ေထာက္ပံ့ပစၥည္းေပးဖို႔ စာရင္းေကာက္တာမွာ အခက္အခဲေတြၾကံဳေနရ

ႏွာေခါင္းစည္းတပ္ထားတဲ့ အမ်ိဳးသမီး ႏွစ္ဦးကို ရန္ကုန္ၿမိဳ႕ ေစ်းတခုတြင္ေတြ႔ရ (မတ္ ၂၄၊ ၂၀၂၀)
(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ COVID-19 ေရာဂါေၾကာင့္ လုပ္ငန္းေတြ ရပ္နားထားရတဲ့ ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြအတြက္ ႏိုင္ငံေတာ္က ရိကၡာ ေထာက္ပံ့ေပးမယ့္ ကိစၥနဲ႔ ပတ္သက္လို႔ သက္ဆိုင္ရာ ၿမိဳ႕နယ္ႏွင့္ ေဒသအလိုက္ ဘာေတြလုပ္ေဆာင္ေနၾကသလဲ၊ ဘယ္လိုအခက္အခဲေတြ ရွိေနသလဲဆိုတာကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေမးျမန္းတင္ဆက္ေပးပါမယ္။

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ ကပ္ေရာဂါအသြင္ျဖစ္ပြားလာမွာကို စိုးရိမ္တဲ့ အတြက္ သၾကၤန္ကာလ ႐ုံးပိတ္ရက္ ဧၿပီလ ၁၀ ရက္ေန႔ကေန ၁၉ ရက္ေန႔အထိကို အိမ္ျပင္မထြက္ဖို႔ ၫႊန္ၾကားထားတာေၾကာင့္ ပုံမွန္ဝင္ေငြ မရွိတဲ့ အေျခခံလူတန္းစားေတြအတြက္ ေထာက္ပံ့ကူညီမႈ ၅ မ်ိဳးကို လုပ္ေဆာင္ေပးမယ္လို႔ အစိုးရကေၾကညာထားတာပါ။

ဒီလိုေၾကညာၿပီး ေနာက္ေန႔မွာပဲ တစ္ႏိုင္ငံလုံးမွာ ရပ္ကြက္ေတြ ၿမိဳ႕နယ္ေတြအလိုက္ အိမ္ေထာင္စုစာရင္းေတြ၊ အဝင္အထြက္ စာရင္းေကာက္ၿပီး ရွိတဲ့ လူဦးေရအလိုက္ ေထာက္ပံ့ပစၥည္းေတြေပးႏိုင္ဖို႔ကို ျမန္ျမန္ဆန္ဆန္ ေဆာင္႐ြက္ေနၾကပါတယ္။ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြနဲ႔ က်ဴးေက်ာ္ေနထိုင္သူေတြမ်ားတဲ့ ရပ္ကြက္ေတြ၊ ၿမိဳ႕နယ္ေတြမွာ ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြကို စာရင္းေကာက္ယူရာမွာ အခက္အခဲေတြရွိေနပါတယ္။

ေထာက္ပံ့ပစၥည္းေပးတာနဲ႔ ပတ္သက္ၿပီး ေပးသင့္တဲ့သူ ဟုတ္မဟုတ္ ေသခ်ာစိစစ္ႏိုင္ဖို႔ကိုလည္း ႀကိဳးစားေဆာင္႐ြက္ေနတယ္ဆိုတဲ့ အေၾကာင္းကို လႈိင္သာယာၿမိဳ႕နယ္ ျပည္သူလြတ္ေတာ္ ကိုယ္စားလွယ္ ဦးျမတ္မင္းသူက ေျပာပါတယ္။

“လႈိင္သာယာမွာ အျခားေနရာနဲ႔ မတူတဲ့ ျပႆနာက လူဦးေရ အရမ္းမ်ားျပားတဲ့ အေပၚမွာ စာရင္းေကာက္ယူတဲ့ အပိုင္းမွာ ျပသနာ ရွိတယ္။ ေျမျပင္မွာ အခုက ဘာေတြျဖစ္ေနလဲဆိုေတာ့ စားႏိုင္ေသာက္ႏိုင္တဲ့ ပုဂၢိဳလ္ေတြကလည္းပဲ ႏိုင္ငံေတာ္က ေထာက္ပံ့ေပးတယ္၊ အေျခခံလူတန္းစားဆိုတဲ့ စကားလုံးအတြက္ သူတို႔ကလည္း လိုခ်င္တဲ့ ျပႆနာက ျဖစ္ေနတယ္။ စာရင္း ေကာက္တဲ့သူေတြမွာလည္း ေတာ္ေတာ္ေလးကို အခက္အခဲရွိေနပါတယ္။ ဒီျပသနာကို ျပန္လည္ရွင္းျပရတဲ့ အခက္အခဲေတြကလည္း အမ်ားႀကီးႀကဳံတာေပ့ါဗ်ာ။”

ႏိုင္ငံေတာ္ရဲ႕ ခ်မွတ္ထားတဲ့ မူဝါဒေတြနဲ႔ မလြဲေအာင္ ဒီသၾကၤန္ကာလထဲမွာ ဘယ္လိုေထာက္ပံ့မႈကိုမွ မရဘူး၊ အျခားဘယ္ေနရာကမွ ဝင္ေငြမရွိတဲ့ သူေတြကို စာရင္းေကာက္ၿပီး ေထာက္ပံ့ေပးတာက အထိေရာက္ဆုံျဖစ္ၿပီး ဒီလို အတိအက်ျဖစ္ႏိုင္ဖို႔အတြက္ ဆယ္အိမ္မႈး၊ ရာအိမ္မႈးေတြက အဓိက အေရးႀကီးတယ္လို႔ ဦးျမတ္မင္းသူက ဆက္ေျပာပါတယ္။

ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြကို အိမ္ေထာင္တစ္စုစီအတြက္ ဆန္ ၈ ျပည္၊ ဆီ ၅၀ က်ပ္သား၊ ဆား ၅၀ က်ပ္သား၊ ပဲ တစ္ပိသာ၊ ၾကက္သြန္တစ္ပိသာ ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။

ကခ်င္ျပည္နယ္ ဖားကန္႔ေဒသမွာေတာ့ ဒီကေန႔ေကာက္ယူထားတဲ့ စာရင္း စုစုေပါင္းအရ ေထာက္ပံ့ေပးဖို႔ လိုအပ္တဲ့ အိမ္ေထာင္စုေပါင္း ၃၂,၀၀၀ ေက်ာ္ ရွိပါတယ္။

ဖားကန႔္ေဒသမွာလည္း ေျပာင္းေ႐ႊ႕အလုပ္သမားေတြမ်ားတဲ့ အတြက္ ဒီလို စာရင္း ေကာက္ယူတာေတြလုပ္တဲ့ အခါမွာ ေတြ႕ႀကဳံရတဲ့ အခက္အခဲကို ဖားကန႔္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးတင့္စိုးက ခုလို ေျပာျပပါတယ္။

“က်ေနာ္တို႔ဆီမွာက Migrant ေတြ မ်ားတယ္ဗ်၊ ေရမေဆးေတြေပါ့ဗ်ာ၊ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ မ်ားတဲ့အခါက်ေတာ့ စာရင္းေကာက္တဲ့အခါမွာ အားလုံးပါဖို႔ေတာ့ခက္ခဲတယ္။ ဘာလိုလဲဆိုေတာ့ စာရင္းေကာက္တဲ့ အခါမွာ တစ္ရက္ပဲ အခ်ိန္ယူၿပီးေကာက္ရတာျဖစ္တဲ့ အတြက္ေၾကာင့္မို႔လို႔ အဲ့လို အခက္အခဲေတြကေတာ့ ရွိတယ္ခင္ဗ်။ ေနာက္တစ္ခုကေတာ့ က်ေနာ္တို႔ဆီမွာက ျပန္ႀကဲေနတယ္ဗ်။ စာရင္းေကာက္ဖို႔ ဆိုတဲ့ အခါက်ေတာ့ ခက္ခဲတယ္ဗ်။ ေနာက္ ေခါင္းေဆာင္ၫႊန္ၾကားတာက အေျခခံလူတန္းစားဆိုေတာ့ ေတာ္ေတာ္မ်ားမ်ားကလည္း အေျခခံလူတန္းစားခ်ည္းပဲ ျဖစ္ပါတယ္။ အဲ့ဒီေတာ့ က်ေနာ္တို႔ က်န္ေကာင္းက်န္ေနႏိုင္ပါတယ္။ စာရင္းေတြမွာေတာ့ က်န္ခဲ့ႏိုင္တယ္။ ဒါေပမဲ့ က်ေနာ္တို႔ အတတ္ႏိုင္ဆုံးေတာ့ ေထာက္ပံေပးႏိုင္ေအာင္ေတာ့ က်ေနာ္တို႔ ၾကိဳးစားၿပီးေတာ့မွ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ပူးေပါင္းၿပီးေတာ့ ေကာက္ခံတာျဖစ္ပါတယ္ခင္ဗ်။”

ဒီလိုေထာက္ပံ့ေပးတဲ့ အခါမွာ မလိုလားအပ္တဲ့ ေလလြင့္မႈေတြ၊ ၾကန္႔ၾကာမႈေတြ၊ အဂတိလိုက္စားမႈေတြ မျဖစ္ေပၚေစေရးအတြက္ တိုင္းေဒသႀကီး ျပည္နယ္အစိုးရေတြရဲ႕ ႀကီးၾကပ္မႈနဲ႔ စာရင္း ေကာက္ယူတာ၊ ထုပ္ပိုးတာ ပို႔ေဆာင္ေပးတာေတြကို ဌာနဆိုင္ရာ အဖြဲ႕အစည္းေတြ၊ ကုန္သည္မ်ားနဲ႔ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္၊ လူမႈေရးအသင္းအဖြဲ႕ေတြ၊ပရဟိတ လူငယ္အသင္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ အစိုးရက ထုတ္ျပန္ထားပါတယ္။

အိမ့္သႏၲာထြန္း / ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------------------------

[Unicode Version]

ထောက်ပံ့ပစ္စည်းပေးဖို့ စာရင်းကောက်တာမှာ အခက်အခဲတွေကြုံနေရ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြောင့် လုပ်ငန်းတွေ ရပ်နားထားရတဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် နိုင်ငံတော်က ရိက္ခာ ထောက်ပံ့ပေးမယ့် ကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မြို့နယ်နှင့် ဒေသအလိုက် ဘာတွေလုပ်ဆောင်နေကြသလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိနေသလဲဆိုတာကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက မေးမြန်းတင်ဆက်ပေးပါမယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကပ်ရောဂါအသွင်ဖြစ်ပွားလာမှာကို စိုးရိမ်တဲ့ အတွက် သင်္ကြန်ကာလ ရုံးပိတ်ရက် ဧပြီလ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိကို အိမ်ပြင်မထွက်ဖို့ ညွှန်ကြားထားတာကြောင့် ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့ကူညီမှု ၅ မျိုးကို လုပ်ဆောင်ပေးမယ်လို့ အစိုးရကကြေညာထားတာပါ။

ဒီလိုကြေညာပြီး နောက်နေ့မှာပဲ တစ်နိုင်ငံလုံးမှာ ရပ်ကွက်တွေ မြို့နယ်တွေအလိုက် အိမ်ထောင်စုစာရင်းတွေ၊ အဝင်အထွက် စာရင်းကောက်ပြီး ရှိတဲ့ လူဦးရေအလိုက် ထောက်ပံ့ပစ္စည်းတွေပေးနိုင်ဖို့ကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နေကြပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ကျူးကျော်နေထိုင်သူတွေများတဲ့ ရပ်ကွက်တွေ၊ မြို့နယ်တွေမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို စာရင်းကောက်ယူရာမှာ အခက်အခဲတွေရှိနေပါတယ်။

ထောက်ပံ့ပစ္စည်းပေးတာနဲ့ ပတ်သက်ပြီး ပေးသင့်တဲ့သူ ဟုတ်မဟုတ် သေချာစိစစ်နိုင်ဖို့ကိုလည်း ကြိုးစားဆောင်ရွက်နေတယ်ဆိုတဲ့ အကြောင်းကို လှိုင်သာယာမြို့နယ် ပြည်သူလွတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။

“လှိုင်သာယာမှာ အခြားနေရာနဲ့ မတူတဲ့ ပြဿနာက လူဦးရေ အရမ်းများပြားတဲ့ အပေါ်မှာ စာရင်းကောက်ယူတဲ့ အပိုင်းမှာ ပြသနာ ရှိတယ်။ မြေပြင်မှာ အခုက ဘာတွေဖြစ်နေလဲဆိုတော့ စားနိုင်သောက်နိုင်တဲ့ ပုဂ္ဂိုလ်တွေကလည်းပဲ နိုင်ငံတော်က ထောက်ပံ့ပေးတယ်၊ အခြေခံလူတန်းစားဆိုတဲ့ စကားလုံးအတွက် သူတို့ကလည်း လိုချင်တဲ့ ပြဿနာက ဖြစ်နေတယ်။ စာရင်း ကောက်တဲ့သူတွေမှာလည်း တော်တော်လေးကို အခက်အခဲရှိနေပါတယ်။ ဒီပြသနာကို ပြန်လည်ရှင်းပြရတဲ့ အခက်အခဲတွေကလည်း အများကြီးကြုံတာပေ့ါဗျာ။”

နိုင်ငံတော်ရဲ့ ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ မလွဲအောင် ဒီသင်္ကြန်ကာလထဲမှာ ဘယ်လိုထောက်ပံ့မှုကိုမှ မရဘူး၊ အခြားဘယ်နေရာကမှ ဝင်ငွေမရှိတဲ့ သူတွေကို စာရင်းကောက်ပြီး ထောက်ပံ့ပေးတာက အထိရောက်ဆုံဖြစ်ပြီး ဒီလို အတိအကျဖြစ်နိုင်ဖို့အတွက် ဆယ်အိမ်မှုး၊ ရာအိမ်မှုးတွေက အဓိက အရေးကြီးတယ်လို့ ဦးမြတ်မင်းသူက ဆက်ပြောပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို အိမ်ထောင်တစ်စုစီအတွက် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ တစ်ပိသာ၊ ကြက်သွန်တစ်ပိသာ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသမှာတော့ ဒီကနေ့ကောက်ယူထားတဲ့ စာရင်း စုစုပေါင်းအရ ထောက်ပံ့ပေးဖို့ လိုအပ်တဲ့ အိမ်ထောင်စုပေါင်း ၃၂,၀၀၀ ကျော် ရှိပါတယ်။

ဖားကန့်ဒေသမှာလည်း ပြောင်းရွှေ့အလုပ်သမားတွေများတဲ့ အတွက် ဒီလို စာရင်း ကောက်ယူတာတွေလုပ်တဲ့ အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲကို ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ခုလို ပြောပြပါတယ်။

“ကျနော်တို့ဆီမှာက Migrant တွေ များတယ်ဗျ၊ ရေမဆေးတွေပေါ့ဗျာ၊ ရွှေ့ပြောင်းအလုပ်သမားတွေ များတဲ့အခါကျတော့ စာရင်းကောက်တဲ့အခါမှာ အားလုံးပါဖို့တော့ခက်ခဲတယ်။ ဘာလိုလဲဆိုတော့ စာရင်းကောက်တဲ့ အခါမှာ တစ်ရက်ပဲ အချိန်ယူပြီးကောက်ရတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အဲ့လို အခက်အခဲတွေကတော့ ရှိတယ်ခင်ဗျ။ နောက်တစ်ခုကတော့ ကျနော်တို့ဆီမှာက ပြန်ကြဲနေတယ်ဗျ။ စာရင်းကောက်ဖို့ ဆိုတဲ့ အခါကျတော့ ခက်ခဲတယ်ဗျ။ နောက် ခေါင်းဆောင်ညွှန်ကြားတာက အခြေခံလူတန်းစားဆိုတော့ တော်တော်များများကလည်း အခြေခံလူတန်းစားချည်းပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ ကျနော်တို့ ကျန်ကောင်းကျန်နေနိုင်ပါတယ်။ စာရင်းတွေမှာတော့ ကျန်ခဲ့နိုင်တယ်။ ဒါပေမဲ့ ကျနော်တို့ အတတ်နိုင်ဆုံးတော့ ထောက်ပံပေးနိုင်အောင်တော့ ကျနော်တို့ ကြိုးစားပြီးတော့မှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနဲ့ ပူးပေါင်းပြီးတော့ ကောက်ခံတာဖြစ်ပါတယ်ခင်ဗျ။”

ဒီလိုထောက်ပံ့ပေးတဲ့ အခါမှာ မလိုလားအပ်တဲ့ လေလွင့်မှုတွေ၊ ကြန့်ကြာမှုတွေ၊ အဂတိလိုက်စားမှုတွေ မဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသကြီး ပြည်နယ်အစိုးရတွေရဲ့ ကြီးကြပ်မှုနဲ့ စာရင်း ကောက်ယူတာ၊ ထုပ်ပိုးတာ ပို့ဆောင်ပေးတာတွေကို ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ လူမှုရေးအသင်းအဖွဲ့တွေ၊ပရဟိတ လူငယ်အသင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

အိမ့်သန္တာထွန်း / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-donation/5364505.html
ေထာက္ပံ့ပစၥည္းေပးဖို႔ စာရင္းေကာက္တာမွာ အခက္အခဲေတြၾကံဳေနရ ေထာက္ပံ့ပစၥည္းေပးဖို႔ စာရင္းေကာက္တာမွာ အခက္အခဲေတြၾကံဳေနရ Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.