ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေမရိကန္မွာ ေသဆုံးသူ တစ္ေသာင္း ေက်ာ္သြားၿပီ


(Zawgyi)⤵⤵⤵
 ျမန္မာစံခ်ိန္ အဂၤါေန႔ မနက္ ၄ နာရီ ရရွိတဲ့စာရင္းေတြအရ ကမာၻတဝန္း ကို႐ိုနာဗိုင္းရပ္စ္ကူူးစက္သူ ၁၃၃ဝဝဝဝ ေက်ာ္နဲ႔ ေသဆုံးသူ ၇၄ဝဝဝ နီးပါးရွိၿပီး ျပန႔္ပြားမႈအမ်ားဆုံးျဖစ္ေနတဲ့ အေမရိကန္ျပည္ေထာင္စုမွာေတာ့ ကူးစက္ခံရသူ ၃ သိန္းခြဲေက်ာ္နဲ႔ ေသဆုံးသူ ၁ဝ၅ဝဝ ေက်ာ္ ရွိပါၿပီ။

အေမရိကန္ျပည္ေထာင္စုမွာ အဆိုးဝါးဆုံးကူးစက္ျဖစ္ပြားေနတဲ့ နယူးေယာက္ျပည္နယ္မွာ ေဆး႐ုံသုံးပစၥည္းေတြေရာ က်န္းမာေရးဝန္ထမ္း အေရအတြက္ပါ မလုံေလာက္မႈနဲ႔ ႀကဳံေတြ႕ေနရတယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။ နယူးေယာက္ၿမိဳ႕က ေဆး႐ုံဝန္ထမ္းတဦးက သူတို႔ေဆး႐ုံရဲ႕ လက္ရွိျမင္ကြင္းဟာ ဗိုင္းရပ္စ္လူနာေတြအျပည့္နဲ႔ အင္မတန္ ထိတ္လန႔္စရာ ႐ုပ္ရွင္တခုထဲက အတိုင္းပါပဲ လို႔ ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ဒီေရာဂါစတင္ျဖစ္ပြားခဲ့တဲ့ ဝါရွင္တန္ျပည္နယ္မွာ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးက သူတို႔ ပိုေနတဲ့ အသက္ရႉစက္ ၄ဝဝ ကို တျခား အေရးေပၚလိုအပ္ေနတဲ့ ျပည္နယ္ေတြ အသုံးျပဳႏိုင္ေအာင္ ဗဟိုအစိုးရထံ ျပန္လည္ေပးအပ္မယ္လို႔ ေျပာတဲ့အတြက္ သမၼတ ထရမ့္ က ခ်ီးက်ဴးလိုက္ပါတယ္။

သမၼတ ထရမ့္က အဆင့္ျမင့္ N95 ႏွာေခါင္းစည္းေတြ ထုတ္လုပ္တဲ့ အေမရိကန္ 3M ကုမၸဏီေတြ အေနနဲ႔ ႏွာေခါင္းစည္းေတြကို တျခားႏိုင္ငံေတြ ေရာင္းခ်ျခင္း မျပဳဖို႔ ေျပာၾကားခဲ့တာနဲ႔ ပတ္သက္ၿပီး 3M ကုမၸဏီက အဲဒီလို ျပည္ပ ေရာင္းခ်မႈပိတ္မယ္ဆိုရင္ လူသားခ်င္းစာနာမႈရႈေထာင့္ဆိုင္ရာ ျပႆနာေတြ ေပၚေပါက္လာႏိုင္သလို တျခားတိုင္းျပည္ေတြကလည္း အေမရိကန္ျပည္ေထာင္စုအတြက္ အေရးတႀကီးလိုအပ္ေနတဲ့ က်န္းမာေရးပစၥည္းေတြ ပိတ္ပင္ၿပီး လက္တုံ႔ျပန္လာႏိုင္တယ္လို႔ ေျပာပါတယ္။

ဒီအေတာအတြင္း ေတာင္ကိုရီးယား၊ အီတလီ နဲ႔ စပိန္ႏိုင္ငံေတြမွာ အေျခအေနေတြ တိုးတက္ေကာင္းမြန္လာေပမယ့္ ၊ ဂ်ပန္နဲ႔ ၿဗိတိန္ႏိုင္ငံေတြမွာေတာ့ ကူးစက္မႈေတြ တိုးပြားလာေနပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္လို႔ ေဆး႐ုံတက္ေနတဲ့ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ ဂြၽန္ဆင္ ကို ၿပီးခဲ့တဲ့ နာရီအနည္းငယ္ကပဲ အေရးေပၚၾကပ္မတ္ကုသေဆာင္ကို ေ႐ႊ႕ေျပာင္းလိုက္ရပါတယ္။ ၿဗိတိန္မွာ လက္ရွိ ကူးစက္သူ ၅ဝဝဝဝ ေက်ာ္နဲ႔ ေသဆုံးသူ ၅၄ဝဝ ခန႔္ ရွိၿပီး ၿပီးခဲ့တဲ့ တနဂၤေႏြ တရက္တည္း ဒီေရာဂါနဲ႔ လူ ၆ဝဝ ေက်ာ္ အသက္ဆုံးပါးသြားခဲ့ပါတယ္။ ဒ့ါအျပင္ ၿဗိတိန္ႏို္င္ငံမွာ အိမ္ျပင္မထြက္ရ အမိန႔္ ထုတ္ထားစဥ္ ကာလအတြင္း အိမ္တြင္းအၾကမ္းဖက္မႈေၾကာင့္ အမ်ိဳးသမီးေတြက အကူအညီေတာင္းတဲ့အမႈ ပမာဏဟာ ၂၅ရာခိုင္ႏႈန္း တိုးလာခဲ့တယ္လို႔ ဆိုပါတယ္။

ဂ်ပန္ႏိုင္ငံမွာ ကူးစက္သူ ၃၇ဝဝ ခန႔္နဲ႔ ေသဆုံးသူ ၈၅ ဦး ရၿပီး ဂ်ပန္ဝန္ႀကီးခ်ဳပ္က တိုက်ိဳၿမိဳ႕အပါအဝင္ ေဒသတခ်ိဳ႕ကို အေရးေပၚအေျခအေနအျဖစ္ မၾကာခင္ေၾကညာမယ္လို႔ ေျပာပါတယ္။

စကၤာပူမွာ တနဂၤေႏြေန႔က ကူးစက္သူ ၁၂ဝ ထပ္မံေတြ႕ရွိရတဲ့အတြက္ ဒါဟာ တရက္အတြင္း အမ်ားဆုံး ကူးစက္မႈ ျဖစ္ပါတယ္။ စကၤာပူအစိုးရက ႏိုင္ငံျခား အလုပ္သမား ၂ဝဝဝဝ ခန႔္ကို ၁၄ ရက္ၾကာ အိမ္ျပင္ မထြက္ရ အမိန႔္ထုတ္လိုက္ပါတယ္။

ထိုင္းအစိုးရက ႏို္င္ငံျခားကလာတဲ့ ခရီးသည္တင္ေလေၾကာင္းလိုင္းအားလုံး ဆင္းသက္ခြင့္ပိတ္ပင္ထားတဲ့ အမိန႔္ကို ဧၿပီလ ၁၈ ရက္ေန႔အထိ သက္တမ္းတိုးလိုက္ပါတယ္။ ထိုင္းမွာ ခုခ်ိန္ထိ ကူးစက္ခံရသူ ၂၂၂ဝ နဲ႔ ေသဆုံးသူ ၂၆ ဦး ရွိပါတယ္။

စပိန္ႏို္င္ငံမွာေတာ့ တနလၤာေန႔က ဒီဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၆၃၇ ဦးရွိတဲ့အတြက္ ဒါဟာ ၂ ပတ္အတြင္း အနည္းဆုံးျဖစ္တဲ့အျပင္ ကူးစက္သူဦးေရလည္း အရင္ကထက္နည္းလာခဲ့ပါၿပီ။ စပိန္မွာ အခုအခ်ိန္အထိ ေသဆုံးသူဦးေရက ၁၃ဝဝဝ ေက်ာ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကမာၻေပၚမွာ အခုအခ်ိန္အထိ အမ်ားဆုံးေသဆုံးေနတဲ့ ႏို္င္ငံက အီတလီျဖစ္ၿပီး လက္ရွိမွာ လူ ၁၆၅ဝဝ ေက်ာ္ ကြယ္လြန္ခဲ့ပါၿပီ။ ဒါေပမယ့္ အေရးေပၚၾကပ္မတ္ကုသေဆာင္မွာ ထားရတဲ့ ဗိုင္းရပ္စ္လူနာအေရအတြက္ကေတာ့ ၃ ရက္ဆက္တိုက္ က်ဆင္းလာေနတယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံမွာလည္း မေန႔က ထပ္မံကူးစက္သူ ၄၇ ဦးပဲ ရွိတဲ့အတြက္ ေဖေဖာ္ဝါရီလကစၿပီး အနည္းဆုံးေန႔ျဖစ္ပါတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕က ေတာင္ကိုရီးယားအစိုးရကို ဗိုင္းရပ္စ္တိုက္ဖ်က္ေရး ေအာင္ျမင္မႈအတြက္ ခ်ီးက်ဴးလိုက္ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံမွာ အခုအထိ ကူးစက္သူ ၁ဝဝဝဝ ေက်ာ္နဲ႔ ေသဆုံးသူ ၁၉ဝ ခန႔္ ရွိပါတယ္။

အိမ္ျပင္မထြက္ရ အမိန႔္ထုတ္ထားတဲ့ အိႏၵိယႏိုင္ငံမွာေတာ့ အခုခ်ိန္ထိ ကူးစက္ခံရသူ ၄၇ဝဝ ခန႔္နဲ႔ ေသဆုံးသူ ၁၃ဝ ရွိပါၿပီ။ မြန္ဘိုင္းၿမိဳ႕က ေဆး႐ုံတ႐ုံမွာ ဆရာဝန္ ၃ ေယာက္နဲ႔ သူနာျ့ပု ၂၆ ဦးကို ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေနတာ ေတြ႕ရွိခဲ့ၿပီးေနာက္ ေဆး႐ုံကို ေနာက္ထပ္လူနာ လက္မခံေတာ့ပဲ ကန႔္သတ္နယ္ေျမအျဖစ္ေၾကညာလိုက္ပါတယ္။ ေဆး႐ုံဝန္ထမ္းေတြကို ဗိုင္းရပ္စ္လူနာေတြရဲ႕ မိသားစုဝင္ေတြက PPE က်န္းမာေရးဝတ္စုံေတြနဲ႔ ေတြ႕ရွိမယ္ဆိုရင္ ထိတ္လန႔္ေၾကာက္႐ြံံ့ၾကမွာ စိုးရိမ္တယ္ဆိုၿပီး ေဆး႐ုံအုပ္ခ်ဳပ္ေရးအဖြဲ႕က ႏွာေခါင္းစည္းေတြပဲ တပ္ဆင္ဖို႔ အမိန႔္ထုတ္ခဲ့တဲ့အတြက္ အခုလို ဝန္ထမ္းေတြကူးစက္ခံရတာျဖစ္တယ္လို႔ သူနာျပဳမ်ား အစည္းအ႐ုံးက ထုတ္ျပန္ေၾကညာပါတယ္။

ဖိလစ္ပိုင္ သမၼတ ဒူတာေတးက မလႊဲသာတဲ့ကိစၥမွအပ အိမ္ျပင္မထြက္ရအမိန႔္ ခ်ိဳးေဖာက္သူေတြကို ပစ္သတ္ခြင့္ ေပးထားပါတယ္။ ၿပီးခဲ့တဲ့ စေနေန႔ကေတာ့ ႏိုင္ငံေတာင္ပိုင္းက ေဒသတခုမွာ အရက္မူးေနသူတဦးက သူ႔ကို ႏွာေခါင္းစည္းတပ္ဆင္ဖို႔ ေျပာၾကားတဲ့ ရဲအရာရွိကို ရန္မူတဲ့အတြက္ ရဲက ပစ္သတ္လိုက္ပါတယ္။ ဒါ့အျပင္ မနီလာၿမိဳ႕မွာ အမိန႔္မနာခံတဲ့ လမ္းေဘးေစ်းသည္ ၁၉ ဦးကို ရဲကဖမ္းဆီးၿပီး တရားစြဲထားပါတယ္။ လူ႔အခြင့္အေရးအဖြဲ႕ေတြကေတာ့ အဲဒီ ဆင္းရဲသားေတြအေနနဲ႔ အစိုးရထံက အကူအညီတစုံတရာမွ် မရရွိတဲ့အတြက္ အခုလို ေစ်းထြက္ေရာင္းရတာျဖစ္တယ္လို႔ ေျပာပါတယ္။

အင္ဒိုနီးရွားမွာ မေန႔က ဗိုင္းရပ္စ္ကူးစက္သူ ၂၁၈ ဦးရႈိလို႔ တရက္အတြင္း အမ်ားဆုံးျဖစ္ၿပီး စုစုေပါင္းကူးစက္သူ ၂၅ဝဝ ခန႔္ ရွိပါၿပီ။ ေသဆုံးသူ ၂ဝ၉ ဦးထဲမွာ ဆရာဝန္ ၂၄ ဦးပါဝင္ေနတဲ့အတြက္ အမွန္တကယ္ ေသဆုံးစာရင္းဟာ အစိုးရထုတ္ျပန္တာထက္ မ်ားႏိုင္တယ္လို႔ ေဝဖန္သူေတြက ေျပာေနၾကပါတယ္။

ဒီအေတာအတြင္း အီရန္သမၼတ ဟာဆန္႐ိုဟာနီက သူတို႔ႏိုင္ငံက ပိတ္ထားတဲ့ စီးပြားေရးလုပ္ငန္းေတြကို အခု ဧၿပီလ ၁၁ ရက္ေန႔မွာျပန္ဖြင့္ဖို႔ အမိန႔္ေပးထားပါတယ္။ မိမိတို႔ရဲ႕ ရန္သူေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ မိမိတို႔ ႏိုင္ငံရဲ႕ စီးပြားေရးပ်က္စီးတာကို ျမင္ေတြ႕လိုၾကတယ္လို႔ သူက ေျပာပါတယ္။ ဒါေပမယ့္ အီရန္ က်န္းမာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ကီယန္ႏူး ဂ်ဟန္ပူးကေတာ့ တိုင္းျပည္ရဲ႕ အေျခအေနက ဆိုးဝါးေနဆဲျဖစ္တဲ့အတြက္ အဲဒီလို လုပ္ငန္းေတြ ျပန္ဖြင့္မယ္ဆိုရင္ ေသဆုံးသူ ၃ဝ ရာခိုင္ႏႈန္း တိုးပြားလာႏိုင္တယ္လို႔ ေျပာပါတယ္။

WHO အေရးေပၚအႀကီးအကဲ Dr. Mike Ryan က ကမာၻ႔ႏို္င္ငံေတြအေနနဲ႔ အိမ္ျပင္မထြက္ရ အမိန႔္အပါအဝင္ ကန႔္သတ္တားျမစ္မႈေတြကို ျပန္လည္ ႐ုပ္သိမ္းမယ္ဆိုရင္ အလွ်င္စလိုမလုပ္ဘဲ အထူးသတိထားၿပီး တေျဖးေျဖး ေလွ်ာ့ခ်ပါလို႔ မေန႔က တိုက္တြန္းလိုက္ပါတယ္။

RFA Burmese
-------------------------------------------
(Unicode)⤵⤵⤵
“ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာ သေဆုံးသူ တစ်သောင်း ကျော်သွားပြီ”

 မြန်မာစံချိန် အင်္ဂါနေ့ မနက် ၄ နာရီ ရရှိတဲ့စာရင်းတွေအရ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူူးစက်သူ ၁၃၃ဝဝဝဝ ကျော်နဲ့ သေဆုံးသူ ၇၄ဝဝဝ နီးပါးရှိပြီး ပြန့်ပွားမှုအများဆုံးဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာတော့ ကူးစက်ခံရသူ ၃ သိန်းခွဲကျော်နဲ့ သေဆုံးသူ ၁ဝ၅ဝဝ ကျော် ရှိပါပြီ။

အမေရိကန်ပြည်ထောင်စုမှာ အဆိုးဝါးဆုံးကူးစက်ဖြစ်ပွားနေတဲ့ နယူးယောက်ပြည်နယ်မှာ ဆေးရုံသုံးပစ္စည်းတွေရော ကျန်းမာရေးဝန်ထမ်း အရေအတွက်ပါ မလုံလောက်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ နယူးယောက်မြို့က ဆေးရုံဝန်ထမ်းတဦးက သူတို့ဆေးရုံရဲ့ လက်ရှိမြင်ကွင်းဟာ ဗိုင်းရပ်စ်လူနာတွေအပြည့်နဲ့ အင်မတန် ထိတ်လန့်စရာ ရုပ်ရှင်တခုထဲက အတိုင်းပါပဲ လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဒီရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ဝါရှင်တန်ပြည်နယ်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးက သူတို့ ပိုနေတဲ့ အသက်ရှူစက် ၄ဝဝ ကို တခြား အရေးပေါ်လိုအပ်နေတဲ့ ပြည်နယ်တွေ အသုံးပြုနိုင်အောင် ဗဟိုအစိုးရထံ ပြန်လည်ပေးအပ်မယ်လို့ ပြောတဲ့အတွက် သမ္မတ ထရမ့် က ချီးကျူးလိုက်ပါတယ်။

သမ္မတ ထရမ့်က အဆင့်မြင့် N95 နှာခေါင်းစည်းတွေ ထုတ်လုပ်တဲ့ အမေရိကန် 3M ကုမ္ပဏီတွေ အနေနဲ့ နှာခေါင်းစည်းတွေကို တခြားနိုင်ငံတွေ ရောင်းချခြင်း မပြုဖို့ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး 3M ကုမ္ပဏီက အဲဒီလို ပြည်ပ ရောင်းချမှုပိတ်မယ်ဆိုရင် လူသားချင်းစာနာမှုရှုထောင့်ဆိုင်ရာ ပြဿနာတွေ ပေါ်ပေါက်လာနိုင်သလို တခြားတိုင်းပြည်တွေကလည်း အမေရိကန်ပြည်ထောင်စုအတွက် အရေးတကြီးလိုအပ်နေတဲ့ ကျန်းမာရေးပစ္စည်းတွေ ပိတ်ပင်ပြီး လက်တုံ့ပြန်လာနိုင်တယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း တောင်ကိုရီးယား၊ အီတလီ နဲ့ စပိန်နိုင်ငံတွေမှာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာပေမယ့် ၊ ဂျပန်နဲ့ ဗြိတိန်နိုင်ငံတွေမှာတော့ ကူးစက်မှုတွေ တိုးပွားလာနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်လို့ ဆေးရုံတက်နေတဲ့ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ကို ပြီးခဲ့တဲ့ နာရီအနည်းငယ်ကပဲ အရေးပေါ်ကြပ်မတ်ကုသဆောင်ကို ရွှေ့ပြောင်းလိုက်ရပါတယ်။ ဗြိတိန်မှာ လက်ရှိ ကူးစက်သူ ၅ဝဝဝဝ ကျော်နဲ့ သေဆုံးသူ ၅၄ဝဝ ခန့် ရှိပြီး ပြီးခဲ့တဲ့ တနင်္ဂနွေ တရက်တည်း ဒီရောဂါနဲ့ လူ ၆ဝဝ ကျော် အသက်ဆုံးပါးသွားခဲ့ပါတယ်။ ဒ့ါအပြင် ဗြိတိန်နိုင်ငံမှာ အိမ်ပြင်မထွက်ရ အမိန့် ထုတ်ထားစဉ် ကာလအတွင်း အိမ်တွင်းအကြမ်းဖက်မှုကြောင့် အမျိုးသမီးတွေက အကူအညီတောင်းတဲ့အမှု ပမာဏဟာ ၂၅ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ ကူးစက်သူ ၃၇ဝဝ ခန့်နဲ့ သေဆုံးသူ ၈၅ ဦး ရပြီး ဂျပန်ဝန်ကြီးချုပ်က တိုကျိုမြို့အပါအဝင် ဒေသတချို့ကို အရေးပေါ်အခြေအနေအဖြစ် မကြာခင်ကြေညာမယ်လို့ ပြောပါတယ်။

စင်္ကာပူမှာ တနင်္ဂနွေနေ့က ကူးစက်သူ ၁၂ဝ ထပ်မံတွေ့ရှိရတဲ့အတွက် ဒါဟာ တရက်အတွင်း အများဆုံး ကူးစက်မှု ဖြစ်ပါတယ်။ စင်္ကာပူအစိုးရက နိုင်ငံခြား အလုပ်သမား ၂ဝဝဝဝ ခန့်ကို ၁၄ ရက်ကြာ အိမ်ပြင် မထွက်ရ အမိန့်ထုတ်လိုက်ပါတယ်။

ထိုင်းအစိုးရက နိုင်ငံခြားကလာတဲ့ ခရီးသည်တင်လေကြောင်းလိုင်းအားလုံး ဆင်းသက်ခွင့်ပိတ်ပင်ထားတဲ့ အမိန့်ကို ဧပြီလ ၁၈ ရက်နေ့အထိ သက်တမ်းတိုးလိုက်ပါတယ်။ ထိုင်းမှာ ခုချိန်ထိ ကူးစက်ခံရသူ ၂၂၂ဝ နဲ့ သေဆုံးသူ ၂၆ ဦး ရှိပါတယ်။

စပိန်နိုင်ငံမှာတော့ တနင်္လာနေ့က ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၃၇ ဦးရှိတဲ့အတွက် ဒါဟာ ၂ ပတ်အတွင်း အနည်းဆုံးဖြစ်တဲ့အပြင် ကူးစက်သူဦးရေလည်း အရင်ကထက်နည်းလာခဲ့ပါပြီ။ စပိန်မှာ အခုအချိန်အထိ သေဆုံးသူဦးရေက ၁၃ဝဝဝ ကျော်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာပေါ်မှာ အခုအချိန်အထိ အများဆုံးသေဆုံးနေတဲ့ နိုင်ငံက အီတလီဖြစ်ပြီး လက်ရှိမှာ လူ ၁၆၅ဝဝ ကျော် ကွယ်လွန်ခဲ့ပါပြီ။ ဒါပေမယ့် အရေးပေါ်ကြပ်မတ်ကုသဆောင်မှာ ထားရတဲ့ ဗိုင်းရပ်စ်လူနာအရေအတွက်ကတော့ ၃ ရက်ဆက်တိုက် ကျဆင်းလာနေတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာလည်း မနေ့က ထပ်မံကူးစက်သူ ၄၇ ဦးပဲ ရှိတဲ့အတွက် ဖေဖော်ဝါရီလကစပြီး အနည်းဆုံးနေ့ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တောင်ကိုရီးယားအစိုးရကို ဗိုင်းရပ်စ်တိုက်ဖျက်ရေး အောင်မြင်မှုအတွက် ချီးကျူးလိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အခုအထိ ကူးစက်သူ ၁ဝဝဝဝ ကျော်နဲ့ သေဆုံးသူ ၁၉ဝ ခန့် ရှိပါတယ်။

အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ အိန္ဒိယနိုင်ငံမှာတော့ အခုချိန်ထိ ကူးစက်ခံရသူ ၄၇ဝဝ ခန့်နဲ့ သေဆုံးသူ ၁၃ဝ ရှိပါပြီ။ မွန်ဘိုင်းမြို့က ဆေးရုံတရုံမှာ ဆရာဝန် ၃ ယောက်နဲ့ သူနာြ့ပု ၂၆ ဦးကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေတာ တွေ့ရှိခဲ့ပြီးနောက် ဆေးရုံကို နောက်ထပ်လူနာ လက်မခံတော့ပဲ ကန့်သတ်နယ်မြေအဖြစ်ကြေညာလိုက်ပါတယ်။ ဆေးရုံဝန်ထမ်းတွေကို ဗိုင်းရပ်စ်လူနာတွေရဲ့ မိသားစုဝင်တွေက PPE ကျန်းမာရေးဝတ်စုံတွေနဲ့ တွေ့ရှိမယ်ဆိုရင် ထိတ်လန့်ကြောက်ရွံံ့ကြမှာ စိုးရိမ်တယ်ဆိုပြီး ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က နှာခေါင်းစည်းတွေပဲ တပ်ဆင်ဖို့ အမိန့်ထုတ်ခဲ့တဲ့အတွက် အခုလို ဝန်ထမ်းတွေကူးစက်ခံရတာဖြစ်တယ်လို့ သူနာပြုများ အစည်းအရုံးက ထုတ်ပြန်ကြေညာပါတယ်။

ဖိလစ်ပိုင် သမ္မတ ဒူတာတေးက မလွှဲသာတဲ့ကိစ္စမှအပ အိမ်ပြင်မထွက်ရအမိန့် ချိုးဖောက်သူတွေကို ပစ်သတ်ခွင့် ပေးထားပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ကတော့ နိုင်ငံတောင်ပိုင်းက ဒေသတခုမှာ အရက်မူးနေသူတဦးက သူ့ကို နှာခေါင်းစည်းတပ်ဆင်ဖို့ ပြောကြားတဲ့ ရဲအရာရှိကို ရန်မူတဲ့အတွက် ရဲက ပစ်သတ်လိုက်ပါတယ်။ ဒါ့အပြင် မနီလာမြို့မှာ အမိန့်မနာခံတဲ့ လမ်းဘေးဈေးသည် ၁၉ ဦးကို ရဲကဖမ်းဆီးပြီး တရားစွဲထားပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အဲဒီ ဆင်းရဲသားတွေအနေနဲ့ အစိုးရထံက အကူအညီတစုံတရာမျှ မရရှိတဲ့အတွက် အခုလို ဈေးထွက်ရောင်းရတာဖြစ်တယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှားမှာ မနေ့က ဗိုင်းရပ်စ်ကူးစက်သူ ၂၁၈ ဦးရှိုလို့ တရက်အတွင်း အများဆုံးဖြစ်ပြီး စုစုပေါင်းကူးစက်သူ ၂၅ဝဝ ခန့် ရှိပါပြီ။ သေဆုံးသူ ၂ဝ၉ ဦးထဲမှာ ဆရာဝန် ၂၄ ဦးပါဝင်နေတဲ့အတွက် အမှန်တကယ် သေဆုံးစာရင်းဟာ အစိုးရထုတ်ပြန်တာထက် များနိုင်တယ်လို့ ဝေဖန်သူတွေက ပြောနေကြပါတယ်။

ဒီအတောအတွင်း အီရန်သမ္မတ ဟာဆန်ရိုဟာနီက သူတို့နိုင်ငံက ပိတ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို အခု ဧပြီလ ၁၁ ရက်နေ့မှာပြန်ဖွင့်ဖို့ အမိန့်ပေးထားပါတယ်။ မိမိတို့ရဲ့ ရန်သူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မိမိတို့ နိုင်ငံရဲ့ စီးပွားရေးပျက်စီးတာကို မြင်တွေ့လိုကြတယ်လို့ သူက ပြောပါတယ်။ ဒါပေမယ့် အီရန် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကီယန်နူး ဂျဟန်ပူးကတော့ တိုင်းပြည်ရဲ့ အခြေအနေက ဆိုးဝါးနေဆဲဖြစ်တဲ့အတွက် အဲဒီလို လုပ်ငန်းတွေ ပြန်ဖွင့်မယ်ဆိုရင် သေဆုံးသူ ၃ဝ ရာခိုင်နှုန်း တိုးပွားလာနိုင်တယ်လို့ ပြောပါတယ်။

WHO အရေးပေါ်အကြီးအကဲ Dr. Mike Ryan က ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အိမ်ပြင်မထွက်ရ အမိန့်အပါအဝင် ကန့်သတ်တားမြစ်မှုတွေကို ပြန်လည် ရုပ်သိမ်းမယ်ဆိုရင် အလျှင်စလိုမလုပ်ဘဲ အထူးသတိထားပြီး တဖြေးဖြေး လျှော့ချပါလို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေမရိကန္မွာ ေသဆုံးသူ တစ္ေသာင္း ေက်ာ္သြားၿပီ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေမရိကန္မွာ ေသဆုံးသူ တစ္ေသာင္း ေက်ာ္သြားၿပီ Reviewed by THITHTOOLWIN on 06:22 Rating: 5
Powered by Blogger.