ျပင္ဦးလြင္ၿမိဳ႕နယ္၌ ယာဥ္တိုက္မႈေၾကာင့္ အမ်ိဳးသား ၃ ဦး ေသဆုံး


(Zawgyi)⤵⤵⤵
၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ ၁၂ ရက္ေန႔ ၁၇၃၀ အခ်ိန္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ေဆာက္ေတာဝ ေက်း႐ြာေန သက္ကို(၂၄)ႏွစ္ေမာင္းႏွင္လာသည့္ 7C/×××× Beiben ယာဥ္သည္ မႏၲေလးမွ ျပင္ဦးလြင္သို႔ ၿမိဳ႕ေရွာင္လမ္းအတိုင္း ေမာင္းႏွင္လာစဥ္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ရပ္ကြက္ႀကီး(၆) ထင္းရႉးေတာအနီး အေရာက္၌ မ်က္ႏွာခ်င္းဆိုင္ ျပင္ဦးလြင္မွ မႏၲေလးသို႔ ဖိုးေက်ာ္(၃၃)ႏွစ္ေမာင္းႏွင္ၿပီး ၿငိမ္းခ်မ္းေအာင္ (၂၇)ႏွစ္ပါ ၂ ဦး ေနာက္ထိုင္လိုက္ပါလာသည့္ ဆိုင္ကယ္အား အရွိန္မထိန္းႏိုင္ဘဲ ဝင္ေရာက္တိုက္မိ ခဲ့ပါသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ ဖိုးေက်ာ္ပါ ၃ ဦးတို႔တြင္ ဦးေခါင္းေႂကြမြ၊ ယာမ်က္ခုံး၊ လည္ပင္း၊ ယာလက္၊ ဝဲ/ယာေျခေထာက္ ေပါက္ၿပဲဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ၿပီး ၁၉၄၀ အခ်ိန္တြင္ သက္ကို(ဖမ္းမိ)အား ျပင္ဦးလြင္ၿမိဳ႕မရဲစခန္း၊ ယာဥ္(ပ)၁၃/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က (ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ)ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

---------------------------------------------
(Unicode)⤵⤵⤵
ပြင်ဦးလွင်မြို့နယ်၌ ယာဉ်တိုက်မှုကြောင့် အမျိုးသား ၃ ဦး သေဆုံးမှု

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၂ ရက်နေ့ ၁၇၃၀ အချိန် ပြည်ကြီးတံခွန်မြို့နယ်၊ ဆောက်တောဝ ကျေးရွာနေ သက်ကို(၂၄)နှစ်မောင်းနှင်လာသည့် 7C/×××× Beiben ယာဉ်သည် မန္တလေးမှ ပြင်ဦးလွင်သို့ မြို့ရှောင်လမ်းအတိုင်း မောင်းနှင်လာစဉ် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၆) ထင်းရှူးတောအနီး အရောက်၌ မျက်နှာချင်းဆိုင် ပြင်ဦးလွင်မှ မန္တလေးသို့ ဖိုးကျော်(၃၃)နှစ်မောင်းနှင်ပြီး ငြိမ်းချမ်းအောင် (၂၇)နှစ်ပါ ၂ ဦး နောက်ထိုင်လိုက်ပါလာသည့် ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိ ခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဖိုးကျော်ပါ ၃ ဦးတို့တွင် ဦးခေါင်းကြွေမွ၊ ယာမျက်ခုံး၊ လည်ပင်း၊ ယာလက်၊ ဝဲ/ယာခြေထောက် ပေါက်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ၁၉၄၀ အချိန်တွင် သက်ကို(ဖမ်းမိ)အား ပြင်ဦးလွင်မြို့မရဲစခန်း၊ ယာဉ်(ပ)၁၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (ပေါ့လျော့မှုကြောင့် လူသေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Ministry of Home Affairs, Myanmar
https://www.facebook.com/officemohamyanmar/
ျပင္ဦးလြင္ၿမိဳ႕နယ္၌ ယာဥ္တိုက္မႈေၾကာင့္ အမ်ိဳးသား ၃ ဦး ေသဆုံး ျပင္ဦးလြင္ၿမိဳ႕နယ္၌ ယာဥ္တိုက္မႈေၾကာင့္ အမ်ိဳးသား ၃ ဦး ေသဆုံး Reviewed by THITHTOOLWIN on 22:39 Rating: 5
Powered by Blogger.