ကို႐ိုနာဗိုင္းရပ္စ္ - ယူေကမွာ ဗိုင္းရပ္စ္ကို အႏိုင္ရမွာပါလို႔ ဘုရင္မႀကီးေျပာ

 ျပည္သူေတြကို တိုက္႐ိုက္စကားေျပာခဲ့
(Zawgyi)⤵⤵⤵
ႏိုင္ငံသားေတြကို စုစည္းမိေအာင္ အားေပးတဲ့ အေနနဲ႔ ေျပာခဲ့တဲ့ မိန္႔ခြန္းမွာ ဘုရင္မႀကီးက ယူေကဟာ အခုရင္ဆိုင္ေနရတဲ့ ဗိုင္းရပ္စ္ကို "အႏိုင္တိုက္ႏိုင္မွာပါ" လို႔ ေျပာခဲ့ပါတယ္။

ဘုရင္မႀကီးအေနနဲ႔ ျပည္သူလူထုကို အခုလို တိုက္႐ိုက္ေျပာဆိုတာမ်ိဳး ရွားပါးပါတယ္။ အခု မိန္႔ခြန္းမွာေတာ့ သူက အစိုးရက ထုတ္ျပန္တဲ့ စည္းမ်ဥ္းေတြကို လိုက္နာၿပီး အိမ္မွာေနၾကတဲ့ လူေတြကို ေက်းဇူးတင္ေၾကာင္းေျပာၿပီး လိုအပ္ခ်ိန္မွာ "တျခားလူေတြကို ကူညီဖို႔ စုစည္းညီၫြတ္ခဲ့ၾကသူေတြ" ကို ေက်းဇူးတင္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။

အဓိက လုပ္ငန္းေတြမွာ ဆက္ၿပီး တာဝန္ထမ္းေပးေနၾကတဲ့ လုပ္သားေတြကိုလည္း ဘုရင္မႀကီးက ေက်းဇူးတင္ခဲ့ပါတယ္။ သူတို႔ တာဝန္ထမ္းေပးတဲ့ "နာရီတိုင္းဟာ ျပည္သူေတြ ပုံမွန္ဘဝျပန္ရဖို႔ ပိုၿပီးနီးစပ္လာေစတယ္" လို႔ ဆိုပါတယ္။

ယူေကမွာ ဒီကေန႔ ေနာက္ဆုံးစာရင္းအရ ေသဆုံးသူ ၄၉၃၄ ေယာက္ရွိလာပါၿပီ။

"အရင္ကလည္း အခုလို အခက္အခဲေတြ၊ ေဘးဆိုးႀကီးေတြ ႀကဳံခဲ့ဖူးၾကေပမယ့္ ဒီတစ္ႀကိမ္ကေတာ့ အရင္အေခါက္ေတြနဲ႔ ကြာျခားပါတယ္"လို႔ ဘုရင္မႀကီးက ေျပာပါတယ္။

"ဒီတစ္ႀကိမ္မွာေတာ့ ကမာၻတလႊားက ႏိုင္ငံအားလုံးနဲ႔အတူ ဝိုင္းၿပီး ႀကိဳးစားတြန္းလွန္ၾကရတယ္။ နည္းပညာတိုးတက္မႈေတြကို သုံးၿပီး လူရဲ႕ ပင္ကိုယ္အားလုံးကို ေအးၿငိမ္းသက္သာေစလိုစိတ္ေတြကို သုံးၾကတယ္။ ဒီတစ္ႀကိမ္မွာလည္း ေအာင္ျမင္မွာပါ။ အဲဒီေအာင္ျမင္မႈဟာ လူတိုင္းနဲ႔ ဆိုင္ပါတယ္" လို႔ ဘုရင္မႀကီးက ေျပာပါတယ္။

မိသားစုေတြ ျပန္ဆုံၾကမွာပါ။

"ေနာက္ထပ္ ရင္ဆိုင္ႀကဳံေတြ႕ရမွာေတြ၊ ခံစားရမွာေတြ ရွိေနႏိုင္ေသးေပမယ့္ ေန႔ေကာင္းေတြ ျပန္ေရာက္လာမွာပါ၊ ဒီအခ်က္ကို ၾကည့္ၿပီး ႏွစ္သိမ့္ႏိုင္ၾကပါတယ္။ မိတ္ေဆြေတြနဲ႔အတူ ျပန္ဆုံၾကဦးမယ္။ မိသားစုေတြနဲ႔ အတူရွိေနၾကဦးမယ္။ ျပန္ဆုံၾကဦးမွာပါ။"

အသက္ ၉၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဘုရင္မႀကီးက အခု ဗိုင္းရပ္စ္ေၾကာင့္ လိုအပ္ခ်က္အရ မိသားစုေတြ တစ္စုတည္းမေနရဘဲ ခြဲေနရတဲ့ နာက်င္ခံစားရမႈေတြက ဒုတိယကမာၻစစ္အတြင္းက သူႀကဳံေတြ႕ခဲ့ရတဲ့ ကေလးေတြ မိဘေတြနဲ႔ ခြဲေနခဲ့ရတဲ့ ခံစားမႈမ်ိဳးကို ျပန္ အမွတ္ရေစတယ္လို႔ ေျပာပါတယ္။

အဲဒီတုန္းကလိုပဲ အခုလည္း ဒီလိုလုပ္ရတာဟာ မွန္ကန္တဲ့ လုပ္ရပ္ျဖစ္ပါတယ္လို႔ သူသိပါတယ္လို႔ ဆိုပါတယ္။

အစိုးရရဲ႕ ၫႊန္ၾကားခ်က္အတိုင္း အိမ္မွာပဲေနသူ တစ္ဦးခ်င္းတိုင္းဟာ တျခားလူေတြ ေရာဂါပိုးမကူးစက္ခံရႏိုင္ေအာင္ ကူညီေပးေနသူေတြ ျဖစ္ၾကၿပီး ခ်စ္ခင္ရသူေတြ ဆုံးရႈံးသြားရတဲ့ မိသားစုေတြ ခံစားရတဲ့ နာက်င္ေသာကမ်ိဳး တျခားမိသားစုေတြ မခံရေအာင္ ကူညီလုပ္ေပးေနသူေတြျဖစ္ၾကပါတယ္လို႔ ဘုရင္မႀကီးကေျပာပါတယ္။

ဒီ ေရာဂါဆိုးႀကီးကို အတူတူပူးေပါင္းတိုက္ဖ်က္ေနၾကတယ္။ အားလုံး ညီၫြတ္ၿပီး စိတ္ဓာတ္ခိုင္မာၾကမယ္ဆိုရင္ ဒီေဘးကို ေက်ာ္လႊားႏိုင္မယ္ဆိုတာကို သူအခိုင္အမာေျပာခ်င္ပါတယ္လို႔လည္း ဘုရင္မႀကီးက သူ႔မိန္႔ခြန္းမွာ ေျပာၾကားသြားပါတယ္။

ဘုရင္မႀကီးရဲ႕ မိန္႔ခြန္းကို ႐ုပ္သံ၊ ေရဒီယိုနဲ႔ ဆိုရွယ္မီဒီယာေတြက ထုတ္လႊင့္ခဲ့ပါတယ္။

ဒီမိန္႔ခြန္းအတြက္ ကင္မရာမင္းတစ္ဦးတည္းက ႐ိုက္ကူးယူခဲ့ၿပီး ကိုယ္တိုင္လည္း အကာအကြယ္ေတြ ဝတ္ဆင္ထားတယ္၊ တျခား နည္းပညာအရ အကူအညီေပးရမယ့္သူေတြက ေနာက္အခန္းတစ္ခုထဲကေန ပါဝင္ကူညီေပးခဲ့တာလို႔ သိရပါတယ္။

တိုင္းျပည္အေရးေပၚ အေျခအေနႀကဳံေနရခ်ိန္ ဒီလိုမိန္႔ခြန္းေျပာဖို႔ ဘုရင္မႀကီးနဲ႔ ဝန္ႀကီးခ်ဳပ္ရဲ႕ အစိုးရအဖြဲ႕႐ုံးတို႔ ညႇိႏႈိင္းတိုင္ပင္ ေဆာင္႐ြက္ခဲ့တယ္လို႔လည္း သိရပါတယ္။

၁၉၄၀ ခုႏွစ္က စစ္အတြင္း မိဘေတြနဲ႔ ခြဲခဲ့ရတဲ့ ကေလးေတြကို တိုက္႐ိုက္စကားေျပာေနတဲ့ အဲလိဇဘက္နဲ႔ မာဂရက္ မင္းသမီး ညီအစ္မ

အရင္က ေျပာခဲ့ဖူးတဲ့ မိန္႔ခြန္းေတြ

ဘုရင္မႀကီးဟာ သူ႔ရဲ႕ နန္းစံသက္ ၆၈ ႏွစ္မွာ အရင္က ေလးႀကိမ္ပဲ အခုလို ျပည္သူေတြကို တိုက္႐ိုက္စကားေျပာခဲ့ဖူးပါတယ္။ အဲဒါေတြက

၂၀၁၂ ဇြန္လမွာ သူ႔ရဲ႕နန္းသက္ ႏွစ္ ၆၀ ျပည့္ခ်ိန္က လူထုကို ႐ုပ္သံကေန မိန္႔ခြန္းေျပာခဲ့တာ

၂၀၀၂ ခုႏွစ္ ဧၿပီလက မယ္ေတာ္မိဘုရားႀကီးရဲ႕ စ်ာပနမတိုင္ခင္ တစ္ရက္မွာ လူထုကို စကားေျပာတာ

၁၉၉၇ ခုႏွစ္ စက္တင္ဘာလက ေခြၽးမေတာ္ ဒိုင္ယာနာမင္းသမီးရဲ႕ စ်ာပနမတိုင္ခင္တစ္ရက္မွာ လူထုကို တိုက္႐ိုက္စကားေျပာတာ နဲ႔

၁၉၉၁ ေဖေဖၚဝါရီလ ၂၄ ရက္ေန႔က အီရတ္နဲ႔ ေျမျပင္စစ္စျဖစ္ခ်ိန္မွာ ထုတ္ျပန္ခ်က္တစ္ခု ဖတ္ၾကားတာတို႔ပဲ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52176872
--------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - ယူကေမှာ ဗိုင်းရပ်စ်ကို အနိုင်ရမှာပါလို့ ဘုရင်မကြီးပြော

Image caption ပြည်သူတွေကို တိုက်ရိုက်စကားပြောခဲ့

နိုင်ငံသားတွေကို စုစည်းမိအောင် အားပေးတဲ့ အနေနဲ့ ပြောခဲ့တဲ့ မိန့်ခွန်းမှာ ဘုရင်မကြီးက ယူကေဟာ အခုရင်ဆိုင်နေရတဲ့ ဗိုင်းရပ်စ်ကို "အနိုင်တိုက်နိုင်မှာပါ" လို့ ပြောခဲ့ပါတယ်။

ဘုရင်မကြီးအနေနဲ့ ပြည်သူလူထုကို အခုလို တိုက်ရိုက်ပြောဆိုတာမျိုး ရှားပါးပါတယ်။ အခု မိန့်ခွန်းမှာတော့ သူက အစိုးရက ထုတ်ပြန်တဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး အိမ်မှာနေကြတဲ့ လူတွေကို ကျေးဇူးတင်ကြောင်းပြောပြီး လိုအပ်ချိန်မှာ "တခြားလူတွေကို ကူညီဖို့ စုစည်းညီညွတ်ခဲ့ကြသူတွေ" ကို ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့ပါတယ်။

အဓိက လုပ်ငန်းတွေမှာ ဆက်ပြီး တာဝန်ထမ်းပေးနေကြတဲ့ လုပ်သားတွေကိုလည်း ဘုရင်မကြီးက ကျေးဇူးတင်ခဲ့ပါတယ်။ သူတို့ တာဝန်ထမ်းပေးတဲ့ "နာရီတိုင်းဟာ ပြည်သူတွေ ပုံမှန်ဘဝပြန်ရဖို့ ပိုပြီးနီးစပ်လာစေတယ်" လို့ ဆိုပါတယ်။

ယူကေမှာ ဒီကနေ့ နောက်ဆုံးစာရင်းအရ သေဆုံးသူ ၄၉၃၄ ယောက်ရှိလာပါပြီ။

"အရင်ကလည်း အခုလို အခက်အခဲတွေ၊ ဘေးဆိုးကြီးတွေ ကြုံခဲ့ဖူးကြပေမယ့် ဒီတစ်ကြိမ်ကတော့ အရင်အခေါက်တွေနဲ့ ကွာခြားပါတယ်"လို့ ဘုရင်မကြီးက ပြောပါတယ်။

"ဒီတစ်ကြိမ်မှာတော့ ကမ္ဘာတလွှားက နိုင်ငံအားလုံးနဲ့အတူ ဝိုင်းပြီး ကြိုးစားတွန်းလှန်ကြရတယ်။ နည်းပညာတိုးတက်မှုတွေကို သုံးပြီး လူရဲ့ ပင်ကိုယ်အားလုံးကို အေးငြိမ်းသက်သာစေလိုစိတ်တွေကို သုံးကြတယ်။ ဒီတစ်ကြိမ်မှာလည်း အောင်မြင်မှာပါ။ အဲဒီအောင်မြင်မှုဟာ လူတိုင်းနဲ့ ဆိုင်ပါတယ်" လို့ ဘုရင်မကြီးက ပြောပါတယ်။

မိသားစုတွေ ပြန်ဆုံကြမှာပါ။

"နောက်ထပ် ရင်ဆိုင်ကြုံတွေ့ရမှာတွေ၊ ခံစားရမှာတွေ ရှိနေနိုင်သေးပေမယ့် နေ့ကောင်းတွေ ပြန်ရောက်လာမှာပါ၊ ဒီအချက်ကို ကြည့်ပြီး နှစ်သိမ့်နိုင်ကြပါတယ်။ မိတ်ဆွေတွေနဲ့အတူ ပြန်ဆုံကြဦးမယ်။ မိသားစုတွေနဲ့ အတူရှိနေကြဦးမယ်။ ပြန်ဆုံကြဦးမှာပါ။"

အသက် ၉၃ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးက အခု ဗိုင်းရပ်စ်ကြောင့် လိုအပ်ချက်အရ မိသားစုတွေ တစ်စုတည်းမနေရဘဲ ခွဲနေရတဲ့ နာကျင်ခံစားရမှုတွေက ဒုတိယကမ္ဘာစစ်အတွင်းက သူကြုံတွေ့ခဲ့ရတဲ့ ကလေးတွေ မိဘတွေနဲ့ ခွဲနေခဲ့ရတဲ့ ခံစားမှုမျိုးကို ပြန် အမှတ်ရစေတယ်လို့ ပြောပါတယ်။

အဲဒီတုန်းကလိုပဲ အခုလည်း ဒီလိုလုပ်ရတာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်လို့ သူသိပါတယ်လို့ ဆိုပါတယ်။

အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း အိမ်မှာပဲနေသူ တစ်ဦးချင်းတိုင်းဟာ တခြားလူတွေ ရောဂါပိုးမကူးစက်ခံရနိုင်အောင် ကူညီပေးနေသူတွေ ဖြစ်ကြပြီး ချစ်ခင်ရသူတွေ ဆုံးရှုံးသွားရတဲ့ မိသားစုတွေ ခံစားရတဲ့ နာကျင်သောကမျိုး တခြားမိသားစုတွေ မခံရအောင် ကူညီလုပ်ပေးနေသူတွေဖြစ်ကြပါတယ်လို့ ဘုရင်မကြီးကပြောပါတယ်။

ဒီ ရောဂါဆိုးကြီးကို အတူတူပူးပေါင်းတိုက်ဖျက်နေကြတယ်။ အားလုံး ညီညွတ်ပြီး စိတ်ဓာတ်ခိုင်မာကြမယ်ဆိုရင် ဒီဘေးကို ကျော်လွှားနိုင်မယ်ဆိုတာကို သူအခိုင်အမာပြောချင်ပါတယ်လို့လည်း ဘုရင်မကြီးက သူ့မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

ဘုရင်မကြီးရဲ့ မိန့်ခွန်းကို ရုပ်သံ၊ ရေဒီယိုနဲ့ ဆိုရှယ်မီဒီယာတွေက ထုတ်လွှင့်ခဲ့ပါတယ်။

ဒီမိန့်ခွန်းအတွက် ကင်မရာမင်းတစ်ဦးတည်းက ရိုက်ကူးယူခဲ့ပြီး ကိုယ်တိုင်လည်း အကာအကွယ်တွေ ဝတ်ဆင်ထားတယ်၊ တခြား နည်းပညာအရ အကူအညီပေးရမယ့်သူတွေက နောက်အခန်းတစ်ခုထဲကနေ ပါဝင်ကူညီပေးခဲ့တာလို့ သိရပါတယ်။

တိုင်းပြည်အရေးပေါ် အခြေအနေကြုံနေရချိန် ဒီလိုမိန့်ခွန်းပြောဖို့ ဘုရင်မကြီးနဲ့ ဝန်ကြီးချုပ်ရဲ့ အစိုးရအဖွဲ့ရုံးတို့ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ မူပိုင် PA Wire
Image caption ၁၉၄၀ ခုနှစ်က စစ်အတွင်း မိဘတွေနဲ့ ခွဲခဲ့ရတဲ့ ကလေးတွေကို တိုက်ရိုက်စကားပြောနေတဲ့ အဲလိဇဘက်နဲ့ မာဂရက် မင်းသမီး ညီအစ်မ

အရင်က ပြောခဲ့ဖူးတဲ့ မိန့်ခွန်းတွေ

ဘုရင်မကြီးဟာ သူ့ရဲ့ နန်းစံသက် ၆၈ နှစ်မှာ အရင်က လေးကြိမ်ပဲ အခုလို ပြည်သူတွေကို တိုက်ရိုက်စကားပြောခဲ့ဖူးပါတယ်။ အဲဒါတွေက

၂၀၁၂ ဇွန်လမှာ သူ့ရဲ့နန်းသက် နှစ် ၆၀ ပြည့်ချိန်က လူထုကို ရုပ်သံကနေ မိန့်ခွန်းပြောခဲ့တာ

၂၀၀၂ ခုနှစ် ဧပြီလက မယ်တော်မိဘုရားကြီးရဲ့ ဈာပနမတိုင်ခင် တစ်ရက်မှာ လူထုကို စကားပြောတာ

၁၉၉၇ ခုနှစ် စက်တင်ဘာလက ချွေးမတော် ဒိုင်ယာနာမင်းသမီးရဲ့ ဈာပနမတိုင်ခင်တစ်ရက်မှာ လူထုကို တိုက်ရိုက်စကားပြောတာ နဲ့

၁၉၉၁ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က အီရတ်နဲ့ မြေပြင်စစ်စဖြစ်ချိန်မှာ ထုတ်ပြန်ချက်တစ်ခု ဖတ်ကြားတာတို့ပဲ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52176872
ကို႐ိုနာဗိုင္းရပ္စ္ - ယူေကမွာ ဗိုင္းရပ္စ္ကို အႏိုင္ရမွာပါလို႔ ဘုရင္မႀကီးေျပာ ကို႐ိုနာဗိုင္းရပ္စ္ - ယူေကမွာ ဗိုင္းရပ္စ္ကို အႏိုင္ရမွာပါလို႔ ဘုရင္မႀကီးေျပာ Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.