
ကူးစက်မှုမတွေ့ရပဲ ရှိနေရာက ရုရှားဘက်ကူးသူတွေဆီက ပြန်တွေ့လာရ




BBC Burmese
-----------------------------------------------
ကူးစက်သူပြန်များလာလို့ တရုတ်မှာ အဝင်အထွက် ကျပ်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ရုရှားနဲ့ ကပ်နေတဲ့ နယ်စပ်မှာ ကိုရိုနာ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အဝင်အထွက်တွေ တင်းကျပ်နေပါတယ်။

တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးခံရသူလူနာသစ် တရာကျော် ရှိလာပြီး အဲဒီထဲမှာ ရုရှားအရှေ့ဖျားကနေ အိမ်ပြန်လာကြတဲ့ တရုတ်နိုင်ငံသားတွေက တဝက်ကျော်ရှိတယ်လို့လည်း တရုတ်အစိုးရက ပြောပါတယ်။

အခုတော့ နယ်စပ်က ဟေလုန်ဂျန်း ပြည်နယ်မှာ နယ်ခြားစောင့်တွေ တိုးချထားပြီး အသစ် ဝင်လာသူတွေကို လေးပတ် သီးခြား ခွဲထားမှာဖြ စ်ပါတယ်။

လူနာသစ်တွေ အများကြီး တွေ့နေတဲ့ နယ်စပ်က ဆွေ့ဖန်ဟား မြို့လေးကိုလည်း တရုတ်အစိုးရက ဆေးအဖွဲ့ တဖွဲ့ လွှတ်ထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/52273176
ကူးစက်သူပြန်များလာလို့ တရုတ်မှာ အဝင်အထွက် ကျပ် ကူးစက်သူပြန်များလာလို့ တရုတ်မှာ အဝင်အထွက် ကျပ် Reviewed by THITHTOOLWIN on 03:56 Rating: 5
Powered by Blogger.