသုံးဝတ္စုံ တစ္သိန္းေက်ာ္ကို ျမန္မာက ၿဗိတိန္ကို ပို႔

(Zawgyi)⤵⤵⤵
ၿဗိတိန္မွာ က်န္းမာေရးဝန္ထမ္းေတြအတြက္ တစ္ကိုယ္ေရကာကြယ္ေရးသုံးဝတ္စုံေတြျပတ္လပ္ေနခ်ိန္မွာ ျမန္မာႏိုင္ငံက အဲဒီဝတ္စုံ တစ္သိန္း ေလးေသာင္းေက်ာ္ကို ေပးပို႔ခဲ့ပါတယ္။

ၿဗိတိန္မွာ ဆရာဝန္၊ သူနာျပဳေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြအတြက္ တစ္ကိုယ္ေရကာကြယ္ေရးသုံးဝတ္စုံေတြ ဆိုးဆိုး႐ြား႐ြားျပတ္လပ္ေနပါတယ္။

ဒါဟာ တစ္ကမာၻလုံးရင္ဆိုင္ေနရတဲ့အၾကပ္အတည္းလည္း ျဖစ္တယ္လို႔ ၿဗိတိန္အာဏာပိုင္ေတြက ေျပာပါတယ္။

လက္ရွိမွာ ျမန္မာက ေရာက္လာတဲ့ PPE ဝတ္စုံ ၁၄၀,၀၀၀ ေက်ာ္နဲ႔ပတ္သက္ၿပီး ဘယ္လိုတင္ပို႔ေရာက္ရွိလာလဲဆိုတဲ့အေသးစိတ္အေျခအေနေတြကိုေတာ့ မသိရေသးပါဘူး။
 ၿဗိတိန္မွာ က်န္းမာေရးဝန္ထမ္းေတြအတြက္ တစ္ကိုယ္ေရကာကြယ္ေရးသုံးဝတ္စုံေတြ ဆိုးဆိုး႐ြား႐ြားျပတ္လပ္ေန
ျမန္မာမွာလည္း ကိုဗစ္၁၉ လူနာေတြကို အဓိကကုသေပးေနတဲ့ ရန္ကုန္က ေဝဘာဂီအထူးကုေဆး႐ုံႀကီးမွာ PPE ဝတ္စုံေတြ တစ္လစာေလာက္ပဲက်န္ေတာ့တယ္လို႔ အဲဒီေဆး႐ုံက ပါေမာကၡ ေဒါက္တာစပယ္ျဖဴက ေျပာၾကားထားပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကေတာ့ တိုင္းနဲ႔ျပည္နယ္အလိုက္ ေဆး႐ုံေတြကို ေရာဂါကာကြယ္ေရးသုံးပစၥည္းေတြေထာက္ပံ့ေပးထားမႈအေျခအေနကို မၾကာခဏ ထုတ္ျပန္ထားပါတယ္။

ၿဗိတိန္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၆,၅၀၀ ေက်ာ္ နဲ႔ ဗိုင္းရပ္စ္ ကူးစက္သူေပါင္း တစ္သိန္းေက်ာ္ (၁၂၄,၇၄၃) ရွိေနပါတယ္။

BBC Burmese
-----------------------------------------------
(Unicode)⤵⤵⤵
တစ်ကိုယ်ရေကာကွယ်ရေးသုံးဝတ်စုံ တစ်သိန်းကျော်ကို မြန်မာက ဗြိတိန်ကို ပို့

ဗြိတိန်မှာ ကျန်းမာရေးဝန်ထမ်းတွေအတွက် တစ်ကိုယ်ရေကာကွယ်ရေးသုံးဝတ်စုံတွေပြတ်လပ်နေချိန်မှာ မြန်မာနိုင်ငံက အဲဒီဝတ်စုံ တစ်သိန်း လေးသောင်းကျော်ကို ပေးပို့ခဲ့ပါတယ်။

ဗြိတိန်မှာ ဆရာဝန်၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် တစ်ကိုယ်ရေကာကွယ်ရေးသုံးဝတ်စုံတွေ ဆိုးဆိုးရွားရွားပြတ်လပ်နေပါတယ်။

ဒါဟာ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့အကြပ်အတည်းလည်း ဖြစ်တယ်လို့ ဗြိတိန်အာဏာပိုင်တွေက ပြောပါတယ်။

လက်ရှိမှာ မြန်မာက ရောက်လာတဲ့ PPE ဝတ်စုံ ၁၄၀,၀၀၀ ကျော်နဲ့ပတ်သက်ပြီး ဘယ်လိုတင်ပို့ရောက်ရှိလာလဲဆိုတဲ့အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

မြန်မာမှာလည်း ကိုဗစ်၁၉ လူနာတွေကို အဓိကကုသပေးနေတဲ့ ရန်ကုန်က ဝေဘာဂီအထူးကုဆေးရုံကြီးမှာ PPE ဝတ်စုံတွေ တစ်လစာလောက်ပဲကျန်တော့တယ်လို့ အဲဒီဆေးရုံက ပါမောက္ခ ဒေါက်တာစပယ်ဖြူက ပြောကြားထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ တိုင်းနဲ့ပြည်နယ်အလိုက် ဆေးရုံတွေကို ရောဂါကာကွယ်ရေးသုံးပစ္စည်းတွေထောက်ပံ့ပေးထားမှုအခြေအနေကို မကြာခဏ ထုတ်ပြန်ထားပါတယ်။

ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၆,၅၀၀ ကျော် နဲ့ ဗိုင်းရပ်စ် ကူးစက်သူပေါင်း တစ်သိန်းကျော် (၁၂၄,၇၄၃) ရှိနေပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52363875
တစ္ကိုယ္ေရကာကြယ္ေရးသုံးဝတ္စုံ တစ္သိန္းေက်ာ္ကို ျမန္မာက ၿဗိတိန္ကို ပို႔ တစ္ကိုယ္ေရကာကြယ္ေရးသုံးဝတ္စုံ တစ္သိန္းေက်ာ္ကို ျမန္မာက ၿဗိတိန္ကို ပို႔ Reviewed by THITHTOOLWIN on 10:08 Rating: 5
Powered by Blogger.