လႊတ္ေတာ္လုပ္ငန္းေတြ ျပန္စမယ့္အေပၚစုိးရိမ္


(Zawgyi/Unicode)

ေရွ႕လလယ္မွာ လႊတ္ေတာ္လုပ္ငန္းေတြ ျပန္စဖုိ႔ေၾကညာထားတဲ့အေပၚ လႊတ္ေတာ္ကုိယ္စားလွယ္ေတြနဲ႔ က်န္းမာေရးပညာရွင္ေတြရဲ႕ အျမင္ေတြကုိ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က တင္ျပေပးပါမယ္။

လႊတ္ေတာ္လုပ္ငန္းေတြကုိ လာမယ့္ ေမလ ၁၈ တနလၤာေန႔ကစ ျပန္လည္စတင္မွာျဖစ္ေၾကာင္း လႊတ္ေတာ္ဥကၠ႒ေတြက ေၾကညာခ်က္ ထုတ္ျပန္လုိက္ေပမဲ့ COVID-19 ကပ္ေရာဂါ ႀကံဳေနရတဲ့ အခ်ိန္ျဖစ္တာေၾကာင့္ စုိးရိမ္မႈေတြလည္း ရွိေနပါတယ္။ အထူးသျဖင့္ ကပ္ေရာဂါ မကူးစက္ေအာင္ လူစုလူေ၀းေရွာင္ရမယ့္ အခ်ိန္မ်ဳိးမွာ ရာနဲ႔ခ်ီတဲ့ ကုိယ္စားလွယ္ေတြ တက္ေရာက္ၾကမယ့္ လႊတ္ေတာ္လုပ္ငန္းေတြ ျပန္စမွာကုိ စုိးရိမ္ေၾကာင္း ရခုိင္ျပည္နယ္ ေျမပုံၿမိဳ႕နယ္မဲဆႏၵနယ္ေျမက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းကေျပာပါတယ္။

"လႊတ္ေတာ္ကိုယ္စားလွယ္ေတြဆီ မေန႔ကမွ သတင္းကို သိတယ္ဆိုေတာ့ ပထမတခ်က္ကေတာ့ သြားေရးလာေရးပိုင္းကို စဥ္းစားတာေပါ့။ က်ေနာ္တို႔ ရခုိင္ျပည္နယ္မွာဆိုရင္ ၿမိဳ႕နယ္အသီးသီးက လႊတ္ေတာ္ကိုယ္စားလွယ္ေတြက စစ္ေတြမွာ လာစုရတယ္။ စစ္ေတြကေန ရန္ကုန္ကို ေလယာဥ္နဲ႔သြားရမယ္။ ရန္ကုန္ကေန ရန္ကုန္အေဝးေျပးကေန ေနျပည္ေတာ္ကို အဆင့္ဆင့္သြားရတယ္။ အဲ့ဒီအေပၚမွာ လမ္းေၾကာင္းလံုျခံဳမႈကို က်ေနာ္တို႔ စိုးရိမ္တယ္။ အထူးသျဖင့္ COVID-19 ျဖစ္ေနတဲ့ကာလမ်ိဳးမွာ ဒီကားေတြ စီးရမွာ အတက္အဆင္း ကားဂိတ္ေတြမွာ ဝင္ထြက္ရမွာဆိုေတာ့ ရန္ကုန္မွာလည္းျဖစ္ေနတာဆိုေတာ့ ဒီလမ္းေၾကာင္းအေပၚမွာ စိုးရိမ္တာ တခ်က္ရွိတယ္။ ဒုတိယတခ်က္ကေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ဆိုရင္ လႊတ္ေတာ္ကိုယ္စားလွယ္က ၆၀၀ ေက်ာ္ရွိတယ္။ ၿပီးေတာ့ ဝန္ထမ္းေတြနဲ႔ဆိုရင္ ၁,၀၀၀ ေလာက္ကို စုေဝးေနတဲ့ေနရာ တခုျဖစ္တယ္။ အဲ့ဒီ့လိုေနရာမ်ိဳးမွာ ေရာဂါပိုးမကူးစက္ရေအာင္ ဘယ္လိုအကာအကြယ္ေတြ လုပ္ထားသလဲဆိုတဲ့အေပၚမွာ ေတြးေတာစရာေတာ့ျဖစ္တာေပါ့။ လႊတ္ေတာ္ကိုယ္စားလွယ္ တဦးနဲ႔ တဦးၾကား အကြာအေဝး ဘယ္လိုျခားထားလဲ ဘယ္လိုအကာအကြယ္ေတြ လုပ္ထားသလဲ ေနာက္ စည္ပင္ဧည့္ရိပ္သာမွာေရာ ဘယ္လိုျပင္ဆင္မႈေတြ လုပ္ထားသလဲဆိုတဲ့အေပၚမွာလည္း က်ေနာ္တို႔ စိုးရိမ္ပါတယ္။ အခုက ဘက္ဂ်က္ကလည္း အတည္ျပဳရမယ့္ကာလျဖစ္ေတာ့ မျဖစ္မေနေခၚရမယ့္အေျခအေနဆိုေတာ့ အေဝးၾကီးကေန လာရမယ့္ က်ေနာ္တို႔မွာ ကိုယ္ပိုင္ကားကလည္းမရွိ လမ္းေၾကာင္းကလည္း အရွည္ၾကီးသြားရမယ့္အေပၚမွာေတာ့ စိတ္ပူပင္မိပါတယ္ခင္ဗ်ာ။"

ပုံမွန္အားျဖင့္ ဒီအခ်ိန္ဟာ လႊတ္ေတာ္မွာ ဘ႑ာေရးအသုံးစားရိတ္ အပါအ၀င္ တျခားဥပေဒျပဳေရး ကိစၥေတြကုိ ေဆြးေႏြး ဆုံးျဖတ္ေလ့ ရွိပါတယ္။ ဒါေပမဲ့လည္း လႊတ္ေတာ္အခမ္းအနားေတြ တက္ေရာက္ၾကမယ့္ ကိုယ္စားလွယ္ေတြအတြက္ ေနထုိင္စားေသာက္ေရး အပါအ၀င္ ေရာဂါပုိးမကူးေအာင္ ဘယ္လုိႀကိဳတင္ျပင္ဆင္ထားတယ္ ဆုိတာေတြကုိ ရွင္းရွင္းလင္းလင္း မသိရေသးတဲ့အတြက္လည္း စုိးရိမ္ေနၾကတာပါ။

"အမွန္မွာကေတာ့ဗ်ာ။ ျပည္သူကို မထုတ္ျပန္ႏိုင္ရင္ေတာင္ လႊတ္ေတာ္ကုိယ္စားလွယ္ေတြကို တနည္းနည္းနဲ႔ ဆက္သြယ္ၿပီးေတာ့ ဘာေတြ စီစဥ္ထားတယ္၊ ဘာေတြျပင္ဆင္ထားတယ္ဆိုတာ အေၾကာင္းၾကားသင့္တာေပါ့။ ေနာက္ အထူးသျဖင့္ ျပည္ေထာင္စုလႊတ္ေတာ္ အမ်ိဳးသားလႊတ္ေတာ္ ျပည္သူ႔လႊတ္ေတာ္ေတြမွာက ထိုင္ခံုေတြက ကပ္ရပ္ေတြပဲ ထားတယ္ဆိုေတာ့ အခုက ကိုဗစ္မကူူးရေအာင္ အနည္းဆံုး ၃ ေပ တို႔၊ ၆ ေပတို႔ ေျပာေနၾကတာရွိတယ္။ လႊတ္ေတာ္မွာေရာ ဒီလိုအခင္းအက်င္းမ်ိဳး လုပ္ႏုိင္ထားႏုိင္လား ... က်ေနာ္ေတာ့ မျမင္ဘူး။ တကယ္လို႔ လႊတ္ေတာ္ကုိယ္စားလွယ္ တဦးဦးမွာ လမ္းေၾကာင္းမွာပဲျဖစ္ျဖစ္ သူ႔ေဒသကပဲျဖစ္ျဖစ္ ပိုးပါလာတယ္ဆိုရင္ လႊတ္ေတာ္တခုလံုး ကူးစက္သြားႏုိင္တာေပါ့။ အဲ့တာေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္တဦးခ်င္းစီ ရဲ႕က်န္းမာေရးကို ဘယ္ေလာက္အထိ ၾကိဳတင္စစ္ေဆးမွာတို႔ သတိထားရမယ့္ ေဆာင္ရန္ ေရွာင္ရန္အခ်က္တို႔ အဲ့တာမ်ိဳးေတြ ဘယ္လိုစီစဥ္ထားသလဲဆိုတာကို အခုအခ်ိန္အထိ အေၾကာင္းၾကားထားတာမ်ိဳးေတာ့ မရွိေသးပါဘူး။ အဲ့ဒီ့အေပၚမွာလည္း က်ေနာ္တို႔ သိခ်င္ပါတယ္။ တကယ္ပါ က်ေနာ္တို႔ကိုယ္တုိင္ကို သိခ်င္တာပါ။ ဒါေပမဲ့ ဒီကေန႔ထက္ထိကို အဲ့တာေတြ က်ေနာ္တို႔ကို အေၾကာင္းၾကားျခင္း မရွိပါဘူး။ အဲ့တာေၾကာင့္ တဦးခ်င္းစီရဲ႕စိတ္ဆႏၵေပၚမူတည္ၿပီး တက္ၾကမလား မတက္ၾကဘူးလား တက္ဖို႔အဆင္သင့္ျဖစ္သလား မျဖစ္ဘူးလားဆိုတာ ကိုယ့္မဲဆႏၵနယ္ ဒီလိုအခ်ိန္မ်ိဳးမွာ က်ေနာ္တို႔ ကိုယ္စားလွယ္ေတြက အနီးကပ္ျဖစ္လာတဲ့အခ်ိန္ သူတို႔ဆံုးျဖတ္ၾကပါလိမ့္မယ္။"

ေနာက္ဆုံးအႀကိမ္ လႊတ္ေတာ္အစီအစဥ္ေတြ မရပ္နားခင္ အခ်ိန္မွာေတာ့ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈကုိ ဟန္႔တားဖုိ႔ ႀကိဳးပမ္းတဲ့ အေနနဲ႔ လႊတ္ေတာ္ကုိယ္စားလွယ္ေတြကုိ ကုိယ္ပူခ်ိန္တုိင္းတာစစ္ေဆးတာမ်ဳိး ရွိခဲ့သလုိ တပ္မေတာ္သား ကုိယ္စားလွယ္ေတြက ႏွာေခါင္းစည္းေတြ ၀တ္ဆင္ၿပီး တက္ေရာက္ခဲ့ၾကတာမ်ဳိးလည္း ေတြ႔ရပါတယ္။ လူထုက်န္းမာေရး ပညာေပးလုပ္ငန္းေတြမွာ ေစတနာ့၀န္ထမ္း ပါ၀င္ေနတဲ့ ေဒါက္တာေက်ာ္စြာဦးကေတာ့ လႊတ္ေတာ္လုပ္ငန္းေတြနဲ႔ ကုိယ္စားလွယ္ေတြအတြက္ ႀကိဳတင္ကာကြယ္ေရး အစီအမံေတြ ျပင္ဆင္ထားဖုိ႔ လုိတယ္လုိ႔ ျမင္ပါတယ္။

"သက္ဆုိင္သူ တာဝန္ရွိသူေတြဘက္ကေတာ့ အစီအစဥ္ေတြခ်ၿပီးမွ လႊတ္ေတာ္ေခၚတယ္လို႔ က်ေနာ့္အေနနဲ႔ယူဆပါတယ္။ လႊတ္ေတာ္ကုိယ္စားလွယ္ေတြ ထိုင္တာကအစ ဘယ္လိုစီမံမလဲဆိုတာကအစ ေသခ်ာသပ္သပ္ခတ္ခတ္လုပ္ထားမယ္။ ၿပီးခဲ့တဲ့ လႊတ္ေတာ္တုန္းက လႊတ္ေတာ္မပိတ္ခင္မွာ FEVER SCANNER ကိုယ္အပူခ်ိန္စမ္းသပ္စက္ေတြ တပ္ထားတာေတြ႔တယ္ ဒီတေခါက္လႊတ္ေတာ္မွာလည္း ဒီထက္တင္းၾကပ္တဲ့ အစီအမံေတြ လုပ္မယ္လို႔႔ က်ေနာ့္အေနနဲ႔ျမင္ပါတယ္။ ကိုယ္အပူခ်ိန္တိုင္းတာက တကယ္လို႔ ကိုယ္အပူခ်ိန္ရွိေနတယ္ဆိုရင္ သူ႔ကိုသီးသန္႔ခြဲၿပီး နားခိုင္းတာမ်ိဳးတို႔ လုပ္လို႔ရပါတယ္။ လႊတ္ေတာ္ပိုင္းကေရာ တာဝန္ရွိသူေတြအပိုင္းကေရာ စည္းကမ္းခ်က္ ခ်မွတ္ထားတာေတြကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြဘက္က တဦးခ်င္းစီအသိနဲ႔ လိုက္နာဖို႔လိုတယ္။ မလိုက္နာလို႔ေျပာတာမဟုတ္ပါဘူး။ ပိုၿပီးလိုက္နာသင့္တယ္ ကိုယ္ကိုတိုင္လည္း Mask တပ္ဖို႔ လက္ေဆးဖို႔ Social Distancing ကို ဂရုစိုက္ဖို႔ေပါ့ အဲ့တာေလးေတြ အၾကံျပဳခ်င္ပါတယ္္။"

ျမန္မာက်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ တနလၤာေန႔မနက္အထိ ထုတ္ျပန္ခ်က္အရ ဆုိရင္ေတာ့ ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ၅ ဦး အပါအ၀င္ ေရာဂါကူးစက္သူ ၁၄၆ ေယာက္ကုိ အတည္ျပဳထားပါတယ္ရွင္။

မဆုမြန္  / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------
[Unicode Version]

လွှတ်တော်လုပ်ငန်းတွေ ပြန်စမယ့်အပေါ်စိုးရိမ်

ရှေ့လလယ်မှာ လွှတ်တော်လုပ်ငန်းတွေ ပြန်စဖို့ကြေညာထားတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျန်းမာရေးပညာရှင်တွေရဲ့ အမြင်တွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ပြပေးပါမယ်။

လွှတ်တော်လုပ်ငန်းတွေကို လာမယ့် မေလ ၁၈ တနင်္လာနေ့ကစ ပြန်လည်စတင်မှာဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌတွေက ကြေညာချက် ထုတ်ပြန်လိုက်ပေမဲ့ COVID-19 ကပ်ရောဂါ ကြုံနေရတဲ့ အချိန်ဖြစ်တာကြောင့် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် ကပ်ရောဂါ မကူးစက်အောင် လူစုလူဝေးရှောင်ရမယ့် အချိန်မျိုးမှာ ရာနဲ့ချီတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြမယ့် လွှတ်တော်လုပ်ငန်းတွေ ပြန်စမှာကို စိုးရိမ်ကြောင်း ရခိုင်ပြည်နယ် မြေပုံမြို့နယ်မဲဆန္ဒနယ်မြေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းကပြောပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်တွေဆီ မနေ့ကမှ သတင်းကို သိတယ်ဆိုတော့ ပထမတချက်ကတော့ သွားရေးလာရေးပိုင်းကို စဉ်းစားတာပေါ့။ ကျနော်တို့ ရခိုင်ပြည်နယ်မှာဆိုရင် မြို့နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေက စစ်တွေမှာ လာစုရတယ်။ စစ်တွေကနေ ရန်ကုန်ကို လေယာဉ်နဲ့သွားရမယ်။ ရန်ကုန်ကနေ ရန်ကုန်အဝေးပြေးကနေ နေပြည်တော်ကို အဆင့်ဆင့်သွားရတယ်။ အဲ့ဒီအပေါ်မှာ လမ်းကြောင်းလုံခြုံမှုကို ကျနော်တို့ စိုးရိမ်တယ်။ အထူးသဖြင့် COVID-19 ဖြစ်နေတဲ့ကာလမျိုးမှာ ဒီကားတွေ စီးရမှာ အတက်အဆင်း ကားဂိတ်တွေမှာ ဝင်ထွက်ရမှာဆိုတော့ ရန်ကုန်မှာလည်းဖြစ်နေတာဆိုတော့ ဒီလမ်းကြောင်းအပေါ်မှာ စိုးရိမ်တာ တချက်ရှိတယ်။ ဒုတိယတချက်ကတော့ ပြည်ထောင်စုလွှတ်တော်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်က ၆၀၀ ကျော်ရှိတယ်။ ပြီးတော့ ဝန်ထမ်းတွေနဲ့ဆိုရင် ၁,၀၀၀ လောက်ကို စုဝေးနေတဲ့နေရာ တခုဖြစ်တယ်။ အဲ့ဒီ့လိုနေရာမျိုးမှာ ရောဂါပိုးမကူးစက်ရအောင် ဘယ်လိုအကာအကွယ်တွေ လုပ်ထားသလဲဆိုတဲ့အပေါ်မှာ တွေးတောစရာတော့ဖြစ်တာပေါ့။ လွှတ်တော်ကိုယ်စားလှယ် တဦးနဲ့ တဦးကြား အကွာအဝေး ဘယ်လိုခြားထားလဲ ဘယ်လိုအကာအကွယ်တွေ လုပ်ထားသလဲ နောက် စည်ပင်ဧည့်ရိပ်သာမှာရော ဘယ်လိုပြင်ဆင်မှုတွေ လုပ်ထားသလဲဆိုတဲ့အပေါ်မှာလည်း ကျနော်တို့ စိုးရိမ်ပါတယ်။ အခုက ဘက်ဂျက်ကလည်း အတည်ပြုရမယ့်ကာလဖြစ်တော့ မဖြစ်မနေခေါ်ရမယ့်အခြေအနေဆိုတော့ အဝေးကြီးကနေ လာရမယ့် ကျနော်တို့မှာ ကိုယ်ပိုင်ကားကလည်းမရှိ လမ်းကြောင်းကလည်း အရှည်ကြီးသွားရမယ့်အပေါ်မှာတော့ စိတ်ပူပင်မိပါတယ်ခင်ဗျာ။"

ပုံမှန်အားဖြင့် ဒီအချိန်ဟာ လွှတ်တော်မှာ ဘဏ္ဍာရေးအသုံးစားရိတ် အပါအဝင် တခြားဥပဒေပြုရေး ကိစ္စတွေကို ဆွေးနွေး ဆုံးဖြတ်လေ့ ရှိပါတယ်။ ဒါပေမဲ့လည်း လွှတ်တော်အခမ်းအနားတွေ တက်ရောက်ကြမယ့် ကိုယ်စားလှယ်တွေအတွက် နေထိုင်စားသောက်ရေး အပါအဝင် ရောဂါပိုးမကူးအောင် ဘယ်လိုကြိုတင်ပြင်ဆင်ထားတယ် ဆိုတာတွေကို ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အတွက်လည်း စိုးရိမ်နေကြတာပါ။

"အမှန်မှာကတော့ဗျာ။ ပြည်သူကို မထုတ်ပြန်နိုင်ရင်တောင် လွှတ်တော်ကိုယ်စားလှယ်တွေကို တနည်းနည်းနဲ့ ဆက်သွယ်ပြီးတော့ ဘာတွေ စီစဉ်ထားတယ်၊ ဘာတွေပြင်ဆင်ထားတယ်ဆိုတာ အကြောင်းကြားသင့်တာပေါ့။ နောက် အထူးသဖြင့် ပြည်ထောင်စုလွှတ်တော် အမျိုးသားလွှတ်တော် ပြည်သူ့လွှတ်တော်တွေမှာက ထိုင်ခုံတွေက ကပ်ရပ်တွေပဲ ထားတယ်ဆိုတော့ အခုက ကိုဗစ်မကူူးရအောင် အနည်းဆုံး ၃ ပေ တို့၊ ၆ ပေတို့ ပြောနေကြတာရှိတယ်။ လွှတ်တော်မှာရော ဒီလိုအခင်းအကျင်းမျိုး လုပ်နိုင်ထားနိုင်လား ... ကျနော်တော့ မမြင်ဘူး။ တကယ်လို့ လွှတ်တော်ကိုယ်စားလှယ် တဦးဦးမှာ လမ်းကြောင်းမှာပဲဖြစ်ဖြစ် သူ့ဒေသကပဲဖြစ်ဖြစ် ပိုးပါလာတယ်ဆိုရင် လွှတ်တော်တခုလုံး ကူးစက်သွားနိုင်တာပေါ့။ အဲ့တာကြောင့် လွှတ်တော်ကိုယ်စားလှယ်တဦးချင်းစီ ရဲ့ကျန်းမာရေးကို ဘယ်လောက်အထိ ကြိုတင်စစ်ဆေးမှာတို့ သတိထားရမယ့် ဆောင်ရန် ရှောင်ရန်အချက်တို့ အဲ့တာမျိုးတွေ ဘယ်လိုစီစဉ်ထားသလဲဆိုတာကို အခုအချိန်အထိ အကြောင်းကြားထားတာမျိုးတော့ မရှိသေးပါဘူး။ အဲ့ဒီ့အပေါ်မှာလည်း ကျနော်တို့ သိချင်ပါတယ်။ တကယ်ပါ ကျနော်တို့ကိုယ်တိုင်ကို သိချင်တာပါ။ ဒါပေမဲ့ ဒီကနေ့ထက်ထိကို အဲ့တာတွေ ကျနော်တို့ကို အကြောင်းကြားခြင်း မရှိပါဘူး။ အဲ့တာကြောင့် တဦးချင်းစီရဲ့စိတ်ဆန္ဒပေါ်မူတည်ပြီး တက်ကြမလား မတက်ကြဘူးလား တက်ဖို့အဆင်သင့်ဖြစ်သလား မဖြစ်ဘူးလားဆိုတာ ကိုယ့်မဲဆန္ဒနယ် ဒီလိုအချိန်မျိုးမှာ ကျနော်တို့ ကိုယ်စားလှယ်တွေက အနီးကပ်ဖြစ်လာတဲ့အချိန် သူတို့ဆုံးဖြတ်ကြပါလိမ့်မယ်။"

နောက်ဆုံးအကြိမ် လွှတ်တော်အစီအစဉ်တွေ မရပ်နားခင် အချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ဟန့်တားဖို့ ကြိုးပမ်းတဲ့ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ်ပူချိန်တိုင်းတာစစ်ဆေးတာမျိုး ရှိခဲ့သလို တပ်မတော်သား ကိုယ်စားလှယ်တွေက နှာခေါင်းစည်းတွေ ဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြတာမျိုးလည်း တွေ့ရပါတယ်။ လူထုကျန်းမာရေး ပညာပေးလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်း ပါဝင်နေတဲ့ ဒေါက်တာကျော်စွာဦးကတော့ လွှတ်တော်လုပ်ငန်းတွေနဲ့ ကိုယ်စားလှယ်တွေအတွက် ကြိုတင်ကာကွယ်ရေး အစီအမံတွေ ပြင်ဆင်ထားဖို့ လိုတယ်လို့ မြင်ပါတယ်။

"သက်ဆိုင်သူ တာဝန်ရှိသူတွေဘက်ကတော့ အစီအစဉ်တွေချပြီးမှ လွှတ်တော်ခေါ်တယ်လို့ ကျနော့်အနေနဲ့ယူဆပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ထိုင်တာကအစ ဘယ်လိုစီမံမလဲဆိုတာကအစ သေချာသပ်သပ်ခတ်ခတ်လုပ်ထားမယ်။ ပြီးခဲ့တဲ့ လွှတ်တော်တုန်းက လွှတ်တော်မပိတ်ခင်မှာ FEVER SCANNER ကိုယ်အပူချိန်စမ်းသပ်စက်တွေ တပ်ထားတာတွေ့တယ် ဒီတခေါက်လွှတ်တော်မှာလည်း ဒီထက်တင်းကြပ်တဲ့ အစီအမံတွေ လုပ်မယ်လို့ ကျနော့်အနေနဲ့မြင်ပါတယ်။ ကိုယ်အပူချိန်တိုင်းတာက တကယ်လို့ ကိုယ်အပူချိန်ရှိနေတယ်ဆိုရင် သူ့ကိုသီးသန့်ခွဲပြီး နားခိုင်းတာမျိုးတို့ လုပ်လို့ရပါတယ်။ လွှတ်တော်ပိုင်းကရော တာဝန်ရှိသူတွေအပိုင်းကရော စည်းကမ်းချက် ချမှတ်ထားတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေဘက်က တဦးချင်းစီအသိနဲ့ လိုက်နာဖို့လိုတယ်။ မလိုက်နာလို့ပြောတာမဟုတ်ပါဘူး။ ပိုပြီးလိုက်နာသင့်တယ် ကိုယ်ကိုတိုင်လည်း Mask တပ်ဖို့ လက်ဆေးဖို့ Social Distancing ကို ဂရုစိုက်ဖို့ပေါ့ အဲ့တာလေးတွေ အကြံပြုချင်ပါတယ်။"

မြန်မာကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တနင်္လာနေ့မနက်အထိ ထုတ်ပြန်ချက်အရ ဆိုရင်တော့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၅ ဦး အပါအဝင် ရောဂါကူးစက်သူ ၁၄၆ ယောက်ကို အတည်ပြုထားပါတယ်ရှင်။

မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/luutaw-myanmar-covid/5393717.html
လႊတ္ေတာ္လုပ္ငန္းေတြ ျပန္စမယ့္အေပၚစုိးရိမ္ လႊတ္ေတာ္လုပ္ငန္းေတြ ျပန္စမယ့္အေပၚစုိးရိမ္ Reviewed by THITHTOOLWIN on 21:46 Rating: 5
Powered by Blogger.