ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ နံပါတ္ (၇) လူနာ ေနျပည္ေတာ္မွာ ျပန္လည္က်န္းမာလာ


ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိတာၾကာင့္ ေနျပည္ေတာ္ ခုတင္-၁၀၀၀ ေဆး႐ုံမွာ  ကုသမႈခံေနတဲ့ ဆြစ္ဇာလန္ႏိုင္ငံသူ လူနာအမွတ္ (၇) ဟာ၊ က်န္းမာေရး ျပန္ေကာင္းလာၿပီလို႔ ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီ ဒုတိယၿမိဳ႕ေတာ္ဝန္က ေျပာပါတယ္။

လူနာအမွတ္ (၇) ျဖစ္တဲ့ ကုလသမဂၢဝန္ထမ္း အသက္ ၅၈ ႏွစ္အ႐ြယ္ရွိသူ အမ်ိဳးသမီးဟာ မတ္လ ၁၈ ရက္ေန႔က ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ႕ကေန ဘန္ေကာက္၊ ဘန္ေကာက္ကတဆင့္ ေနျပည္ေတာ္ကို ေရာက္ရွိခဲ့ၿပီး မတ္လ ၂၆ ရက္ေန႔မွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာ ေတြ႕ရတဲ့အတြက္ ေနျပည္ေတာ္ ခုတင္ ၁၀၀၀ ေဆး႐ုံမွာ ကုသမႈခံယူေနတာျဖစ္ပါတယ္။

အခု ၁၀ ရက္ေက်ာ္အၾကာမွာေတာ့ အဲဒီအမ်ိဳးသမီးဟာ အရင္လို ပိုးေတြ႕ (Positive) အေနအထားမဟုတ္ေတာ့ဘဲ၊ ေရာဂါပိုးမရွိေတာ့တဲ့ (Negative) အေနအထားထိ ျပန္လည္ေကာင္းမြန္လာတယ္လို႔ ေနျပည္ေတာ္ စည္ပင္သာယာေရး ေကာ္မတီ ဒုတိယၿမိဳ႕ေတာ္ဝင္ ဦးရဲမင္းဦး က သတင္းေထာက္ေတြကို ရွင္းျပပါတယ္။

"သူက Negative ျဖစ္သြားၿပီ။ ဒါေပမဲ့ က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ေနာက္ထပ္လိုအပ္ခ်က္အရ ထပ္ၿပီးေတာ့ သူ႔ကိုေတာ့ ေစာင့္ၾကည့္ေနတာေပါ့။ အႀကိမ္ႀကိမ္ေတာ့ ထပ္ၿပီး ျပန္စမ္းဦးမွာေပါ့။ ျပန္စမ္းလို႔ ေနာက္ဆုံး Negative ျဖစ္သြားၿပီဆိုရင္ က်ေနာ္တို႔ဆီမွာ ႏိုင္ငံျခားက ျပန္လာတဲ့သူေတာင္မွ Positive မရွိေတာ့ဘူးလို႔ ေျပာလို႔ရတယ္။ ဒါက က်ေနာ္တို႔ လက္ရွိႀကဳံေနရတဲ့ အေျခအေနေပါ့။ ဒီအေျခအေနႀကီးမွာေတာ့ က်ေနာ္တို႔ က ေဈးေတြကို ပိတ္ရတဲ့ အေျခအေနကို မေရာက္ေသးဘူး။ တကယ္လို႔ အဲလိုမဟုတ္ဘူး သူကမွတဆင့္ သူကျပန္လာတုန္းက မဆင္ျခင္ခဲ့ဘူး။ ေလွ်ာက္သြားမယ္ အစည္းအေဝးေတြတက္မယ္၊ ေဈးေတြ ေလွ်ာက္ဝယ္မယ္၊ ကုန္တိုက္ေတြ ေလွ်ာက္သြားလို႔ တျခားသူေတြ ျပည္တြင္းက ေနထိုင္တဲ့သူေတြကို ကူးစက္မႈ ရွိခဲ့မယ္၊ ျပည္တြင္းကသူေတြကလည္း အခ်င္းခ်င္း ကူးစက္မႈမ်ိဳးေပၚခဲ့တယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ေဈးေတြလည္း စဥ္းစားရမွာေပါ့။"

ဆြစ္ဇာလန္ႏိုင္ငံသူ အမ်ိဳးသမီးဟာ အစကတည္းက သူ႔ကိုယ္သူ သံသယရွိတဲ့အတြက္ ဟိုတယ္တစ္ခုမွာ သီးျခားေနထိုင္ၿပီး ေစာင့္ၾကည့္စစ္ေဆးတာေတြ လုပ္ခဲ့ပါတယ္။ ဒါေၾကာင့္ သူနဲ႔ ထိေတြ႕ခဲ့သူေတြမွာလည္း ေရာဂါပိုး မေတြ႕ရဘူးလို႔ ဦးရဲမင္းဦးက ေျပာပါတယ္။

ေနျပည္ေတာ္ ျပည္သူ႔က်န္းမာေရးႏွင့္ကုသေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာ မ်ိဳးစုၾကည္ကလည္း ၁၀ ရက္ေက်ာ္ ကုသမႈခံယူၿပီးတဲ့ေနာက္ အဲဒီအမ်ိဳးသမီးကို ဒုတိယအႀကိမ္ ဓာတ္ခြဲစစ္ေဆးတဲ့အခါ ေရာဂါပိုး မေတြ႕ေတာ့ဘူးလို႔ အတည္ျပဳပါတယ္။

"သူ႔အေျခအေနက ေကာင္းပါတယ္။ အဖ်ားတက္တာလည္း မရွိေတာ့ဘူးေပါ့ေနာ္။ က်န္တဲ့အေျခအေန ကလည္း အကုန္လုံး တည္ၿငိမ္ပါတယ္။ အဲေတာ့ ဟုတ္ပါတယ္ ၊ က်မတို႔က ဒီ Confirmed Csae တစ္ခုကို အခ်ိန္တစ္ခုခုမွာေပါ့ေနာ္ သတ္မွတ္ခ်က္အရ က်မတို႔က ထပ္စစ္ရတာေတြရွိတယ္။ ဒုတိယအႀကိမ္စစ္တဲ့ ဒီဓာတ္ခြဲအေျဖအရေတာ့ Negative ပါ။ အဲေတာ့သူက အေျခအေနက ေကာင္းတယ္ေပါ့ရွင့္။ အရင္က Positive က ခု ပိုးဒုတိယအႀကိမ္စစ္တာမွာ ပိုးမေတြ႕ဘူးေပါ့ေနာ္။ အဲဒါေလးကိုေတာ့ သိရပါတယ္။"

ဒါေပမဲ့ ပိုၿပီးေသခ်ာဖို႔အတြက္ သူ႔ကို ေနာက္ထပ္စစ္ေဆးမႈေတြ  ဆက္လုပ္မွာျဖစ္ၿပီး ေရာဂါပိုး လုံး၀ မေတြ႕ေတာ့ရင္ ေဆး႐ုံက ဆင္းႏိုင္ၿပီလို႔ ေဒါက္တာ မ်ိဳးစုၾကည္က ေျပာပါတယ္။

အခုလို ျပန္လည္ေကာင္းမြန္လာသူေတြရွိသလို တစ္ဘက္မွာလည္း ေနျပည္ေတာ္ ေကာင္စီနယ္ေျမမွာ ေစာင့္ၾကည့္ခံရသူ အေရအတြက္ တိုးလာပါတယ္။

ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာ (၁)၊ အမွတ္ (၃) တပ္မေတာ္ စစ္ေၾကာေရးနဲ႔ တည္းခိုေရးစခန္းက ေစာင့္ၾကည့္ေရး စင္တာေတြနဲ႔ ေဆး႐ုံေတြမွာ ဧၿပီ-၅ ရက္ မေန႔ကအထိ ၈၃၆ ဦးကို ေစာင့္ၾကည့္ စစ္ေဆးေနပါတယ္။

အဲဒီ ၈၃၆ ဦးထဲက လူဦးေရ ၁၄၀ ကို ပုဗၺသီရိၿမိဳ႕နယ္က အမွတ္ ၃ တပ္မေတာ္ စစ္ေၾကာေရးနဲ႔ တည္းခိုေရးစခန္းမွာ လက္ခံထားတာ ျဖစ္ပါတယ္။

သံသယ လူနာ ငါးဦး ကို ေဆး႐ုံတင္ထားၿပီး ဓာတ္ခြဲစစ္ေဆးတဲ့အခါ ငါးဦးလုံးမွာ ေရာဂါပိုး မေတြ႕ရဘူးလို႔ ေနျပည္ေတာ္ ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာ မ်ိဳးစုၾကည္ က ေျပာပါတယ္။

လက္ရွိ အေျခအေနအရ ေနျပည္ေတာ္မွာ ေဈးေတြ ပိတ္ဖို႔ အစီအစဥ္မရွိေသးဘဲ ေစာင့္ၾကည့္ဆဲ ျဖစ္တယ္လို႔ ဒုတိယ ၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးက ရွင္းျပပါတယ္။

အစိုးရ၊ တပ္မေတာ္နဲ႔ ႏိုင္ငံေရးပါတီေတြက ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးေတြကို အသီးသီး ေဆာင္႐ြက္ေနသလို ေနျပည္ေတာ္၊ ပ်ဥ္းမနားမွာရွိတဲ့  အရပ္ဘက္အဖြဲ႕အစည္းေတြ၊ လူမႈေရး အသင္းအဖြဲ႕ေတြကလည္း လူစည္းကားတဲ့ ေဈးေတြ၊ လမ္းမေတြနဲ႔ ရပ္ကြက္ေတြမွာ ပိုးသတ္ေဆးဖ်န္းေနတာ ေတြ႕ရပါတယ္။

ပ်ဥ္းမနားၿမိဳ႕၊ မွ်ေဝေသာလက္မ်ား ပရဟိတအဖြဲ႕က ဦးေက်ာ္သူရက ၿမိဳ႕ေပၚမွာသာမက ႐ြာေတြ အထိပါ ပိုးသတ္ေဆး လိုက္ဖ်န္းေပးတယ္လို႔ ေျပာပါတယ္။

"ေနျပည္ေတာ္သည္ ရန္ကုန္၊ မႏၲေလးနဲ႔ မတူတဲ့ အခ်က္ရွိပါတယ္။ ဘာေတြလည္းဆိုေတာ့ ရန္ကုန္၊ မႏၲေလးက ႐ြာေတြနဲ႔ ထိစပ္မႈ သိပ္မရွိပါဘူး။ ဒီေနျပည္ေတာ္က်ေတာ့ ႐ြာေတြနဲ႔ ထိစပ္မႈရွိပါတယ္။ ဥပမာ ေနျပည္ေတာ္ အတြင္း ပ်ဥ္းမနားဆိုလို႔ရွိရင္ ေဈးဆိုင္ေတြရဲ႕ ဝန္ထမ္း ၇၀၊ ၈၀ % က ႐ြာထဲေတြကေနလာၿပီး အလုပ္ဆင္းတာျဖစ္ပါတယ္။ အဲေတာ့ ႐ြာေတြကိုလည္း က်ေနာ္တို႔ ေမ့ထားလို႔မရပါဘူး။ ႐ြာေတြဘက္က လွည့္လာႏိုင္ပါတယ္။ ဒါေၾကာင့္မလို႔ ႐ြာေတြလည္း လိုက္ဖ်န္းေပးပါတယ္။"

ျပည္ပႏိုင္ငံက ျပန္လာသူေတြနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရတယ္လို႔  သံသယရွိတဲ့သူေတြအတြက္ ေနျပည္ေတာ္ က အမွတ္ (၃) စစ္ေၾကာေရးနဲ႔  တည္းခိုေရးစခန္းမွာ ေစာင့္ၾကည့္လူနာ တစ္ေသာင္းခြဲ ေနထိုင္ႏိုင္ေအာင္  အသင့္ျပင္ဆင္ထားေၾကာင္း စခန္းရဲ႕တာဝန္ခံလည္းျဖစ္  ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ အမွတ္ (၁) စစ္ဗ်ဴဟာမႉးလည္းျဖစ္တဲ့ ဗိုလ္မႉးႀကီး ေအာင္ျမတ္စိုး က သတင္းေထာက္ေတြကို ၿပီးခဲ့တဲ့ ရက္ပိုင္းက ရွင္းျပခဲ့တယ္။

ဧၿပီလ ၅ ရက္ ည ၈ နာရီ အခ်ိန္အထိ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ေစာင့္ၾကည့္လူနာ ၇၈၄ ဦး၊ ပိုးေတြ႕ရွိသူ ၂၁ ဦးနဲ႔ ေသဆုံးသူ တစ္ဦးရွိပါတယ္။

သီဟထြန္း၊ သက္စုေအာင္
RFA Burmese
----------------------------------------------
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နံပါတ် (၇) လူနာ နေပြည်တော်မှာ ပြန်လည်ကျန်းမာလာ

ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတာကြာင့် နေပြည်တော် ခုတင်-၁၀၀၀ ဆေးရုံမှာ  ကုသမှုခံနေတဲ့ ဆွစ်ဇာလန်နိုင်ငံသူ လူနာအမှတ် (၇) ဟာ၊ ကျန်းမာရေး ပြန်ကောင်းလာပြီလို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်က ပြောပါတယ်။

လူနာအမှတ် (၇) ဖြစ်တဲ့ ကုလသမဂ္ဂဝန်ထမ်း အသက် ၅၈ နှစ်အရွယ်ရှိသူ အမျိုးသမီးဟာ မတ်လ ၁၈ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကနေ ဘန်ကောက်၊ ဘန်ကောက်ကတဆင့် နေပြည်တော်ကို ရောက်ရှိခဲ့ပြီး မတ်လ ၂၆ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာ တွေ့ရတဲ့အတွက် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ ကုသမှုခံယူနေတာဖြစ်ပါတယ်။

အခု ၁၀ ရက်ကျော်အကြာမှာတော့ အဲဒီအမျိုးသမီးဟာ အရင်လို ပိုးတွေ့ (Positive) အနေအထားမဟုတ်တော့ဘဲ၊ ရောဂါပိုးမရှိတော့တဲ့ (Negative) အနေအထားထိ ပြန်လည်ကောင်းမွန်လာတယ်လို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝင် ဦးရဲမင်းဦး က သတင်းထောက်တွေကို ရှင်းပြပါတယ်။

"သူက Negative ဖြစ်သွားပြီ။ ဒါပေမဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့နောက်ထပ်လိုအပ်ချက်အရ ထပ်ပြီးတော့ သူ့ကိုတော့ စောင့်ကြည့်နေတာပေါ့။ အကြိမ်ကြိမ်တော့ ထပ်ပြီး ပြန်စမ်းဦးမှာပေါ့။ ပြန်စမ်းလို့ နောက်ဆုံး Negative ဖြစ်သွားပြီဆိုရင် ကျနော်တို့ဆီမှာ နိုင်ငံခြားက ပြန်လာတဲ့သူတောင်မှ Positive မရှိတော့ဘူးလို့ ပြောလို့ရတယ်။ ဒါက ကျနော်တို့ လက်ရှိကြုံနေရတဲ့ အခြေအနေပေါ့။ ဒီအခြေအနေကြီးမှာတော့ ကျနော်တို့ က ဈေးတွေကို ပိတ်ရတဲ့ အခြေအနေကို မရောက်သေးဘူး။ တကယ်လို့ အဲလိုမဟုတ်ဘူး သူကမှတဆင့် သူကပြန်လာတုန်းက မဆင်ခြင်ခဲ့ဘူး။ လျှောက်သွားမယ် အစည်းအဝေးတွေတက်မယ်၊ ဈေးတွေ လျှောက်ဝယ်မယ်၊ ကုန်တိုက်တွေ လျှောက်သွားလို့ တခြားသူတွေ ပြည်တွင်းက နေထိုင်တဲ့သူတွေကို ကူးစက်မှု ရှိခဲ့မယ်၊ ပြည်တွင်းကသူတွေကလည်း အချင်းချင်း ကူးစက်မှုမျိုးပေါ်ခဲ့တယ်ဆိုရင်တော့ ကျနော်တို့ ဈေးတွေလည်း စဉ်းစားရမှာပေါ့။"

ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးဟာ အစကတည်းက သူ့ကိုယ်သူ သံသယရှိတဲ့အတွက် ဟိုတယ်တစ်ခုမှာ သီးခြားနေထိုင်ပြီး စောင့်ကြည့်စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါကြောင့် သူနဲ့ ထိတွေ့ခဲ့သူတွေမှာလည်း ရောဂါပိုး မတွေ့ရဘူးလို့ ဦးရဲမင်းဦးက ပြောပါတယ်။

နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မျိုးစုကြည်ကလည်း ၁၀ ရက်ကျော် ကုသမှုခံယူပြီးတဲ့နောက် အဲဒီအမျိုးသမီးကို ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးတဲ့အခါ ရောဂါပိုး မတွေ့တော့ဘူးလို့ အတည်ပြုပါတယ်။

"သူ့အခြေအနေက ကောင်းပါတယ်။ အဖျားတက်တာလည်း မရှိတော့ဘူးပေါ့နော်။ ကျန်တဲ့အခြေအနေ ကလည်း အကုန်လုံး တည်ငြိမ်ပါတယ်။ အဲတော့ ဟုတ်ပါတယ် ၊ ကျမတို့က ဒီ Confirmed Csae တစ်ခုကို အချိန်တစ်ခုခုမှာပေါ့နော် သတ်မှတ်ချက်အရ ကျမတို့က ထပ်စစ်ရတာတွေရှိတယ်။ ဒုတိယအကြိမ်စစ်တဲ့ ဒီဓာတ်ခွဲအဖြေအရတော့ Negative ပါ။ အဲတော့သူက အခြေအနေက ကောင်းတယ်ပေါ့ရှင့်။ အရင်က Positive က ခု ပိုးဒုတိယအကြိမ်စစ်တာမှာ ပိုးမတွေ့ဘူးပေါ့နော်။ အဲဒါလေးကိုတော့ သိရပါတယ်။"

ဒါပေမဲ့ ပိုပြီးသေချာဖို့အတွက် သူ့ကို နောက်ထပ်စစ်ဆေးမှုတွေ  ဆက်လုပ်မှာဖြစ်ပြီး ရောဂါပိုး လုံး၀ မတွေ့တော့ရင် ဆေးရုံက ဆင်းနိုင်ပြီလို့ ဒေါက်တာ မျိုးစုကြည်က ပြောပါတယ်။

အခုလို ပြန်လည်ကောင်းမွန်လာသူတွေရှိသလို တစ်ဘက်မှာလည်း နေပြည်တော် ကောင်စီနယ်မြေမှာ စောင့်ကြည့်ခံရသူ အရေအတွက် တိုးလာပါတယ်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၁)၊ အမှတ် (၃) တပ်မတော် စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းက စောင့်ကြည့်ရေး စင်တာတွေနဲ့ ဆေးရုံတွေမှာ ဧပြီ-၅ ရက် မနေ့ကအထိ ၈၃၆ ဦးကို စောင့်ကြည့် စစ်ဆေးနေပါတယ်။

အဲဒီ ၈၃၆ ဦးထဲက လူဦးရေ ၁၄၀ ကို ပုဗ္ဗသီရိမြို့နယ်က အမှတ် ၃ တပ်မတော် စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ လက်ခံထားတာ ဖြစ်ပါတယ်။

သံသယ လူနာ ငါးဦး ကို ဆေးရုံတင်ထားပြီး ဓာတ်ခွဲစစ်ဆေးတဲ့အခါ ငါးဦးလုံးမှာ ရောဂါပိုး မတွေ့ရဘူးလို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မျိုးစုကြည် က ပြောပါတယ်။

လက်ရှိ အခြေအနေအရ နေပြည်တော်မှာ ဈေးတွေ ပိတ်ဖို့ အစီအစဉ်မရှိသေးဘဲ စောင့်ကြည့်ဆဲ ဖြစ်တယ်လို့ ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦးက ရှင်းပြပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးတွေကို အသီးသီး ဆောင်ရွက်နေသလို နေပြည်တော်၊ ပျဉ်းမနားမှာရှိတဲ့  အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူမှုရေး အသင်းအဖွဲ့တွေကလည်း လူစည်းကားတဲ့ ဈေးတွေ၊ လမ်းမတွေနဲ့ ရပ်ကွက်တွေမှာ ပိုးသတ်ဆေးဖျန်းနေတာ တွေ့ရပါတယ်။

ပျဉ်းမနားမြို့၊ မျှဝေသောလက်များ ပရဟိတအဖွဲ့က ဦးကျော်သူရက မြို့ပေါ်မှာသာမက ရွာတွေ အထိပါ ပိုးသတ်ဆေး လိုက်ဖျန်းပေးတယ်လို့ ပြောပါတယ်။

"နေပြည်တော်သည် ရန်ကုန်၊ မန္တလေးနဲ့ မတူတဲ့ အချက်ရှိပါတယ်။ ဘာတွေလည်းဆိုတော့ ရန်ကုန်၊ မန္တလေးက ရွာတွေနဲ့ ထိစပ်မှု သိပ်မရှိပါဘူး။ ဒီနေပြည်တော်ကျတော့ ရွာတွေနဲ့ ထိစပ်မှုရှိပါတယ်။ ဥပမာ နေပြည်တော် အတွင်း ပျဉ်းမနားဆိုလို့ရှိရင် ဈေးဆိုင်တွေရဲ့ ဝန်ထမ်း ၇၀၊ ၈၀ % က ရွာထဲတွေကနေလာပြီး အလုပ်ဆင်းတာဖြစ်ပါတယ်။ အဲတော့ ရွာတွေကိုလည်း ကျနော်တို့ မေ့ထားလို့မရပါဘူး။ ရွာတွေဘက်က လှည့်လာနိုင်ပါတယ်။ ဒါကြောင့်မလို့ ရွာတွေလည်း လိုက်ဖျန်းပေးပါတယ်။"

ပြည်ပနိုင်ငံက ပြန်လာသူတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့  သံသယရှိတဲ့သူတွေအတွက် နေပြည်တော် က အမှတ် (၃) စစ်ကြောရေးနဲ့  တည်းခိုရေးစခန်းမှာ စောင့်ကြည့်လူနာ တစ်သောင်းခွဲ နေထိုင်နိုင်အောင်  အသင့်ပြင်ဆင်ထားကြောင်း စခန်းရဲ့တာဝန်ခံလည်းဖြစ်  နေပြည်တော်တိုင်းစစ်ဌာနချုပ် အမှတ် (၁) စစ်ဗျူဟာမှူးလည်းဖြစ်တဲ့ ဗိုလ်မှူးကြီး အောင်မြတ်စိုး က သတင်းထောက်တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရှင်းပြခဲ့တယ်။

ဧပြီလ ၅ ရက် ည ၈ နာရီ အချိန်အထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စောင့်ကြည့်လူနာ ၇၈၄ ဦး၊ ပိုးတွေ့ရှိသူ ၂၁ ဦးနဲ့ သေဆုံးသူ တစ်ဦးရှိပါတယ်။

သီဟထွန်း၊ သက်စုအောင်
RFA Burmese
https://www.rfa.org/burmese/news/swiss-national-patient-recovered-04062020054743.html
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ နံပါတ္ (၇) လူနာ ေနျပည္ေတာ္မွာ ျပန္လည္က်န္းမာလာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ နံပါတ္ (၇) လူနာ ေနျပည္ေတာ္မွာ ျပန္လည္က်န္းမာလာ Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.